Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' မှ ပေးသော Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


News » International News

 အသက် ၂၁ နှစ်ပြည့်ပြီးသူများ ပညာအရည်အချင်း မလိုအပ်ဘဲ ACCA ကိုသင်ယူနိုင်

အသက် ၂၁ နှစ်ပြည့်ပြီးသူများအနေဖြင့် ပညာအရည်အချင်း မလိုအပ်ပဲ SQC-PEO နှင့် Case Trust ရရှိထားသော စင်ကာပူနိုင်ငံရှိ AEC ကျောင်းတွင်
ကမ္ဘာတစ်ဝန်းအသိအမှတ်ပြုစာရင်းအင်းဆိုင်ရာ ACCA qualification သို့ တက်ရောက်သင်ယူနိုင်ကြောင်း O.E.S.C Co.,Ltd မှ သိရသည်။
အသက် ၂၁ နှစ်အောက်များ အနေဖြင့် LCCI Level ll သို့မဟုတ် Diploma in Accounting ဖြေဆိုအောင်မြင်ထားရန် လိုအပ်ကြောင်း၊ MBA, MCom, Bcom,
B.Act, Dip in Accounting ရရှိထားသူများအနေဖြင့် Examptions များလျှောက်ထားရယူနိုင်ကြောင်း O.E.S.C မှ ဒါရိုက်တာ ဒေါ်မိုးဖြူအောင်က
ပြောကြား သည်။
ACCA Part 1 မှာ Diploma Level ACCA Part ll မှာ Bachelor Degree နှင့် ACCA Part lll မှာ Master Degree နှင့် ညီမျှကြောင်း၊ သင်တန်းကာလ များ
အနေဖြင့်  ACCA Part l အတွက် ၆ လ၊ ACCA Part ll အတွက် ၆ လမှ ၁၂ လ ဝန်းကျင်သာရှိတာကြောင့် Master Degree အတွက် ၁၈ လမှ ၃ဝ လ ဝန်းကျင် သာရှိကြောင်း၊ ပညာသင်ယူစရိတ်များအနေဖြင့်လည်း ACCA Part l အတွက် $S 2000 ဝန်းကျင်၊ ACCA Part ll အတွက် $S2300 ဝန်းကျင်၊ ACCA Part lll အတွက် $S 2400 ဝန်းကျင်သာ ကုန်ကျမည်ဖြစ်တာကြောင့် စင်ကာပူတွင် သင်ကြားပို့ချနေသည့် အခြားဘာသာရပ်များထက် အသက်သာဆုံး ပညာသင်ယူ စရိတ်ဖြစ်ကြောင်းနှင့် အသက် ၂၁ နှစ်ပြည့်ပြီးသူများ၊ LCCI Level lll သို့မဟုတ် Diploma in Accounting ရရှိထားသော အသက် ၂၁ နှစ်အောက်များအနေဖြင့် ACCA Part l မှ စတင်၍ တက်ရောက်သင်ယူနိုင်ရန်အတွက် ဗီဇာသက်တမ်းကို ၃ နှစ်ခွဲ လျှောက်ထားရယူနိုင်မည်ဖြစ်ကြောင်း ၎င်းမှ ထပ်မံပြောကြားသည်။
ACCA Qualification သည် နိုင်ငံတကာအဆင့်မီ ကမ္ဘာတစ်ဝန်း အသိအမှတ်ပြု စာရင်းအင်းဆိုင်ရာ ပညာရပ်ဖြစ်တာကြောင့် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် အရှေ့အာရှအပါအဝင် အနောက်နိုင်ငံများ၌ အလုပ်အကိုင်အခွင့်အလမ်းများရှိကြောင်း၊ Diploma Level ရရှိထားသူများအနေဖြင့် အခြေခံလစာ $S 1500 မှ $S 1800 ရရှိနိုင်ကြောင်း၊ Bachelor Level ရရှိထားသူများအနေဖြင့် အခြေခံလစာ $S 2000 မှ 2500 အထိ ရရှိနိုင်သလို၊ Master Level ရရှိထားသူများအနေဖြင့် အခြေခံလစာ $S 2500 မှ 4000 အထိ ရရှိနိုင်ကြောင်း ၎င်းမှ ထပ်လောင်းပြောကြားသွားခဲ့ကြောင်း သိရှိရသည်။
AEC, Singapore မှ နှစ်စဉ် ACCA ဘာသာရပ်အတွက် ဇူလိုင်၊ စက်တင်ဘာလများတွင် ကျောင်းခေါ်ဆိုချိန် သတ်မှတ်ထားကြောင်း၊ ကျောင်းလျှောက်ထား
လိုသူများအနေဖြင့် အမှတ် ၃ဝ၄ ၊ ဓနလှိုင်တာဝါ ၊ ပြည်လမ်း ၊ မြေနီကုန်းရှိ O.E.S.C ဖုန်း - 519092 သို့ လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ် စုံစမ်း မေးမြန်းကာ လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။

 

(12-3-2010)
Source: Net Guide Journal

 


 

 ပညာသင်ချိန် ၂ နှစ်ဖြင့် စီးပွားရေးဘာသာရပ်များအတွက် ကျောင်းဝင်ခွင့်ခေါ်ယူ ..  .

မြန်မာနိုင်ငံမှ စီးပွားရေးဘာသာရပ်များကို စိတ်ဝင်စားကြသော ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ယူချိန် ၂ နှစ်ကျော်မျှဖြင့် စီးပွားရေး
ဆိုင်ရာ ဒီဂရီဘွဲ့များကို ရယူနိုင်မည့် ဘာသာရပ်များအတွက် အမေရိကန်နိုင်ငံအခြေစိုက် A Leading Education Praider ဖြစ်သည့်အပြင် New York Stock
Exchange စာရင်းဝင်ကျောင်းတစ်ကျောင်းဖြစ်သော စင်ကာပူနိုင်ငံအခြေစိုက် APMI Kaplan ကျောင်းမှ ကျောင်းဝင်ခွင့်များ ခေါ်ယူထားကြောင်း Unique Life
Education Center မှ သိရသည်။
ယခုခေါ်ယူထားသော ကျောင်းဝင်ခွင့်မှာ မေလ ၁၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ပို့ချမည့် စီးပွားရေး ဆိုင်ရာ ဒီဂရီများဖြစ်သော Business Administration, Financial Management, Marketing Management နှင့် Logistic Management ဘာသာရပ်များဖြစ်ကြောင်း၊ ယင်းဘွဲ့များ၏ Diploma တန်းကို ၁၁ လကြာ သင်ယူပြီး Advanced Diploma ကို ဆက်လက်တက်ရောက် သင်ယူနိုင်မှုအပေါ်မူတည်၍ ၁၂ လမှ ၁၈ လအထိကြာမြင့်မည်ဖြစ်သော Bachelor တန်းသို့ တိုက်ရိုက်
တက်ရောက်   သင်ယူနိုင်ခြင်းကြောင့် ၂ နှစ်ဝန်းကျင်မျှဖြင့်သာ ကြာမြင့်ခြင်းဖြစ်ကြောင်း၊ ယင်းဘွဲ့များကို University Of Bedfordshire, UK နှင့် University Of
Ireland, Dublin တို့မှ ပေးအပ်ချီးမြှင့်မှာဖြစ်ကြောင်းနှင့် သင်တန်းကာလ ၁၂ သို့ ကြာမြင့်မည့် Master တန်းသို့ ဆက်လက်တက်ရောက်သူများ၏ Master ဘွဲ့များမှာ MBA အတွက် University Canada West မှ ပေးအပ်မည်ဖြစ်သလို MSc အတွက် National University Of Ireland, Dublin မှ ပေးအပ်ချီးမြှင့်ကြမည်ဖြစ်ကြောင်း Unique Life မှ ဒါရိုက်တာ ဒေါ်ပို့ပို့ကြည်မှ ပြောကြားသည်။ LCCI Level lll, Abe Advance Diploma ပြီးထားသူများ NCC, UK သင်တန်းကို Advanced Diploma ပြီးထားသူများ၊ B.A Eco (သို့) စီးပွားရေးနှင့်ပတ်သက်သော ဘွဲ့များရရှိထားသူများအနေဖြင့် Bachelor တန်းသို့ တိုက်ရိုက် တက်ရောက်သင်ယူနိုင်ကြောင်း
ကျောင်းလျှောက်ထားလိုသူများ အနေဖြင့် အမှတ် ၉၇-ဒီ၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းရှိ Unique Life Education Centre ဖုန်း - 542691 ၊ 09-5135115 သို့ ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။



 

(12-3-2010)
Source: Net Guide Journal


စင်္ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတွင် ဘွဲ့ရကျောင်းသားများ “EPEC” လျှောက်ထားနိုင် .. .

EPEC ဆိုသည်မှာ - “ Employment Pass Eligibility Certificate” ဖြစ်ပြီး စင်္ကာပူနိုင်ငံရှိ “ Ministry of Manpower “ (MOM) ၏ အသိအမှတ် ပြုခြင်း
ခံရသော နိုင်ငံတကာ တရားဝင် အသိအမှတ်ပြု Universities ကျောင်းများ မှ ဘွဲ့ရကျောင်းသားများအတွက် အလုပ်ရှာရန် တရားဝင် နေထိုင်ခွင့်ကာလ
ပေးခြင်းဖြစ်ပါသည်။
EPEC ကိုင်ဆောင်ထားသော ကျောင်းသားများ၏ အထူးခံစားခွင့်မှာ ကျောင်းပြီးကာလမှ စတင်၍ ၆ လ (သို့) ၁ နှစ် အထိရရှိမှာ ဖြစ်ပါသည်။ EPEC သည် Ministry of Manpower “MOM” မှ ထုတ်ပေးသော အသိအမှတ်ပြု Certificate ဖြစ်သည်။ ထို Certificate သည် ၂ နှစ် အကျုံးဝင်ပြီး ၎င်း ၂ နှစ်တာကာလအတွင်းမှာ long term ၁ နှစ်ကို လျှောက်ထားနိုင်ကြောင်း၊ ၎င်းကာလအတွင်း ကျောင်းသားများ အလုပ်ရရှိခဲ့ပါက “ EP “ Employment Pass (သို့) “ S Pass” Skill Pass ကိုရရှိမှာ ဖြစ်ပြီး “ ၆ လ (သို့) ၁ နှစ် အကြာတွင် “PR” Permanent Resident ကို ထပ်မံလျှောက်ထားနိုင်ကြောင်း “ Myanmar Search International Education Consultancy Co.,Ltd” (MSI) မှ သိရှိရပါသည်။
ယခုအခါ စင်္ကာပူနိုင်ငံရှိ တချို့ Private School များသည် EPEC လျှောက်ထားနိုင်သော Universities များနဲ့ ချိတ်ဆက်ထားပါသည်။ (MSI) မှ တဆင့် ချိတ်ဆက်
ထားသော စင်္ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံရှိ Universities များမှာ-
စင်္ကာပူနိုင်ငံတွင်
PSB Academy – The University of Newcastle (Australia), University of Wallongong
KAPLAN – The National University of Ireland Dublin, Murdoch University.
Informatics – Oxford Brookes University
SIC Collaborate School – University of New Brunswick, (Canada) တို့ဖြစ်ကြပြီး
မလေးရှားနိုင်ငံတွင်လည်း
Curtin University of Technology - East Malaysia, Sarawak (Australia Main Campus Branch)
Taylor’s University (West Malaysia) – The University of Melbourne, University of South Australia, The University of Queensland, RMIT စသည့် ဘွဲ့ရ ကျောင်းသားများသည် မိမိနှင သက်ဆိုင်သော နိုင်ငံကြီးများသို့ “PR” စင်္ကာပူနိုင်ငံ “MOM” တွင် “EPEC” လျှောက်ထားနိုင်ကြောင်းကို “MSI” ၏ မန်းနေးဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။
PSB Academy မှ သင်ကြားနေသော ဘာသာရပ်များမှာ - Marketing & Management, Marketing & Tourism, Accounting Communication, Electrical, Mechanical, Management, Finance, Marketing, Public Relation, Supply Chain Management တို့ဖြစ်ပြီး KAPLAN စင်္ကာပူနိုင်ငံမှ သင်ကြားနေသော
ဘာသာရပ်များမှာ - Finance, Marketing, Management, Logistics, Information Management, Hospitality & Tourism Management (with double majors), Marketing Management တို့ကိုသင်ယူနိုင်ပါသည်။
Informatics မှ Thames Business School, IT နှင့် ပတ်သက်သော ဘာသာရပ်များကို သင်ကြားနိုင်ပါသည်။
University of New Brunswick, Canada, Singapore Campus တွင် သင်ကြားနိုင်သော ဘာသာရပ်များမှ - International Business, Marketing,
Entrepreneurship,  Finance, Logistics, Accounting တို့ဖြစ်ကြပါသည်။
မလေးရှားနိုင်ငံတွင် ရှိသော Curtin University of Technology East Malaysia, Sarwak (Australian Main Campus Branch) တွင် သင်ကြားနိုင်သော
ဘာသာရပ်များမှာ - Bachelor of Engineering, Bacheor of Science, Bachelor of Technology, Bachelor of Commence (with double major), Bachelor Administration, Bachelor of Arts အပြင်ထူးခြားချက်အနေဖြင့် Geophysics, Applied Geology စသည့် ပညာရပ်များကို သင်ကြားနိုင်ပါသည်။
Taylor’s University တွင် သင်ကြားနိုင်သော ဘာသာရပ်များမှာ - South Australian Matriculation (SAM), International Canada Pre-University (ICPU), Cambridge ‘A’ Level (CAL).
Architecture, Building & Design, Business, Communication, Biomedical Science, Computing တို့တွင် ကျောင်းသားများကြိုက်နှစ်သက်ရာ ဘာသာရပ်
များကို သင်ကြားနိုင်ပြီး ၎င်း Universities များမှ ဘာသာရပ်များကို သင်ကြားခြင်းဖြင့် စင်္ကာပူနိုင်ငံတွင် “EPEC” တရားဝင်နေထိုင်ခွင့်ကို အထူးခံစားခွင့် အဖြစ် ရရှိမှာ ဖြစ်ကြောင်းသိရှိရပါသည်။
“ EPEC” နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက အမှတ် (234)၊ ဒိုတိယထပ် (ယာ)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပန်းဘဲတန်းလမ်း၊ ရန်ကုန်မြို့။ ဖုန်း - 01-389915 ၊ 01-250929။
E-mail : myanmarsearchinternational@gmail.com
Website : www.overseaeducation-msi.com

 
 

(12-3-2010)
Source:
Ko Lin (Myanmar Training)


UWE မှ Business Degree B.A (Hons) ကို Taylor’sj Lakeside Campus တွင်ရယူနိုင် . ..

Taylor’s Lakeside Campus University of the West of England (Bristal)(UWE) မှ Bachelor of Arts (Hons) Degree များကို တိုက်ရိုက် သင်ကြား
ပို့ချပေးလျက်ရှိသည်။ ၎င်းတို့မှာ B.A(Hons) According and Finance နှင့် B.A (Business Administration) တို့ဖြစ်ပါတယ်။
University of West England သည် Britain နိုင်ငံ၏ အကောင်းဆုံးကျောင်းတစ်ကျောင်းဖြစ်ပြီး Local Student နှင့် International Students ပေါင်း 30,000
ကျော်တက်ရောက်နေပြီး ဝန်ထမ်းပေါင်း 3000 ကျော်ဖြင့် အခိုင်အမာဖွဲ့စည်းတည်ထောင်ထားသော ကျောင်းတစ်ကျောင်းဖြစ်သည်။ ထို့အပြင် England နိုင်ငံ၏
အနောက်တောင်ဘက်ရှိ Higher Education နှင့် ပတ်သက်၍ အကြီးမားဆုံး အထောက်အပံ့ ပေးနေသော ကျောင်းကြီးတစ်ကျောင်းလည်း ဖြစ်သည်။
၎င်းကျောင်းတွင် နိုင်ငံတကာမှ ကျောင်းသားများ တက်ရောက် ပညာသင်ကြားနေသောကြောင့် နိုင်ငံတကာ၏ ယဉ်ကျေးမှုနှင့် အမျိုးမျိုးသော အတွေ့အကြုံများကို
ကျောင်းသားများ အချင်းချင်းနှီးနှောဖလှယ်နိုင်သော အခွင့်အရေးများရရှိနိုင်မှာဖြစ်ပါသည်။
UWE ကိုရွေးချယ်ရခြင်းအကြောင်းရင်းမှာ
1. UWE မှာရှိသော Business School သည် Business ဘာသာရပ်၊ Management ဘာသာရပ်၊ Accounting ဘာသာရပ်များတွင် ဦးဆောင်ဦးရွက်ပြုနေသော
    ကျောင်းတခုဖြစ်ခြင်း
2. Extensive Business Link များအနေဖြင့် Education Parternership များမှ Europe, South east Asia and North America တွင် ရှိသော Busniess
    လုပ်ငန်းများနှင့် တွဲဖက်ချိတ်ဆက်ထားခြင်း
3. Academic Team အဖွဲ့အစည်းတွင် သုတေသနလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် Consultancy လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများကို ၈၀
    ရာခိုင်နှုန်းနှင့်အထက် ဖွဲ့စည်းတည်ထောင်ထားခြင်း
4. “Higher Education Quality Assurance Agency” အဖွဲ့အစည်းမှ ဘာသာရပ် ၂၄ ခုတွင် ဘာသာရပ် ၂၃ ခုမှာ Outstanding ဖြစ်သောကြောင့် Quality of
    Teaching Awarded ကိုရရှိခြင်း
5. “UK Government’s Periodic Research Assessment Exercise” မှ Accountance and Finance Course တွင်များသောအမှတ်ဖြစ်သော “5” Point
    ရရှိထားခြင်း
6. Bristal Business School သည် MBAs (AMBA) အသိအမှတ်ပြုထားသော ကျောင်းတခုဖြစ်သည့်အပြင် Chartered Institute of Personal and Development
    (CIPD) နှင့် Chartered Institute of Management Accountants (CIMA) အသိအမှတ်ပြုခံရခြင်း တို့ကြောင့် ဖြစ်ပါသည်။
ကျောင်းသားများအနေဖြင့် ရရှိနိုင်သော အထူးအခွင့်အရေးတစ်ရပ်မှာ Main Campus ဖြစ်သော UWE ၌ ပညာသင်ကြားနေစဉ် “Work Placement” အနေဖြင့်
နောက်ထပ်တစ်နှစ်သင်ယူ လုပ်ကိုင်နိုင်မည့် အခွင့်အရေးများရရှိနိုင်မှာ ဖြစ်ပါတယ်။ Taylor’s University College တွင် (UWE) ဘွဲ့ကို ရယူချင်သော
ကျောင်းသား/ကျောင်းသူများအတွက် ဝင်ခွင့်သတ်မှတ်ချက်များမှာ-
မြန်မာပြည်မှ ၁ဝ တန်းအောင်မြင်ပြီး တစ်ဘာသာလျှင် ပျမ်းမျှအမှတ် ၆၅ မှတ် (သို့) GCE’O’ Level Grade C ရှိရပါမည်။ IELTS (6.0) TOEFL အနေဖြင့် Computer
based (230) နှင့် Paper Based (570) ရှိရပါမည်။ English Proficiency Test ကို MSI တွင် ကြိုတင်စာရင်းပေးသွင်းပြီး ဖြေဆိုနိုင်ပါသည်။ Intake မှာ Feb နှင့်
July ဖြစ်ပါသည်။
အသေးစိတ်သိလိုပါက MSI အမှတ် 234 (ဒုထပ်)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပန်းဘဲတန်းမြို့နယ်။ ရန်ကန်မြို့ ။ ဖုန်း - 389915 ၊ 250929 သို့ ဆက်သွယ်စာရင်း
ပေးသွင်းနိုင်ပါသည်။



 

(12-3-2010)
Source:
Ko Lin (Myanmar Training)


အင်္ဂလန်နိုင်ငံမှ ကောလိပ်တစ်ခုတွင် ဘာသာရပ်သုံးခုအတွက် ဘွဲ့လွန်ဒီပလိုမာသင်တန်း တက်ရောက်နိုင် . . ..

ဟိုတယ်လုပ်ငန်း၊ သူနာပြုလုပ်ငန်းနှင့် ဟိုတယ်စီမံခန့်ခွဲမှု လုပ်ငန်းများအတွက် ဘွဲ့လွန် ဒီပလိုမာသင်တန်းများ အား အင်္ဂလန်နိုင်ငံရှိ Ealing,
Hammermith  and West Landon College တွင် တက်ရောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကောလိပ်တွင် ဟိုတယ်လုပ်ငန်းအား စိတ်ဝင်စားသူများအတွက် Postgraduate Diploma in Hotel Management ကိုလည်းကောင်း၊ သူနာပြုလုပ်ငန်းကို
စိတ်ဝင်စားသူများအတွက် Postgraduate Diploma in Nursing ကိုလည်းကောင်း၊ ဟိုတယ်နှင့် ခေါင်းဆောင်မှုကို စိတ်ဝင်စားသူများအတွက် Postgraduate
Diploma in Hotel and Leadership Management ကိုလည်းကောင်း တက်ရောက်နိုင်ကြောင်း သိရသည်။
တက်ရောက်လိုသူများသည် ဘွဲ့တစ်ခုခုရရှိထားရမည်ဖြစ်ပြီး အင်္ဂလိပ်စာအရည်အချင်း သတ်မှတ်ချက်အနေဖြင့် IELTS 5.5 ရရှိထားရမည်ဖြစ်သည်။
လုပ်ငန်းအတွေ့အကြုံရှိသူများ Postgraduate ဒီပလိုမာ ရယူနိုင်ရန် လာမည့် June Intake အမီ လျှောက်ထားနိုင်ကြောင်းသိရသည်။
အင်္ဂလန်နိုင်ငံရှိ Ealing, Hammersmith and West Landon ကောလိပ်သည် အင်္ဂလန်နိုင်ငံတွင် နှစ် ၁၅ဝ သက်တမ်းရှိ ကောလိပ်တစ်ခုဖြစ်ပြီး၊ အထက်ပါ
ဘာသာရပ်များအတွက် ကျောင်းလခမှာ ဘာသာရပ်အလိုက် ပျမ်းမျှကျပ်သိန်း ၉ဝ ဝန်းကျင် (ပေါင် ၅,၄ဝဝ) ခန့် ကုန်ကျမည် ဖြစ်ကြောင်းသိရသည်။




 

(12-3-2010)
Source:
7 Day News
 



Horizon မှ နိုင်ငံတကာအဆင့်မီ ကျောင်းဆောင်သစ်ဖွင့်လှစ်သင်ကြားမည်  . ...

 

      ပုဂ္ဂလိကကျောင်းတစ်ခုဖြစ်သော Horizon International Education မှ ကျောင်းသား ၅ဝဝ တစ်ပြိုင်နက်သင်ကြားနိုင်မည့် နိုင်ငံတကာအဆင့်မီ
ကျောင်းဆောင်သစ်ကို လာမည့်ဇွန်လတွင် ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။
ကျောင်းဆောင်သစ်ကို သာကေတမြို့နယ် အကွက်အမှတ် ၂၃၅၊ ရှုခင်းသာမြို့ ပတ်လမ်းရှိ မြေဧက ၄ ဒသမ ၅ အကျယ်အဝန်းနေရာတွင် တည်ဆောက်ထားပြီး
မူလတန်းမှ အထက်တန်းအဆင့် အထိ ကျောင်းသားများ သင်ယူနိုင်မည်ဖြစ်သည်။
စာသင်ခန်းတိုင်းတွင် အပြန်အလှန်လက်တွေ့ အသုံးပြုနိုင်သေ သင်ကြားရေးအထောက်အကူပြု ပစ္စည်းများပါရှိပြီး၊ သိပ္ပံပညာရပ်ဆိုင်ရာလက်တွေ့ခန်းများ၊
စာကြည့်တိုက်နှင့် ကွန်ပျူတာအသုံးပြုပြီး သုတေသနပြုလုပ်ခြင်း၊ စာအုပ်ငှားရမ်းခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်သည်။
ကျောင်းဆောင်သစ်တွင် အားကစားခန်းမ၊ ရေကူးကန်တို့ပါရှိပြီး ကျောင်းဆောင်အနောက်ဘက်တွင် တင်းနစ်ကွင်း၊ ဘတ်စကတ်ဘောကစားကွင်း၊ ဘောလုံးကွင်း
စသည်ဖြင့် အားကစားဆိုင်ရာများ ပါရှိသည်ဟု သိရသည်။ Horizon International Education မှ ကျောင်းဆောင်သစ်တွင်လည်း ယခုဖွင့်လှစ်ထားသည့်
ကျောင်းနည်းတူပြည်တွင်းပြည်ပမှ သင်ကြားမှုစွမ်းရည်ပြည့်ဆရာ၊ ဆရာမများနှင့် သင်ကြားသွားမည်ဟု သိရသည်။
ကျောင်းဆောင်သစ်ဖွင့်လှစ်ချိန်တွင် ကျောင်းသား ၁ဝဝ ဦးအတွက် အထူးဈေးနှုန်းများဖြင့် လက်ခံရန်အစီအစဉ် ရှိသည်ဟု Horizon Education မှ သိရသည်။


 

(12-3-2010)
Source:
7 Day News

 


 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats