|
ပြည်ပအလုပ်သမားများ
အားကိုအားထားပြုရသည့် စင်ကာပူနိုင်ငံ၏ ကျွမ်းကျင်လုပ်သားနေထိုင်ခွင့် Skill
Pass ရရှိထားသူများအား ကုမ္ပဏီမှ ကြိုက်နှစ်သက်သော အရည်အချင်း မရှိလျှင်
အလုပ်ထုတ်ခွင့်နှင့် ပိတ်ပင်နိုင်ခွင့်ရှိကြောင်း သိရှိရသည်။အထူးသဖြင့်
စင်္ကာပူမှာ S-pass case တွေရှိတယ်။ ကုမ္ပဏီကလုပ်သားကို အစမ်းခန့်
သုံးလအတွင်းမှာ မကြိုက်ဘူးဆို အလုပ်ဖြုတ်ခွင့် ရှိသလို S-pass ကိုလည်း
Cancel လုပ်လို့ရတယ်။ အဲဒါဆို လုပ်သားနေနဲ့ နောက်ထပ်အလုပ်တစ်ခုရှာဖို့ ၂
ပတ်ပဲနေထိုင်ခွင့် ရှိတော့တယ်ဟု စင်ကာပူနိုင်ငံမှ ပြည်လည်ရောက်ရှိလာသူ
တစ်ဦးကပြောသည်။
S-pass
ပြန်သိမ်းခံရခြင်းမှာ အင်္ဂလိပ်စာ အရည်အချင်း ညံ့မှု Communication
(လူမှုဆက်ဆံရေး) မကောင်းမှုများကြောင့် ဖြစ်ရပြီး ထိုသို့ဖြစ်သောလုပ်သားအား
အလုပ်မှထုတ်ပြီး S-pass ကိုပိတ်ပင်ပါက လုပ်သားအနေဖြင့် အလုပ်သစ်ရှာရန်
အချိန်မလုံလောက်ခြင်းနှင့် အလုပ်ပြန်ရှာလျှင် အလားအလာနည်းခြင်း စသည်တို့
ရင်ဆိုင်ရနိုင်သည်။ အလုပ်ရှင် ကုမ္ပဏီများမှာ လုပ်သားအား အရည်အချင်း
မကြိုက်၍ အလုပ်မှ ထုတ်ပယ်မှုရှိသော်လည်း S-pass ကိုပိတ်ပင်မှု
မရှိသလောက်ရှားသည်ဟုဆိုသည်။
S-pass
လျှောက်ထားရာ၌လည်း ပြည်တွင်းမှ ကျွမ်းကျုင်လုပ်သား အများစုမှာ အွန်လိုင်းမှ
လျှောက်ထားခြင်းနှင့် စာရွက်စာတမ်းနှင့် လျှောက်ထားခြင်း ဟူ၍
နှစ်မျိုးရှိသည်။ အွန်လိုင်းနှင့် လျှေက်ထားရာ၌ တစ်ပတ်အတွင်း
အကြောင်းပြန်မှု ရရှိပြီး၊ စာရွက်စာတမ်းနှင့် လျှောက်ထားခြင်းမှာ ၂ ပတ်မှ
၎ပတ်အတွင်းမှ ကျောင်းပြန်မှု ရရှိသည်။ ထိုသို့ အလုပ်ထုတ်ခံရခြင်း
အကြုံတွေ့ရအောင် မသွားမီအင်္ဂလိပ်စာ ကျွမ်းကျင်မှုရှိစေရန် ပြုလုပ်သင့်ကြောင်း
Emergent Service မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ မြန်မာနိုင်ငံမှ
စင်ကာပူသို့ သွားရောက်သော ကျွမ်းကျင်လုပ်သားများမှာ S-pass ရရှိ၍
အလုပ်လုပ်ကိုင် နိုင်ကြသော်လည်း အလုပ်လက်မဲ့ဖြစ်မည် စိုး၍ မည့်သည့်ကဏ္ဍ၌မဆို
ကြိုးစာလုပ်ကိုင်ကြသည်။
S-pass
ရတဲ့မြန်မာလုပ်သားတွေက ဟိုမှာအလုပ်ပြုတ်မှာ သိပ်စိုးရိပ်ကြတယ်။ အဲဒါကြောင့်
ရတဲ့အလုပ်မှာ ကြိုးကြိုးစားစား လုပ်ကြရတယ်။ အိုင်တီကျွမ်းတဲ့
မိတ်ဆွေတစ်ဦးဆို အဲဒီမှာ အလုပ်ရှာတာ ၆လ ကျော်ကြာတယ်။ အလုပ်ရတော့လည်း
ကြိုးကြိုးစားစား လုပ်ရတယ်။အလုပ်ချိန် ၅နာရီ ၈နာရီကြာ ထမ်းဆောင်ရတယ်ဟု
စင်ကာပူနိုင်ငံရောက် မြန်မာတစ်ဦးက ဆိုသည်။
Source : 7 Day News Journal
|