|
News
» International News
နိုင်ငံခြားဘာသာတက္ကသိုလ်နှစ်ခုမှ ကိုရီးယားဘာသာသင် ဆရာ၊ ဆရာမသုံးဦးအား
ကိုရီးယားသို့စေလွှတ်မည်
ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)
မှကိုရီးယားဘာသာစကားတိုးတက် ပြန့်ပွားရေးအစီအစဉ်အဖြစ်ရန်ကုန် နှင့် မန္တလေးရှိ
နိုင်ငံခြားဘာသာသင်တက္ကသိုလ်များမှ ကိုရီးယားဘာသာစကားသင်ဆရာ၊ ဆရာမသုံးဦး
အားယခုနှစ်အတွင်း၌ ကိုရီးယားနိုင်ငံသို့ အစီအစဉ်နှစ်ခုဖြင့်
စေလွှတ်ရန်စီစဉ်ထားကြောင်းသိရသည်။ အဆိုပါ အစီအစဉ်နှစ်ခုမှာ Capacity Building for
Korean Language Insturctors နှင့် Korean Language (Intermediate Level) ဖြစ်သည်။
Capacity Building for Korean Language Instructors သည်ယခုလ ၂၇ ရက်မှ သြဂုတ် ၂၈
ရက်အထိ ၆၂ ရက်ကြာမည်ဖြစ်ပြီး၊ Korean Language (Inter mediate Level) သည် စက်တင်ဘာ
၃ဝ မှ ဒီဇင်ဘာ ၁၂ ရက်အထိ ၇၃ ရက်ကြာမည်ဖြစ်ကြောင်းသိရသည်။ အလားတူ
ကိုရီးယားနိုင်ငံမှလည်း ကိုရီးယားဘာသာစကားသင်စေတနာ့ဝန်ထမ်းဆရာ ငါးဦးစေလွှတ်ထားပြီး၊
ရန်ကုန်နိုင်ငံခြားဘာသာသင်တက္ကသိုလ်တွင် နှစ်ဦးနှင့်မန္တလေး
နိုင်ငံခြားဘာသာသင်တက္ကသိုလ်တွင် သုံးဦးတာဝန်ထမ်းဆောင်လျက်ရှိကြောင်းသိရသည်။ KOICA
သည် ၁၉၉၈ ခုနှစ်မှ စ၍စေတနာ့ဝန်ထမ်း ကိုရီးယားလူမျိုး များအားပြည်တွင်းရှိ
အစိုးရဌာနပေါင်းစုံတို့၌ စေတနာ့ ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်စေခဲ့ရာ ယခုအချိန်
အထိစေတနာ့ဝန်ထမ်းဦးရေ တစ်ရာကျော်စေလွှတ်ပြီး ဖြစ်သည်။
(9-7-2010)
Source:
7 Day News Journal
UK
ရှိကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော HULT တွင် နိုင်ငံတကာဆက်ဆံရေး
မဟာဘွဲ့တက်ရောက်နိုင်ပြီ
.
.
.
.
.
နိုင်ငံတကာဘဏ္ဍာရေးနှင့် ကူးသန်းရောင်းဝယ်ရေးအချက်အချာဖြစ်သော London
နိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းစီးပွားရေး ကျောင်းကြီးတစ်ခုဖြစ်သည့် HULT
တက္ကသိုလ်မှယခုနှစ် 2010, September တွင်တက်ရောက်ရမည့်
နိုင်ငံတကာဆက်ဆံရေးမဟာဘွဲ့ (Master of Arts in International Relative)
MA.IR ဘာသာရပ်အတွက်လျှောက်လွှာများ စတင်လက်ခံနေပြီဖြစ်ကြောင်းသိရသည်။ MA.IR
ဘာသာရပ်သည် အရှိန်အဟုန်နှင့်ပြောင်းလဲနေသောကမ္ဘာကြီး၏ပြောင်းလဲမှု
ကိုအမှီလိုက်နိုင်ရန်အတွက် သင်ကြားမည့်ဘာသာရပ်တစ်ခုဖြစ်သည်။ HULT ၏ MA.IR
သည် နိုင်ငံတကာပြဿာနာများဖြစ်သည့် နယ်စပ်ကျော်ဖြတ်မှု၊
ဆင်းရဲမှုများပြားလာမှုများ၊ အမေရိကန်နိုင်ငံ၏ နိုင်ငံရေးမူဝါဒများ၊
အကြမ်းဖက်ခြိမ်းခြောက်မှုများ အစရှိသည်တို့ကို
ဖြေရှင်းနိုင်ရန်သင်ကြားပေးမည်ဖြစ်သည်။ HULT ၏ စနစ်တကျသော သင်ရိုးများသည်
ကျောင်းသားများအား တွေးခေါ်မှုမြင့်မားပြီး ဗဟုသုတကြွယ်ဝသေ အနာဂတ်
ခေါင်းဆောင်များ ဖြစ်အောင်ပြုလုပ်ထားသည်။ HULT ကျောင်းသူ၊
ကျောင်းသားများသည် အဓိကရွေးချယ်ထားသော ဘာသာရပ်များကို လေ့လာနေစဉ်မှာပင်
၎င်းနှင့်ဆက်စပါသောပဋိပက္ခများ၊ လုံခြုံရေးနှင့်
ရပိုင်ခွင့်များကိုပါထိတွေ့လေ့လာနိုင်မည်ဖြစ်သည်။ ထို့ပြင် Field Study
Work များမှကမ္ဘာလုံးဆိုင်ရာ စီမံကိန်းများကို ကိုင်တွယ်နိုင်စေရန်နှင့်
ကမ္ဘာကြီးအကြောင်းကို အကဲဖြတ်ဝေဖန်နိုင်ရန် သင်ကြားပေးမည်ဖြစ်သည်။
ထိုအတွေ့အကြုံများသည် စာသင်ခန်းနှင့် လက်တွေ့လောကကို ပေါင်းကူးပေးနိုင်သော
အဖိုးမဖြတ်နိုင်သော အတွေ့အကြုံများဖြစ်လာစေမည်ဖြစ်သည်။
ထို့ပြင် HULT ကျောင်းသူ၊ ကျောင်းသားများသည် ကမ္ဘာ၏ အကြီးဆုံး
တက္ကသိုလ်များ၊ စာကြည့်တိုက်များ၊ ပြတိုက်များရှိသောနေရာဖြစ်သည့် London
မြို့ တွင် ပညာသင်ယူရမည်ဖြစ်သည်။ HULT ၏ အဓိက Campus မှ ၅
မိနစ်သာလမ်းလျှောက်သွားရန်လိုအပ်သည်။ အဆောင်ဝင်းများတွင် Wireless Internet
System, Television, Fridges နှင့် Laundry များပါဝင်သည်။ HULT Campus
၏အနီးပတ်ဝန်းကျင်တွင် များစွာသောအနားယူအပန်းဖြေစရာ Resturants, Clinemas,
Markets & Park များလည်းရှိပြီး UCL (University of College London) ၏
အသင်းအဖွဲ့ အမျိုးမျိုးတွင် ပါဝင်ခွင့်တို့လည်းရရှိမည်ဖြစ်သည်။ HULT
တက္ကသိုလ်၏ ထူးခြားချက်မှာ ကျောင်းသားများကို တသမတ်တည်းအကဲဖြတ်နိုင်မှုနှင့်
ပါမောက္ခကြီးများထံသို့ တစ်ဦးချင်းအလိုက်အစီရင်ခံမှုများဖြင့်
သင်ကြားရေးတွင် ထိရောက်မှုရှိစေရန်ဆောင်ရွက်ထားသည်။ HULT ၏
အတွေ့အကြုံရှိပြီး အရည်အချင်းပြည့်ဝသော ပါမောက္ခကြီးများမှ စာတွေ့၊
လက်တွေ့တို့ကို နောက်ဆုံးပေါ် သင်ထောက်ကူပစ္စည်းများဖြင့်
သင်ကြားပေးမည်ဖြစ်သောကြောင့် HULT ကျောင်းသားများသည်
လုပ်ငန်းအတွေ့အကြုံမလိုပဲ HULT ၏ Master ဘွဲ့ဖြင့်
ကမ္ဘာ့အကောင်းဆုံးကုမ္ပဏီများနှင့် အဖွဲ့အစည်းများတွင်
အလုပ်ရနိုင်မည်ဖြစ်သည်။
ယခုအခါတွင် HULT မှ MA.IR ဘွဲ့ရရှိသူများသည် သံတမန်ရေးရာနယ်ပယ်၊
နိုင်ငံခြားရေးဝန်ဆောင်မှု၊ NGO (Non-Governmental Organization) နှင့်
မြို့ပြရေးရာဝန်ဆောင်မှုအလုပ်တွင် လုပ်ကိုင်နေကြပြီဖြစ်သည်။ ၎င်းဘာသာရပ်ကို
တက်ရောက်သင်ယူလိုသည့် ကျောင်းသားများသည် အနည်းဆုံးဘွဲ့တစ်ခုရရှိရန် လိုပြီး
IELTS 6.5 ရရှိရန်လိုကြောင်းသိရသည်။ IELTS မပြည့်မီသော ကျောင်းသူ၊
ကျောင်းသားများသည် HULT ၏ Englsih Language Course ကိုတက်ရောက်ရန်
စာရင်းပေးသွင်းရမည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့် Future Way Co.,Ltd
Ph: 241099, 254185 သို့ လူကိုယ်တိုင်သော်လည်းကောင်း၊
ဖုန်းဖြင့်သော်လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
(9-7-2010)
Source: Ko Lin (Myanmar Training)
မြန်မာကျောင်းသားကျောင်းသူများ စင်ကာပူနိုင်ငံရှိ Parkway College မှ
သူနာပြုဒီပလိုမာကို Full Sponsorship လျှောက်ထားနိုင်
.
.
.
.
5
မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများအနေဖြင့် စင်္ကာပူနိုင်ငံရှိ
Parkway College မှသူနာပြု Diploma ကို Full Sponsorship
ဖြင့်လျှောက်ထားနိုင်
ကြောင်းသိရှိရပါသည်။
အဆိုပါကောလိပ်တွင် Diploma in Nursing လျှောက်ထားရာ၌ ၂ဝ၁ဝ ခုနှစ်တွင်
စတင်တက်ရောက်ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းရမှတ် တစ်ဘာသာလျှင် ၅၅
မှတ်နှင့်အထက်ရရှိရမည်ဖြစ်ရာ အင်္ဂလိပ်စာ အခြေခံကောင်းမွန်ရမည်ဖြစ်သည်။
ဝင်ခွင့်စာမေးပွဲကို parkway college မှလာရောက်စစ်ဆေးပေးမည်ဖြစ်ည်။
ဝင်ခွင့်အောင်မြင်သူများအနေဖြင့် စင်ကာပူတွင် ၃ နှစ်ပညာသင်ကြားနိုင်ပြီး
ကျောင်းလခ
ကင်းလွတ်ခွင့်အပြင် ကျောင်းတက်နေစဉ် ကျောင်းဝတ်စုံ Uniform ကြေး၊
စာအုပ်စာတမ်းကြေး နှစ်စဉ်ကျန်းမာရေးအာမခံကြေးများကိုပါ ပေးအပ်သွားမည်
ဖြစ်ကြောင်း သိရသည်။
ဝင်ခွင့်အောင်မြင်သူများအနေဖြင့် ၂ဝ၁ဝ တွင်ဖွင့်လှစ်မည့် Bridging Course
ကို ၃ လကြာတက်ရောက်ရမည်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာအသုံးအနှုန်းများကို
သင်ယူရမည်ဖြစ်ပါသည်။
Diploma သင်တန်းပြီးဆုံးပါက Parkway Collage မှချီးမြှင့်သော Diploma in
Nursing ကို ရရှိမည်ဖြစ်ပြီး စင်ကာပူ သူနာပြုဘုတ်အဖွဲ့အသိအမှတ်ပြု
ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
Singapore နှင့် ပတ်သက်၍ စိတ်ပါဝင်စားသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက
SYN Consultancy and Education Centre ဖုန်းနံပါတ် 298739 ၊ 09
5404617 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရပါသည်။
(13-7-2010)
Source: Net Guide Journal
အဆင့်မြင့် IT ဘာသာရပ်ကို မလေးရှား INTI University
တွင်တက်ရောက်နိုင်
.
..
အင်တာနက်ဝက်ဆိုက်များနှင့် အင်တာနက် မာတီမီဒီယာများရဲ့ အခန်းကဏ္ဍဟာ www
လို့ခေါ်တဲ့ World Wide Web (ကမ္ဘာအနှံကျယ်ပြန့်သော
ကွန်ရက်) တစ်ခုတည်ဆောက်ရာမှာ အရေးကြီးသော
အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နေပါသည်။ Design အသစ်အဆန်းဖန်တီးသူများ၊ web
programming
ပြုလုပ်ရေးဆွဲသူများကြောင့် အခြေခံ web application ဖွံ့ဖြိုးတိုးတက်မူဟာ
သိသိသာသာပင် လိုအပ်လျှက်ရှိပါသည်။
ထို့ကြောင့် ယခုလက်ရှိ IT ကျောင်းသားများ၏ ပညာရေးစိတ်ဝင်စားမှုနှင့်
ပညာရေးနယ်ပယ်တွင်တက်ရောက်လျှက်ရှိဆုံး ဘာသာရပ်ကို OSM ပညာရေးဝန်ဆောင်မူ
စင်တာကယခုကဲ့သို့ ရှင်းပြသွားခဲ့ပါသည်။ စိတ်ဝင်စားတဲ့
ကျောင်းသားအများစုကတော့ IT ဘာသာရပ်ကို တော်တော်လေးစိတ်ဝင်နေကြပါတယ်။
တိုးတက်လာတဲ့ခေတ်နဲ့အညီ အင်တာနက်ဝက်ဆိုက်ရေးဆွဲလိုသူ ကျောင်းသားများနှင့်
အင်တာနက်မာတီမီဒီလုပ်ငန်းများအပေါ် စိတ်ဝင်စားသော ကျောင်းသားများ
အထူးများပြားလာခြင်းကြောင့် ပြည်တွင်းပညာသင်ကျောင်းများတွင် သာမက
ပြည်ပတက္ကသိုလ်များထိသွားရောက် ပညာသင်နေကြပြီဖြစ်ပါတယ်။
သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ Internet Programming ကိုကျွမ်းကျင်တဲ့
Multimedia Developer တစ်ယောက်ဖြစ်ဖို့ပါ ဟု ပြောကြားခဲ့ပါသည်။
Multimedia Technology, Computer Graphics and Animation Digital Video and
Sound Technology, Internet Programming, Web Design နှင့်
Applications & JAVA စတဲ့ ဘာသာရပ်တွေဟာ Internet & Multimedia Computing
ဘာသာရပ်မှာ ပါဝင်တဲ့ subjects တွေဖြစ်ပြီး အနာဂါတ် အခွင့်အလမ်း
အနေနှင့် Multimedia Application Developer, Web Developer, Web Designer,
Animator, Multimedia Consultant, Multimedia Production Specialist,
Visualization Specialist နှင့် Multimedia Designer
အဖြစ်အသက်မွေးဝမ်းကျောင်းပြုလုပ်နိုင်မည်ဖြစ်ခြင်းကြောင့်
၎င်းဘာသာရပ်အားတက်ရောက်ရန်အတွက်
အင်္ဂလိပ်စာအရည်အချင်းအနေဖြင့် IELTS 5.5 (သို့မဟုတ်) TOEFL 550
ရရှိထားရမည်ဖြစ်သည်။ IELTS, TOEFL မရှိပါကလည်း INTI UC တွင်ဖြေဆိုနိုင်မည်
ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများအနေဖြင့် Foundation (သို့)
Dip Program အားရွေးချယ်တက်ရောက်နိုင်ပါသည်။
ယင်း IT ဘာသာရပ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 098640995
နှင့် 01-525971 သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရှိရသည်။
(13-7-2010)
Source: Ko Lin (Myanmar Training)
စင်္ကာပူနိုင်ငံ SAA တွင် CAT နှင့် ACCA ဘာသာရပ်ကိုသင်ယူနိုင်
.
.
.
.
.
0
.
Accounting ကိုစိတ်ဝင်စားသူများအတွက်
Singapore Accountancy Academy (SAA) တွင် CAT (Certified Accounting
Technician) ဘာသာရပ်ကို
july intake အတွက် စတင်လျှောက်ထားနိုင်ကြောင်း သိရသည်။
SAA စာရင်းကိုင်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော Singapore
နိုင်ငံ၏ အကြီးဆုံး စာရင်းကိုင်တက္ကသိုလ်တစ်ခုဖြစ်သော Institute of
Certified Public
Accoountancy of Singapore (ICPAS) ၏ အဓိက လေ့ကျင့်ပျိုးထောင်ပေးရာ
နေရာဖြစ်သည်။ CATဘာသာရပ်တွင် Accounting ဆိုင်ရာ ဘာသာရပ်များကို
အခြေခံမှစ၍ သင်ကြားပေးပြီး ၉ ဘာသာ တက်ရောက်သင်ကြားနိုင်သည်။ အခြေခံ
(Introductory Level) တွင် Paper 2 ခုနှင့် အဆင့်မြင့် (Advanced Level)
တွင်
Paper 5 ခုသင်ကြားရမည်ဖြစ်သည်။ CAT ဘာသာရပ်ကို အနည်းဆုံး တစ်နှစ်ခွဲ
သင်ယူရမည်ဖြစ်ပြီး CAT ပြီးဆုံးပါက ACCA သို့
တိုက်ရိုက်တက်ရောက်နိုင်ကြောင်း
သိရသည်။
ဝင်ခွင့်သတ်မှတ်ချက်အနေဖြင့် အနည်းဆုံးအသက် ၁၆ နှစ်ပြည့်ပြီးသူ
မည်သူမဆိုလျှောက်ထားနိုင်ပြီး Accounting Knowledge မရှိသူများလည်း
လျှောက်ထား
နိုင်ကြောင်းသိရသည်။
ACCA ဘာသာရပ်တွင် Accounting ကို အခြေခံနှင့် အဆင့်မြင့် Level
(Fundamental) (Professional) ဟူ၍ နှစ်ပိုင်းခွဲခြားထားပြီး Fundamental
Level တွင်
Modules 9 ခုနှင့် Professional Level တွင် Modules 5
ခုသင်ကြားရမည်ဖြစ်သည်။ ACCA ဘာသာရပ်ကို ၃ နှစ်သင်ယူရမည်ဖြစ်ပြီး January
Intake အတွက်
လျှောက်ထားနိုင်ကြောင်းသိရသည်။ အဲဒီသင်တန်းကိုစိတ်ဝင်စားသူတွေအနေနဲ့ အမှတ်
(၉)၊ အခန်း (၆-A)၊ ယောမင်းကြီးလမ်း (သမ္မတကွန်ဒို)သမ္မတရုပ်ရှင်ရုံဘေး၊
ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - 01-241099 ၊ 254185
ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။
(17-7-2010)
Source: Ko Lin (Myanmar Training)
ကမ္ဘာ့တက္ကသိုလ်များ ၁၀၀ ကျော်သို့  ၀င်ခွင့်လျှောက်ထားနိုင်မည့်
Global Assessment Certificate (GAC) ပရိုဂရမ်
.
.
.
.
.
.
စင်္ကာပူနိုင်ငံ Ascensia Academy
နှင့် CROWN Education တိုပူးပေါင်း ၍အမေရိကန်၊ အင်္ဂလန် ၊ကနေဒါ၊
ၾသစေၾတးလ်၊ မကၠဆီကို မေလးရွား၊
အင်ဒိုနီးရှားအပါဝင် နိုင်ငံတကာတက္ကသိုလ်ပေါင်း (၁၀၀)ကျော်သို့ စိတ်
ကြိုက်ရွေးချယ် တက်ရောက် နိုင်မည့် Global Assessment Certificate (GAC)
ပရိုဂရမ် နှင့်
ဝင်ခွင့်လျှောက်ထားခြင်းများကို ဇူလိုင်လ ၂၄ရက်(စနေနေ့) နံနက်
(၁၀)နာရီမှ (၁၂)နာရီအထိ Summit Parkview Hotel တွင်ကျင်းပပြုလုပ်မည်
ဖြစ်ကြောင်း သိရသည်၊၊
GAC (Global
Assessment Certificate) ပရိုဂရမ်သည် ကမ္ဘာ့ တက္ကသိုလ်များ၏ အသိအမှတ်ပြု
Foundation ပရိုဂရမ် တစ်ခုဖြစ်ပြီး၊ ကျောင်းသူ
ကျောင်းသားများတက္ကသိုလ်များသို့ မတက်ရောက်မှီ လိုအပ်သော ပြင်ဆင်မှု
့များကို ပြည့်စုံအောင်ပြင်ဆင်ပေးမည့် တက္ကသိုလ်အကြို သင်တန်းတစ်ခု
ဖြစ်သည်
ဟုသိရသည်၊၊
အဆိုပါပရိုဂရမ်တွင်
အဆင့်သုံးဆင့်ရှိပြီး၊ ပထမအဆင့်အနေဖြင့် ကျောင်းသူကျောင်းသားများကို
အင်္ဂလိပ်စာ၊ သင်္ချာ၊ Information and Technology,
စီးပွားရေးနှင့် သိပံ္ဖဘာသာရပ်များကို သင်ကြားပို့ချမည်ဖြစ်ပြီး၊
ရွေးချယ်စရာအဖြစ် မိမိတို့ နှစ်သက်ရာ IELTS/TOEFL ပြင်ဆင်ခြင်းကို
ရွေးချယ် နိုင်သည်ဟု
သိရသည်၊၊ အဆင့် ၂ နှင့် ၃ တွင် စုစုပေါင်းဘာသာရပ် (၅)ခု အနက်မှ (၄)
ခုရွေးချယ် တက်ရောက်နိုင်သည်ဟုသိရသည်၊၊ အမေရိကန်ကျောင်းများကို
လျှောက်ထားရာတွင် GAC တင်ပြနိင်ပါ က SAT အမှတ်များသီးသန်
့တင်ပြရန်မလိုအပ်ပဲ လျှောက်ထားနိုင်သည်၊၊
သင်တန်းကာလ အားဖြင့်
(၉)လမှ တစ်နှစ်အထိကြာမြင့်နိုင်ပြီး လျှောက်ထားသူများ IELTS/TOEFL
အမှတ်များ ရှိထားရန်မလိုအပ်ပဲ၊၄င်းပရိုဂရမ် ၏
သင်ကြားမှု့ တစ်စိတ်တစ်ပိုင်းအဖြစ် IELTS/TOEFL တို့ ကို ထည့်သွင်း
သင်ကြားမည်ဖြစ်သဖြင့်၊ မိမိတို့ သွားရောက်ပညာသင်ကြား
လိုသည့်နိုင်ငံအလိုက် IELTS သို့
မဟုတ် TOEFL ကိုရွေးချယ် သင်ယူနိုင်ပြီး၊ GAC သင်ကြားပို့ ခြမည့်
Ascensia Academyသည် GAC သင်ယူခွင့်ရှိသော စင်္ကာပူနိုင်ငံ၏ တစ်ခုတည်းသော
EduTurst
လက်မှတ်ရကျောင်းဖြစ်သည်ဟုလည်းသိရသည်၊၊
GAC (Global Assessment Certificate) ကို
နိင်ငံတကာပညာရေးအဖွဲ့အစည်းများဖြစ်ကြသည့်၊
(1) American Council of Education (အမေရိကန်ပညာရေးကောင်စီ),
(2) National Academic Recognition Information Centre of United
Kingdom
(UK NARIC),
(3) The New South Wales Vocational Education and Training
Accreditation Board (UK NARIC) စသည့်အဖွဲ့ အစည်းများမှ
အသိအမှတ်ပြုသည်ဟုသိရသည်၊၊
GAC ကိုထူးချွန်စွာဖြေဆိုအောင်မြင်သူများအနေဖြင့်
သက်ဆိုင်ရာတက္ကသိုလ်များမှ ပညာသင်ထောက်ပံ့ကြေးများ
လည်းရရှိနိုင်ကြောင်းသိရသည်၊၊
အသေးစိတ်အချက်အလက်များကို Ascensia Academy
မှ တာဝန်ရှိသူကိုယ်တိုင်ရှင်းလင်း ပြောကြားမည်ဖြစ်ပါသဖြင့်
စိတ်ပါဝင်စားသူများ CROWN
Education Office, Summit Parkvidw Hotel, Room 228-229, ဖုန်း ၂၁၁
၈၈၈(လိုင်းခွဲ ၂၂၈-၂၂၉)၊ ၀၉ ၅၀၈၅ ၁၈၅ နှင့် ၇၃၀ ၄၀ ၆၈၈ တို့ 
တွင်စာရင်း
ပေးသွင်း တက်ရောက်နိုင်ကြောင်းသိရပါသည်၊
(17-7-2010)
Source: Ko Lin (Myanmar Training)
|