Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


News » lnternational News

အင်္ဂလန် ပညာတော်သင်ကျောင်းသား ဗီဇာစနစ်ကို အွန်လိုင်းဖြင့် တိုက်ရိုက်ဆောင်ရွက်မည်

အင်္ဂလန်နိုင်ငံသို့ ပညာတော်သင်သွားရောက်မည့် ကျောင်းသူကျောင်းသားများ၏ ကျောင်းသားဗီဇာ ပေးအပ်ရန် စာကို ၂ဝ၁ဝ ခုနှစ်ဖေဖော်ဝါရီလမှ စတင်ပြီး ကျောင်းသားထံ မပို့ဘဲ UK Border Agency သို့ Online စနစ်ဖြင့် တိုက်ရိုက်ပေးပို့သည့် စနစ်ကို ပြောင်းလဲသွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းစနစ်သည် ပညာတော်သင်သွားရောက်မည့် ကျောင်းသားအနေဖြင့် ယခုလက်ရှိ စနစ်ကဲ့သို့ကျောင်းသားဗီဇာ ပေးအပ်ရန် စာအတွက် လုပ်ဆောင်ရန် မလိုအပ်တော့ဘဲ အင်္ဂလန်နိုင်ငံ တက္ကသိုလ် ကောလိပ်အားလုံး အပေါ်တွင် အခြေခံသော Sponsorship Management System(SMS) စနစ်ဖြစ်ကြောင်း NLEC မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

”အဲဒီ့ ပြောင်းလဲမယ့်စနစ်အရ ကျောင်းလျှောက်မယ့် ကျောင်းသားအနေနဲ့ ကျောင်းသား ဗီဇာအတွက် အရင်လို အစအဆုံး လိုက်လံဆောင်ရွက်ဖို့ မလိုတော့ပါဘူး။ သက်ဆိုင်ရာကျောင်းတွေကပဲ တာဝန်ယူဆောင် ရွက်ရတော့မှာဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ပညာသင်ဖို့ စလျှောက်တဲ့သူအနေနဲ့ ပထမအဆင့်မှာ ဝင်ခွင့် လျှောက်ထားပြီး ဒုတိယအဆင့်မှာ ဝင်ခွင့်ရတာနဲ့ Tuition Fees ပို့ရမှာဖြစ်ပါတယ်။ တတိယအဆင့်ဖြစ်တဲ့ Visa Letter ကိုကျောင်းကနေ UK Border Agency သို့ Online နဲ့ပေးပို့မှာဖြစ်တယ်။ UK Border ကနေမှ Student Visa အတွက် Electornic Code ကိုကျောင်းသား (သို့) ကျောင်းလျှောက်တဲ့ Agency နဲ့ အင်္ဂလန်နိုင်ငံ သံရုံးဗီဇာဌာနသို့ ပြန်လည် ပေးပို့ပေးမှာ ဖြစ်ပါတယ်။ အဲဒီတော့မှ ကျောင်းသားက Electronic Code နဲ့ လျှောက်လွှာပုံစံဖြည့်ပြီး လျှောက်ထားရမှာဖြစ်ပါတယ်” ဟု NLEC မှ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ နေဝင်းနိုင် က ရှင်းပြသည်။

အဆိုပါစနစ်သည် ၂ဝဝ၈ခုနှစ် ဇူလိုင်လကုန်တွင် အင်္ဂလန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ UK Border Agency မှ အသစ်ပြဋ္ဌာန်းသော Tier 4 Points Based System ကို Online ဖြင့် တိုးမြှင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
 

Source: Internet Journal


စင်ကာပူနိုင်ငံ AEC တွင် ACCA ဘာသာရပ်တက်ရောက်လိုသူများ ၂ဝ၁ဝ ကျောင်းဖွင့်ချိန်အတွက် ဗီဇာစတင် လျှောက်ထားနိုင်.

စင်ကာပူနိုင်ငံရှိ AEC Business School တွင် ACCA ဘာသာရပ်များကို သင်ကြားလိုသူများ အနေဖြင့် ၂ဝ၁ဝ ဇန်နဝါရီ ကျောင်းဖွင့်ချိန်အတွက် ကျောင်းသားဗီဇာများ စတင်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း OESC မှ သိရသည်။

ACCA ဘာသာရပ်ကို Part I, Part II, Part III စသည်ဖြင့် မိမိရရှိထားသည့ှ်Qualification အပေါ် မူတည်၍ သက်ဆိုင်ရာ Level သို့တက်ရောက်နိုင်မည်ဖြစ်သည်။ ACCA Part I တွင် ဘာသာရပ်သုံးခုကို ၆လ ကြာသင်ယူရမည်ဖြစ်ပြီး အသက် ၂၁နှစ်ပြည့်ပြီးသူ မည်သူမဆို Accounting Knowledge မလိုဘဲ တိုက်ရိုက် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အသက် ၂၁နှစ်အောက်ဖြစ်ပါက LCCI Level –III (or) CAT ပြီး ထားရမည်ဖြစ်သည်။ LCCI Level –III ပြီးထားသူ မည်သူမဆို ACCA Part I ၏ ဘာသာရပ်သုံးခုမှ Management Accounting တစ်ဘာသာကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ACCA Part II ကိုမြန်မာနိုင်ငံမှ B.Com, M.Com ရရှိပြီး သူများတိုက်ရိုက်တက်ရောက်နိုင်မည် ဖြစ်သည်။ ACCA Part III ပြီးပါက Oxford Brooks University ၏ B.A(hons) in Applied Accounting ဘွဲ့ကို ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ကျောင်းစရိတ်မှာ Part I ၆လစာအတွက် ကျပ် သိန်း ၂ဝ ဝန်းကျင် ကုန်ကျမည်ဖြစ်ပြီး ကျောင်းစတင်လျှောက်ထားချိန်တွင် ကျောင်းဝင်ကြေး မြန်မာငွေ နှစ်သိန်းကျပ် ကို မြန်မာနိုင်ငံတွင် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ACCA ဘာသာရပ်နှင့် ပတ်သက်၍ အခြားအသေး စိတ်အချက်အလက်များ သိရှိလိုပါက OESC ဖုန်း - 519092 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Source: Internet Journal

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats