|
News
» International News
PSB Academy မှ ပထမဆုံးအကြိမ် Certificate in Business Administration
(CBA) ကို နိုင်ငံတကာကျောင်းသူ ကျောင်းသားများ
ကုန်ကျစာရိတ်သက်သာစွာဖြင့်လေ့လာနိုင်ပြှီ
PSB Academy မှ ၂၀၁၀ တွင် စတင်သင်ကြားပေးမည့်၊ Diploma in Business
Administration သို့ အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ် ချက်ကြောင့်
ဖြစ်စေ၊ (၁၀)တန်းအမှတ်လိုအပ်ချက်ကြောင့်ဖြစ်စေ၊ တိုက်ရိုက် ၀င်ခွင့်မရသော ကျောင်းသူ
ကျောင်းသားများအတွက်၊ Certificate in Business
Administration ကို ၂၀၁၀ သြဂုတ်လ မှစ၍ PSB Academy တွင် စတင်လျှောက်
ထားနိုင်ပြီဖြစ်ကြောင်း၊ CROWN Education မှ တာဝန်ရှိသူ တစ်ဦးမှ
ပြောကြားပါသည်၊၊
“Diploma in Business Administration ဟာ နိုင်ငံတကာကျောင်းသားတွေအတွက် PSB Academy
က ဒီနှစ်မှ စတင်ပြဒါန်းပေးတဲ့ ဒီပလိုမာဖြစ်ပြီး၊ University of
Cambridge International Examinations ကနေပြီး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးတဲ့
ဒီပလိုမာ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်၊၊ ဒီ ဒီပလိုမာကတဆင့်
သြစတြေးလျ၊ ယူကေ တက္ကသိုလ်ကြီးတွေဖြစ်တဲ့၊ The University of Newcastle, Australia,
University of Wollongong နဲ့  University of London တို့ 
ကချီးမြင့်တဲ့ ဒီဂရီကို စင်္ကာပူမှာဖြစ်စေ၊ သြတြေလျ၊ ယူကေမှာ ဖြစ်စေ ဆက်လက်
လေ့လာနိုင်တဲ့ အခွင့်အရေးရှိတာမို့ ၊ မြန်မာနိုင်ငံက ကျောင်းသားတွေ
အများဆုံးလေ့လာတဲ့ပရိုဂရမ်တစ်ခုဖြစ်ပါတယ်၊၊”
“အခုသင်ကြားပေးမဲ့ Certificate ပရိုဂရမ်က ၊ စီပွားရေးစီမံခန့် ခွဲရေး ဘာသာရပ်နဲ
့ပတ်သက်လို့ လေ့လာချင်ပြီး Accounting, Marketing ဘာသာရပ်တွေမှာ
အခြေခံမရှိသူတွေ၊ အင်္ဂလိပ် စာလိုအပ်ချက်ရှိသူတွေ၊ အတွက် ကုန်ကျစာရိတ်သက်သက်သာသာနဲ
့လေ့လာနိုင်တဲ့ ပရိုဂရမ်တစ်ခုဖြစ်တဲ့အတွက်
မြန်မာနိုင်ငံကကျောင်းသူ ကျောင်းသား တွေအတွက်သင့် တော်တဲ့ ပရိုဂရမ်တစ်ခုဖြစ်တယ်လို
့” CROWN Education မှပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း
ကပြောပါတယ်၊၊
အဆိုပါ Certificate ပရိုဂရမ်မှာ၊ စင်္ကာပူနိုင်ငံသား နှင့် အမြဲတမ်းနေထိုင်ခွင့်ရ
ကျောင်းသားကျောင်းသူများ အားစတင် သင်ကြားပေးနေခဲ့ပြီး၊ ယခု August 2010
မှစ၍ နိုင်ငံတကာကျောင်းသူကျောင်းသားများအတွက်၊ စတင်တက်
ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်၊၊
ဒီ Certificate in Business Administration မှာ ပါဝင်မဲ့ဘာသာရပ်တွေကတော့၊ Basic
Communication and English, Elements of Economic, Elements of
Marketing, Fundamentals of Accounting နဲ့  Elements of Human Resource Management
စတဲ့ ဘာသာရပ်တွေပဲဖြစ်ပါတယ်၊၊
အချိန်ကာလအားဖြင့် ၄င်း (၅) ဘာသာကို (၄) လမှ (၆) လအထိ သင်ယူရမည်ဖြစ်ပြီး၊
ကုန်ကျစာရိတ်အနေဖြင့် စင်္ကာပူဒေါ်လာ 1,337.50 ခန့် ၊
မြန်မာကျပ်ငွေအားဖြင့် (၁၀) သိန်းခန့် သာကုန်ကျမယ်လို့ သိရပါတယ်၊၊
အင်္ဂလိပ်စာ လိုအပ်ချက်အနေဖြင့် Aug 2010 အတွက် IELTS 5.0 ရှိတဲ့သူတွေ
တက်ရောက်နိုင်မှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ CROWN
Education, Summit Parkview Hotel, Room 228-229, ဖုန်းနံပါတ် 211 888 (Ext
228-229), 730 40 688 နဲ့  09 5085 185 သို့ ဆက်သွယ် စုံစမ်းမေးမြန်း
နိုင်တယ်လို့  သိရပါတယ်၊၊
(22-6-2010)
Source:
Ko Lin
(Myanmar Training)
စင်ကာပူ
CPE ၏ Edutrust လက်မှတ်ရကျောင်းစာရင်းထုတ်ပြန်
.
.
.
.
စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိကကျောင်းများအတွက် Council For Private
Education (CPE) က အသစ်ပြဋ္ဌာန်းသည့် Edutrust လက်မှတ်ရ ကျောင်းများ
စာရင်းကို မေလ ၂ဝ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်း CPE ၏
ကြေငြာချက်အရ သိရသည်။
Edutrust အမှတ်တံဆိပ်ကို Edutrust Star (လေးနှစ်သက်တမ်း)၊ Edutrust
(လေးနှစ်သက်တမ်း) နှင့် Edutrust Provisional (တစ်နှစ်သက်တမ်း) ဟု
ခွဲခြားထားကြောင်း၊ စင်ကာပူနိုင်ငံတွင် လက်ရှိပုဂ္ဂလိကကျောင်း ၁ဝဝဝ ခန့်မှ
၆ဝဝ ခန့်အထိ စိစစ်သွားမည်ဖြစ်ကြောင်း၊ ယင်းကြေညာချက်ထုတ်ပြန်ချိန်အထိ
အဆိုပါလက်မှတ်ရရန် ကျောင်းပေါင်း ၁၄၄ ကျောင်းလျှောက်ခဲ့ကြောင်း၊
သတ်မှတ်ချက်နှင့်ပြည့်စုံသည့် ကျောင်း ၁၈ ကျောင်းကိုစိစစ်ပြီး
ခြောက်ကျောင်းကို
Edutrust လက်မှတ်ကို ထုတ်ပြန်ပေးကာ ခုနစ်ကျောင်းကို Edutrust Provisional
လက်မှတ်ခွင့်ပြုပေးခဲ့ကြောင်း Council of Private Education ၏
သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်တစ်ရပ်မှ သိရသည်။
Edutrust လက်မှတ်ရကျောင်း ခြောက်ကျောင်းမှာ At-Sunrice Academy, East Asia
Institute of Management, Parkway College of Nursing & Allied
Health , PSB Academy, Singapore Institute of Management နှင့် TMC
Academy တို့ဖြစ်ကြောင်း၊ Edutrust Provisional အဖြစ်ခွင့်ပြုပေးသည့်
ခုနစ်ကျောင်းမှာ Ascensial Academy, Curtin Education Centre, Dimensions
International College, SGP International Management Academy, She
Iton International College, SSTC School for Future Education နှင့် STET
Institute တို့ဖြစ်ကြောင်း Mr.Lew Si Wan ကပြောကြားသည်။
(22-6-2010)
Source: The Voice Journal
စင်ကာပူနိုင်ငံဆေးရုံများတွင် အလုပ်လုပ်နိုင်သည့် ပညာသင်ဆု အစီအစဉ်ခေါ်ယူ
.
.
.
.
5
စင်ကာပူနိုင်ငံရှိ ဆေးရုံများတွင် လုပ်ကိုင်နိုင်သည့်
စင်ကာပူသူနာပြုတက္ကသိုလ်ဒီပလိုမာသုံးနှစ်သင်တန်းကို ပညာသင်ဆု
လျှောက်ထားတက်ရောက်
နိုင်ကြောင်းကို ချမ်းသာအောင်မြင်ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူကပြောကြားသည်။
“ ဒီအစီအစဉ်ကို စင်ကာပူမှာရှိတဲ့ Health Care Group တွေက ပံ့ပိုးတာပါ။
သူတို့ဆီမှာ Nurse တွေလိုနေတော့ တရုတ်နဲ့မြန်မာမှာရှိတဲ့ Nurse
တွေကိုရှာပြီး
Diploma သင်တန်းအတွက် ပညာသင်ဆုပေးနေတာပါ ” ဟု၎င်းကဆိုသည်။
အဆိုပါပညာသင်ဆုကို တစ်လလျှင် စင်ကာပူဒေါ်လာ ၉ဝဝ နှုန်းဖြင့်
သုံးနှစ်ဆက်တိုက်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာသင်ဆုလျှောက်ထားသူများသည် အသက်
၁၆ နှစ်မှ ၂ဝ နှစ်အတွင်းရှိရမည်ဖြစ်ပြီး ပညာအရည်အချင်းအဖြစ်
တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများနှင့် တက္ကသိုလ်တက်ဆဲများ
လျှောက်ထားနိုင်ကြောင်း၊
တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများသည် မြန်မာစာနှင့် အင်္ဂလိပ်စာ ၇ဝ မှတ်၊
သင်္ချာ ၈ဝ မှတ်နှင့် အထက်၊ သိပ္ပံတွဲ (တစ်ဘာသာလျှင် ပျမ်းမျှရမှတ်) ၇၆
မှတ်အထက်ရရှိမည်ဖြစ်ကြောင်း အဆိုပါပညာသင်ဆုအစီအစဉ်အရ သိရသည်။
လျှောက်ထားသူများကို ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလအထိ လက်ခံမည်ဖြစ်ပြီး
ယင်းလတွင် အင်္ဂလိပ်စာရေးဖြေနှင့် နှုတ်ဖြေ ဖြေဆိုရမည်ဖြစ်၍
နှစ်ကုန်ပိုင်းတွင်
စင်ကာပူမှ ပညာရှင်များက လာရောက်လူတွေ့စစ်ဆေးမည်ဖြစ်ကြောင်း
အဆိုပါကုမ္ပဏီတာဝန်ရှိသူနှင့် စင်ကာပူနိုင်ငံရှိ People Worldwide
Consulting Private
Limited မှ အုပ်ချုပ်မှုဒါရိုက်တာ Mr.David Leong တို့ကပြောကြားသည်။
“ ဒီအစီအစဉ်က တရုတ်နဲ့ မြန်မာလူမျိုးတွေကိုခေါ်တယ်။ အင်္ဂလိပ်စာ ရေးဖြေနဲ့
နှုတ်ဖြေ၊ အင်တာဗျူးတို့မှာ တရုတ်ထက် မြန်မာတွေပိုတော်ရင်
ပိုပြီးခေါ်ဖို့ရှိတယ် ”
ဟု ပညာသင်ဆုအတွက် ကျောင်းသားများလာရောက်ရှာဖွေသူ Mr.David ကဆိုသည်။
ရွေးချယ်ခံရသူများသည် ချမ်းသာအောင်မြင်ကုမ္ပဏီသို့ စင်ကာပူဒေါ်လာ ၁၁ဝဝ နှင့်
ညီမျှသော မြန်မာကျပ်ငွေကို ပေးသွင်းရမည်ဖြစ်ကြောင်း၊
ရွေးချယ်ခံရသူများသည် ပညာသင်ကြေးအခမဲ့ဖြစ်ပြီး ကျောင်းတက်စဉ်ကာလအတွင်းလစဉ်
စင်ကာပူဒေါ်လာ ၅၅ဝ နှင့် နေထိုင်ရေးအတွက် စင်ကာပူဒေါ်လာ ၃၅ဝ
တို့ရရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါအစီအစဉ်ဖြင့်မြန်မာနိုင်ငံမှ ၂ဝဝ၅ ခုနှစ်တွင် ၃၅ ဦး၊ ၂ဝဝ၆
ခုနှစ်တွင် ၄၅ ဦး၊ ၂ဝဝ၇ ခုနှစ်တွင် ၅၉ ဦး၊ ၂ဝဝ၈ ခုနှစ်တွင် ၆၃ ဦးနှင့်
၂ဝဝ၉ ခုနှစ်တွင် ၅ဝ
ဦးရွေးချယ်ခံခဲ့ရပြီး ယခုအခါ စင်ကာပူနိုင်ငံ၌ ပညာသင်ကြားလျက်ရှိကြောင်း
ချမ်းသာအောင်မြင် ကုမ္ပဏီအကြီးအကဲ၏ အဆိုအရ သိရသည်။
“ ဒီနှစ်လည်း ၃ဝ နဲ့ ၄ဝ ကြားခေါ်ဖို့ရှိတယ်။ တရုတ်ထက်တော်ရင် ၄ဝ
ကျော်ဖို့လိုတယ် ” ဟု ၎င်းကဆိုသည်။
ပညာသင်ဆုရရှိတက်ရောက်ပြီးပါက ယင်းနိုင်ငံဆေးရုံများတွင်
ခြောက်နှစ်အလုပ်လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး
ယင်းနောက်ပိုင်းတွင်လည်း
ဆက်လက်လုပ်ကိုင်လိုက လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း အထက်ပါကုမ္ပဏီ၏
တာဝန်ရှိသူကပြောကြားသည်။
(22-6-2010)
Source: The Voice Journal
စင်ကာပူကျောင်းလခများ တိုးတော့မည်ဟုဆို
.
..
စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိကကျောင်းများ၏ ကျောင်းလခမကြာမီ
မြင့်တက်တော့မည်ဖြစ်ကြောင်း စင်ကာပူပညာရေးကျွမ်းကျင်သူများကပြောသည်။
လက်ရှိအချိန်တွင် ပုဂ္ဂလိကကျောင်းတချို့၏ ကျောင်းလခမြင့်တက်ခဲ့ပြီး
တခြားကျောင်းများ၏ ကျောင်းလခသည်လည်း မြင့်တက်သွားမည်ဖြစ်ကြောင်းသိရသည်။
“ အခု MDIS ကျောင်းက ကျောင်းလခတက်သွားပြီ၊ ဒီပလိုမာသင်တန်း တစ်နှစ်ကို
စင်ကာပူဒေါ်လာ ၅ဝဝဝ ကနေ ၆၅ဝဝ လောက်ဖြစ်သွားတယ်။
သြဂုတ်လကျောင်းဝင်ခွင့်ကစပြီးတက်မှာပါ။ တခြားကျောင်းတွေလည်း
တက်ဖို့ရှိပါတယ် ” ဟု စင်ကာပူပညာရေးကျွမ်းကျင်သူကပြောသည်။
စင်ကာပူနိုင်ငံ၏ Edu Trust ပညာရေးစနစ်သစ်ကြောင့် ပုဂ္ဂလိကကျောင်းများ
အရည်အသွေးမြှင့်တင်ခဲ့ကြရပြီးနောက် ယခုကဲ့သို့ ကျောင်းလခမြှင့်တင်မှု
အစီအစဉ်
ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်းသိရသည်။
“ ကျွန်မကျောင်းက လက်ရှိကျောင်းလခကို ဒီဇူလိုင်လနောက်ဆုံးဆိုပြီး
သတ်မှတ်ထားပါတယ်။ အဲဒီနောက်ပိုင်းကျောင်းအပ်တဲ့သူတွေအတွက် ကျောင်းလခ
ထွက်မလာသေးဘူး။ တက်ဖို့ရှိတယ်။ ဒါပေမဲ့ ဘယ်လောက်တက်မလဲမသိသေးဘူး ”
ဟုစင်ကာပူကျောင်းတစ်ခု၏ တာဝန်ရှိသူကပြောသည်။
စင်ကာပူနိုင်ငံ၏ အခြေခံပညာကျောင်းနှင့် အစိုးရကျောင်းများတက္ကသိုလ်များ၏
ကျောင်းလခမြင့်တက်ခဲ့ပြီးနောက် ယခုအခါ ပုဂ္ဂလိကကျောင်းများ၏ ကျောင်းလခ
မြင့်တက်မှုသတင်း ထွက်ပေါ်နေခြင်းဖြစ်သည်။
(25-6-2010)
Source: 7 Day News
စင်ကာပူနိုင်ငံရှိ ပိုလီကျောင်းသုံးခု ဘာသာရပ်အသစ်ပြဋ္ဌာန်း
.
.
.
0
.
စင်ကာပူနိုင်ငံရှိ ပိုလီကျောင်းသုံးခုမှ
၂ဝ၁ဝ-၂ဝ၁၁ ပညာသင်နှစ်မှစတင်ကာ
နိုင်ငံတကာကျောင်းသားကျောင်းသူများသင်ယူနိုင်မည့်ဘာသာရပ်အသစ်များ
တိုးချဲ့ပြဋ္ဌာန်းလိုက်ကြောင်းသိရသည်။ “စင်ကာပူမှာရှိတဲ့
ပိုလီကျောင်းအကုန်ဘာသာရပ်အသစ်တိုးတာမဟုတ်ပါဘူး။ စင်ကာပူမှာရှိတဲ့
ပိုလီကျောင်း ၅ ကျောင်းရှိတဲ့ အထဲက ၃
ကျောင်းကနေနိုင်ငံတကာကျောင်းသားတွေအတွက်
ဘာသာရပ်အသစ်တွေထပ်မံပြဋ္ဌာန်းလိုက်တာပါ။ ဘာသာရပ်အသစ်တိုးတဲ့ ပိုလီကျောင်း ၃
ကျောင်းကတော့ Singapore Poly, Ngee Ann Poly နဲ့ Republic Poly တို့ပါ”
ဟုစင်ကာပူပညာရေးအတိုင်ပင်ခံတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။
အသစ်ပြဋ္ဌာန်းလိုက်သော ဘာသာရပ်အသစ်များတွင် Singapore Polytechnic ၌ Digital
Animation, International Business, Materials Science, Per-fumery and
Cosmetic Science, Visual Effects and Motion Graphics စသည့်
ဘာသာရပ်များပါဝင်လာသည်။ Ngee Ann Polytechnic တွင် Diploma in renewable
Energy Engineering, Common Engineering Program, Diploma in Health
Management and Promotion, Diploma in Wellness, Lifestyle and Spa
Management စသည့် ဘာသာရပ်များကို အသစ်ပြဋ္ဌာန်းကြောင်းသိရသည်။ Republic
Polytechnic တွင် Arts Business Management, Sustainable Urbon Design &
Engineering, Veterinary Bio-science, Engineering with Business
Management Programme အစရှိသည့် ဘာသာရပ်များကို
အသစ်ထပ်မံပြဋ္ဌာန်းထားကြောင်းသိရသည်။ “ကျောင်း ၃
ကျောင်းပဲဘာသာရပ်အသစ်တိုးပြီး ကျန်တဲ့ ပိုလီကျောင်း ၂ ကျောင်းကတော့
မတိုးပါဘူး။ ဒါပေမယ့် လက်ရှိသင်နေတဲ့ ဘာသာရပ်တွေကို
အမည်နာမပြောင်းလဲသတ်မှတ်တာတွေတော့ သူ့ဟာနဲ့သူရှိပါတယ်။ ဒါက
ဘာသာရပ်အသစ်တိုးတာမဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
(1-7-2010)
Source: Internet Journal
Assumption University (Thailand) မှ လျှောက်လွှာခေါ်ယူ
..
.
.
Assumption University (Thailand) မှ
၂ဝ၁ဝ သြဂုတ်နှင့် စက်တင်ဘာ Intake
အတွက်လျှောက်လွှာများစတင်လက်ခံနေပြီဖြစ်ကြောင်းသိရသည်။ Assumption
University တွင် Jan, Mar, May, Jun, Aug, Sep, Nov ဟူ၍ Program အလိုက်
Intake များစွာရှိရာယခုအခါသြဂုတ်နှင့်စက်တင်ဘာ Intake ကို
လက်ခံပေးနေပြီဖြစ်ကြောင်းသိရသည်။ Assumption University သည် ၁၉၆၉ တွင်
ဘန်ကောက်တွင် စတင်တည်ထောင်သည့် ပထမဆုံးနိုင်ငံတကာ တက္ကသိုလ် ဖြစ်သည်။
နိုင်ငံတကာကျောင်းသားနှစ်ထောင်ကျော်အနက် မြန်မာကျောင်းသား ၃၅ဝ
ကျော်ပညာသင်ကြားလျက်ရှိသည်။ အဆိုပါတက္ကသိုလ်တွင် Information
Technology, Business Engineering စသော Undergraduate Degree Programme
ပေါင်း ၄ဝ ကျော် Post-graduate Degree programme ပေါင်း ၄ဝ ကျော်နှင့်
Doctoral Degree Programme ပေါင်း ၁၃ ခုရှိကြောင်းသိရသည်။ ထို့ပြင် UK,
USA, Australia, Gemany အစရှိသောနိုင်ငံများရှိ တက္ကသိုလ်များနှင့်
ပူးတွဲဖွင့်လှစ်သော Academic Programme များလည်းရှိသည်။ အဆိုပါ
Assumption University ၏ Undergraduate Programme အားတက္ကသိုလ်ပထမနှစ်
အောင်မြင်ပြီးသူများတက်ရောက်နိုင်ကြောင်းသိရသည်။ Bachelor Programme ၏
Scholarship အစီအစဉ်အရ credit point 50 ပြည့်မီပြီး GPA 3.85 ရရှိသော
ကျောင်းသား၊ကျောင်းသူများအား ကျောင်းစရိတ်ကို
ပညာသင်ဆုအဖြစ်ပေးအပ်ချီးမြှင့်နေကြောင်းသိရသည်။ အသေးစိတ်အချက်အလက်ကို
KMD Computer Centre ၏ Oversea Studies Counseling Service ဖုန်း -
381776၊ 381129 တွင်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။
(1-7-2010)
Source: Internet Journal
|