|
News
» International News
Information Technology ဘာသာရပ်အတွက် TMC မှ ကျောင်းဝင်ခွင့်ခေါ်ယူ
တက္ကသိုလ်ပထမနှစ် ပြီးဆုံးသော ကျောင်းသား၊ ကျောင်းသူများနှင့် IDCD
Holder များကို Singapore Quality Class, Case Trust နှင့် ISO 90001
လက်မှတ်များရရှိထားသည့် စင်ကာပူနိုင်ငံအခြေစိုက် TMC ကျောင်းမှ ဧပြီလတွင်
ဖွင့်လှစ်သင်ကြားမည်ဖြစ်သော Higher Diploma in Information
Technology ဘာသာရပ်အတွက် ကျောင်းဝင်ခွင့်ခေါ်ယူထားကြောင်း သိရသည်။
အဆိုပါ Higher Diploma တွင် Web Design နှင့် Networking ဟူ၍
အပိုင်းနှစ်ပိုင်းခွဲထားသည်ဖြစ်ရာ ပညာသင်ယူသူများအနေဖြင့် မိမိနှစ်သက်ရာ
ဘာသာရပ်ကို ရွေးချယ်သင်ယူနိုင်ကြောင်း၊ ယင်း higher Diploma ဘာသာရပ်တွင် မသင်မနေရ
Core Modules ဘာသာရပ်များအဖြစ် Networking
Principles, Database System & Applications, Information System Analysis, Project
Management, Java (or) Visual Basic.net စသည်တို့ကို သင်ယူရမည်ဖြစ်ပြီး Web
Development ကို ဝါသနာပါသော ကျောင်းသားများအနေဖြင့် Web Development Major,
Fundamental of Operating System, Multimedia System, Web Programming, Server
Pages.Net နှင့် project များကို သင်ယူနိုင်သလို Networking ပိုင်းကို
စိတ်ဝင်စားသူများအနေဖြင့် IT Security, Networks & Data Communication, Network
Operating System, Logical Foundation ဘာသာရပ်များကို ရွေးချယ်သင်ယူနိုင်သည်။
အထက်ပါ Higher Dip IT ၏ သင်တန်းကာလမှာ ၁၂ လသာကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးမှာ
ကျပ်သိန်း ၅ဝ ဝန်းကျင်ခန့်သာ ကုန်ကျမည်ဖြစ်ကြောင်း၊ အဆိုပါ Higher Diploma ပြီးပါက
Bachelor Program များကို စင်ကာပူနိုင်ငံတွင်လည်းကောင်း၊ UK ရှိ Greenwich
တက္ကသိုလ်တွင် လည်းကောင်း
တစ်နှစ်ကြာပညာသင်ူယူပြီး BCSc ဘွဲ့ကို ရယူနိုင်ကြောင်းနှင့် Higher Diploma
သင်တန်းပြီးဆုံးပါက TMC Academy မှ Higer Diploma လက်မှတ် ပေးအပ်
ချီးမြှင့်မည်ဖြစ်သလို University of Cambridge မှလည်း
အဆင့်မြင့်ဒီပလိုမာလက်မှတ်ကို ထပ်မံပေးအပ်မည်ဖြစ်သည်။
ကျောင်းလျှောက်ထားလိုသူများအနေဖြင့် အမှတ်(၉၇၊ ဒီ)၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းရှိ
Unique Life Co.,Ltd. ဖုန်း - 542691 သို့ဆက်သွယ်နိုင်ပါသည်။
(23-3-2010)
Source:
Net Guide Journal
နိုင်ငံတကာအသိအမှတ်ပြု
စီးပွားရေးဆိုင်ရာ ဒီပလိုမာသင်တန်းအတွက် ပညာသင်ဆု လျှောက်ထားနိုင်
..
.
City Of Sunderland College, UK နှင့် Noble Nine Education
တို့ပြည်တွင်း၌ပင် ပူးတွဲဖွင့်လှစ်သင်ကြားပို့ချမည့် နိုင်ငံတကာအသိအမှတ်ပြု
National
Qualifications Framework (NQF) Level – 3 အဆင့်ဖြစ်သော စီးပွားရေးဆိုင်ရာ
ဒီပလိုမာသင်တန်းအတွက် သင်တန်းကြေးကင်းလွတ်ခွင့်ပြုမည့်
ပညာသင်ဆုအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူများ၊
အခြေခံပညာအထက်တန်းအောင်ပြီးသူများ တက်ရောက်သင်ယူလျှောက်ထားနိုင်ကြောင်း
သိရသည်။
သင်ကြားပို့ချမည့် ဘာသာရပ်မှာ Diploma in Business (Marketing and
Management) ဖြစ်ပြီး ယင်းဒီပလိုမာကို Univeristy Of Sunderkland Collgee
မှ
တိုက်ရိုက်ချီးမြှင့်မည်ဖြစ်ကြောင်း၊ သင်တန်းဆိုင်ရာ ဘာသာရပ်များတွင်
စီးပွားရေးဆိုင်ရာ ဘာသာရပ်များအပြင် ကွန်ပျူတာဖြင့် တွဲဖက်သည့် Computer
Application For Financial Management နှင့် Internet and e-Business
ကဲ့သို့သော ဘာသာရပ်များ ပါဝင်ပြီး စုစုပေါင်း Unit 18 ခုတက်ရောက် သင်ယူ
ရမည်ဖြစ်ကြောင်း ထပ်မံသိရှိရသည်။
ပညာသင်ဆုလျှောက်ထားသူများကို အင်္ဂလိပ်စာ အရည်အချင်း စစ်ဆေး၍ ထူးချွန်သူ ၃
ဦးကို ပညာသင်ဆု ပေးအပ်မည်ဖြစ်ကြောင်းနှင့် ပညာသင်ဆု
လျှောက်ထားလိုသူများအနေဖြင့် အမှတ် (၇) ဝတ်ကျောင်းလမ်း၊ ရေကျော်၊
ပုဇွန်တောင်မြို့နယ်ရှိ Noble Nine Education ဖုန်း - 296915 (သို့) မတ်လ
၃ဝ ရက်နေ့
နောက်ဆုံးထားပြီး လူကိုယ်တိုင်လာရောက်၍ ဆက်သွယ်စုံစမ်းမေးမြန်းကာ
လျှောက်ထားနိုင်ကြောင်း သိရှိရသည်။
(23-3-2010)
Source: Net Guide Journal
Auston ကျောင်းမှ မေလတွင် ခေါ်ယူမည့် အင်ဂျင်နီယာတန်းအတွက်
ဝင်ခွင့်လျှောက်ထားနိုင်
..
SQC နှင့် Case Trust လက်မှတ်များရရှိထားသည့် စင်ကာပူနိုင်ငံအခြေစိုက်
Auston Institurte Of Management & Technology မှ မေလတွင်
ခေါ်ယူမည်ဖြစ်သော အင်ဂျင်နီယာ Diploma, Advanced Diploma နှင့် Bachelor
တန်းများအတွက် ကျောင်းဝင်ခွင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှ တက္ကသိုလ်အောင်မြင်ပြီးသူများ၊ တက္ကသိုလ်တက်ရောက်ဆဲနှင့်
ဘွဲ့ရပြီးသူများ အနေဖြင့် သင်တန်းကာလ ၈ လ ကြာမြင့်မည့် Diploma in
Computer,
Electronic & Communication ဘာသာရပ်ကို လျှောက်ထားနိုင်ပြီး အင်္ဂလိပ်စာ
အရည်အချင်းသတ်မှတ်ချက်အနေဖြင့် IELTS 5.5 ရရှိထားရန်လိုကြောင်း၊ ယင်း
Diploma (CEC) ပြီးပါက သင်တန်းကာလ ၈ လကြာမြင့်မည် Advanced Diploma
(Electrical & Electronic Engineer) သို့မဟုတ် Advanced Diploma (Computer
Networking & Communication Technology) ကိုရွေးချယ်သင်ယူနိုင်သလို
ပြည်တွင်းမှ A.G.T.I (EP/EC) ပြီးထားသူများအနေဖြင့် IELTS 5.5
ရှိပါကလည်း လျှောက်ထားနိုင်ကြောင်း၊ ယင်း Advanced Diploma များရရှိပြီးပါက
သင်တန်းကာလ ၈ လကြာမြင့်မည်ဖြစ်သော Bachelor Of Engineering (Hons)EEE သို့
Bachelor Of Engineering(Hons)CNCT ကိုထပ်မံတက်ရောက်နိုင်သလို
ယင်းနောက်ဆုံးနှစ် Bachelor တန်းသို့ ပြည်တွင်းမှ BE(Electrical Power
Electronic Circuit) ရထားသူများ၊ B.Tech (EC/EP) ရရှိထားသူများအနေဖြင့်
အင်္ဂလိပ်စာ အရည်အချင်းသတ်မှတ်ချက်အနေဖြင့် IELTS 6.0 ရရှိထားမည်ဆိုပါက
တိုက်ရိုက်တက်ရောက်ခွင့်ရှိကြောင်းနှင့် ယင်းဘွဲ့ကို Conventry University
UK မှ တိုက်ရိုက်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
အထက်ပါ အင်ဂျင်နီယာတန်းများသို့ လျှောက်ထားရာတွင် အင်္ဂလိပ်စာအရည်အချင်း
သတ်မှတ်ချက်အတွက် တင်ပြရန် IELTS ရမှတ်မရှိသေးသူများကို ရန်ကုန်မြို့၊
မြေနီကုန်း၊ ဓနလှိုင်တာဝါရှိ Overseas Education Service Center မှ
Placement Test ကို Auston ကျောင်းကိုယ်စား
စစ်ဆေးပေးသွားမည်ဖြစ်ကြောင်းနှင့်
ကျောင်းတက်လိုသူများ၊ Placement Test ဖြေဆိုမည့်သူများအနေဖြင့် ဖုန်း -
519092 ၊ 095086819 သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
(23-3-2010)
Source: Net Guide Journal
Singapore Institute of Commerce (SIC) တွင် Candian Degrees
များရယူနိုင်
.
University of New Brunswick (UNB) သည် Singapore, Malaysia,
Bangladesh, Japan and Indonesia ကဲ့သို့သော နိုင်ငံပေါင်း (၇၃) နိုင်ငံမှ
ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးလျက် Canada Universities
များကြားထဲတွင် Top-5 အဖြစ်ရပ်တည်လျက်ရှိသည်။ ထို့အပြင် Canada Business
Magazine ၏ ဖော်ပြချက်အရ 22 Canadian MBA Program တွင် (UNB) ရှိ MBA –
Program သည်နံပါတ်-၉ နေရာ၌ ရပ်တည်လျက်ရှိကြောင်းသိရှိရသည်။
ကျောင်းသားကျောင်းသူများသည် Finance, Logistic, Marketing, Accounting,
Entrepreneurship, International Business စသည့် Program တို့ကို Diplomar
Associate Degree, Advanced Diploma, Bachelor or Level တို့အထိ
ရွေးချယ်တက်ရောက်နိုင်ပါသည်။ (UNB) Singapore Campus တွင် Business Program
လက်မှတ်၊ ဘွဲ့လက်မှတ်တို့ကို တိုက်ရိုက်ရရှိ မည့်အပြင် Bachelor
ပြီးဆုံးသူများသည် Employment Pass Eligibility Certificate (EPEC)
နေထိုင်ခွင့်ဗီဇာ (1 Year) ကိုပါလျှောက်ထားနိုင်မည် ဖြစ်ကြောင်း (MSI)
မှသိရှိပါသည်။
(UNB) Singapore Campus ရှိ Program များသို့ တက်ရောက်သင်ကြားမည့်
ကျောင်းသားကျောင်းသူများ အတွက် Diploma Associated Degree, Advanced
Diploma, Bachelor Level များတွင် Study Grant အစီအစဉ်များလည်း
စီစဉ်ထားလျက်ရှိပါသည်။
Singapore Institute of Commerce (SIC) သည် ၁၉၄၇ ခုနှစ်တွင်
စတင်တည်ထောင်ပြီး Singapore နိုင်ငံတွင် ပထမဆုံးသော Business School
တစ်ခုဖြစ်ပါသည်။ SIC သည် Business, Accounting and Law ဘာသာရပ်များဖြင့်
ကျောင်းသား ၅ သောင်းကျော်၏ အသက်မွေးဝမ်းကြောင်း မြှင့်တက်စေရန်
အတွက်မြှင့်တင်ပေးခဲ့သော ကျောင်းတစ်ကျောင်းဖြစ်သည်။ SIC
ကျောင်းသားအများစုသည် Small and Medium Enterprises (SMEs) and Multimedia
Company (MNCs) များတွင် Senior executive position များ၊
စီမံအုပ်ချုပ်မှုပိုင်းများမှာပါမက တရားဥပဒေပိုင်းဆိုင်ရာ နယ်ပယ်နှင့်
Accounting Professional အဖြစ်ပါ နေရာယူထားကြောင်း သိရှိရပါသည်။
ယနေ့ (SIC) သည် နိုင်ငံတကာမှ အသိအမှတ်ပြုသော University များနှင့်
Institution များမှ Degree and Diploma Program ပေါင်းများစွာကို
သင်ကြားပို့ချပေးလျက်ရှိသော Singapore နိုင်ငံတွင် Leading Business and
Technology Institute အဖြစ် အသိအမှတ်ပြုခြင်းခံရသော
ကျောင်းတစ်ကျောင်းဖြစ်သည်။ SIC တွင် RMIT University, Victoria University,
University of New Brunswick (First Canadian University@ Singapore)
များမှ Business, IT and Engineering နှင့် ပတ်သက်ဆက်နွယ်သော
ဘာသာရပ်များသည် Partner University များ၏ On Campus ၌ သင်ကြားပေးသော
Quality များနှင့် တူညီခြင်းကြောင့် SIC သည် ကမ္ဘာတွင် ကျော်ကြားသော
အဖွဲ့အစည်း တော်တောများများမှ အသိအမှတ်ပြု ခြင်းခံထားရပါသည်။ ထို့ကြောင့်
Singapore တွင် ရှိသော အလုပ်ရှင်အများစုသည် SIC Graduate ကျောင်းသားများကို
အသိအမှတ်ပြု လက်ခံကြပါသည်။
SIC တွင် Busniess, IT, Engineering နှင့် Legal Program များကို
တက်ရောက်သင်ကြားနိုင်ကြောင်း သိရပါသည်။ Engineering Program များမှ
Bachelor of Engineering (Mechanical Engineering) များကို RMIT University
နှင့် ချိတ်ဆက်သင်ကြားပေးလျက်ရှိသည်။ ထို့အပြင် Edexcel (UK)
မှချီးမြှင့်သော BTEC Higher National Diploma များထဲမှ Electronic &
Electrical Engineering Program ကိုတက်ရောက်သင်ကြားနိုင်မည်ဖြစ်သည်။
မြောက်အမေရိက တက္ကသိုလ်များထဲမှ သက်တမ်းအရင့်ဆုံး တက္ကသိုလ် တစ်ခုဖြစ်သော
University of New Brunswicks Canada သည် ၁၇၈၅ ကတည်းက စတင်တည်ထောင်ခဲ့ပြီး
Graduate Program ပေါင်း (၆ဝ)ကျော်၊ များပြားသော နယ်ပယ်များရှိ Continuing
Education Program များနှင့် ကျောင်းသား ကျောင်းသူပေါင်း 10,000 ကျော်ကို
ပညာသင်ကြားပေးလျက်ရှိသည်။ အဆိုပါ University သည် နှစ်ပေါင်း ၂၂ဝ ကျော်ကြာ
ရပ်တည်ခဲ့ပြီး ၎င်း၏ Program ပုံစံနှင့်အညီ သင်ထောက်ကူပစ္စည်းများ
အသုံးပြုမှုစနစ်နှင့် အဆင့်မြင့် ပညာရေး ချဉ်းကပ်ရန်အတွက် အတတ်ပညာများ
တီထွင် စမ်းသပ်မှုတို့အရ ခေတ်အမှီဆုံး University တစ်ခုအဖြစ်
ကျော်ကြားလာခဲ့သည်။
အသေးစိတ်သိရှိလိုပါက MSI (Myanmar Search International) အမှတ် ၁၃၄ (ညာ) ၊
ရွှေဘုံသာအလယ်လမ်း၊ ပန်ပဲတန်း မြို့နယ်၊ ရန်ကုန်
ဖုန်း - 01-250929 ၊ 01-389915 ၊ 09-5103915
သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရပါသည်။
(23-3-2010)
Source:
Ko Lin (Myanmar Training)
စင်ကာပူတီမားဆက်ပိုလီတက္ကနစ် လျှောက်ထားသူအများစု Mechatronics
ကိုရွေးချယ်
.
စင်ကာပူနိုင်ငံရှိ
အစိုးရပိုင်ပိုလီတက္ကနစ်ကျောင်း တစ်ကျောင်းဖြစ်သည့် တီမားဆက်ပိုလီတက္ကနစ်သို့
လျှောက်ထားသည့် မြန်မာကျောင်းသားအများစု သည် Mechatronics ဘာသာရပ်ကို
ရွေးချယ်ကြကြောင်း ရန်ကုန်မြို့ရှိ SYM Consultancy & Education Centre မှ
တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဇေယျာက }
ပြောကြားသည်။
တီမားဆက်ကျောင်းတွင် IT, Mobile & Wireless Computing, Green Building &
Sustainability, Mechatronics, Electronics, Media & Communication
Technology, Computer Engineering နှင့် Microelectronics ဘာသာရပ်များကို
ရွေးချယ်လျှောက်ထားနိုင်ပြီး Mechatronics ကိုရွေးချယ်မှုများ ရခြင်းမှာ
အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုများခြင်းကြောင့် ဖြစ်နိုင်ကြောင်းနှင့် SYM
မှတစ်ဆင့်လျှောက်ထားသည့် ကျောင်းသား ၇ဝ ရာခိုင်နှုန်းသည် Mechatronics
ကိုရွေးချယ်ကြကြောင်း ၎င်းက ရှင်းလင်းပြသည်။
တီမားဆက်ပိုလီတက္ကနစ်၏ ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာ စာသင်နှစ်အတွက် မတ်လ ၁
ရက်နေ့မှ စတင်ပြီး ၁၅ ရက်အတွင်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း၊
လျှောက်ထားရန် အနိမ့်ဆုံးလိုအပ်သော ပညာအရည်အချင်းမှာ တက္ကသိုလ်ဝင်တန်း
အောင်မြင်ရမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်များတွင် ရမှတ် ၇ဝ
နှင့်အထက် ရရှိထားရမည်ဖြစ်ကြောင်း၊ စုစုပေါင်း ဘာသာရပ် ခြောက်ခု၏
ပျမ်းမျှရမှတ်တွင်လည်း ၇ဝ ရာခိုင်နှုန်းရရှိထားရန်လိုကြောင်း၊ ထို့ပြင်
IELTS တွင် Band 5/5.5 (သို့) TOFEL တွင် 500/550 (Paper Based)
တို့ရရှိထားပါက ကျောင်းဝင်ခွင့်ရရှိရန် အခွင့်အရေးပိုများနိုင်ကြောင်း၊ GCE
’O’ Level ဖြင့်
လျှောက်ထားလိုပါက ဘာသာရပ်ငါးခုကို တစ်ကြိမ်တည်း ဖြေဆိုထားရမည်ဖြစ်ပြီး
အောင်မြင်မှုအဆင့် Grade C နှင့်အထက်ရရှိထားရန်လိုကြောင်း SYM ထံမှ သိရသည်။
ယင်းကျောင်းတွင် နိုင်ငံတကာကျောင်းသူ/ ကျောင်းသားများအတွက် အသက်ကန့်သတ်ချက်
လုံးဝမရှိကြောင်း၊ SYM မှတစ်ဆင့်ပေးပို့ လျှောက်ထားသူများအနေဖြင့်
ဝန်ဆောင်ခပေးရန် မလိုကြောင်း၊ ကျောင်းတက်ရောက်ခွင့်ရ၊ မရကို ဇူလိုင် ၁
ရက်မှ စက်တင်ဘာ ၃ဝ ရက်နေ့အတွင်း သိရှိနိုင်မည် ဖြစ်ကြောင်း SYM ထံမှ
သိရသည်။
စင်ကာပူအစိုးရ၏ ထောက်ပံ့ကြေးကို ရရှိထားသော ကျောင်းသားတစ်ဦးအနေဖြင့်
ယခင်စာသင်နှစ် တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၃၃ဝဝဝ ဝန်းကျင်မှ ယခု ၂ဝ၁ဝ
ဧပြီမှစ၍ တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၄၄ဝဝဝ ခန့်အထိ
တိုးမြှင့်သွားနိုင်ဖွယ်ရှိကြောင်း၊ စင်ကာပူအစိုးရပိုင်ကျောင်းများဖြစ်သော
ပိုလီကျောင်းများကို
တက်ရောက်ခြင်းဖြင့် ကျောင်းတက်နေချိန်အတွင်း အားလပ်ချိန်များ၌
တရားဝင်အချိန်ပိုင်းလုပ်ကိုင်နိုင်ခြင်း၊ စာသင်နှစ်သုံးနှစ်လုံး အတွက်
ထောက်ပံ့ကြေး
လျှောက်ထား ရရှိနိုင်ခြင်းနှင့် ကျောင်းပြီးဆုံးပါက ရရှိလာနိုင်သော
အလုပ်အကိုင်များကြောင့် ယင်းကျောင်းများသို့ ကျောင်းသားများက စိတ်ဝင်တစား
လျှောက်ထားလျက် ရှိကြောင်း SYM မှ ဦးဇေယျာက ဆိုသည်။
(23-3-2010)
Source:
Voice Journal
ဗြိတိန်အင်ဂျင်နီယာဒီပလိုမာ စင်ကာပူတွင်
တက်ရောက်ရယူနိုင်ဟုဆို
.
.
.
..
အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားသူ ကျောင်းသားများအနေဖြင့်
ဗြိတိန်နိုင်ငံအသိအမှတ်ပြု Diploma in Computer, Electronic and
Communication (Dip in CEC) ဘာသာရပ်ကို စင်ကာပူနိုင်ငံရှိ Auston
Institute of Management and Technology တွင်တက်ရောက်နိုင်ကြောင်း
ရန်ကုန်မြို့ရှိ Overseas Education Service Center (O.E.S.C) မှ
တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
အဆိုပါ ဒီပလိုမာသင်တန်းသည် ရှစ်လကြာမြင့်ကြောင်း၊
အရစ်ကျငွေသွင်းစနစ်ဖြင့် နှစ်ကြိမ်ခွဲသွင်း နိုင်ကြောင်း၊
တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ၊
တက္ကသိုလ်တက်ရောက်နေသူများနှင့်
ဘွဲ့ရများလျှောက်ထားနိုင်ပြီး အင်္ဂလိပ်ဘာသာ ကျွမ်းကျင်သူများအနေဖြင့် IELTS 5.5 ရရှိရန် လိုအပ်ကြောင်း အထက်ပါ
တာဝန်ရှိသူ၏ အဆိုအရ သိရသည်။
Diploma (CEC) ပြီးဆုံးပါက Advanced Diploma (Electrical and
Electronic Engineering) ရှစ်လသင်တန်း (သို့) Advanced Diploma
(Computer Networking and Communication Technology)
ရှစ်လသင်တန်းများကို ထပ်မံတက်ရောက်နိုင်ပြီး ဆက်လက်၍ BE(Hons)EEE
(သို့) BE(Hons)CNCT တို့ကို
ရွေးချယ်တက်ရောက်နိုင်ကြောင်းနှင့်
ယင်းသင်တန်းများသည် နှစ်စဉ် မတ်လတွင် စာသင်နှစ် အသစ်စတင်ကြောင်းအဆိုပါ
ပညာရေး ဝန်ဆောင်မှုထံမှသိရသည်။
(23-3-2010)
Source: Voice Journal
|