Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' မှ ပေးသော Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


News » International News

 ယခင်က TOEFL သာလက်ခံခဲ့သော အမေရိကန်တက္ကသိုလ် အချို့မှ IELTS ဖြေဆိုထားသူများအား စတင်လက်ခံ

IELTS ဖြေဆိုထားသူများအား ယခင်လက်ခံဖူးခြင်း မရှိခဲ့သောအမေရိကန်ရှိ တက္ကသိုလ်အချို့မှ စတင်လက်ခံလာပြီဖြစ်ကြောင်း ပြည်ပ ပညာရေး
ဝန်ဆောင်မှု အေဂျင်စီ အချို့ထံမှ စုံစမ်းသိရှိရပါသည်။
        ယခင်က အမေရိကန်ပညာရေးလမ်းကြောင်း စိတ်ပါဝင်စားကာ အမေရိကန်တက္ကသိုလ်များသို့ တက်ရောက်လိုသူများက TOEFL အင်္ဂလိပ်စာ
အရည်အချင်းစစ်  စာမေးပွဲအား ဦးစွာဖြေဆိုကြရကာ ယခုအခါအမေရိကန်ရှိ  တက္ကသိုလ်တက္ကသိုလ်ပေါင်း ၃ဝ ကျော်က IELTS ကိုပါ စတင်လက်ခံလာခဲ့ပြီ
ဖြစ်ကြောင်း အမေရိကန် တက္ကသိုလ် အချို့မှပင် စုံစမ်းသိရှိရပါသည်။
        မြန်မာကျောင်းသားများ အနေဖြင့် ပြည်ပနိုင်ငံများ အနေဖြင့် ပြည်ပနိုင်ငံများသို့ ရွေးချယ်တက်ရောက်ကြရာ၌ စင်ကာပူ၊ သြစတေးလျ၊ ယူကေ၊ မလေးရှား နိုင်ငံများရှိ တက္ကသိုလ်များသို့သာ ရွေးချယ်ဖြစ်ခြင်းကြောင့် IELTS ဖြေဆိုမှုသည် TOEFL ထက်ငါးနှစ်တာကာလတစ်ခုအတွင်း မြင့်တက်ခဲ့ရသည်။
ယခုကဲ့သို့ အမေရိကန်တက္ကသိုလ်ပေါင်း ၃ဝ ကျော်မှ စတင်လက်ခံလာခဲ့ခြင်းနှင့် ပတ်သက်၍ စင်ကာပူ ပညာရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက “ကျွန်တော့ ကျောင်းသားတချို့ အမေရိကန်က တက္ကသိုလ်မှာ ကျောင်းတက်နေကြတယ်။ အဲဒီပြည်နယ်တွေထဲက တက္ကသိုလ်တချို့က TOEFL မှမဟုတ်ဘဲ
နိုင်ငံအသီးသီးကလာကြတဲ့သူတိုင်းကို IELTS ပါ လက်ခံလာကြတယ်။ ဒီက လတ်တလော IELTS ကိုင်ဆောင်ထားသူတွေအနေနဲ့ အမေရိကန် တက္ကသိုလ်
တွေကို  လျှောက်ချင်ရင် လွယ်ကူထားပြီဆိုတဲ့သဘောပါ” ဟု ရှင်းလင်းပြောပြခဲ့ပါသည်။
မြန်မာနိုင်ငံ၏ TOEFL ဖြေဆိုသူ ဦးရေမှာ ယခင်ဆယ်စုနှစ်တစ်ခုကျော်က IELTS ဖြေဆိုသူဦးရေထက်ပိုမိုများပြားခဲ့ပြီး ယခုအခါအရှေ့တောင်အာရှ တက္ကသိုလ်
များမှ  IELTS ကိုသာလက်ခံခဲ့ခြင်း၊ တစ်လလျှင် တစ်ကြိမ်ဖြေဆိုနိုင်ခြင်း အပြင် အရည်အချင်းရလဒ်ထွက်ပေါ်လာမှုမှာ လည်း မြန်ဆန်လာခဲ့သည့် အတွက်
IELTS မှာ TOEFL ထက်ဖြေဆိုသူ ပိုမိုလာခဲ့ရသည်။
ထို့ပြင် ယခုကဲ့သို့ အမေရိကန်တက္ကသိုလ်အချို့က IELTS ကိုလက်ခံစပြုလာခဲ့သည့်အတွက် မြန်မာကျောင်းသားများအနေဖြင့် နိုင်ငံခြား ပညာသင်ရန်
ရွေးချယ်စရာအခွင့်အလမ်းတစ်ရပ်အနေဖြင့် တိုးလာခဲ့သည်ဟု ပြည်ပပညာရေးလေ့လာသူအချို့က ပြောကြားခဲ့ရသည်။
ထို့ပြင် ယခုကဲ့သို့ အမေရိကန်တက္ကသိုလ်အချို့က IELTS ကိုလက်ခံစပြုလာခဲ့သည့် အတွက် မြန်မာကျောင်းသားများအနေဖြင့် နိုင်ငံခြား ပညာသင်ရန်
ရွေးချယ်စရာအခွင့်အလမ်းတစ်ရပ်အနေဖြင့် နိုင်ငံခြားပညာသင်ရန် ရွေးချယ်စရာအခွင့်အလမ်းတစ်ရပ်အနေဖြင့် တိုးလာခဲ့သည်ဟု ပြည်ပပညာရေး လေ့လာသူ
အချို့ က ပြောကြားခဲ့ပါသည်။
IELTS စတင်လက်ခံသည့် တက္ကသိုလ်များမှ ကယ်လီဖိုးနီးယား၊ ဟာဝိုင်အီ၊ ဖလော်ရီဒါ တို့မှ အများဆုံးဖြစ်ကြောင်း သိရှိရပါသည်။

(9-3-2010)
Source: Weekly Eleven


 

 သူနာပြုဒီပလိုမာသင်တန်း ပညာသင်ဆုလျှောက်ထားနိုင် .

စင်ကာပူနိုင်ငံရှိ Parkway College တွင် ၂ဝ၁ဝ ဇွန်လ၌ စတင်ဖွင့်လှစ်မည့် သူနာပြု ဒီပလိုမာသင်တန်းအတွက် မြန်မာနိုင်ငံမှ ကျောင်းသားများအနေဖြင့်
ပညာသင်ဆုများလျှောက်ထားနိုင်ကြောင်းသိရှိရသည်။
‘၂ဝ၁ဝ ဇွန်လမှာစတင်တက်ရောက်ရမယ့် သူနာပြု ဒီပလိုမာသင်တန်းကို တက်ရောက်ခွင့်ရသူတွေဟာ ကျောင်းလခကင်းလွတ်ခွင့်ရရှိမှာဖြစ်ပြီး ကျောင်းတက်နေစဉ်
အတွင်းမှာလည်း လစဉ် နေထိုင်စားသောက်စရိတ် များကိုလည်း Parkway College က ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်’ ဟု SYM မှ ဦးဇေယျာက
ပြောကြားခဲ့သည်။
‘ ဒီသင်တန်းတွေကို လျှောက်ထားမယ်ဆိုရင် တက္ကသိုလ်ဝင်တန်းရမှတ် ၅၅ နဲ့အထက်ရှိရမှာဖြစ်ပြီးတော့ အင်္ဂလိပ်စာ အခြေခံလည်းကောင်းမွန်ရပါမယ်။
ဝင်ခွင့်စာမေးပွဲ အောင်မြင်မှသာ သူနာပြု ဒီပလိုမာသုံးနှစ်သင်တန်းကို တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားခြင်းမရှိဘဲ ဝင်ခွင့်စာမေးပွဲ
အောင်မြင်တဲ့  ကျောင်းသားကျောင်းသူတိုင်းကို ပညာသင်ထောက်ပံ့ကြေးများပေးမှာပါ’ ဟု ၎င်းက ဆိုပါသည်။
ကျောင်းလခများအပြင် ကျောင်းဝတ်စုံယူနီဖောင်းကြေး၊ စာအုပ်စာတမ်းကြေးနှင့် နှစ်စဉ်ကျန်းမာရေး အာမခံကြေးများကိုပါ Parkway College မှ ချီးမြှင့်မည်
ဖြစ်ကြောင်း သိရသည်။

 

(9-3-2010)
Source: Weekly Eleven


သြစတြေးလျနိုင်ငံ Mygration မှ ထုတ်ပြန်ချက်အသစ်များထုတ်ပြန် .

သြစတြေးလျနိုင်ငံရှိ Mygration အဖွဲ့အစည်းမှ General Skilled Mygration (GSM) နှင့် ပတ်သက်၍ ထုတ်ပြန်ချက်အသစ်များကို ထုတ်ပြန်
လိုက် ကြောင်း သိရသည်။ ထိုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းမှာ သြစတြေးလျနိုင်ငံတွင် သွားရောက်နေထိုင်သူများအတွက် ပညာသင်ကြားခြင်းနှင့် အလုပ်အကိုင်
ကဏ္ဍနှစ်ခုကို ခွဲခြားလိုခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။
“ အရင်ကရှိထားတဲ့ MODL (Mygration On Demand List) ကို ဖျက်သိမ်းလိုက်ပါသည်။ အရင်က မိမိရဲ့တတ်ကျွမ်းမှုဟာ MODL ထဲမှာပါရှိတယ်ဆိုရင် 15/20 Point ရနိုင်ပါတယ်။ အခုတော့ MODL မလိုတော့ပဲ State/Territory Nomination ကိုခံယူရုံနဲ့ 10 Point ကိုရနိုင်ပါတယ်။ Point ဆိုတာက GSM ရဲ့ သြစတြေးလျ PR လျှောက်ဖို့ စစ်ဆေးတဲ့ Point System ပါ။ အခုလိုပြောင်းလဲလိုက်ရတာဟာ သြစတြေးလျ အစိုးရအနေနဲ့ မိမိနိုင်ငံမှာလာရောက်နေထိုင်မည့်သူတစ်ဦးကို အလုပ်ရှင် (သို့) State/ Territory Nomination တစ်ခုခုမှ တာဝန်ယူစေလိုတာကြောင့် ဖြစ်တယ်။ အင်္ဂလိပ်စာအရည်အချင်းအနေနဲ့လည်း IELTS ကို အနည်းဆုံး 6 (သို့) 7 ရှိမှသာ သြစတြေးလျနိုင်ငံမှာ နေထိုင်နိုင်မှာဖြစ်တယ်” လို့ Jenko မှ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။
သြစတြေးလျနိုင်ငံတွင် ပညာသွားရောက်သင်ကြားသူများသည်လည်း ပညာသင်ကြားပြီးပါက ၁၈ လအတွင်း သြစတြေးလျအစိုးရ လိုအပ်သော ဘာသာရပ်
တစ်ခုခုတွင် တတ်မြောက်မှုမရှိပါက အလုပ်အကိုင်ရှာဖွေရမည် ဖြစ်သည်။ အလုပ်အကိုင်ရှာမတွေ့ပါက မိမိနေရပ်သို့ ပြန်ရမည်ဖြစ်ပြီး ယခင်ကျောင်းသား
ကျောင်းသူများ အတွက် နေစရိတ် AUSD ၁၂,ဝဝဝ ရှိရမည်ဟု သတ်မှတ်ထားရာမှာ ယခုအခါ ၁၈,ဝဝဝ အထိတိုးမြှင့်သတ်မှတ်လိုက်ကြောင်းသိရသည်။
အဆိုပါပြောင်းလဲတိုးတက်မှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Jenko ရုံး၊ ဖုန်း - 095062891 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။
 
 

(9-3-2010)
Source:
Internet Journal


အင်္ဂလန်နိုင်ငံ EHWLC မှ Postgraduate Diploma ရယူလိုသူများ June Intake အတွက် မတ်လမကုန်မီ စာရင်းပေးသွင်းရမည် .

အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ် အကြိုကောလိပ်တစ်ခု ဖြစ်သော Ealing, Hammersmith & West London College (EHWLC) မှ ပေးအပ်သည့်
Postgraduate Diploma  ရယူလိုသူများအနေဖြင့် June Intake အတွက် မတ်လမကုန်မီ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း STUDY ABROAD Information
Centre မှ သိရသည်။
EHWLC တွင် Postgraduate in Hotel Management, Postgraduate in Nursing Management, Postgraduate in Computing စသည့် ဘာသာရပ်များကို အချိန်တိုတိုနှင့် ကုန်ကျစရိတ်သက်သာစွာ ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် Work Placement များဆင်းရသည့်အတွက် လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်သည့်အခါ အခက်အခဲမရှိ လုပ်ကိုင်နိုင်မည့်အပြင် Work Placement ဆင်းနေစဉ်တွင် ဝင်ငွေစတင် ရရှိနိုင်ကြောင်းသိရသည်။
West London College သည် Campus ၄ ခုရှိပြီး လန်ဒန်မြို့၏ အချက်အချာကျသော ဟီးသရိုးလေဆိပ်အနီးတွင်တည်ရှိပြီး ရထားဖြင့်သော်လည်းကောင်း၊
ကားဖြင့်သော်လည်းကောင်း သွားလာရ လွယ်ကူသည့် နေရာဖြစ်သောကြောင့် Transportation တွင်များစွာ အဆင်ပြေကြောင်းသိရသည်။
ဝင်ခွင့်သတ်မှတ်ချက်အနေဖြင့် တက္ကသိုလ်မှ ဘွဲ့ရရှိထားပြီး IELTS 5.5 ရရှိထားကာ လုပ်ငန်းအတွေ့အကြုံ ရှိသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။
စိတ်ပါဝင်စားသူများအနေဖြင့် အသေးစိတ်အချက်အလက်များကို STUDY ABROAD Information Centre ဖုန်း - 524126 ၊ 701331 သို့ ဆက်သွယ်စုံစမ်း
မေးမြန်းနိုင်ကြောင်း သိရသည်။

 

(9-3-2010)
Source:
Internet Journal


စင်ကာပူနိုင်ငံ AEC မှ ACCA ဘာသာရပ်တက်ရောက်လိုသူများ April Intake အတွက် ကျောင်းသားဗီဇာ စတင်လျှောက်ထားနိုင်ပြီ်..

စင်ကာပူနိုင်ငံ AEC Business School မှ ACCA ဘာသာရပ်တက်ရောက်လိုသူ မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများအနေဖြင့် April Intake အတွက်
ကျောင်းသားဗီဇာ စတင် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း OESC မှ သိရသည်။
ယခုနှစ် April Intake တွင် Computer-Based Exam ဖြင့်ဖြေဆိုလိုသူများလျှောက်ထားနိုင်ပြီး ကျောင်းစရိတ်မှာ S$ 2000 ဝန်းကျင်ခန့် ကုန်ကျမည် ဖြစ်ကြောင်း
သိရသည်။ ကျောင်းဝင်ခွင့် စတင်လျှောက်ထားစဉ် ကျောင်းဝင်ကြေး S$ 160.5 တစ်မျိုးတည်းသာ မြန်မာကျပ်ငွေဖြင့် ပေးသွင်းရမည်ဖြစ်ပြီး ကျန်ရှိသည့်ကျောင်း
စရိတ်များမှာ Student Pass approved ရရှိကာ စင်ကာပူနိုင်ငံသို့ ရောက်ရှိမှသာလျှင် ကျောင်းသားကိုယ်တိုင်ကျောင်းသို့ ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။
ACCA ဘာသာရပ်ကို အသက် ၂၁ နှစ်ပြည့်ပြီးသူတိုင်း Accounting Knowledge မလိုဘဲ တိုက်ရိုက်လျှောက်ထားနိုင်ကြောင်းသိရသည်။ အသက် ၂၁ နှစ် မပြည့်
သူများအနေဖြင့် Accounting ဆိုင်ရာ Diploma တစ်ခုခု (သို့) CAT ပြီးထားသူများဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။ ACCA Part I တွင် Accounting in Business,
Management Accounting နှင့် Financial Accouting စသည့် ဘာသာရပ် ၃ ခု သင်ကြားရမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အဆိုပါဘာသာရပ်များကို သင်ကြားခဲ့ဖူးသူများ
အနေဖြင့် ဘာသာရပ်ကင်းလွတ်ခွင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။
အသေးစိတ်အချက်အလက်များ သိရှိလိုပါက Overseas Education Service Center (OESC) ဖုန်း - 519092 ၊ 095086819 သို့ဆက်သွယ်စုံစမ်း မေးမြန်း
နိုင်ကြောင်း သိရသည်။


 

(9-3-2010)
Source:
Internet Journal
 



စင်ကာပူနိုင်ငံ BCA ကျောင်းလျှောက်သူများ ဂရုတစိုက် လျှောက်ထားရန်လို ..

 

                 စင်ကာပူနိုင်ငံရှိ BCA ကျောင်းတွင် ကျောင်းသားကျောင်းသူများ ကျောင်းလျှောက်ထားရာတွင် ဂရုတစိုက် လျှောက်ထားသင့်ကြောင်း Care Forever
Service မှ မန်နေဂျာ မလွင်လွင်ထွေးမှ ပြောပြသည်။ လျှောက်ထားသော ကျောင်းသားကျောင်းသူများအနေဖြင့် နှစ်စဉ်ကြေးသွင်းရာတွင် တစ်ကြိမ်တည်း အကျေ
ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
“ BCA ကျောင်းမှာ လျှောက်ထားတဲ့ မည်သည့်ကျောင်းသားမဆို နှစ်စဉ်ကြေးကို တစ်ကြိမ် တည်းပေးချေရမှာပါ။ တစ်ချို့ကျောင်းသားတွေက ခွဲပေးလို့ရလား
လို့မေးပါတယ်။ နှစ်စဉ်ကြေးကို ခွဲပေးလို့မရပါဘူး။ နှစ်စဉ်ကြေးကိုခွဲပေးလို့ရတယ်ဆိုပြီး BCA ကျောင်းသွားတဲ့ကျောင်းသားတွေ ဒုက္ခရောက်ကြပါတယ်။
စင်ကာပူရောက်တော့ အပြည့်ပေးရမယ်ဆိုတဲ့အခါ ပြန်လာရမလို၊ ပိုက်ဆံလှမ်းတောင်းရမလိုနဲ့ မိဘကော၊ ကျောင်းသားပါ ဒုက္ခရောက်ရပါတယ်။ BCA
ကျောင်းလျှောက်မယ်ဆိုရင် တက္ကသိုလ်ဝင်တန်းအောင်ပြီးတဲ့ ကျောင်းသားတိုင်း လျှောက်လို့ရပါတယ်။ ကျွန်မတို့ဆီမှာ ဆိုရင် ဘာသာရပ် ၆ ခုလျှောက်လို့ရပါတယ်။
Construction Engineering Design (Interior & Landscape), Mechanical Engineering (Green Building Technology) စတဲ့ဘာသာတွေကို ကျောင်းလခ S$
8400, Strategic Facilities Management, Electrical Engineering and Clean Energy, Building Information Engineering တွေကို S$ 8560 ဖြစ်ပါတယ်” လို့
Care Forever မှ မလွင်လွင်ထွေးမှ ရှင်းပြသည်။
BCA ကျောင်းလျှောက်ထားသည့် ကျောင်းသား/သူများအနေဖြင့် နှစ်စဉ်ကြေးသွင်းရာတွင် တစ်ကြိမ်တည်းသွင်းရမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်နှင့်
လျှောက်ထားလိုသော ကျောင်းသားကျောင်းသူများ အနေဖြင့် Care Forever Sevices & Trading Pte.,Ltd. ဖုန်း - 249956 သို့ ဆက်သွယ်စုံစမ်းနိုင်မ
ည်ဖြစ်သည်။

 

(9-3-2010)
Source:
Internet Journal

 


 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats