|
News
» International News
စင်ကာပူနိုင်ငံ
TMIS ကျောင်းတွင် Travel and Tourism နှင့်ပတ်သက်သော Program
များသင်ကြားနိုင်
သြစတြေးလျနိုင်ငံရှိ Southern Cross University ၏ Singapore Campus
တစ်ခုဖြစ်သော Tourism Management Institute of Singapore
(TMIS) ကျောင်းတွင် Travel and Tourism နှင့်ပတ်သက်သော Program များကို
အဓိကထားသင်ကြားပေးလျက်ရှိကြောင်းသိရသည်။Bachelor of Business
in Tourism Management ဘွဲ့ကိုတက်ရောက်လိုသူများသည် စင်ကာပူနိုင်ငံ၏ TMIS
ကျောင်းတွင် ၃ နှစ် ပညာသင်ကြားရမည်ဖြစ်သည်။ ဝင်ခွင့်လိုအပ်ချက်
များမှာ အသက် ၁၆ နှစ်မှ ၁၉ နှစ်ကြားရှိရမည်ဖြစ်ပြီး GCE ‘O’ Level (သို့)
TOEFL 550 (သို့) TMIS English Entrance ကိုဖြေဆိုထားပြီးမှ သာတက်ရောက်
နိုင်မည် ဖြစ်သည်။
ဘွဲ့ကာလကြာမြင့်ချိန်မှာ ၃ နှစ်ဖြစ်ပြီး WSQ (သို့) IATA-UFTAA Diploma
ရှိထားသူများသည် နှစ်နှစ်ခန့်သာတက်ရောက်ရမည်ဖြစ်သည်။ စင်ကာပူနိုင်ငံတွင်
ဖွင့်လှစ်ထားသော Singapore Workforce Skill Qualification (WSQ) အဖွဲ့အစည်းသည်
Travel and Tourism ဘွဲ့ကိုတက်ရောက်လိုသူများအတွက်
foundation အနေဖြင့် တက်ရောက်ရသော Program တစ်ခုဖြစ်သည်။ သင်တန်းကာလမှာ ၂
နှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက WSQ Diploma In Tourism
ကိုရရှိမည်ဖြစ်သည်။
ထို့ပြင် TMIS ကျောင်းအနေဖြင့် Tourism Foundation Diploma
သင်တန်းကိုဖွင့်လှစ်ထားပြီး ၎င်းသင်တန်းပြီးဆုံးပါက Bachelor ဘွဲ့ကိုတက်ရောက် ရမည်
ဖြစ်ပြီး သင်တန်းကာလမှာ ၁ နှစ်ဖြစ်သည်။ United Federation of Travel
Association (UFTAA) အဖွဲ့အစည်းသည်လည်း Travel and Tour နှင့်ပတ်သက်
သော သင်တန်းကို ဖွင့်လှစ်ပေးထားပြီး သင်တန်းကာလမှာ တစ်နှစ်ဖြစ်သည်။
IATA-UFTAA Diploma သင်တန်းတွင် ခရီးသွားလုပ်ငန်းနှင့်
ပတ်သက်သောသင်တန်းများဖြစ်သည့် လေယာဉ်လက်မှတ် စီစဉ်ပေးခြင်း ကားလက်မှတ်
စီစဉ်ပေးခြင်း၊ နေရာ အနှံ့အပြားသို့ လိုက်လံ ပို့ဆောင်ပေးခြင်း စသော
ကိစ္စရပ်များသင်ကြားပေးမည်ဖြစ်သည်။
အသေးစိတ်ထပ်မံသိရှိလိုပါက MSI ရုံး ၊ ဖုန်း - 389915 ၊ 250929
သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။
(9-3-2010)
Source: Internet Journal
Kant
Kaw Education Centre မှ အင်္ဂလိပ်စာ April 2010 Course များဖွင့်လှစ်မည်
.
.
Kant Kaw Education Centre မှ နွေရာသီ အင်္ဂလိပ်စာ သင်တန်းများ အဖြစ်
April 2010 Course များကို ဧပြီ လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
သိရသည်။ အဆိုပါသင်တန်းများကို ညနေပိုင်းသင်တန်းများနှင့် စနေ၊ တနင်္ဂနွေ
အတန်းများ ထားရှိဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းများမှာ Academic Reading
and Writing, General English, IELTS Foundation, IT Essentials for
University နှင့် သင်တန်းသစ်များအဖြစ် General Education: A Foundation for
University Studies နှင့် TOEFL Foundation များပါဝင်မည်ဖြစ်ပြီး
အခမဲ့သင်တန်းအဖြစ် English Fluency ကိုပါဖွင့်လှစ် သင်ကြားပေးသွားမည်
ဖြစ်ကြောင်း
သိရသည်။
၎င်းသင်တန်းများကို တက်ရောက်လိုသူများအနေဖြင့် မတ်လ ၁၇ ရက်နေ့နောက်ဆုံးထား
လျှောက်ထားရမည် ဖြစ်ပြီး Diagnosatic Test ကို မတ်လ ၂၀ ရက်နေ့နှင့်
၂၁ ရက်နေ့များတွင်ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ သင်တန်းများအတွက် Limited Scholarships များကိုပေးသွားမည်ဖြစ်ရာ
တက်ရောက်လိုသူများ အနေဖြင့် သင်တန်းအချိန်များနှင့် သင်တန်းကြေးများကို
http://www.kantkaw.com တွင် လေ့လာနိုင်ပြီး အသေးစိတ်အချက်အလက်များကို
သိရှိလိုပါက Kant Kaw Education Centre အမှတ် ၆၉ (တတိယထပ်)၊ ၅ လမ်း၊
လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - 221629 သို့ ဆက်သွယ်မေးမြန်း
စုံစမ်းနိုင်ကြောင်းသိရသည်။
(9-3-2010)
Source: Internet Journal
မလေးရှားနိုင်ငံ Taylor’s Lakeside Campus တွင် Business Degree, BA (Hons)
ကို Dual Degree အဖြစ်ရယူနိုင်
.
.
သြစတြေးလျနိုင်ငံရှိ Mygration အဖွဲ့အစည်းမှ General Skilled Mygration
(GSM) နှင့် ပတ်သက်၍ ထုတ်ပြန်ချက်အသစ်များကို ထုတ်ပြန်
လိုက် ကြောင်း သိရသည်။ ထိုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းမှာ
သြစတြေးလျနိုင်ငံတွင် သွားရောက်နေထိုင်သူများအတွက် ပညာသင်ကြားခြင်းနှင့်
အလုပ်အကိုင်
ကဏ္ဍနှစ်ခုကို ခွဲခြားလိုခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။
“ အရင်ကရှိထားတဲ့ MODL (Mygration On Demand List) ကို
ဖျက်သိမ်းလိုက်ပါသည်။ အရင်က မိမိရဲ့တတ်ကျွမ်းမှုဟာ MODL ထဲမှာပါရှိတယ်ဆိုရင်
15/20 Point ရနိုင်ပါတယ်။ အခုတော့ MODL မလိုတော့ပဲ State/Territory
Nomination ကိုခံယူရုံနဲ့ 10 Point ကိုရနိုင်ပါတယ်။ Point ဆိုတာက GSM ရဲ့
သြစတြေးလျ PR လျှောက်ဖို့ စစ်ဆေးတဲ့ Point System ပါ။
အခုလိုပြောင်းလဲလိုက်ရတာဟာ သြစတြေးလျ အစိုးရအနေနဲ့
မိမိနိုင်ငံမှာလာရောက်နေထိုင်မည့်သူတစ်ဦးကို အလုပ်ရှင် (သို့) State/
Territory Nomination တစ်ခုခုမှ တာဝန်ယူစေလိုတာကြောင့် ဖြစ်တယ်။
အင်္ဂလိပ်စာအရည်အချင်းအနေနဲ့လည်း IELTS ကို အနည်းဆုံး 6 (သို့) 7 ရှိမှသာ
သြစတြေးလျနိုင်ငံမှာ နေထိုင်နိုင်မှာဖြစ်တယ်” လို့ Jenko မှ တာဝန်ရှိသူ
တစ်ဦးမှ ပြောသည်။
သြစတြေးလျနိုင်ငံတွင် ပညာသွားရောက်သင်ကြားသူများသည်လည်း ပညာသင်ကြားပြီးပါက
၁၈ လအတွင်း သြစတြေးလျအစိုးရ လိုအပ်သော ဘာသာရပ်
တစ်ခုခုတွင် တတ်မြောက်မှုမရှိပါက အလုပ်အကိုင်ရှာဖွေရမည် ဖြစ်သည်။
အလုပ်အကိုင်ရှာမတွေ့ပါက မိမိနေရပ်သို့ ပြန်ရမည်ဖြစ်ပြီး ယခင်ကျောင်းသား
ကျောင်းသူများ အတွက် နေစရိတ် AUSD ၁၂,ဝဝဝ ရှိရမည်ဟု သတ်မှတ်ထားရာမှာ ယခုအခါ
၁၈,ဝဝဝ အထိတိုးမြှင့်သတ်မှတ်လိုက်ကြောင်းသိရသည်။
အဆိုပါပြောင်းလဲတိုးတက်မှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Jenko
ရုံး၊ ဖုန်း - 095062891 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။
(9-3-2010)
Source:
Internet Journal
BCA Academy မှ ၁ဝ တန်းဖြေဆိုပြီးသူများကို
ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ပေးမည်
..
စင်ကာပူအစိုးရအင်ဂျင်နီယာ ဒီပလိုမာ သင်တန်းကျောင်း BCA Academy မှ ၁ဝ
တန်းဖြေဆိုပြီးသူများကို ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ပေးမည်ဖြစ်ကြောင်း
သိရသည်။
၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစားမေးပွဲ ဖြေဆိုကြမည့် ၁ဝ
တန်းကျောင်းသား၊ ကျောင်းသူများသည် BCA Academy ဝင်ခွင့်စာမေးပွဲကို
ဖြေဆိုလိုပါက ဖြေဆိုနိုင်ကြောင်းသိရသည်။ အဆိုပါဝင်ခွင့် စာမေးပွဲ
အောင်မြင်ပါက ၂ဝ၁ဝ အောက်တိုဘာလအတွင်း ဖွင့်လှစ်မည့်သုံးနှစ် အင်ဂျင်နီယာ
ဒီပလိုမာသင်တန်းများကို စတင်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
BCA Academy ဝင်ခွင့်စာမေးပွဲဖြေဆိုနိုင်ရန်ပြင်ဆင်မှု သင်တန်းကို ဧပြီ ၁၇
ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်္ချာ၊ အင်္ဂလိပ်နှင့်
ပုံဆွဲဘာသာရပ်တို့ကို
သင်ကြားပေးမည်ဖြစ်သည်။ အဆိုပါ BCA Academy တွင် ဆောက်လုပ်ရေး (မြို့ပြ)
အင်ဂျင်နီယာ၊ ဗိသုကာစက်မှု အင်ဂျင်နီယာ၊ ကွန်ပျူတာ အင်ဂျင်နီယာနှင့်
စီမံခန့်ခွဲမှု အင်ဂျင်နီယာဘာသာရပ်ကို မိမိနှစ်သက်ရာ ရွေးချယ်တက်ရောက်
နိုင်ကြောင်းသိရသည်။
အသေးစိတ်အချက်အလက်ကို TIP TOP International Education Service Provider
ဖုန်း - 09.5162062 သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
(9-3-2010)
Source:
Internet Journal
Victoria University (Australia) မှပေးအပ်ချီးမြင့်သော
စီးပွားရေးပညာဘွဲ့အား Sunway University (Malaysia) ၌ပင် ရယူနိုင်
.
..
သြစတေးလျ နိုင်ငံ Melbourne အခြေစိုက်
Victoria University သည် တက္ကသိုလ်ပညာ စာသင်ကြားနှစ် (၉ဝ) ကျော်
ရှိခဲ့ပြီဖြစ်သည်။
ယင်းတက္ကသိုလ်သည် နှစ်ပေါင်း ၉ဝ ကျော် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများ အရ
ကျောင်းသားများအား အဆင့်မြင့်မားသော ပညာရပ်များကို သင်ကြား
ပို့ချနိုင်ခဲ့သည်။
VU တွင် Campus ပေါင်း ၁၁ ခုရှိပြီး၊ ကျောင်းသား 40,000 နှင့်
ဝန်ထမ်းပေါင်း 3,000 ရှိပြီး ၎င်းတို့ထဲမှ Campus ၃ ခုသည် Melbourne’s မြို့၏
စီးပွားရေး
အချက်အချာကျသောနေရာတွင် တည်ရှိသည်။ လက်ရှိ ၎င်း University တွင် နိုင်ငံပေါင်း
၁ဝဝ ကျော်မှ ကျောင်းသားပေါင်း ၇၅ဝဝ ကျော်တက်ရောက် လျှက်ရှိသည်။
VU ရှိခိုင်မာသော ပညာရပ်များထဲတွင် စီးပွားရေးပညာဘာသာရပ်သည်လည်း ပါဝင်ပြီး
၎င်းဘာသာရပ်အား မလေးရှားနိုင်ငံရှိ Sunway University College နှင့် VU တို့
ပူးပေါင်းကာ ၁၉၉၃ ခုနှစ်မှစ၍ သင်ကြားပေးနိုင်ခဲ့သည်။ Victoria University
ရှိ စီးပွားရေးပညာနှင့် သက်ဆိုင်သော ဘာသာရပ်များအား မလေးရှားနိုင်ငံရှိ
Sunway University College တွင် ပင်တက်ရောက်နိုင်ပြီး ဘွဲ့ဒီဂရီများကို
ရယူလာနိုင်ပြီမှာ ၁၅ နှစ်ပင်ရှိခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ကျောင်းသားများအနေနှင့် သြစတေးလျနိုင်ငံ၏ နေစရိတ်၊ စားစရိတ်
ထက်ဝက်နီးပါးခန့် သက်သာသော မလေးရှားနိုင်ငံရှိ Sunway University College ၏
Victoria University Program ကိုရွေးချယ်တက်ရောက်ပြီး
သြစတေးလျနိုင်ငံမှဘွဲ့ကို မလေးရှားနိုင်ငံ၌ ရယူလာကြပြီဖြစ်သည်။
မလေးရှားနိုင်ငံရှိ Sunway University College တွင် VU ၏ Business Program
(Banking & Finance, Accounting, Financial Risk Management, International
Trade & Marketing) ဘာသာရပ်များအား တက်ရောက်သင်ကြား မည်ဆိုပါက
ပညာအရည်အချင်းအနိမ့်ဆုံး ၁ဝ တန်းအောင်မြင်ထားရန်လိုအပ်ပြီးအခြား Diploma,
Certificate, Degree လက်မှတ်များရှိထားပါက ဘာသာရပ်ကင်းလွတ်ခွင့်ရရန် Sunway
University College ၏ မြန်မာပြည်ကိုယ်စားလှယ်ဖြစ်သော OSM မှ ကူညီဆောင်ရွက်
ကျောင်းလျှောက်ပေးလျှက်ရှိကြောင်း OSM ပညာရေးဝန်ဆောင်မှု လုပ်ငန်းမှ
တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
မလေးရှားပညာရေးကို အသေးစိတ်သိရှိလိုပါက မြန်မာကျောင်းသားများအတွက် Agent
Fees နှင့် ဝန်ဆောင်ခမယူသော Overseas Studies Management Centre,
မြေနီကုန်းပလာဇာ၊ ဒုတိယထပ်၊ ဗားဂရားလမ်း၊ စမ်းချောင်းမြို့နယ်၊
ရန်ကုန်မြို့ ။ ဖုန်း - 501450 ၊ 525971 ၊ 09-8640995 သို့ ဆက်သွယ် စုံစမ်း
နိုင်ကြောင်း သိရှိရသည်။
(9-3-2010)
Source:
Ko Lin (Myanmar Training)
TMIS ကျောင်းဝင်ခွင့် နှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးနိုင်
.
...
စင်္ကာပူနိုင်ငံ TMIS ကျောင်းဝင်ခွင့်
အရည်အချင်းဆိုင်ရာ သတ်မှတ်ချက်များဝင်ခွင့် ရရှိမှု အခြေအနေများကို SR
Education တွင် အသေးစိတ်ဆွေးနွေးနိုင်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။
စင်္ကာပူနိုင်ငံ၏ Ministry of Education (MOE) အဖွဲ့က TMIS ကျောင်းကို
ကိုယ်ပိုင်ကျောင်းတခုအဖြစ် 2005 ခုနှစ်ကတည်းက
အသိအမှတ်ပြုထားခြင်းဖြစ်သည်။ TMIS ကျောင်းတွင် သင်ကြားနိုင်သော
ဘာသာရပ်များမှာ-
1. Bachelor of Business in Tourism Management
2. Certificate in Advanced English for young Tourism Management
3. IATA UFTAA Travel and Tourism Diploma
4. Dip in Tourism စသည့် ဘာသာရပ်များကို သင်ကြားနိုင်ပါသည်။
ကျောင်းဝင်ခွင့်နှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးရန် Singapore
Education Specialist ဦးနေလင်းဖြိုးနှင့် Mon to Fri (10း00 – 12း00)
နာရီအတွင်း ဖုန်း 01-374747 ၊ 374748 သို့ဆက်သွယ်ပြီး ကြိုတင်
Appointment ရယူနိုင်ပါသည်။
(9-3-2010)
Source:
Ko Lin (Myanmar Training)
|