Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

Quiz Program ကဏ္ဍအား ခေတ္တခဏနားထားပါသည်။....

MORE »
ANSWER NOW »

SUBSCRIBE

Your Email:


News » International News

 

Brilliance တွင်သင်ကြားပို့ချမည့် ဒီပလိုမာပြီးပါက သြစတြေးလျတက္ကသိုလ်များ၌ ဒုတိယနှစ်သင်တန်းသို့ တက်ရောက်သင်ယူနိုင်
 

သြစတြေးလျနိုင်ငံအခြေစိုက် Kent Institute of Business & Technology နှင့် Partner Link ရယူထားသည့် ရန်ကုန်မြို့ရှိ Brilliance Vocational Education & Training Center တွင်သင်ကြားပို့ချမည့် Diploma ပြီးပါက Kent Institute ၏ Link University များဖြစ်သော သြစတြေးလျနိုင်ငံရှိ James Cooks University, CQ.University, Newcastle University, Catholic University, Griffith University နှင့် London မြို့ရှိ Roehampton University များ၌ ဒုတိယနှစ် သင်တန်းသို့ တိုက်ရိုက်ဝင်ရောက်သင်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

Brilliance မှ သင်ကြားပို့ချမည့်သင်တန်းများမှာ သင်တန်းကာလ ၄ လကြာမြင့်မည်ဖြစ်ပြီး Subject ၄ ခုသင်ယူရမည့် Certificate III in Business သင်တန်းနှင့် သင်တန်းကာလ ၄ လစီကြာမြင့်၍ Subject ၄ ခုသင်ယူရမည့် Certificate IV in Business သင်တန်းနှင့် Subject ၅ ခုသင်ယူရမည့် Diploma Of Business သင်တန်းများဖြစ်ကြောင်း၊ 1st Semester ဖြစ်သော Certificate III သင်တန်းသို့ IELTS 5.5 ရရှိထားပြီးသူတိုင်း တက်ရောက်သင်ယူနိုင်ကြောင်း၊ IELTS မရှိထားသူများအနေဖြင့် သင်တန်းကာလ ၃ လကြာမြင့်မည့် Foundation English Course သင်တန်းသို့ တက်ရောက်သင်ယူပြီး 1st Semester သင်တန်းသို့ တက်ရောက်နိုင်ကြောင်း၊ 1st Semester ပြီးဆုံးသူများအနေဖြင့် 2nd Semester ဖြစ်သည့် Certificate IV သင်တန်းသို့ တက်ရောက်ပြီး 3rd Semester ဖြစ်သည့် Diploma Of Business သင်တန်းသို့ တက်ရောက်နိုင်ကြောင်း၊ 3rd Semester ပြီးသူများသည် သြစတြေးလျတက္ကသိုလ်များတွင် ဒုတိယနှစ်သင်တန်းသို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း Brilliance မှ Principle ဒေါ်မူမူမြတ်ကျော်မှ ပြောကြားခဲ့သည်။

သြစတြေးလျအစိုးရမှ ပြည်ပဝင်ရောက်မှုကို လျှော့ချနိုင်ရန်အတွက်ပြည်ပဝင်ခွင့်ဗီဇာ ၁၇ဝ,ဝဝဝ မှ ၃ဝဝ,ဝဝဝအထိ လျှော့ချသွားမည့် အစီအစဉ် တစ်ရပ်ကြောင့် Student Visa အပေါ် အကျိုးသက်ရောက်မှုရှိနိုင်သော်လည်း Brilliance တွင် Diploma Level အထိသင်ယူပြီးသူများအနေဖြင့် Student Visa အတွက် အခက်အခဲရှိနိုင်ကြောင်း ၎င်းမှ ထပ်မံပြောကြားသည်။ 1st Semester သင်တန်းကို သြဂုတ် ၁၆ ရက်နေ့တွင်လည်းကောင်း၊ 2nd Semester သင်တန်းကို ဒီဇင်ဘာ ၈ ရက်နေ့တွင်လည်းကောင်း၊ 3rd Semester သင်တန်းကို ၂ဝ၁ဝ ခုနှစ် ဧပြီ ၁ဝ ရက်နေ့တွင်လည်းကောင်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း တက်ရောက် သင်ယူလိုသူများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ Sakura Tower, (12) ထပ်ရှိ Brilliance Center ဖုန်း - 09-5081238 သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။















 
 

(20-8-2010)
Source:
Net Guide Journal

 


 

 ဒူဘိုင်းဘဏ်မှ ACCA ရာနှုန်းပြည့် ပညာသင်ဆုပေး . .  .  .. . .     .  . .           

ACCA ကျောင်းအပ်မည့်သူများ MBA ဆက်တက်ရောက်ရန်အတွက် Dubai Bank Scholarship Scheme ဖြင့်ရာနှုန်းပြည့် ပညာသင်ဆု လျှောက်ထား နိုင်ကြောင်းသိရသည်။ အဆိုပါအစီအစဉ်တွင် LCCI Diploma ရရှိသူများ၊ စီးပွားရေး တက္ကသိုလ်များမှဘွဲ့ရရှိထားသူများ၊ စာရင်းကိုင်ဘာသာရပ်များကို စိတ်ဝင်စားသူများလျှောက်ထားနိုင်ကြောင်းသိရသည်။ ပညာသင်ဆုကို London School of Business and Finance မှတဆင့်လျှောက်ထားရမည်ဖြစ်သည်။ ပညာသင်ဆုလျှောက်နိုင်သော MBA များတွင် General MBA အပြင် MBA (Finance and Investment Management), MBA (HR Management), MBA (Marketing Management), MBA (Project Management), MBA (Risk Management), MBA (Islamic Barking and Fiacre ), MBA (E-Business), MBA (Financial Management) တို့ပါလျှောက်ထားနိုင်ကြောင်းသိရသည်။ စိတ်ပါဝင်စားသူများသည် သြဂုတ်လ ၃၁ ရက်နောက်ဆုံးထား၍ Tip Top International Service ဖုန်း - 539791 တွင် မေးမြန်းလျှောက်ထားနိုင်ကြောင်းသိရသည်။













 


 

(20-8-2010)
Source: Internet Journal


EASB မှမြန်မာကျောင်းသားများအားပညာသင်ဆုပေးမည် . . . .   .  .      .  . .    5        

မြန်မာကျောင်းသား ကျောင်းသူများအတွက် EASB (East Asia Institute of Management) မှ ပညာသင်ဆု ၇ဝ % ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ EASB မှ University of Wales (Cardiff) Programme များဖြစ်သော BS.c (Hons) Business Information System, BA (Hons) Business & Management Studies, BA (Hons) Business & Management Studies (International Business Management), BA (Hons) Accounting ဘာသာရပ်များကို ပညာသင်ဆုပေးသွားမည်ဖြစ်ပြီး လျှောက်ထားလိုသော ကျောင်းသားများအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စုစုပေါင်းရမှတ် ၇ဝ ရာခိုင်နှုန်းရှိရမည်ဖြစ်ကာ ဝင်ခွင့်စာမေးပွဲကိုပါဖြေဆိုရမည်ဖြစ်သည်။

၎င်းပညာသင်ဆုမှာ ၃ နှစ်စာကျောင်းစရိတ်၏ ၇ဝ ရာခိုင်နှုန်းကိုပေးသွားမည်ဖြစ်သည်။ အဆိုပါ EASB မှာ နိုင်ငံတကာပညာရေးနှင့် လုပ်ငန်းခွင် အသိအမှတ်ပြု Certificate, Diploma, Advanced Diploma, Degree, Master နှင့် အခြားသော Postgraduate Program များအတွက် Hospitality & Tourism, Business, Accounting, Finance, Applied Psychology နှင့် Professional Practice Nursing ဘာသာရပ်များကို သင်ကြားပို့ချပေးသော ကျောင်းဖြစ်သည်။ ပညာသင်ဆုလျှောက်ထားလိုသော ကျောင်းသူ ကျောင်းသားများအနေဖြင့် စက်တင်ဘာလ ၈ ရက်နေ့နောက်ဆုံးထား၍ Park Royal Hotel Level-2 RV Library တွင်လျှောက်ထားနိုင်ပြီး စင်ကာပူပညာရေး ကျွမ်းကျင်သူများထံတွင် တစ်ဦးချင်းတွေ့ဆုံမေးမြန်းခြင်းကို အပတ်စဉ် စနေနေ့ မနက် ၉ နာရီမှ ညနေ ၅ နာရီတွင် မိမိ၏ပညာရေးဆိုင်ရာ စာရွက်စာတမ်းများယူဆောင်၍ တွေ့ဆုံမေးမြန်းနိုင်မည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ဖုန်း - 541886၊ 242410 သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်းသိရသည်။














 
 

(20-8-2010)
Source: Internet Journal


                                   University of Bolton မှ ချီးမြှင့်သည့် MBA ဘွဲ့ရယူနိုင် . .

. .  . .

 University of Bolton, UK မှချီးမြှင့်သည့် MBA ဘွဲ့ရယူနိုင်ရန်အတွက် စင်ကာပူနိုင်ငံ United World School of Business တွင်တက်ရောက်သင်ကြား နိုင်မည်ဖြစ်ကြောင်းသိရသည်။ MBA ဘွဲ့ရရှိနိုင်ရန်ကျောင်းသားများ သင်ကြားရာတွင် Bolton တက္ကသိုလ်မှပင်သင်ကြားပို့ချမည်ဖြစ်ပြီး UK မှ ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင့် အဆင့်တူသတ်မှတ်မှုရရှိမည်ဖြစ်သည်။ MBA မဟာဘွဲ့ရရှိနိုင်ရန် ၁ နှစ်တက်ရောက်ရမည်ဖြစ်ပြီး ပထမ ၉ လတွင် ကျောင်းသားများအနေဖြင့် ဘွဲ့လွန် ဒီပလိုမာ သင်တန်းကိုတက်ရောက်ရမည်ဖြစ်သည်။ နောက်ပိုင်း ၃ လတွင် University of Bolton, UK မှချီးမြှင့်သည့် MBA သင်တန်းကိုစင်ကာပူနိုင်ငံအတွင်း ဆက်လက် တက်ရောက်ရမည်ဖြစ်သည်။

United World School of Business ကျောင်းသည် စင်ကာပူနိုင်ငံ၏ အချက်အချာနေရာတစ်ခုဖြစ်သော Mini-CBD ဧရိယာအတွင်းဖြစ်သည်။ Wi-Fi ကွန်ရက်ချိတ်ဆက်မှုရရှိနိုင်သည့် အစည်းအဝေးခန်းများ၊ ညီလာခံခန်းမကြီး၊ စာကြည့်တိုက်နှင့် စာသင်ခန်းများအတွင်း သင်ကြားတက်ရောက်ရမည်ဖြစ်သည်။ ကျောင်းအတွင်း CCTV ကင်မရာများတပ်ဆင်ထားပြီး ဗီဒီယိုဖြင့် အစည်းအဝေးပြုလုပ်ခြင်းများကို လုပ်ဆောင်နိုင်သည့် နေရာတစ်ခုဖြစ်ကြောင်းသိရသည်။ ကျောင်းတက်ရောက်လိုသောကျောင်းသား ကျောင်းသူများအနေဖြင့် အသေးစိတ်အချက်အလက်သိရှိပါက UWSB ၏ မြန်မာပြည်ကိုယ်စားလှယ်များဖြစ်သော LAS ဖုန်း - 09-5105428 ၊ Synergy Education ဖုန်း - 09-5504931၊ Tip Top ဖုန်း - 09-5162062 သို့ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ကြောင်းသိရသည်။












 

(20-8-2010)
Source: Internet Journal


အရှေ့ Malaysia နိုင်ငံရှိ Kuching မြို့တော်တွင် Curtin University of Technology မှ MSc. (Project Management) ဘာသာရပ်ကိုစတင်တိုးချဲ့ဖွင့်လှစ်သင်ကြားခြင်း . . 
 
. .  . . .   . .  .    . 0     .    

ယခုအခါ Malaysia နိုင်ငံရှိ Tier 5 Excellent အဆင့်ဝင် Curtin University of Technology (Sarawak) Campus သည် Australia နိုင်ငံရှိ Main Campus ဖြစ်သော Bentley မှ အရှေ့တောင်အာရှတွင် ကိုယ်ပိုင်နယ်မြေဖြင့်တည်ထောင်ခဲ့သော ကျောင်းခွဲတစ်ခုဖြစ်ပြီး Engineering ဘာသာရပ်နှင့် Business & Commerce ဘာသာရပ်တွင် Single (or) Double Major များကို ဒီဂရီတန်းဝင် အင်္ဂလိပ်စာအဆင့်ဖြစ်သော Intensive English Program (IEP) မှ Diploma, Undergraduate နှင့် Professional Land Postgraduate အထိ Curtin (Sarawak) တွင်သင်ယူနိုင်သလို၊ Main Campus ဖြစ်သော Curtin (Bentley) သို့လည်းတရားဝင်အသိအမှတ်ပြု ပြောင်းရွေ့သင်ကြားနိုင်ကြောင်း MSI မှသိရှိရပါသည်။ ယခင်က MSc. (Project Management) ဘာသာရပ်ကို Curtin University of Technology (Sarawak Campus) တွင်သာသင်ယူနိုင်သော်လည်း ယခုအခါ Malaysia နိုင်ငံ၏ ပထမမြို့တော်ဖြစ်သော Kuching ရှိ Centre for Modern Management (CMM) တွင်လည်းလေ့လာသင်ယူနိုင်ကြောင်း၊ ၎င်း CMM တွင်သင်ကြားမည့် MSc. (Project Management) ဘာသာရပ်သည် Curtin (Sarawak) နှင့် Curtin(Bentley) တို့မှသင်ရိုးများအတိုင်း ထပ်တူထပ်မျှသင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ ပို့ချမည့် Lectures ဆရာများမှလည်း သက်ဆိုင်ရာ ဘာသာရပ်အလိုက် Curtin (Bentley) နှင့် Curtin (Sarawak) မှ ကျွမ်းကျင်သောဆရာ/ဆရာမများက ဦးစီးသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း MSI သိရှိရပါသည်။
MSc. (Project Management) ဘာသာရပ်ကိုပြီးမြောက်ထားသူများသည် Project Manager ပိုင်းတွင်ကျွမ်းကျင်သော ပညာရှင်ဖြစ်ဖို့ ရန်အတွက်လိုအပ်သော Skill များ၊ အသိဥာဏ်များတိုးတက်လာမည်ဖြစ်ပြီး၊ မည်သည့်လုပ်ငန်းခွင်တွင်မဆို အသုံးချနိုင်ပါကြောင်း၊ ၎င်းဘာသာရပ်၏ အသုံးချနယ်ပယ်များမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနလုပ်ငန်းများတွင်လည်း အသုံးချနိုင်သောကြောင့် ၎င်းဘာသာရပ်သည် လက်တွေ့အသုံးချနယ်ပယ်ကျယ်ဝန်းသော ဘာသာရပ်တစ်ခုဖြစ်ကြောင်း MSI မှထပ်မံသိရှိရပါသည်။

Curtin University of Technology (Sarawak) ရှိ MSc. (Project Management) ဘာသာရပ်ကို Australia နိုင်ငံရှိပညာရေးအဖွဲ့အစည်းဖြစ်သော “Auxtralian Institute of Project Management” မှ အသိအမှတ်ပြုထားသည့်အပြင် Malaysia နိုင်ငံရှိပညာရေးအဖွဲ့အစည်းဖြစ်သော Malaysia Ministry of Higher Education (MOHE) နှင့် Malaysia Qualification Agency (MQA) အဖွဲ့အစည်းတို့မှလည်းထပ်မံ အသိအမှတ်ပြုခြင်းခံထားရကြောင်း MSI ၏ MD Daw Su Su Hlaing ထံမှသိရှိရပါသည်။ ထို့ပြင် Kuching ရှိ Centre for Modern Management (CMM) တွင်လက်ရှိဖွင့်လှစ်သင်ကြားနေသည့် MSc. (Project Management) ဘာသာရပ်၏ first Intake မှာအောင်မြင်စွာပြီးဆုံးသောကြောင့် Second Intake ကို September လတွင်ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း ၊သို့သော် ၎င်းဘာသာရပ်ကို တက်ရောက်နိုင်သောသူများမှာ အစိုးရနှင့် ပတ်သက်သောလုပ်ငန်းများတွင် လုပ်ကိုင်နေသော (Government Servants) များသာ တက်ရောက်နိုင်သော ဘာသာရပ်တစ်ခုဖြစ်ကြောင်း၊ စိတ်ပါဝင်စားသော နိုင်ငံတကာကျောင်းသား/သူများအနေဖြင့် ၎င်းဘာသာရပ်ကို Curtin (Sarawak) တွင်တက်ရောက်နိုင်ကြောင်း၊ သင်တန်းကာလကြာမြင့်ချိန်မှာ (၁) နှစ်ခွဲခန့်တက်ရောက်ရမှာဖြစ်ကြောင်း၊ ထို့ပြင် Curtin (Sarawak) နှင့် Curtin (Bentley) တို့မှ Curtin Open Day ကို MSI မှ ကြီးမှူး၍ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး၊ ပြုလုပ်မည့်ရက်မှာ (29)ရက်၊ August လ၊ (11း00) မှ နေ့လည် (1း00)အထိ Park Royal Hotel Meeting Room (3) တွင်ကျင်းပမည်ဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသော ကျောင်းသား/သူများက ဖုန်းဖြင့်သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းရမှာဖြစ်ကြောင်း၊ MSI (ရန်ကုန်) လိပ်စာမှာ- အမှတ် (၂၃၄)၊ ဒုတိယထပ် (ညာ)၊ ရွှေဘုံသာအလယ်လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး ဖုန်းနံပါတ်များ အနေဖြင့် 01-389915 , 01-250929 , 09-5103915 သို့ဆက်သွယ်စုံစမ်း နိုင်ပါကြောင်းနှင့် www.overseaeducation-msi.com သို့လည်းဝင်ရောက်လေ့လာနိုင်ပါသည်။

















 

(24-8-2010)
Source: Ko Lin (Myanmar Training)
 



         ဆန်းဒါးလန်းကောလိပ် စီးပွားရေးဆိုင်ရာ ဒီပလိုမာသင်တန်းအမှတ်စဉ် (၄)ဖွင့်မည် . . .  .  .. ..  . .  .  .  .

 MUK ၏ Highly Trusted College တစ်ခုဖြစ်သည့် City of Sunderland College ၏ အသိအမှတ်ပြုကျောင်းခွဲဖြစ်သော Noble Nine Education က ယင်းကောလိပ်၏ Diploma in Business (Marketing Management Administration) ဘာသာရပ်များကို UK ရှိတက္ကသိုလ် ကောလိပ်များအားလုံးတွင် တပြေးညီတည်း သင်ကြားပို့ချသည့် သင်ရိုးညွှန်းတမ်းများဖြင့် စာတွေ့လက်တွေ့ ဟန်ချက်ညီစွာ နိုင်ငံတကာ သင်ကြားမှုပုံစံသစ်ဖြစ်သည့် Activity, Task, Assignment တို့ဖြင့် စာမေးပွဲဖြေဆိုရန်လုံးဝမလိုအပ်သည့် သင်ကြားမှု ပုံစံဖြင့် စာတွေ့ (၆) လနှင့် Workplacement (၃)လ စုစုပေါင်း (၉)လ တက်ရောက်ပြီး UK ၏ National Qualifications Framework (NQF Level 3) အဆင့်ကို ပြည်တွင်းမှာပင် တက်ရောက်ပြီး Diploma တိုက်ရိုက်ရရှိမည်ဖြစ်ပါသည်။ Level 3 အဆင့်သည် နိုင်ငံတကာတွင် Manager, Administrator, Trainer, Secretary စသည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပါမည်။ သင်တန်းတွင် Effective People, Communication and Information, Exploring Creative Product Promotion, Investigating Internet Marketing, Management Accounting, Human Resource Management, Legal Aspects of Administration, Internet and e-Business, Investigating Supply Chain Management , Business Ethics, Investigating International Business, Exploring Computer Applications for Financial Management, Investigating Supply Chain Management စသည့် Unit (18)ခုဖြင့် သင်ကြားမည်ဖြစ်သည်။

ပြည်တွင်းတွင် နိုင်ငံတကာသင်ကြားမှု အတွေ့အကြုံရှိဆရာများနှင့် ပြည်ပကျောင်းများမှ အတွေ့အကြုံရှိ Native ဆရာများမှ သင်ကြားပို့ချမည်ဖြစ်ပြီး အခြားနိုင်ငံများသို့သွားရောက် ပညာသင်ကြားလျှင် ကုန်ကျမည့်သင်ကြားမှုစရိတ်၏ အဆပေါင်းများစွာ သက်သာမည်ဖြစ်ပါသည်။ Diploma ရရှိပြီးသူများအနေဖြင့် UK ပညာရေးသင်ကြားပို့ချသော နိုင်ငံတာ တက္ကသိုလ် ကောလိပ်များတွင် Degree သင်တန်းများသို့ တိုက်ရိုက်တက်ရောက်နိုင်ပြီးထပ်မံ၍ Australia တက္ကသိုလ်များ (သို့မဟုတ်)University of Sunderland ၏ စီးပွားရေးဆိုင်ရာ မဟာဘွဲ့ (MBA/ MPA) သို့တက်ရောက်နိုင်မည့် အခွင့်အလမ်းများရရှိမည်ဖြစ်ပါသည်။ သင်တန်းချိန်များကို ရုံးချိန်ပြင်ပတန်းခွဲများအဖြစ် စီစဉ်ထားပြီး သင်ကြားမှုထိရောက်စေရန် တန်းခွဲတစ်ခုလျှင် သင်တန်းသားဦးရေကို (၁ဝ) ဦးသာ ကန့်သတ်ထားပြီး စက်တင်ဘာလ (၆) ရက်တွင်ဖွင့်လှစ်မည်ဖြစ်သည်။ အမှတ်စဉ် (၄) သင်တန်းအတွက် (၁၅%) လျှော့လက်ခံမည်ဖြစ်ပြီး ယင်းသင်တန်းတက်ရောက်ရန်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို၊ အောင်မြင်ပြီးသူများနှင့် တက္ကသိုလ် ကောလိပ်တက်ရောက်နေသူများ၊ ဘွဲ့ရများလျှောက်ထားနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက- Noble Nine Education အမှတ် (၇)၊ ဝတ်ကျောင်းလမ်း၊ ရေကျော်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း- 01-7302966 ၊ 01-396915 သို့ဆက်သွယ်နိုင်ကြောင်းသတင်းရရှိသည်။















 

(24-8-2010)
Source: Ko Lin (Myanmar Training)
 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats