|
News
» International News
စင်္ကာပူနိုင်ငံ အစိုးရမှူလတန်း အလယ်တန်းကျောင်းဝင်ခွင့်အတွက် AEIS နှင့်
QT ဖြေဆိုရန်ပြင်ဆင်ခြင်း၊နှင့် စာမေးပွဲများအကြောင်း
သိကောင်း စရာများ
စင်္ကာပူနိုင်ငံ အစိုးရမှူလတန်း အလယ်တန်းကျောင်းဝင်ခွင့်အတွက် AEIS နှင့်
QT ဖြေဆိုရန်ပြင်ဆင်ခြင်း၊ နှင့် စာမေးပွဲများအကြောင်း သိကောင်းစရာ
များကို စင်္ကာပူအစိုးရ၏ Best Enrichment Program ဆုရရှိထားသော AscensiaAcademy နှင့်
CROWN Education တို့ ပူးပေါင်းရှင်းလင်းပြောကြားပေးမည်၊၊
မိမိတို့ ခလေးများကို စင်္ကာပူအစိုးရမူလတန်းနှင့်
အလယ်တန်းကျောင်းများသိုဝင်ခွင့်လျှောက် ထားလိုသော မိဘများ အတွက် AEIS/QT
နှင့်အခြားဝင်ခွင့်
စာမေးပွဲများအတွက်ပြင်ဆင်ခြင်းနှင့် မိမိတို့ ခလေး၏အင်္ဂလိပ်စာနဲ့  သင်္ချာစွမ်း ရည်၊
အသက်အလိုက် ပြင်ဆင်ဖြေဆိုသင့်တော်သောအတန်းများအကြောင်းကို
ရှင်းလင်းပြောကြားမယ်လို့  CROWN Educationကတာဝန်ရှိသူတစ်ဦးကပြောကြားပါတယ်၊၊
Admission Exercise for International Students (AEIS) ကို နှစ်စဉ်
စင်္ကတင်ဘာနှင့် အောက်တို ဘာလများတွင်ကျင်ပလေ့ရှိပြီး၊ စာမေးပွဲအောင်မြင်ပါက
ဇန်န၀ါရီတွင်တက်ရလေ့တယ်လို့ ဆိုပါတယ်၊၊ AEIS Testမှာ English နှင့်
Mathematics ကိုဖြေဆိုရမှာဖြစ်ပြီး၊အောင်မြင်သောကျောင်းသားများကို သင့်လျှော်သော
ကျောင်းပါတစ်ခါတည်းရွေးချယ်နေရာချထားပေးတယ်လို့ သိရပါတယ်၊၊
အကယ်၍ AEIS စာမေးပွဲကို မဖြေဆိုင်ဖြစ်ခဲ့ဘူး၊ဒါမှမဟုတ်နောက်ကျနေတဲ့သူတွေအတွက်၊
ကိုယ်ရွေးချယ်တဲ့ ကျောင်းကို(အဲဒီကျောင်းမှာ နေရာလပ်ရှိတယ်ဆိုရင်)
တိုက်ရိုက်လျှောက်ထားလိုလည်းရပါတယ်၊၊ ကျောင်းဝင်ခွင့်ကို တိုက်ရိုက်မလျှောက်ထားခင်
QualifyingTest ဖြေဆိုပြီးအဲဒီ Result နဲ လျှောက်ထားနိုင်ပါတယ်၊၊
ဒီ Qualifying Test (QT) ကိုယေဘူယျအားဖြင့် ဇန်န၀ါရီလကနေဖေဖေါ်ဝါရီလအထိကို
သုံးကြိမ်လောက် စစ်ဆေးပေး ပါတယ်၊၊
“မြန်မာနိုင်ငံကကျောင်းသားတွေအတွက် အသက်ကန့် သတ်ချက်
စည်းကမ်းတွေကိုသိထားသင့်ပါတယ်၊၊ ဥပမာ သတ်မှတ်ထားတဲအသက်အရွယ်အတန်းမှာ
ကိုယ့်ခလေးက နှစ်နှစ်ထက်ပိုကြီးနေလို့ မရပါဘူး၊၊
ဖြေဆိုတဲ့နေရာမှာလည်း ၂၀၁၀ ဇန်န၀ါရီ ၁ရက်နေ့ ထုတ်ပြန်ထားတဲ့အသက်ကန်သန်ချက်တွေကတော့
အသက်(၁၂) ကနေ (၁၄) အထိ Secondary (1), အသက် (၁၃) ကနေ(၁၅) အထိ Secondary (2) နဲ့ 
အသက် (၁၄) ကနေ (၁၆) အထိ Secondary (3)ဖြစ်ပါတယ်၊၊”
“နောက်သတိထားစရာတစ်ခုကနိုင်ငံတကာကျောင်းသားတွေ ၀င်ခွင့်လျှောက်ထားတဲ
့အခါ၊စာမေးပွဲဖြေခါနီးကပ်လျက်အတန် ဥပမာ Primary 6, Secondary 4
စတဲ့အတန်းတွေကိုမပေး ပါဘူး” ဟု CROWN Education မှ
ပညာရေးအတိုင်ပင်ခံဦးအောင်ကျော်ဆန်းကပြောပါတယ်၊၊ AEIS ကို လျောက်ထားတဲ့အခါ
လျှောက်ထားရမဲ့ရက်လွန်သွားတာ၊ အရမ်းကပ်နေတာတွေဖြစ်တဲ့အတွက်၊
သတိထားကြိုကြိုတင်တင်လျှောက်ထားသင့်ကြောင်းလဲ ၄င်းက အကြံပြု ပါတယ်၊၊
ဝင်ခွင့်လိုအပ်ချက်နဲ့ အသေးစိတ်အချက်အလက်တွေကို ဇူလိုင်လ (၂၄) ရက်(၁)နာရီကနေ
(၂)နာရီခွဲအထိ Summit Parkview ဟိုတယ်မှာ ရှင်းလင်းပြောကြားမှာ
ဖြစ်လို့ ၊ CROWN Education ဖုန်းနံပါတ်၊ ၂၁၁ ၈၈၈(လိုင်းခွဲ ၂၂၈-၂၂၉)၊ ၀၉ ၅၀၈၅ ၁၈၅
နဲ့  ၇၃၀ ၄၀ ၆၈၈မှာဆက်သွယ်စုံစမ်းစာရင်းပေးနိုင်တယ်လို့သိရပါတယ်၊
(17-7-2010)
Source:
Ko Lin
(Myanmar Training)
KPJ
International College တွင် Diploma in Nursing တက်ရောက်နိုင်
.
.
.
.
.
.
မလေးရှားနိုင်ငံ KPJ International College of Nursing And Health
Sciences တွင် Diploma in Nursing ကိုတက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
KPJ ၏ Diploma in Nursing သင်တန်းမှာ ၃ နှစ်သင်တန်းဖြစ်ပြီး စာတွေ့ ၅ဝ%
နှင့်လက်တွေ့ ၅ဝ% သင်ကြားရမည်ဖြစ်သည်။ စာတွေ့ လက်တွေ့အားလုံးကို
အင်္ဂလိပ်ဘာသာဖြင့် သင်ကြားရမည်ဖြစ်ပြီး အဆိုပါ ၃ နှစ်အတွင်းဆေးရုံလေးခုတွင်
လက်တွေ့ဆင်းရမည်ဖြစ်သည်။ ၎င်းဘာသာရပ်ကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ
လျှောက်ထားနိုင်ကြောင်းသိရသည်။ အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲကို KPJ
တွင်ဖြေဆိုရမည်ဖြစ်သည့်အပြင် လိုအပ်ပါကအင်္ဂလိပ်စာကို
တစ်လအခမဲ့သင်ကြားပေးမည်ဟုဆိုသည်။ တက်ရောက်အောင်မြင်ပြီးသူများသည် KPJ
Healthcare Group ၏ပုဂ္ဂလိကပိုင်ဆေးရုံ ၁၉ ခု
တွင်အလုပ်ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပြီး သင်တန်းကြေးမှာ ရင်းဂစ် ၆၂ဝဝဝ
ဖြစ်သည်။ အသေးစိတ်ထပ်မံသိရှိလိုပါက Jenko ရုံးဖုန်း - 095062891 သို့
ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။
(24-7-2010)
Source: Internet Journal
၂၀၁၁ မှစ၍ မြန်မာကျောင်းသားများ ITE မှလက်မခံတော့ဟုဆို
.
.
.
.
.
5
CROWN Education မှ Institute of Technincal Education
သို့စာရေးသားမေးမြန်းစုံးစမ်းချက်အရ၊ ၂၀၁၁ Intake မှစ၍ မြန်မာကျောင်းသူ
ကျောင်းသားတွေအများဆုံးစိတ်ဝင်စားတဲ့ ITE လို့လူသိများတဲ့ Institute of
Technical Education ကို မြန်မာနိုင်ငံကကျောင်းသားတွေအပါအ၀င်
နိုင်ငံတကာကျောင်းသားများကို လက်မခံတော့ဘူးလို့သိရပါတယ်၊၊ Customer Service
အရာရှိ Ms Siti Hawa ရဲ့ စာရေးသားပြန်ကြားချက်အရ စင်္ကာပူပညာရေးဝန်ကြီးဌာန၏
စီစစ်သုံးသပ်ချက်အပေါ်မူတည်ပြီး၊ ၂၀၁၁ မှစလို့စင်္ကာပညာရေးလမ်းကြောင်းကနေ
ဖြေဆိုအောင်မြင်တာ မဟုတ်တဲ့ နိုင်ငံတကာက ကျောင်းလျှောက်ထားသူတွေ
လက်မခံတော့ဘူးလို့ဆိုပါတယ်၊၊ "ဆိုလိုတာကတော့
မြန်မာနိုင်ငံကကျောင်းသူကျောင်းသားတွေဆိုရင်၊ (၁၀)တန်းအောင်အမှတ်နဲ့
လျှောက်လို့မရတော့ဘူးလို့ဆိုလိုတာဖြစ်ပါတယ်၊၊ GCE'O' level, iGCSE
အမှတ်နဲ့လျှောက်လို့ ရနိုင်မရနိုင်ကိုတော့
ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး၊၊ ကျွန်တော်တို့အသေးစိတ်သိရအောင်
ထပ်မေးထားပါတယ်၊၊" ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ
ဦးအောင်ကျော်ဆန်းကပြောပါတယ်၊၊
"ဒီက ITE ၀င်ခွင့်သင်တန်းဆိုပြီးသင်နေတဲ့အထဲက သိတဲ့ကျောင်းတွေကတော့
ငွေပြန်အမ်းနေတယ်လို့ ကျောင်းသားတစ်ယောက်ကတော့ပြောပါတယ်၊၊"
ပိုလီကျောင်းလျှောက်ထားတဲ့ မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေအနေနဲ့၊
ပိုလီဝင်ခွင့်ရအောင် ရည်ရွယ်ချက်ဖြင့်၊ iGSCE ကိုဖြေဆိုနေကြတဲ့သူတွေ
အများအပြားရှိနေပြီး၊ ပိုလီဝင်ခွင့်သတ်မှတ်ရာမှာ၊ iGCSE
အမှတ်နဲ့လျှောက်တာနဲ့  မြန်မာနိုင်ငံမှာ ဖြေဆိုလို့ မရနိုင်တော့တဲ့ GCE'O'
(Singapore -Cambridge) အမှတ်နဲ့လျှောက်တာ၊ ၀င်ခွင့်ဆုံးဖြတ်တဲ့နေရာမှာ
ဦးစားပေးမှု့မတူကြောင်းနဲ့ ဒီအချက်ကိုကျောင်းသားတွေ သိပ်မသိကြသေးကြောင်း၊
၎င်းကဆက်လက် ပြောကြားပါတယ်၊၊ မြန်မာကျောင်းသားအများစုက၊
စားရိတ်အကုန်အကျသက်သာတယ်၊ ပိုလီဆက်တက်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့
လျှောက်ထားကြတာ များတယ်လို့ဆိုပါတယ်၊၊ ITE ကပြန်ကြားတဲ့စာကို
အောက်မှာဖေါ်ပြပေးလိုက်ပါတယ်၊၊ အသေးစိတ်အချက်အလက်များသိရှိပါက
ဆက်လက်ထုပ်ပြန်ပေးပါ့မယ်၊၊
CROWN Education
Summit Parkview Hotel, # 228-229, No. 350, Ahlone Road,
Dagon Township 11181, Yangon, Myanmar
-------------------------------------------------------------------
E-mail : james@crown-education.com
Direct Line: (+95-1) 211 888 (Ext-229), Mobile: (+95-9) 5085 185
Website : www.crown-education.com
Gmail : aungkyawsan@gmail.com
(24-7-2010)
Source: Ko Lin (Myanmar Training)
မလေးရှား HELP PUNIVERSITY COLLEGE ၏ GCE ‘A’ LEVEL နှင့်
Foundation In Arts နှင့် Foundation In Science ၏ အထူးအားသာချက်များ
.
.
..
ယခုအချိန်တွင် မြန်မာကျောင်းသားနှင့်မိဘ အများစုမှာ
မလေးရှားပညာရေးလမ်းကြောင်းများကို ပိုမိုစိတ်ဝင်စားမှုရှိပြီး
လက်ခံလာကြကြောင်းကို မကြာမီကျင်းပပြုလုပ်ပြီးစီးသွားသော
မလေးရှားပညာရေးစုံညီပွဲတော်ကြီး၏ အောင်မြင်မှုအရ သိရှိနိုင်ပါသည်။
မလေးရှားနိုင်ငံတွင် ပညာရေးစနစ်မှာခိုင်မာခြင်း၊ အရည်အသွေးမြင့်ခြင်း၊
နိုင်ငံတကာအသိအမှတ်ပြုဒီပလိုမာ၊ ဘွဲ့များဖြစ်ခြင်း၊ နိုင်ငံတကာ
တက္ကသိုလ်ကြီးများသို့ လွယ်ကူစွာကူးပြောင်းနိုင်ခြင်း၊ VISA
အခက်အခဲမရှိခြင်း၊ ငွေကြေးသက်သာခြင်း၊ တက်ရောက်ပြီး၊
တက်ရောက်ဆဲကျောင်းသားများ၏ ကောင်းမွန်သောအတွေ့အကြုံ ဖလှယ်ခြင်းတို့ကြောင့်
မြန်မာကျောင်းသား၊ မိဘများ ပိုမိုစိတ်ဝင်စားနေကြပါသည်။ HELP UNIVERSITY
COLLEGE သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ရှိပြီး PRE-UNIVERSITY
၊ ဒီပလိုမာ၊ ဒီဂရီနှင့် မဟာဘွဲ့သင်တန်းပေါင်းစုံကိုသင်ကြားပေးနေပါသည်။ (၂၅)
နှစ် မြောက်ငွေရတုကို ဆင်နွှဲနေပါသည်။
HELP UNIVERSITY COLLEGE ၏ ‘A’ LEVLELS ကျောင်းသည် UK ပြင်ပရှိ EDEXCEL
‘A’ LEVEL CENTRE ကြီးဖြစ်ပါသည်။ သင်ကြားမှုအထူး ကောင်းမွန်ခြင်း၊ အောင်ချက်
၉၃% ရှိပြီး CAMBRIDGE, OXFORD, LSE, IMPERIAL COLLEGE, HARVARD,
PRINCETON, UINVERSITY OF MELBOURNE အစရှိသော ကမ္ဘာ့ထိပ်တန်း
တက္ကသိုလ်များသို့ ကျောင်းသားများဆက်လက်ပညာသင်ခြင်း၊ HELP ၏ ‘A’ LEVEL
ကျောင်းသားများ WORLD AWARD ပေါင်း (၄၂) ခုရရှိထားခြင်းတို့ကြောင့် EDEXCEL
မှ HELP UNIVERSITY COLLEGE ကို CENTRE OF EXCELLENCE AWARD
ချီးမြှင့်ခဲ့ပါသည်။ ဝင်ခွင့်မှာ (၁ဝ)တန်း ၅ ဘာသာ၊ ပျှမ်းမျှ ၆ဝ% ရှိပြီး
HELP သည်ပညာထူးချွန်သော ကျောင်းသားများကို ဂုဏ်ပြုသောအားဖြင့် ‘A’ LEVEL
သင်တန်းအတွက် ကျောင်းလခမှာ USD (6364) ဖြစ်ပြီး (၄)ဘာသာပေါင်းအတွက် USD
(7576) ဖြစ်ပါသည်။ သင်တန်းကာလမှာ (၁.၅)ဖြစ်ပါသည်။ ကျောင်းလခကို (၆) လ
တစ်ကြိမ်ပေးသွင်းရပါသည်။ HELP ၏ FOUNDATION IN ARTS, FOUNDATION IN SCIENCE
မှာလည်း အခြားတက္ကသိုလ်များ၏ FOUNDATION များနှင့် မတူဘဲ၊ ပြီးဆုံးသွားပါက
UK, AUSTRALIA, NEWZELAND, USA, RUSSIA ရှိတက္ကိသိုလ်ကြီးများတွင် BUSINESS,
PSYCHOLOGY, COMMUNICATION, IT, MEDICINE, ENGINEERING, SCIENCES, PHARMACY
တို့ကို တိုက်ရိုက်တက်ရောက်နိုင်ပါသည်။
(24-7-2010)
Source: Ko Lin (Myanmar Training)
Harvard, Yale နှင့် MIT တက္ကသိုလ်ကြီးများမှ အခမဲ့ Online
ပို့ချချက်များ( Open Courseware) ကိုဖြန့်ဝေ
. .
.
.
.
.
0
.
အထူးအစီအစဉ်တစ်ရပ်နေဖြင့်,
ကမ္ဘာ့နာမည်ကျော် တက္ကသိုလ်ကြီးများဖြစ်သည့် Harvard, Yale နှင့် MIT မှ Free
Online ပို့ချချက်များကို CROWN အဖွဲ့ဝင်များအားဖြန့်ဝေပေးမည့်ဖြစ်ပါသည်၊၊
၎င်းအစီအစဉ်ကို အကောင်အထည်ဖေါ်ရာတွင်တစ်ခါတစ်ရံ Attached File
များပါဝင်နိုင်ပါသဖြင့်၊ လက်ရှိအဖွဲ့ဝင်များကို Group
အသစ်ပြန်လည်ဖွဲ့စည်းရန်လိုအပ်လာပါသည်၊၊
(၁) ယခုလက်ရှိ Google Group မှ
သတင်းများပေးပို့ ခြင်းကို August 15 ရက်နေမှစ၍ ရပ်ဆိုင်ပြီး၊ CROWN
Education မှပညာရေးသတင်းများ၊ Scholarship သတင်းများ၊ Harvard, Yale, MIT
တက္ကသိုလ်ကြီးများမှပို့ချချက်များကို ဆက်လက်ရယူလိုသူများအနေဖြင့်
မိမိတို့၏နေရပ်လိပ်စာ၊ ဖုန်းနံပါတ် အတိအကျဖြင့် CROWN Education
အသစ်တွင်မှတ်ပုံတင်ရန်လိုအပ်ပါသည်၊၊
(၂) အဆိုပါ Group အသစ်အဖွဲ့ဝင်များအတွက်
အင်္ဂလိပ်စာအခမဲ့ပြင်ဆင်ခြင်းရက်တိုသင်တန်းများ၊ အင်္ဂလိပ်စကားပြော
အခမဲ့တက်ရောက် လေ့ကျင့် နိုင်သည့် Conversation Club အစီအစဉ်များ
ပါဝင်မည်ဖြစ်ပါသဖြင့်၊ မိမိတို့ ၏လိပ်စာ ဖုန်းနံပါတ်အတိအကျဖြင့်၊ ( CROWN
Education မှ တာဝန်ရှိသူတစ်ဦးမှာ
ဖုန်းဆက်ခေါ်ဆိုပြီးအတည်ပြုချက်ရယူပါမည်၊၊) မှတ်ပုံတင်နိုင်ကြပါရန်
လေးစားစွာဖြင့် အသိပေးအပ်ပါသည်၊၊
(၃) နိုင်ငံခြားမှ
ကျောင်းသူကျောင်းသားအများအတွက်၊ မိမိတို့နိုင်ငံမှာဖုန်းနံပါတ်ဖြင့်
မှတ်ပုံတင်နိုင်ကြပါသည်၊၊ ၄င်းအစီအစဉ်တွင်မပါဝင်လိုသူများ၊ သို့မဟုတ် CROWN
Education မှနောက်ဆုံးရ ပညာရေးသတင်းများကို ဆက်လက်မရယူလိုသူများအတွက်
အလိုအလျှောက်သတင်းပေးပို့မှု့များကို August 15
မှစတင်၍ရပ်ဆိုင်းသွားမည်ဖြစ်ပါသည်၊၊
(၄) သိုဖြစ်ပါ၍၊
ဝန်ဆောင်မှု့များပိုမိုပေးနိုင်ရန် လက်ရှိ CROWN Education Group မှ
http://groups.google.com/group/crown-edu သို့
ပြောင်းရွေ့မည်ဖြစ်ပါသဖြင့်၊ info@crown-education.com သို့ ဆက်သွယ်မေးပို
့မှတ်ပုံတင်နိုင်ကြပါသည်၊၊
(30-7-2010)
Source: Ko Lin (Myanmar Training)
၂၀၁၁ မှစ၍ မြန်မာကျောင်းသားများ ITE မှလက်မခံတော့ဟုဆို
. ..
.
.
.
.
.
CROWN Education မှ Institute of
Technincal Education သို့ စာရေးသားမေးမြန်းစုံးစမ်းချက်အရ၊ ၂၀၁၁
Intake မှစ၍ မြန်မာကျောင်းသူ ကျောင်းသားတွေ အများဆုံးစိတ်ဝင်စားတဲ့ ITE
လို့လူသိများတဲ့ Institute of Technical Education
ကိုမြန်မာနိုင်ငံကကျောင်းသားတွေအပါအ၀င် နိုင်ငံတကာ ကျောင်းသားများကို
လက်မခံတော့ဘူးလို့သိရပါတယ်၊၊ Customer Service အရာရှိ Ms Siti Hawa ရဲ
့စာရေးသားပြန်ကြားချက်အရ စင်္ကာပူပညာရေးဝန်ကြီးဌာန၏
စီစစ်သုံးသပ်ချက်အပေါ်မူတည်ပြီး၊ ၂၀၁၁ မှစလို့ စင်္ကာပညာရေးလမ်းကြောင်းကနေ
ဖြေဆိုအောင်မြင်တာမဟုတ်တဲ့ နိုင်ငံတကာကကျောင်း လျှောက်ထားသူတွေ
လက်မခံတော့ဘူးလို့ဆိုပါတယ်၊၊
"ဆိုလိုတာကတော့
မြန်မာနိုင်ငံကကျောင်းသူကျောင်းသားတွေဆိုရင်၊ (၁၀)တန်းအောင်အမှတ်နဲ့
လျှောက်လို့မရတော့ဘူးလို့ဆိုလိုလိုတာဖြစ်ပါတယ်၊၊ GCE'O' level, iGCSE
အမှတ်နဲ့လျှောက်လို့ ရနိုင်မရနိုင်ကိုတော့
ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး၊၊ ကျွန်တော်တို့အသေးစိတ်သိရအောင်
ထပ်မေးထားပါတယ်၊၊" ဟု CROWN Education မှပညာရေးအတိုင်ပင်ခံ
ဦးအောင်ကျော်ဆန်းကပြောပါတယ်၊၊ "ဒီက ITE
ဝင်ခွင့်သင်တန်းဆိုပြီးသင်နေတဲ့အထဲက သိတဲ့ ကျောင်းတွေကတော့
ငွေပြန်အမ်းနေတယ်လို့ ကျောင်းသားတစ်ယောက်ကတော့ပြောပါတယ်၊၊"
ပိုလီကျောင်းလျှောက်ထားတဲ့ မြန်မာနိုင်ငံက ကျောင်းသူ
ကျောင်းသားတွေအနေနဲ့၊ ပိုလီဝင်ခွင့်ရအောင် ရည်ရွယ်ချက်ဖြင့်၊ iGSCE
ကိုဖြေဆိုနေကြတဲ့သူတွေ အများအပြားရှိနေပြီး၊
ပိုလီဝင်ခွင့်သတ်မှတ်ရာမှာ၊ iGCSE အမှတ်နဲ့လျှောက်တာနဲ့
မြန်မာနိုင်ငံမှာဖြေဆိုလို မရနိုင်တော့တဲ့ GCE'O' (Singapore
-Cambridge) အမှတ်နဲ့ လျှောက်တာ၊ ၀င်ခွင့်ဆုံးဖြတ်တဲ့နေရာမှာ
ဦးစားပေးမှု့ မတူကြောင်းနဲ့ ဒီအချက်ကို
ကျောင်းသားတွေသိပ်မသိကြသေးကြောင်း၊ ၄င်းကဆက်လက်ပြောကြားပါတယ်၊၊
မြန်မာကျောင်းသားအများစုက၊ စားရိတ်အကုန်အကျ သက်သာတယ်၊
ပိုလီဆက်တက်နိုင်မယ်ဆိုတဲ့
မျှော်လင့်ချက်နဲ့လျှောက်ထားကြတာများတယ်လို့ဆိုပါတယ်၊၊
အသေးစိတ်အချက်အလက်များသိရှိပါက ဆက်လက် ထုပ်ပြန်ပေးပါ့မယ်၊၊
(30-7-2010)
Source: Ko Lin (Myanmar Training)
|