Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


News » lnternatioanl News

ယူကေအင်ဂျင်နီယာဒီပလိုမာသင်တန်းအတွေအတွက် အခမဲ့ပညာသင်ယူခွင့်ချီးမြှင့်မည်.

 ယူကေ City & Guide ရဲ့အင်ဂျင်နီယာ ဒီပလိုမာသင်တန်းကိုးမျိုးအတွက်သင်တန်းသား ၁၈ ဦးကို အခမဲ့ ပညာသင်ယူခွင့်တွေ ရွေးချယ်ချီးမြှင့် ပေးမှာဖြစ်ပါတယ်။

၎င်းသင်တန်းတွေက ပုံမှန်သင်တန်းကြေးကျပ် ၁၅ဝ,ဝဝဝ ကနေ ကျပ် ၃ဝဝ,ဝဝဝ အထိကုန်ကျတဲ့ သင်တန်းတွေဖြစ်ပြီး သင်တန်းကာလက ခြောက်လကနေ တစ်နှစ်အထိ ကြာမြင့်ပါတယ်။ ၄င်းသင်တန်းကိုးမျိုး အတွက် အခြေခံပညာ အထက်တန်းအောင်မြင်ပြီး သူတိုင်း လျှောက်ထားနိုင်ပြီး လျှောက်ထားသူတွေကို စာမေးပွဲစနစ်ဖြင့် စိစစ်ရွေးချယ်ကာ အခမဲ့ သင်တန်းတက်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

ယူကေ အင်ဂျင်နီယာဒီပလိုမာသင်တန်းနဲ့ အဆင့်မြင့် အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ဂလိုရီ(Glory) သင်တန်းကျောင်းက အခမဲ့ ပညာသင်ဆုတွေကို နှစ်စဉ် ပေးအပ် နေပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်း ၄င်း ပညာသင်ဆုကို လူငယ် ၆ဝဦးကို ရွေးချယ်စိစစ်ပေးအပ်ခဲ့ပါတယ်။

အခမဲ့ ပညာသင်ယူခွင့် ပေးမယ့်သင်တန်းအမျိုးအစားတွေကလျှပ်စစ်၊ အီလက်ထရွန်းနစ်၊ ဆောက်လုပ် ရေး၊ မက္ကနစ်ကယ်စတဲ့ အင်ဂျင်နီယာ ဒီပလိုမာတွေဖြစ်ပါတယ်။
အခမဲ့ ပညာသင်ယူခွင့် အတွက် ဂလိုရီ အသက် မွေးဝမ်းကျောင်းအတက်ပညာ သင်တန်းကျောင်း၊ အမှတ် ၁၂၅ ဘီ၊ ပထမထပ်၊ ၃၈လမ်းနဲ့ မဟာဗန္ဓလလမ်းထောင့်၊ ကျောက်တံတားမြို့နယ် ကို ဒီဇင်ဘာ ၇ရက် နေ့ နောက်ဆုံးထားပြီး လူကိုယ်တိုင်လျှောက်ထားနိုင်ပါတယ်။

(13-11-2009)
Source: Modern Journal


ဆေးဝါးကုသမှုအပိုင်းကို သွားနိုင်လို့ စိတ်ပညာဘွဲ့ကို စိတ်ဝင်စားလာကြ.

စိတ်ပညာဘာသာရပ်ကနေ ဆေးဝါးကုသမှု (clinical)ပိုင်းကို ဆေးကျောင်းသားတချို့ စိတ်ဝင်စားလာ ကြတယ်လို့ SR Education ကသိရပါတယ်။စင်ကာပူနိုင်ငံ ဂျေစီယူ တက္ကသိုလ်( James Cook University) မှာ Bachelor of Psychology (Clinical)ကို သုံးနှစ်တက်ရောက်နိုင်ပါတယ်။ ဆေးဝါးကုသမှုပိုင်းကို စိတ်ဝင်စားတဲ့သူတွေသည်ဘွဲ့ကနေတစ် ဆင့် သွားလို့ရပါတယ်။ ဆေးပညာရပ်ဆိုင်ရာသင်ယူထားသူတွေကတော့ ဘာသာရပ်ကင်းလွတ်ခွင့်တွေ ထားပေးပါတယ်။

ဆေးကျောင်းပြီးထားတဲ့သူတွေက ဘာသာရပ်ကင်းလွတ်ခွင့်အဖြစ် သုံးနှစ်တက်ရမယ့်အစား တစ်နှစ်ခွဲ သို့မဟုတ် နှစ်နှစ် ပဲတက်ရပါမယ်။ ဆယ်တန်း အောင်မြင် ပြီးထားသူတွေက ဖောင်ဒေးရှင်း ရှစ်လတက် ပြီးမှ ဒီဂရီတန်းကို စတက်နိုင်မှာပါ။ ဖောင်ဒေးရှင်းတန်းပဲဖြစ်ဖြစ်၊ ဒီဂရီတန်းပဲဖြစ်ဖြစ် IELTS 6 သို့မဟုတ် TOEFL 600 လိုအပ်ပါတယ်။
ကျောင်းလခက သုံးနှစ်စာ စင်ကာပူဒေါ်လာ ၅၃,၅ဝဝ ဖြစ်ပြီး ရှစ်ကြိမ်ခွဲသွင်းနိုင်ပါတယ်။ ဒီဂရီပြီးရင် မာစတာတန်းကို သြစတြေးလျ နိုင်ငံ ဂျေစီယူ တက္ကသိုလ်မှာ ဆက်တက်နိုင်ပါတယ်။ ပြီးရင် Doctor of Psychology (Clinical) ကိုဆက်တက်နိုင်ပါတယ်။

(13-11-2009)
Source: Modern Journal


Singapore SAA ကျောင်းတွင် နိုင်ငံတကာအသိအမှတ်ပြု Degree များရယူနိုင်.

SAA သည် Singapore စာရင်းကိုင်ပညာရှင်များအဖွဲ့ ICPAS (Institute of Certified Public Accountants Of Singapore) မှတရားဝင်ဖွဲ့စည်းဖွင့်လှစ်ထားပြီး Singapore’s Leading Accountancy Provider ဖြစ်ပါသည်။ SAA မှနိုင်ငံတကာအသိအမှတ်ပြု High Quality Degree များနှင့် Professional Program များကို သင်ကြားပေးလျက်ရှိပါသည်။ SAA သည် ICPAS ၏ Training Arm ဖြစ်ပြီး ICPAS သည် Not-For-Profit Organization ဖြစ်ပါသည်။ ၁၉၉၅ မှစ၍ ACCA/ ICPAS Joint Professional Examination program နှင့် CAT program များကို Singapore တွင်သင်ကြားပေးရာ၌ နိုင်ငံတကာပညာရည်ချွန်ဆုရ ကျောင်းသူ၊ ကျောင်းသားများစွာမွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် SAA သည် ACCA Approved Learning Partner များထဲတွင် “Platinum” status ကိုလည်းရရှိခဲ့ပါသည်။ Platinum status သည် ပေးအပ်သော ဆု များထဲတွင် အမြင့်ဆုံးဆုဖြစ်ပြီး၊ Highest Performance နှင့် ACCA မှ သတ်မှတ်ထားသောစာမေးပွဲဖြေဆို အောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသား အရေအတွက်ရှိမှသာလျှင် ပေးအပ်သောဆုတံဆိပ်ဖြစ်ပါသည်။ SAA Academy သည် International Students များအဖြစ် Singapore, China, Vietnam, Myanmar, Indonesia, Phillppines နှင့် Asia pacific Region … အစရှိသည့် နိုင်ငံများမှ International ကျောင်းသူ၊ ကျောင်းသား ၅ဝဝဝ ကျော်ကို အမျိုးမျိုးသော ဘာသာရပ်များသင်ကြားပေးပြီး Professional များစွာကို မွေး ထုတ်ပေးလျှက်ရှိပါသည်။

SAA သည် ကိုယ်ပိုင် ၆လွှာရှိသော CPA House တွင် Minister of Finance မှ Dr Richard Hu ကိုယ်တိုင်တရားဝင်ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ CPA House သည် မကြာခင်ဖွင့်လှစ်မည့် Singapore Sports Hub, with a host of modern sporting, social and recreational facilities and nearby, such as a sea sports club, hotels, shopping malls and parks တို့၏ အနီးတွင် တည်ရှိပါသည်။ SAA သည် International Students များယုံကြည်စိတ်ချစွာပညာသင်ကြားနိုင်ရန်အတွက် အသိအမှတ်ပြု SQC (Singapore Quality Class)နှင့် Case Trust ဆုတံဆိပ်များကိုလည်း ရရှိထားပါသည်။

CPA House တွင်ရှိသော Modern Facilities အချို့မှာ Fully fitted classrooms seating 24-180 Pax, State-of-the-art Auditorium seating 180 Pax, Library with comprehensive facilties, 2 Computer Labouratories and Student Recreation & Games Centre … စသည်တို့ဖြစ်ပြီး၊ ယခုအခါ International Students များစွာတက်ရောက်ကြသည့်အတွက် SAA ၏ City Campus ကိုထပ်မံတိုးချဲ့ဖွင့်လှစ် လိုက်ပြီး၊ Heart of the Singapore’s Central Business District တွင်တည်ရှိပြီး Major Transportation ဖြစ်သည့် MRT Station စားသောက်ဆိုင်များ Libraries, Supermarkets, Shopping malls တို့မှ ၅မိနစ် လမ်းလျှောက်ရုံဖြင့် ရောက်ရှိနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက Future Way Education Services Co.,Ltd ဖုန်း - 241099 သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

(13-11-2009)
Source: Ko Lin(Myanmar Training)


စင်္ကာပူ SAA ကျောင်း Jan Intake ကို Dec – 15 မတိုင်မီ ကျောင်းအပ်နိုင်.

စင်္ကာပူ SAA ကျောင်း၏ Jan Intake ကို Future Way တွင် Dec မတိုင်မီ ကျောင်းအပ်မည် ဆိုပါက အခမဲ့ ဆေးစစ်ပေးခြင်း၊ D Form ပြုလုပ်ပေးခြင်းများဖြင့် ဝန်ဆောင်မှုပေးသွားမည်ဟု Future Way မှတာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ကိုဇေယျာက ပြောကြားရာတွင် Jan Intake အတွက် ယခုကတည်းက Register တင်လို့ရပြီး ပထမ ဆုံး Student Applicationအတွက် စင်္ကာပူ $200, ICA အတွက် စင်္ကာပူ $30, Student Pass ကျပြီဆိုပါက ပထမနှစ်အတွက် School Fee စင်္ကာပူ $1800 Insurance Fee စင်္ကာပူ $ 300 ထပ်မံပေးသွင်းရမည်ဖြစ်ပြီး စုစုပေါင်း စင်္ကာပူ $ 2300 ဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်းသိရသည်။

စင်္ကာပူ SAA (Singapore Accounting Academy) တွင် CAT, ACCA စသော ဘာသာရပ်များကို သင်ကြားပေးပြီး CAT မှာ ၁နှစ်ခွဲ တက်ရောက်ရမည်ဖြစ်ပြီး ACCA မှာ ၃ နှစ်နှစ် တက်ရောက်ရမည်ဖြစ်သည်။အသေးစိတ်စုံစမ်းလိုပါက Future Way Education Services ဖုန်း နံပါတ် 241099 သို့ဆက်သွယ် စုံစမ်းနိုင်ပါသည်။

(13-11-2009)
Source: Ko Lin(Myanmar Training)


 

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats