|
News
» International News
အင်န်ယူအက်စ် ဆေးကျောင်းဝင်ခွင့် လိုအပ်ချက်မြင့်လာ
နိုင်ငံတကာကျောင်းသားကျောင်းသူတွေအတွက် စင်ကာပူအင်န်ယူအက်စ် (NUS)
ဆေးကျောင်းဝင်ခွင့်လိုအပ်ချက် မြင့်လာတယ်လို့သိရပါတယ်။
စင်ကာပူနိုင်ငံသားတွေတောင်ဆေးကျောင်းဝင်ခွင့်ရဖို့
သူတို့နိုင်ငံသားချင်းယှဉ်ပြိုင်နေရတယ်။ ဒါကြောင့်နိုင်ငံတကာကျောင်းသားတွေ
အတွက်ဝင်ခွင့်ရဖို့ပိုခက်ခဲ နိုင်တာပါ။ သူတို့နိုင်ငံအတွင်းမှာ အင်န်ယူအက်စ်ရဲ့
ဆေးကျောင်းဝင်ခွင့်ရဖို့ကြိုးစားသူ ၇ဝ ရာခိုင်နှုန်းက GCE A level မှာ
ဘာသာရပ်အားလုံးအေအဆင့်ချည်းပဲ ရထားတဲ့သူတွေသာ လျှောက်ကြတာများတယ်လို့ Crown
Education ကသိရပါတယ်။
ဆေးကျောင်းဝင်ခွင့်ရဖို့ နိုင်ငံတကာက အပြိုင်အဆိုင် ကြိုးစားနေရတယ်၊
ပဏာမ စာရင်းမှာပါတဲ့ ကျောင်းသား ၇ဝ ရာခိုင်နှုန်းက GCE A level မှာ
အေအဆင့်ပဲရထားကြတယ်၊ ဒါတောင် ပဏာမအဆင့်ပဲရှိသေးတယ် လို့ စင်ကာပူပညာရေးဝန်ကြီးက
စီအင်န်အေသတင်းမှာ ပြောတဲ့ပြောကြားချက်အရသိရပါတယ်။ ဝင်ခွင့်ရတဲ့သူတွေက အင်တာဗျူး
ဖြေဖို့ သက်ဆိုင်ရာဘာသာရပ်အကြောင်းကို presentation လုပ်တယ်။ ဆေးကျောင်းကို
စိတ်ဝင်စားရတဲ့အကြောင်းနဲ့ ဆေးပညာနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေကလည်း
ခက်ခဲတဲ့အင်တာဗျူးတွေ မေးလေ့ရှိပါတယ်။ သည်လို စစ်ဆေးတာတောင် ကျောင်းတက်ရင်း
စာမလိုက်နိုင်လို့ ကျောင်းထွက်သွားတဲ့ ကျောင်းသားဦးရေ
နှစ်ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပါတယ်။
(15-6-2010)
Source:
Modern
Journal
ဂျပန်ဟခုဟို
အမျိုးသမီးကောလိပ်ကို ပညာသင်ဆုနဲ့ ကျောင်းလျှောက်မယ်ဆိုရင်
.
.
.
.
အမျိုးသမီးတွေအတွက် သီးသန့်ဖွင့်ထားတဲ့ဂျပန်နိုင်ငံက HAKUHO
အမျိုးသမီးကောလိပ်က မြန်မာကျောင်းသူတွေအတွက် ကျောင်းလျှောက်လွှာတွေ
ပေးပို့ထားပြီး သူနာပြုအတွက်ဆိုရင် ရာနှုန်းပြည့်ပညာသင်ဆုရအောင်
စလျှောက်လို့ရတယ်လို့ Value Stars Group မှသိရတယ်။ Value Stars Group
မှတာဝန်ရှိသူက ‘ ဂျပန်က သူနာပြုကိုတော့ ပိုလက်ခံချင်တယ်၊
ကျောင်းတက်မယ့်သူတွေက လေယာဉ်စရိတ်ပဲကုန်တယ်၊ ကျန်တာရာနှုန်းပြည့် ပညာသင်ဆုပဲ
’ လို့ ပြောပါတယ်။ ဘာသာစကားနဲ့ရိုးရာဓလေ့သင်တန်းက ခြောက်လတန်း၊
တစ်နှစ်တန်း၊ နှစ်နှစ်တန်းဆိုပြီးရှိတယ်။ နှစ်နှစ်တန်းကို
ကျောင်းလျှောက်ရင်တော့ ပညာသင်ဆုကိုပါ တစ်ပါတည်းတွဲပြီး
လျှောက်လို့ရတယ်လို့သိရတယ်။ သည် ဟခုဟို အမျိုးသမီးကောလိပ်ကျောင်းက
နာလခရိုင်၊ ကျိုတိုမြို့မှာရှိတယ်လို့သိရတယ်။
အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားဖြစ်ရမှာဖြစ်ပြီး ပညာသင်နှစ် ဒုတိယနှစ်
အောင်မြင်ပြီးသားဖြစ်ရမှာပါ။ ဂျပန်ဘာသာ Level 2 အဆင့်ရှိမှာပါ။
အခုနှစ် အောက်တိုဘာတန်းခွဲအတွက် ကျောင်းလျှောက်လွှာကို
ဇွန်လကုန်ပိတ်မှာဖြစ်ပြီး၊ ဧပြီတန်းခွဲအတွက်ကတော့ သြဂုတ်လကစပြီး
ကျောင်းလျှောက်လွှာထုတ်ပေးမှာလို့ သိရတယ်။ သူကပဲ ‘ သူနာပြုတက္ကသိုလ်ကို
ကိုယ့်စရိတ်နဲ့တက်ရင် ဒေါ်လာ ၆ဝ,ဝဝဝ လောက် ကုန်မယ်၊ အခုပညာသင်ဆုနဲ့
တက်နေတဲ့ကျောင်းသူလေးယောက်လုံးက သူနာပြုအတွေ့အကြုံရှိပြီး
ဂျပန်စာကောင်းကြလို့ ရကြတာ ’ လို့ပြောပါတယ်။
ဂျပန်ဘာသာယဉ်ကျေးမှုသင်တန်းကျောင်း၊ ဘာသာစကား၊ ဓလေ့ထုံးစံတို့တွေကျတော့
တစ်နှစ်စာကိုကုန်ကျစရိတ် ယန်း ၄၃၂,ဝဝဝ လောက်ရှိတယ်လို့သိရတယ်။
ကျောင်းလျှောက်လွှာကို 27 B ၊ အောင်ဇေယျ ၃ လမ်း၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊
ဗဟန်းမြို့နယ်၊ ဖုန်း - 502564၊ 09-5153920 မှာ အခမဲ့ရယူနိုင်တယ်လို့
သိရတယ်။ ကျောင်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ http://hakuho.com
မှာကြည့်ရှုနိုင်ပါတယ်။
(15-6-2010)
Source: Modern Journal
ဇီဝဆေးသိပ္ပံနဲ့ ဆေးဝါးဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ် စတင်လျှောက်ထားနိုင်
.
.
.
.
5
စင်ကာပူနိုင်ငံ အမ်ဒီအိုင်အက်စ် (MDIS) ကျောင်းမှာ ဇီဝဆေးသိပ္ပံနဲ့
ဆေးဝါးဆိုင်ရာစီမံခန့်ခွဲမှုဘာသာရပ်ကို စတင်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။
ဇီဝဆေးသိပ္ပံ (biomedical science) ဘာသာရပ်က ရောဂါရှာဖွေရေး သုတေသန၊
ဆေးဝါးသုတေသနတွေနဲ့ သက်ဆိုင်တဲ့ဘာသာရပ်ဖြစ်ပြီး ဆဲလ်လူလာနဲ့ Molecular
Pathology, Medical Biochemistry အစရှိတဲ့ဘာသာရပ်တွေသင်ယူရပါတယ်။
ဘွဲ့ဒီဂရီအောင်မြင်ပြီးရင် အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့
ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေ၊ ဇီဝနည်းပညာနဲ့
ထုတ်လုပ်တဲ့စားသောက်ကုန်လုပ်ငန်းတွေ၊ ဇီဝဆေးဝါးနဲ့
ရောဂါဗေဒရှာဖွေရေးသုတေသနဓာတ်ခွဲခန်းတွေ၊ ဆေးရုံတွေက
ဓာတ်ခွဲခန်းတွေမှာလုပ်ကိုင်နိုင်ပါသည်။
မြန်မာနိုင်ငံက အမ်ဘီဘီအက်စ်ဘွဲ့ရရှိထားတဲ့သူတွေ
ဘာသာရပ်ကင်းလွတ်ခွင့်ရရှိနိုင်ပြီး ပထမနှစ်က Human Cenetics
ဘာသာရပ်နဲ့ဒုတိယနှစ်က Molecular Genetics and Molecular Cell Biology
ဘာသာရပ်တွေကိုသာသင်ယူပြီး တတိယနှစ်ကိုတက်ရောက်ရမှာဖြစ်ပါတယ်။ အမ်ဘီဘီအက်စ်
အောင်မြင်ပြီး သူတွေအတွက် ကျောင်းလခက စင်ကာပူဒေါ်လာ ၁၉,ဝဝဝ
သာကုန်ကျမှာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေက Foundation
Certificate in Biomedical Science ကို ခြောက်လတက်ရောက်ပြီး
ဘွဲ့ဒီဂရီကိုတက်ရောက်ရမှာဖြစ်ပါတယ်။ အဲသည်ဘာသာရပ်အတွက် ကျောင်းလခက
စင်ကာပူဒေါ်လာ ၆ဝဝဝ ဖြစ်ပြီးဘွဲ့ဒီဂရီအတွက် စင်ကာပူဒေါ်လာ ၃၃,၈ဝဝ
သွင်းပေးရပါမယ်။
ကျောင်းဝင်ခွင့်လိုအပ်ချက်အနေနဲ့
အနည်းဆုံးတက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး IELTS 6.0 ရှိထားရမှာဖြစ်ပါတယ်။
သြဂုတ်လ နဲ့ နိုဝင်ဘာ ကျောင်းဖွင့်ချိန်အတွက် လျှောက်တဲ့သူတွေကို
ပညာသင်ထောက်ပံ့ကြေးပေးမယ်လို့ Crown Education (ဖုန်း - 211888, လိုင်းခွဲ
228-229) ကသိရပါတယ်။
(15-6-2010)
Source: Modern Journal
အင်္ဂလန်မှ တိုက်ရိုက်ပေးအပ်သော ဘွဲ့ ကို မလေးရှားတွင်သင်ယူနိုင်
.
..
အင်္ဂလန်မှ International Recognized Degree မျးဖြစ်သည့် Coventry
University, University of East of London နှင့် Edexcel International, UK
တို့မှ ဘွဲ့များအား မလေးရှား Legenda Education Group တွင်တက်ရောက်
နိုင်ကြောင်း SR Education မှသိရပါသည်။
University of East of London နှင့် Coventry University ၏ Engineering
Program များသို့ လျှောက်ထားလိုပါက Grade 12 ရှိရမည်ဖြစ်ပြီး BEHS
အောင်မြင်ထား သူများအနေနှင့် Foundation မှ တဆင့် Degree ၃
နှစ်သင်တန်းအားတက်ရောက်နိုင်သည်။ International Edexel , UK Diploma
တန်းတက်ရောက်လိုပါက ၃ နှစ်တက်ရောက်ရမည်ဖြစ်ပြီး BEHS 11 Grade ရှိသော
မြန်မာ ကျောင်းသားများတက်ရောက်နိုင်သည်။ BTech HND Diploma
အားတက်ရောက်လိုပါက 12 Grade ရှိရမည်ဖြစ်ပြီး BEHS
အောင်မြင်ထားသူများအနေနှင့် Foundation မှ တဆင့် Degree ၃
နှစ်သင်တန်းအားတက်ရောက်နိုင်သည်။ International Edexel , UK Diploma
သင်တန်းတက်ရောက်လိုပါက ၃ နှစ်တက်ရောက်ရမည်ဖြစ်ပြီး BEHS 11 Grade
ရှိသော မြန်မာ ကျောင်းသားများတက်ရောက်နိုင်သည်။ BTech HND Diploma
အားတက်ရောက်လိုပါက 12 Grade ရှိရမည်ဖြစ်ပြီး ယင်း diploma သည် ၂
နှစ်ကြာမြင့်မည်ဖြစ်သည်။
ကျောင်းသားအနေနှင့် ကျောင်းလျှောက်ထားပြီးနောက် ကျောင်းသို့ရောက်လျှင်
ဝင်ခွင့်စာမေးပွဲအနေနှင့် Maths, Physics, English Test
အားစီစဉ်ပေးမည်ဖြစ်ပြီး
မအောင်မြင်သောသူများအတွက်လည်း ၂ လ Preparation Course စီစဉ်ပေးမည်ဖြစ်သည်။
ယင်းအတွက် ကျောင်းလခ ပေးစရာမလိုဘဲ ကျောင်းမှ Engineering ကျောင်းသားများ၏
Quality Control အတွက် စီစဉ်ခြင်းဖြစ်သည်။ ကျောင်း၌ On Campus
accommondation စီစဉ်ပေးထားပြီး ယင်းအတွက် နေစရိတ်ပေးသွင်းစရာမလိုပါ။
Legenda Education Group နှင့် ပတ်သက်ပြီး အသေးစိတ်သိလိုပါက SR
Education ဖုန်းနံပါတ် 374747,374748 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(18-6-2010)
Source: Ko Lin (Myanmar Training)
UK ရှိ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များစာရင်းဝင် Hult International
Business University တွင် Scholarship 20 % အထိရရှိနိုင်သည့် အခွင့်အရေး
.
.
0
.
UK နိုင်ငံ လန်ဒန်မြို့ ၏ အချက်အချာ
နေရာတွင်တည်ရှိပြီး ကမ္ဘာ့ထိပ်တန်း စီးပွားရေးတက္ကသိုလ်များစာရင်းဝင်ဖြစ်သည့်
Hult တွင် BSc Communication
နှင့် BA Interntional Relations ဘွဲ့သင်တန်းများ တက်ရောက်လိုသည့်
ကျောင်းသား /ကျောင်းသူများအနေဖြင့် လာမည့် စက်တင်ဘာလ ဝင်ခွင့်တွင် 10% မှ
20%
အထိ ရရှိနိုင်သည့် အခွင့်အရေးရှိကြောင်းသိရသည်။ မြန်မာငွေ ၃၅ သိန်းမှ
သိန်း ၄၀ ဝန်းကျင် ထိ အကုန်အကျ သက်သာနိုင်သည့် ယင်း Scholarship ကို
အရည်အချင်းပြည့်မီပါက ဝင်ခွင့်စာမေးပွဲ ဖြေစရာမလိုဘဲ ရရနိုင်မည်ဖြစ်သည်။
Hult သည် နိုင်ငံပေါင်း ၆၀ ကျာ်မှ ကျောင်းသား/ကျောင်းသူများ ပညာသင်ယူ
နေသည့် အမေရိကန်သင်ရိုးညွှန်းတမ်းအသုံးပြုသင်ကြားနေပြီး New York နှင့်
London သာမက Dubai တို့တွင် လည်းရှိသည့် တက္ကသိုလ်ဖြစ်သည်။
Hult ကျောင်းသားများအနေဖြင့် လန်ဒန်၏ အကြီးဆုံးပညာရေး စာကြည့်တိုက်ဖြစ်သော
Senate House Librarty တွင် စာအုပ်စာတမ်းများဌားရမ်းခွင့်၊
အချက်အလက်များရှာဖွေစုဆောင်းခွင့်၊ UCL (University College London) ၏
အသင်းအဖွဲ့အမျိုးမျိုးတွင် ပါဝင်ခွင့်နှင့် အနုပညာအသင်းအဖွဲ့တွင်
ပါဝင်ခွင့်တို့
ရရှနိုင်မည့်အပြင် LSE(London School of Economics) ၏ စာကြည့်တိုက် နှင့်
အခြားအနီးဝန်းကျင် ရှိ အထူးပြုစာကြည့်တိုက်များတွင်ပါ
လေ့လာခွင့်ရနိုင်သဖြင့်
ကျောင်းသားရော မိဘပါ စိတ်ချမ်းမြေ့စေမည်ဟု သိရသည်။ HULT တွင် ရှိသော
နိုင်ငံတကာ အတွေ့အကြုံရှိပြီး အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများဖြင့်
စာတွေ့ လက်တွေ့တို့ကို နောက်ဆုံးပေါ် သင်ထောက်ကူ ပစ္စည်းစုံဖြင့်
ပညာသင်ယူနိုင်မည်ဖြစ်သည်။
HULT မှ ကျောင်းပြီးပါကလည်း သက်ဆိုင်ရာဘွဲ့ အလိုက် ရရှိနိုင်သည့်
အလုပ်အကိုင် အခွင့်အလမ်း များစွာရှိသည်။ Business ဖြင့်ကျောင်းပြီးပါကလည်း
HR
Management နယ်ပယ်များတွင် အလုပ်ရနိုင်မည်ဖြစ်ပြီး Comminication ဖြင့်
ကျောင်းပြီးပါက Adversiting, Public Relations ,Marketing,Event & Festival
Promotions, Films & Television စသည့် နယ်ပယ်များတွင်
ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ အလားတူ IR ဖြင့်ဘွဲ့ရပါက NGO နှင့်
သံတမန်ရေးရာ
နယ်ပယ်အသီးသီးတွင် အလုပ်ရနိုင်မည်ဖြစ်သည်။
ယင်းဘွဲ့များသို့ တက်ရောက်သင်ယူလိုသည့်  ကျောင်းသားများသည် အနည်းဆုံး
တက္ကသိုလ် ပထမနှစ် (သို့) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး နိုင်ငံတကာ
အသိအမှတ်ပြု ဒီပလိုမာ တစ်ခုရပြီးသူဖြစ်ရန်လိုကြောင်း၊
တက္ကသိုလ်ဝင်တန်းသာအောင်သောကျောင်းသား/ကျောင်းသူများအနေဖြင့် မူ University
Foundation
Course (၉ လ) ကိုအရင်တက်ရောက်ရမည်ဖြစ်ကြောင်း၊ စိတ်ဝင်စားသူများအနေဖြင့်
သမ္မတရုပ်ရှင်ရုံဘေးရှိ Shine Condo, 6 လွှာ A ခန်းတွင်ဖွင့်လှစ်ထားသော
Future Way Education& Services ဖုန်း ၂၄၁၀၉၉၊ ၂၅၄၁၈၅ သို့
ဆက်သွယ်စုံစမ်းနိုင်ပြီး ဇူလိုင်လမကုန်မီ
နောက်ဆုံးလျှောက်ထားနိုင်ကြောင်းသိရသည်။
(18-6-2010)
Source: Ko Lin (Myanmar Training)
စင်္ကာပူ ပိုလီဘာသာရပ်အသစ်များ နှင့် ၀င်ခွင့်
.
.
.
Republic Poly, Ngee Poly နဲ့ 
Singapore Poly တွေမှာ 2010/11 ပညာသင်နှစ်ကစပြီး
ကျောင်းသူကျောင်းသားတွေ အသစ်သင်ယူနိုင်မဲ့
ဘာသာရပ်တွေကို တိုးချဲ့  ပြဒါန်းထားပါတယ်၊၊
Republic Poly မှာဆိုရင် Diploma in renewable Energy Engineering,
Common Engineering Program အပါအ၀င်၊ Diploma in Health Management and
Promotion နဲ့  Diploma in Wellness, Lifestyle and Spa Management
ဘာသာရပ်တွေဟာ အသစ်ပြဒါန်း လိုက်တဲ့ဘာသာရပ်တွေဖြစ်ပါတယ်၊၊
နီအမ်း ပိုလိုဟာ ဖလင်၊ မီဒီယာ ဘာသာရပ်တွေမှာ နာမည်ကျော်ကြားပြီး၊ Arts
Business Management, Sustainable Urban Design & Engineering,
Veterinary Bioscience ဘာသာရပ်နဲ့  Engineering with Business
Management Programme ဘာသာရပ်တွေကို အသစ်ပို့ ချပေးဘို့ စီစဉ်ထားတယ်လို
့
သိရပါတယ်၊၊
‘ဒီနှစ်ဖြစ်စဉ်တွေထဲမှာ ပိုလီမှာ သင်ယူနိုင်တဲ့ Hospitality
ဘာသာရပ်တွေနဲ့ ပတ်သက်လို့  Republic Poly မှာ School of Hospitality
ကို အသစ်ဖွင့်ပြီး၊ Temasek
Poly ကဖွင့်တဲ့ The Santosa Academy က နိုင်ငံတကာကျောင်းသားခေါ်ယူမှု့ 
ကိုရပ်နားထားမယ်လို့ ကျွန်တော်တို့ ဆီကို အကြောင်းထားပါတယ်” ဟု Crown
Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းကပြောပါတယ်၊၊
စင်္ကာပူ ပိုလီမှာ အသစ်ပြဒါန်းလိုက်တဲ့ဘာသာရပ်တွေကတော့၊ Digital
Animation, International Business, Materials Science, Perfumery and
Cosmetic
Science နဲ့  Visual Effects and Motion Graphics
ဘာသာရပ်တွေပဲဖြစ်ပါတယ်၊၊
“၀င်ခွင့်အခက်ဆုံးနဲ့  နံပါတ်(၁) ပိုလီကို ပြောပါဆိုရင် စင်္ကာပူ ပိုလီ
(Singapore Polytechnics) ကိုပြောရမှာပဲဖြစ်ပါတယ်၊၊
မြန်မာကျောင်းသားတွေအတွက် ၀င်ခွင့်နဲ့ ပတ်သက်လို
့တရားဝင်ဖေါ်ပြချက်တွေအရ၊ အင်္ဂလိပ်စာ (၆၀) မှတ်၊ သင်္ချာ (၇၅) မှတ်နဲ့  (၅)
ဘာသာ ပျမ်းမျှအနည်းဆုံး (၇၀) ရှိဘို့ လိုအပ်ပါတယ်လို့ 
ဖေါ်ပြထားပေမဲ့၊ ဒီအမှတ်တွေရရင်ဝင်ခွင့်ရပြီလို့ 
ဆိုလိုတာတော့မဟုတ်ပါဘူး၊၊ ကိုယ့်ထက်အမှတ်ကောင်းတဲ့သူတွေများရင်
ယှဉ်ပြိုင်ရပါ့မယ်၊၊”
သူများထက်ပိုပြီး ၀င်ခွင့်အခွင့်အရေးသာချင်တယ်ဆိုရင်၊ IELTS အမှတ်၊ SAT
အမှတ်ကောင်းကောင်း တင်ပြနိုင်ရင် ပိုပြီးအခွင့်အရေးရှိပါတယ်လို
့သိရပါတယ်၊၊
“မြန်မာနိုင်ငံမှာအများအားဖြင့်
ပိုလီလျောက်ထားတဲ့ကျောင်းသားကျောင်းသူလေတွေက ၀င်ခွင့်ဆုံးဖြတ်တဲ့ The
CCA Bonus Point System တို့ Cut-Off Points
(COP) တို့ ကိုနားလည်မှု့ နည်းတာတွေ့ ရပါတယ်၊၊ အဲဒီအခါ
လိုအပ်မှန်းမလိုအပ်မှန်းမသိပဲ၊ GCE, iGCSE ပြန်တက်တာ၊
ဝင်ခွင့်ခက်တဲ့ဘာသာရပ်တွေ
ဦးစားပေးလျှောက်တာ စတာတွေဖြစ်တတ်ပါတယ်၊၊ GCE/ iGCSE
အမှတ်ရှိတဲ့လူတွေကရော၊ (၁၀) တန်းအောင်နဲ့ လျှောက်ထားတဲ့သူတွေရော
ဒီစနစ်တွေကို
သိထားရင် တစ်နှစ်နဲ့ တစ်နှစ်မတူနိုင်ပေမဲ့ အနည်းနဲ့ အများခန့် မှန်းလို
့ရပါတယ်၊၊
ပုံမှန်အားဖြင့် ပဏာမရွေးချယ်စာရင်းထဲပါပြီဆိုရင် ၀င်ခွင့်စာမေးပွဲကို
English, Math နဲ့  Science ဘာသာရပ်တွေ ကိုဖြေ ဆိုရမှာဖြစ်ပါတယ်၊၊
တစ်ချို့  (၁၀)
တန်းအမှတ်ကောင်းပြီး၊ TOEFL/IELTS အမှတ် SAT အမှတ်ကောင်းကောင်း
တင်ပြနိုင်ခဲ့ရင် ၀င်ခွင့်ဖြေဆိုစရာမလိုပဲ တိုက်ရိုက်ဝင်ခွင့်
ရသွားကြတဲ့
ခလေးတွေလည်းရှိပါတယ်၊၊
ပိုလီကနေတဆင့် အစိုးရ တက္ကသိုလ်တွေဖြစ်တဲ့ (NUS, NTU)
တွေကိုဝင်ခွင့်ရဘို့ ခက်ခဲခဲ့ပြီး၊ အခုနောက်ပိုင်းမှာ တော့
အသစ်ဖွင့်လိုက်တဲ့  Singapore Institute of
Technology ကြောင့် ပိုအဆင်ပြေလာနိုင်စရာရှိပါတယ်၊၊ June 11, 2010 နေ
့ထုတ် The Straits Times သတင်းစာရဲ့ ဖေါ်ပြချက်အရာ နေရာ ၅၀၀ အတွက်
ကျောင်းသားပေါင်း ၁၅၀၀ လျှောက်ထားခဲ့ကြတာ အားလုံးပြည့်သွားပြီလို
့ဖေါ်ပြထားတဲ့အတွက်၊ NUS, NTU ၀င်ခွင့်မတဲ့သူတွေအတွက် အားတက်စရာပဲ
ဖြစ်ပါတယ်၊၊
ပိုလီဝင်ခွင့်နဲ့ ပတ်သက်ပြီး၊ အသေးစိတ်အချက်အလက်တွေကိုတော့ CROWN
Education, Room 228-229, Summit Parkview Hotel, ဖုန်းနံပါတ် 211 888
(Ext
228-229), 730 40 688 နဲ့  09 5085 185 သို့ ဆက်သွယ်
စုံစမ်းမေးမြန်းနိုင်ကြပါတယ်ခင်ဗျား၊၊
(22-6-2010)
Source: Ko Lin (Myanmar Training)
|