|
On-Job
Training
ကာလတွင် စင်ကာပူဒေါ်လာ ၅၀၀ မှစ၍ရနိုင်မည်ဟု ဆိုသော စင်ကာပူ နိုင်ငံရှိ
Washington Commercial & Language School
၏လာမည့် စက်တင်ဘာလ တက်ရောက်နေသူများအတွက် လေယာဉ်လက်မှတ်အခမဲ့စီစဉ်ပေးမည်ဟု
စင်ကာပူနိုင်ငံမှ
ALG
Education Center Pte.Ltd.
ကိုကိုးကား၍ ရန်ကုန်အခြေစိုက်
Future
Way Education & Services
ထံမှသိရသည်။
စာတွေ့ကိုးလနှင့်
On-Job
Training
ခြောက်လကြာမြင့်မည့် ယင်းကျောင်း၏
IT,
Business, Engineering
နှင့်
Tourism
& Hospitality
စသည့်ဘာသာရပ်များ၏
Postgraduate Diploma in Management Studies
သင်တန်းများကို တက်ရောက်ရန်
IELTS/TOFEL
ရမှတ်များမလိုအပ်သည့်အပြင်
Placement Test
ပါဖြေဆိုရန် မလိုအပ်ဟု
Future
Way
မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
နှစ်စဉ်ဝင်ခွင့်ခြောက်ကြိမ်တိုင် လက်ခံသော အဆိုပါကျောင်းနှင့် ပတ်သက်သည့်
အသေးစိတ် အချက်အလက်များကို အမှတ်-
၉၊ အခန်း
(၆/A)၊
ယောမင်းကြီးလမ်းသွယ်၊ သမ္မတ ရုပ်ရှင်ရုံအနီး၊ ရှိုင်းကွန်ဒိုမီနီယံ၊
ဒဂုံမြို့နယ်၊ တယ်လီဖုန်း ၂၄၁၀၉၉၊ ၀၀၉-၅၁၀၀၁၅၈
နှင့် ၄၄၁၁၂၄၉ တို့ထံတွင် ပိတ်ရက်မရှိစုံစမ်းနိုင်ကြောင်း၊ အထက်ပါကျောင်း၏
တရားဝင်
Website
တွင် ယင်းဘာသာရပ်များနှင့် ပတ်သက်သည့်အသေးစိတ် အချက်အလက် အပြည့်အစုံကို
ဖော်ပြမထားသော်လည်း ယင်းကျောင်းသည်
Case
Trust
နှင့်
Singapore Quantity Class for Private Education Organization (SQCPEO)
ရရှိထားသည်ဟု စင်ကာပူပညာရေးဆိုင်ရာ
Website
၌ဖော်ပြထားသည်ကို တွေ့ရသည်။
Source : The Voice Journal |