|
News
» International News
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတိုင်း UK
နိုင်ငံထိပ်တန်းတက္ကသိုလ်များတွင် တက်ရောက်ခွင့်ရစေမည့် University
Foundation Programme ကို London, Oxford, Cambridge တို့ရှိ EF
Brittin College တွင်တက်ရောက်သင်ကြားနိုင်
သြတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတိုင်း UK
နိုင်ငံရှိအထင်ကရတက္ကသိုလ်ပေါင်းများစွာတွင် မိမိစိတ်တိုင်းကျဘာသာရပ်များကို
တက်ရောက်သင်ကြား နိုင်မည့် ၉ လသာကြာမြင့်မည့် University Foundation, Course ကို UK
နိုင်ငံ Oxford, Cambridge, London တို့တွင်ရှိသော EF Brittin College
တွင်တက်ရောက်သင်ကြားနိုင်ကြောင်းသိရသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ EF Brittin College
သည် နိုင်ငံတကာကျောင်းသားများ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များတွင်
စိတ်တိုင်းကျဘာသာရပ်များစွာကို ရွေးချယ်တက်ရောက်သင်ကြားနိုင်ရန်အတွက်
စနစ်တကျကြိုတင်ပြင်ဆင်မှုတွေကို အထူးပြုသင်ကြားပေးနေသော အဖွဲ့အစည်း ဖြစ်သည်။ EF
University Foundation Programme သည် ကမ္ဘာ့တက္ကသိုလ်များ၏ အသိအမှတ်ပြု Foundation
တစ်ခုဖြစ်၍ ကမ္ဘာ့အနှံရှိ ချိတ်ဆက်ထားသော တက္ကသိုလ်ပေါင်း 150 ကျော်ရှိပြီး
တခြားမည်သည့်ပညာရေး အဖွဲ့အစည်းမှမရှိဖူးသော အမြင့်ဆုံးအောင်မြင်မှု၊ နှစ်ပေါင်း 40
ကျော်သော အတွေ့အကြုံများနှင့် နိုင်ငံတကာကျောင်းသားပေါင်း 4 သန်းကျော်ကို
၎င်းတို့စိတ်ကြိုက်တက္ကသိုလ်များတွင် တက်ရောက်နိုင်ရန် ကူညီပေးခဲ့ပြီးဖြစ်သည်။
EF ၏ University Programme သည် ကျောင်းသားများတက္ကသိုလ်များသို့
မတက်ရောက်မီလိုအပ်သော ပြင်ဆင်မှုများကို ပြည့်စုံအောင်လေ့ကျင့်
သင်ကြားပေးမည်ဖြစ်သည်။ ကျောင်းသားများသည် Semester ၃ ခုကို ၉ လသင်ယူရမှာဖြစ်ပြီး
IELTS အနဲဆုံး 5 (သို့) TOEFL 510 (သို့) ယင်းနှင့်ညီမျှသော အင်္ဂလိပ်စာအရည်အချင်း
ရှိရန်လိုအပ်သည်။ အင်္ဂလိပ်စာအရည်အချင်းစာမေးပွဲ (IELTS/TOEFL) မဖြေဆိုရသေးသော
ကျောင်းသားကျောင်းသူများသည် EF Brittin College ၏ တရားဝင်ကိုယ်စားလှယ်ဖြစ်သော
Future Way Education & Service တွင်မိမိတို့၏ English အရေအချင်းစစ်စာမေးပွဲ Test
ကို အခမဲ့ဖြေဆို၍ ကျောင်းလျှောက်ထားတက်ရောက်နိုင်ပါသည်။
University Foundation Year ၏ ပထမအဆင့်တွင် အင်္ဂလိပ်စာတိုးတက်စေရန်နှင့်
တက္ကသိုလ်တွင် ကိုယ်တိုင်လေ့လာတတ်စေသော အရည်အချင်းများ ရှိစေရန်အတွက်
လေ့ကျင့်သင်ကြားရမည်ဖြစ်သည်။ ဒုတိယအဆင့်တွင် IELTS
စာမေးပွဲအတွက်ပြင်ဆင်ပေးမည်ဖြစ်ပြီး Specialist Modules များစွာထဲမှ တစ်ခုကိုတွဲ၍
သင်ကြားရမည်ဖြစ်သည်။ တတိယအဆင့်တွင် အဆင့်မြင့်အင်္ဂလိပ်စာ (advanced English)
ကိုလေ့လာရမည်ဖြစ်ပြီး Specialist Modules များစွာထဲမှ ၂ ဘာသာကို
ရွေးချယ်သင်ယူရမည်ဖြစ်သည်။ ကျောင်းသားများသည် စာရင်းကိုင် (Accountancy),
စီးပွားရေး (Business), မီဒီယာ (Media), နည်းပညာ (Information Technology), စိတ်ပညာ
(Psychology), သိပ္ပံ (Science), အင်ဂျင်နီယာ (Engineering), ဆက်သွယ်ရေး
(Communication), အနုပညာနှင့် ဒီဇိုင်း (Art & Design) စသည့်အပြင် အခြားများစွာသော
ရွေုးချယ်စရာဘာသာရပ်များမှ စိတ်ကြိုက်ရွေးချယ်သင်ကြားနိုင်မည်ဖြစ်သည်။ University
Foundation Programme အောင်မြင်သော ကျောင်းသားကျောင်းသူများသည် UK နိုင်ငံ EF ၏
Partner Universities များဖြစ်သော University of Nottingham, University of Exeter,
University of York များအပြင် အခြားသော ထိပ်တန်းတက္ကသိုလ် 50 ထဲမှတစ်ခုကို
ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်ရုံသာမက၊ မူရင်းအခြေခံကောင်းနှင့် ထူးချွန်သော
ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း UK နိုင်ငံရှိ TOP 30 Universities
များဖြစ်သည့် University of Oxford, University of Cambridge, Imperial College
London, London School of Economics, အစရှိသည်တို့တွင်လည်းတက်ရောက်သင်ကြားနိုင်ရန်
အခွင့်အရေးများစွာရရှိနိုင်မည်ဖြစ်သည်။ တက္ကသိုလ်များတွင်ဆက်လက်တက်ရောက်သင်ကြားရန်
EF ကျောင်းသား၊ ကျောင်းသူများအတွက် EF မှတဆင့် မိမိတက်ရောက်လိုသော Universities
များသို့လျှောက်ထားပေးမည်ဖြစ်သည်။ EF Brittin College တွင်တက်ရောက်သင်ကြားမည့်
ကျောင်းသား၊ ကျောင်းသူများကို နေထိုင်ရန် အဆောင်များ၊ စားသောက်ရန် အတွက်ပါ
ကျောင်းမှ စီစဉ်ပေးမည်ဖြစ်သည့်အပြင်၊ ကျောင်းဝင်းထဲတွင်ရှိသော
အဆောင်တွင်လည်းနေထိုင်နိုင်သဖြင့် နွေးထွေး၊ လုံခြုံ၊ စိတ်ချရသော ပတ်ဝန်းကျင်တွင်
ပညာသင်ကြားနိုင်မည်ဖြစ်သည်။ ထို့အပြင် ကျောင်းမှ ကျောင်းသားများပတ်ဝန်းကျင်အသစ်တွင်
နေသားကျစေရန်အတွက် လေဆိပ်တွင်လာရောက်ကြိုဆိုပေးခြင်း၊ တက္ကသိုလ်များသို့
လေ့လာရေးခရီးများ လိုက်လံပို့ဆောင်ပေးခြင်း နှင့် တစ်ဦးချင်း၏ လိုအပ်ချက်များကို
တက္ကသိုလ်မှ အကြံပေးအရာရှိများက ဆွေးနွေးအကြံပေးခြင်းများဖြင့် မိခင်နိုင်ငံနှင့်
မခြားရလေအောင် စီစဉ်ပေးထားပါသည်။ ၎င်း University Foundation Program ကို January,
April နှင့် September လများတွင် တက်ရောက်သင်ကြားနိုင်ပြီး ၊ ယခု ၂ဝ၁ဝ ခုနှစ်အတွက်
နောက်ဆုံး Intake ဖြစ်သည့် September 28
ရက်နေ့တွင်တက်ရောက်သင်ကြားရန်စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏
ပညာအရည်အချင်းဆိုင်ရာ စာရွက်စာတမ်းမူရင်းများနှင့်တကွ Future Way Education &
Services အမှတ် (၉)၊ အခန်း (6 A)၊ ယောမင်းကြီးလမ်း၊ သမ္မတရုပ်ရှင်ရုံဘေး၊
သမ္မတကွန်ဒို။ ဖုန်း - 01-241099, 01-254185 သို့အခမဲ့ဆက်သွယ်စုံစမ်း နိုင်ပါသည်။
(13-8-2010)
Source:
Ko Lin
(Myanmar Training)
Switzerland
နိုင်ငံမှ ချီးမြှင့်သော အသိဥာဏ်ပစ္စည်းဆိုင်ရာမူပိုင်ခွင့်သင်တန်း
.
..
.
.
.
.
.
Switzerland နိုင်ငံ WIPO (Geneva, Switzerland) မှချီးမြှင့်သော
Certificate ရရှိမည့် အသိဥာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်သင်တန်းကို
နောင်လုံပညာရေး စင်တာ N.L.F.E.C တွင် နိုဝင်ဘာ ၁၆ ရက်နေ့မှ စတင်ပြီး ၂
လတိုင်တိုင်သင်ကြားပို့ချမည်ဖြစ်သည်။ သင်တန်းချိန်မှာ တန်းခွဲ ၂ ခုရှိပြီး
စနေ၊ တနင်္ဂနွေ မနက် ၉ နာရီမှ ၁၂ နာရီအထိ (တန်းခွဲ-၁) နှင့် ညနေ (၃း၃ဝ) မှ
(၆း၃ဝ) အထိ (တန်းခွဲ-၂) သင်ကြားပေးမည်ဖြစ်သည်။ Copy Rights (စာပေ
အနုပညာဆိုင်ရာမူပိုင်ခွင့်) တွင်စာပေ၊ အနုပညာလက်ရာများ (အပြောအဟောများ၊
ရုပ်ရှင်၊ ဗီဒီယို၊ သဘင်၊ ဂီတ၊ ပြဇာတ်၊ ပန်းချီ၊ ပန်းပု စသောလက်ရာများ)
(Literary and Artistic Works) ဆင့်ပွားလက်ရာများနှင့်
မူပိုင်ခွင့်ဆက်နွယ်သည့် အခွင့်အရေးများဖြစ်သော ဖျော်ဖြေသူ၊
အသံထုတ်လွှင့်သူ၊ ရေဒီယိုထုတ်လွှင့်သူ၊ ရုပ်သံထုတ်လွှင့်သည့် အဖွဲ့အစည်းများ၏
အခွင့်အရေးများပါဝင်သည်။ DL 101 (WIPO) General Course On Intellectual
Property အသိဥာဏ်ပစ္စည်းဆိုင်ရာမူပိုင်ခွင့် သင်တန်းကို
တက်ရောက်ခြင်းအားဖြင့် ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းနှင့်
ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများ၊ စာပေ၊ ဂီတ၊ ဗီဒီယို၊ ရုပ်ရှင်၊
ရုပ်မြင်သံကြား၊ ရေဒီယို၊ ထုတ်လုပ်သူများ အနုပညာရှင်များသည် မိမိတို့၏
အသိဥာဏ်ပညာဖြင့် ဖန်တီးထားသည်များကို မည်သို့ ကာကွယ်နိုင်သည်၊
မည်ကဲ့သို့ပြုလုပ်ထားခြင်းဖြင့် မည်ကဲ့သို့သော အခွင့်အရေးများရရှိနိုင်သည်
စသည်တို့ကို သိရှိနားလည်လာစေမည်ဖြစ်သည်။ ၎င်းအပြင် United Nation လက်အောင်ရှိ
(World Intellectual Property Organizaiton) WIPO Geneva, Switzerland
မှပေးအပ်မည့် Certificate ကိုလည်းရရှိနိုင်မည်ဖြစ်သည်။
၎င်းသင်တန်းနှင့်ပတ်သက်ပြီး နောင်လုံပညာရေးစင်တာ အမှတ် 170-176
ဗိုလ်အောင်ကျော်လမ်း၊ MGW Tower 7th Flr, Room (701)၊ ဗိုလ်တထောင်မြို့နယ်၊
ဖုန်း - 256562 ၊ 095019094 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(13-8-2010)
Source: Ko Lin (Myanmar Training)
MCC နှင့် AIT တို့ပူးပေါင်းဖွင့်လှစ်သည့် အင်ဂျင်နီယာသိပ္ပံဘွဲ့
ပညာသင်ဆုလျှောက်ထားနိုင်
.
.
.
.
.
.
.
5
ပြည်တွင်း၌ ကွန်ပျူတာဘာသာရပ်များ သင်ကြားနေသော MCC
နှင့်ထိုင်းနိုင်ငံရှိ အာရှနည်းပညာကျောင်း AIT
တို့ပူးပေါင်းဖွင့်လှစ်သင်ကြားမည့် အင်ဂျင်နီယာသိပ္ပံဘွဲ့သင်တန်းအတွက်
ပညာသင်ဆုများစတင်လျှောက်ထားနိုင်ကြောင်း MCC မှတာဝန်ရှိသူတစ်ဦးကပြောသည်။
“ပညာသင်ဆု လျှောက်ချင်တဲ့ သူတွေလျှောက်လို့ရပါပြီ။ Funding (ထောက်ပံ့မှု)
လုပ်ပေးမယ့် သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပေးမယ်၊
ဘယ်လောက်ပေးမယ်ဆိုတာတော့ အတိအကျ ထွက်မလာသေးပါဘူး။ စည်းမျဉ်း၊ စည်းကမ်းတွေ
အတိအကျထွက်လာရင်လည်း မီဒီယာတွေကိုအသိပေးပါမယ်။” ဟု၎င်းကပြောသည်။
အဆိုပါသင်တန်းကို စက်တင်ဘာ ၂ဝ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်တွင်း၌
သင်ကြားရမည့် သုံးနှစ်ကာလတွင် ပထမနှစ်အခြေခံသင်တန်းကို အင်တာနေရှင်နယ်
ကျောင်းတစ်ခုဖြစ်သော ILBC မှတာဝန်ယူသင်ကြားမည်ဟုသိရသည်။ ယခင်က
တယ်လီကွန်မြူနီကေးရှင်းဘာသာရပ်ကို စတင်သင်ကြားရန် စီစဉ်ထားသော်လည်း
ယခုအခါတယ်လီကွန်မြူနီကေးရှင်း၊ အီလက်ထရွန်နစ်နှင့်
မက်ကယ်ထရွန်နစ်ဘာသာရပ်တို့ကို ပြည်တွင်း၌ သင်ကြားရသည့် သုံးနှစ်တွင်
ထည့်သွင်းသင်ကြားမည် ဖြစ်ပြီး ထိုင်းနိုင်ငံရှိ AIT တွင် ၂
နှစ်သွားရောက်သင်ကြားရချိန်တွင်မှ အထူးပြုဘာသာရပ်ကို
ရွေးချယ်ရမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကရှင်းပြသည်။ တက္ကသိုလ်ဝင်တန်းတွင်
ပျမ်းမျှရမှတ် ၃ဝဝ နှင့်အထက် ရရှိထားသူများအနေဖြင့်
၎င်းသင်တန်းတက်ရောက်နိုင်ပြီး၊ ပြည်တွင်း၌ သင်တန်းကြေးမှာ တစ်နှစ်လျှင်
ကျပ်သိန်း ၃ဝ နှင့် နေထိုင်စားသောက်စရိတ် ကျပ် ၁ဝ သိန်း၊ ထိုင်းနိုင်ငံ
ဘန်ကောက်၌ ကျောင်းလခ အမေရိကန်ဒေါ်လာ ၆,ဝဝဝ နှင့် နေထိုင်စားသောက်စရိတ်
အမေရိကန်ဒေါ်လာ ၃,၆ဝဝ ကုန်ကျမည်ဖြစ်သည်။
(13-8-2010)
Source: 7 Day News Journal
ရာဇလင်းဆေးတက္ကသိုလ် ပညာသင်ဆု အောက်တိုဘာလကုန် နောက်ဆုံး
လျှောက်ထားနိုင်
.
.
.
.
.
..
ဆေးတက္ကသိုလ်တက်ရောက်ခွင့်ရရှိကြသည့် ကျောင်းသားများအားနှစ်စဉ်ပညာသင်ဆု
ပေးအပ်နေသော ရာဇာလင်းဆေးတက္ကသိုလ်ပညာသင်ဆုအတွက် ကျောင်းသားရှစ်ဦးကို
ရွေးချယ်သွားမည်ဖြစ်ကြောင်း ပညာသင်ဆုပေးအပ်သူဦးအေးကျော်ကပြောသည်။
ပြည်တွင်းရှိ ဆေးတက္ကသိုလ်များတွင် ပထမနှစ် သင်တန်းစတင်တက်ရောက်ရန်
အရည်အချင်းပြည့်မီသော်လည်း ဆင်းရဲနွမ်းပါး၍ ပညာဆက်လက် ဆည်းပူးရန်
အခက်အခဲရှိသူများအနေဖြင့် အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထား၍ အမှတ် (၅ဝ)
ကန်ရိပ်သာ (၃) လမ်း၊ Finger Lake, FMI City၊ လှိုင်သာယာမြို့နယ်သို့
ပေးပို့လျှောက်ထားနိုင်ကြောင်းသိရသည်။ “နိုဝင်ဘာလထဲမှာ ခေါ်စာပို့ပါတယ်။
ဒီဇင်ဘာလဆန်းမှာ အင်တာဗျူးလုပ်ပါတယ်။ အင်တာဗျူးအတွက် ၂၄
ယောက်ခေါ်ပြီးအဲဒီထဲက တစ်ယောက်ကို ရွေးချယ်ပါတယ်” ဟုဦးအေးကျော်ကပြောသည်။
ပညာသင်ဆုရရှိသူများကို ပထမနှစ်မှ ဘွဲ့ရသည်အထိ
သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီ လစဉ်ပညာသင်
ထောက်ပံ့ကြေးကျပ်ငါးသောင်းချီးမြှင့်သွားမည်ဖြစ်သည်။
လျှောက်ထားလိုသူများသည် မိမိအမှန်တကယ် ပညာသင်ဆုလိုအပ်ကြောင်း
ကြောင်းကျိုးပြည့်စုံစွာ ဖော်ပြထားသော ကိုယ်တိုင်ရေးလျှောက်လွှာ၊
အကျင့်စာရိတ္တကောင်းမွန်ကြောင်းသက်ဆိုင်ရာမြို့နယ်ရဲစခန်းနှင့်
ကျောင်းအုပ်ကြီးတို့၏ ထောက်ခံချက်မူရင်းများ၊ အမှတ်စာရင်းမိတ္တူ၊
ပတ်စပို့အရွယ်ဓာတ်ပုံ နှစ်ပုံ၊ ကျောင်းသားနှင့် မိဘအုပ်ထိန်းသူတို့၏
ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ကိုယ်တိုင်ဝန်ခံချက် အထောက်အထားများ
နှင့်အတူ လျှောက်ထားရမည်ဖြစ်သည်။ အဆိုပါ ပညာသင်ဆုသည် ၂ဝဝ၈-၂ဝဝ၉
ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်ကျောင်းသား ရှစ်ဦးကို
ရွေးချယ် ပေးအပ်လျက်ရှိသည်။
(13-8-2010)
Source: 7 Day News Journal
စိတ်ပညာမဟာနှင့် ပါရဂူဘွဲ့ JCU ၌ တက်ရောက်နိုင်
.
.
.
. .
.
.
.
.
0
.
မြန်မာနိုင်ငံမှစိတ်ပညာဖြင့်ဘွဲ့ရရှိထားသူများသည် သြစတြေးလျနိုင်ငံမှ
ပေးအပ်သည့် စိတ်ပညာပါရဂူဘွဲ့အား သြစတြေးလျတက္ကသိုလ်တစ်ခုဖြစ်သည့် Jame Cook
University တွင်တက်ရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ စိတ်ပညာပါရဂူဘွဲ့နှင့်
မဟာဘွဲ့တက်ရောက်ရန်အတွက် မဟာတန်းတွင် ၂ နှစ်နှင့် ပါရဂူတန်းတွင် ၂
နှစ်စုစုပေါင်း ၄ နှစ်တက်ရောက်ရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံမှ
စိတ်ပညာဘွဲ့ရများသည် စင်ကာပူရှိ Jame Cook University Campus တွင်ပထမဘွဲ့
စိတ်ပညာအား နောက်ဆုံးနှစ်၌ တက်ရောက်ရမည်ဖြစ်ကြောင်းသိရသည်။ စင်ကာပူ JCU
မှစိတ်ပညာပထမဘွဲ့ရရှိထားသူများသည် သြစတြေးလျသို့ မဟာ့ဘွဲ့နှင့်
ပါရဂူဘွဲ့တိုက်ရိုက် တက်ရောက်နိုင်ကြောင်းသိရသည်။ မဟာဘွဲ့နှင့်
ပါရဂူဘွဲ့များအတွက်ကုန်ကျငွေမှာ တစ်ဦးလျှင် မြန်မာကျပ်ငွေ ကျပ်သိန်း ၆ဝဝ
ခန့်ကုန်ကျနိုင်ကြောင်း Asia Speed Education မှသိရသည်။
(13-8-2010)
Source: 7 Day News Journal
United World
School of Business, Singapore တွင် University of Bolton, UK
မှချီးမြှင့်သော MBA ဘွဲ့ကိုသင်ယူနိုင်ပြီ
.
.
.. ..
.
.
.
.
.
လွန်ခဲ့သော ၅ နှစ်အတွင်းတွင်
ပညာရေးလုပ်ငန်းများကို ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့သာ
ဗီရှယ်ကုမ္ပဏီအုပ်စုကြီးသည် ကျောင်းသား ၄၀၀၀ ခန့်တက်ရောက်
သင်ကြားနိုင်သော မူလတန်းနှင့် Secondary ကျောင်း ၃ ကျောင်း၊ ဆေးကောလိပ်
၁ ခု၊ United World School of Business အမည်ဖြင့် ကျောင်းသား ၈၀၀ ခန့်
တက်ရောက်သင်ကြားနိုင်သော စီပွားရေးလုပ်ငန်းပညာသင်ကျောင်း ၆
ကျောင်းတို့ကို အကောင်အထည်ဖော်ဖွင့်လှစ်နိုင်ခဲ့သည်။ စင်္ကာပူနိုင်ငံ
United World School of Business သည် စင်္ကာပူ၏ mini-CBD
ဧရိယာအချက်အချာနေရာတွင်တည်ရှိပါသည်။ ၎င်းတွင်လမ်းလျှောက်သွားလာနိုင်သော
ထူးခြားကောင်းမွန်သည့် နေရာထိုင်ခင်းရှိပါသည်။ စင်္ကာပူဒေါ်လာ
တစ်သန်းအကုန်အကျခံ၍ မွမ်းမံပြင်ဆင်ထားသော Wifi တပ်ဆင်ထားသည့်
ညီလာခံခန်းမကြီး၊ အစည်းအဝေးခန်းများ၊ စာကြည့်တိုက်များနှင့်
စာသင်ခန်းများရှိပါသည်။ ကျောင်းနယ်မြေတစ်ခုလုံးကို CCTV များတပ်ဆင်ထား၍
ဗီဒီယိုဖြင့် အစည်းအဝေးပြုလုပ်ခြင်း၊ ဆက်သွယ်ပြောဆို၍
အစည်းအဝေးပြုလုပ်ခြင်း တို့ကို လုပ်ဆောင်နိုင်ပါသည်။
MBA မဟာဘွဲ့တစ်ခုကို 2011
ဇန်နဝါရီလမှ စတင်ဖွင့်လှစ်နိုင်ရန် University of Bolton (Bolton,UK)
အစီအစဉ်မှာတစ်နှစ်သင်တန်းဖြစ်ပြီး ၂ ပိုင်းပါဝင်သည်။ (a)
ကျောင်းသားများသည် ဘွဲ့လွန်ဒီပလိုမာသင်တန်း (Post Graduate Diploma)
ကို ပထမ(9)လ တက်ရောက်ရမည်ဖြစ်ပါသည်။ ဤသင်တန်းပြီးဆုံးပါက ABP
(Associate of Business Practitioners, UK) မှ ဘွဲ့လွန်ဒီပလိုမာကို
ရရှိမည်ဖြစ်သည်။ (b) ထို့နောက် ကျောင်းသားများသည် University of
Bolton, UK မှ ပေးအပ်ချီးမြှင့်မည့် အဆင့်မြင့် MBA (3) လသင်တန်းကို
စင်္ကာပူနယ်မြေတွင်ပင်တက်ရောက်ရပါမည်။ ဤဘွဲ့ကို Bolton တက္ကသိုလ်မှပင်
လုံးဝသင်ကြားမည်ဖြစ်ပါ၍ UK မှ ပေးအပ်ချီးမြှင့်သည့်ဘွဲ့နှင့်
အဆင့်တူသတ်မှတ်ထားပါသည်။ ထို့ကြောင့် ကျောင်းသားများ အနေဖြင့်
စင်္ကာပူကဲ့သို့ နွေးထွေးလုံခြုံသောနိုင်ငံတွင် သက်တောင့်သက်သာသင်ယူရင်း
UK နိုင်ငံတွင် သင်ကြားရသည့်အတွေ့အကြုံမျိုးကို
ခံစားပျော်မွေ့နိုင်ပါသည်။
United World အနေဖြင့် 2011
ဇွန်လတွင် စတင်ဖွင့်လှစ်သင်ကြားမည့် BBA ဘွဲ့အစီအစဉ်တစ်ခုကိုလည်း
အလေးထားစီစဉ်နေပါသည်။၎င်းမှာ (3) နှစ်သင်တန်းဖြစ်ပြီး ပထမ (2) နှစ်ကို
တွဲဖက်မည့် တက္ကသိုလ၏ လိုအပ်ချက်အရ စီစဉ်ရေးဆွဲသည့်
သင်ရိုးညွှန်းတမ်းအတိုင်း စင်္ကာပူနိုင်ငံတွင်ပင်သင်ကြားရန် ဖြစ်ပါသည်။
နောက်ဆုံးနှစ်ကိုမူ တွဲဖက်မည့် တက္ကသိုလ်တွင်ပင်ဖြစ်စေ၊
စင်္ကာပူနိုင်ငံတွင်ဖြစ်စေ သင်ယူပြီးမြောက်နိုင်မည်ဖြစ်သည်။ UWSB
သို့တက်ရောက်လိုလျှင် ဖြစ်စေ၊ ကျောင်းနှင့်ပတ်သက်၍
အသေးစိတ်စုံစမ်းလိုလျှင်ဖြစ်စေ UWSB ၏
မြန်မာပြည်ကိုယ်စားလှယ်များ ဖြစ်ကြသော LAS 09-51055428, Synergy
Education 095504931, TipTop 095162062 သို့ဆက်သွယ်နိုင်ပါသည်။
(13-8-2010)
Source: Ko Lin (Myanmar Training)
|