|
News
» International News
စင်ကာပူ EASB East Asia Institute of Management ပညာသင်ဆု ၇ဝ
ရာခိုင်နှုန်းရရှိနိုင်ဟုဆို
စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု EASB East Asia Institute
of Management တွင်တက်ရောက်ပညာသင်ကြားလိုသော မြန်မာနိုင်ငံမှ ကျောင်းသား၊
ကျောင်းသူများအတွက် ပညာသင်ဆု ၇ဝ ရာခိုင်နှုန်းအထိ ရရှိနိုင်မည်ဖြစ်ကြောင်း
အဆိုပါကျောင်း၏ ထုတ်ပြန်ချက်အရသိရသည်။ EASB သည် ဥရောပတိုက်ရှိ နိုင်ငံတကာ
အဆင့်မြင့်တက္ကသိုလ်ကြီးများဖြစ်သည့် Queen Margret University, Scotland,
University of walves Institute, Cardiff (UWIC) University of Sourthern Queen
Sland (USQ) တို့နှင့် ပူးပေါင်း၍နိုင်ငံတကာပညာရပ်နှင့် လုပ်ငန်းခွင်အသိအမှတ်ပြု
Certificate, Diploma, Advanced Diploma, Degree, Master Degree နှင့်အခြားဘွဲ့လွန်
ဒီဂရီများရရှိနိုင်သည့် Hospitality & Tourism, Business, Accounting, Finance,
Applied Psychology နှင့် Professional Practice-Nursing စသည့် ဘာသာရပ်များကို
သင်ကြားပို့ချပေးလျက်ရှိသည်။
EASB သို့တက်ရောက်လိုသူများသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲရမှတ်စုစုပေါင်း
၇ဝ ရာခိုင်နှုန်းရရှိထားရမည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်ကာ
ပညာသင်ဆုရွေးချယ်ခံရပါက ပညာသင်နှစ်သုံးနှစ်စာ ကုန်ကျမည့် စရိတ်စုစုပေါင်း၏ ၇ဝ
ရာခိုင်နှုန်းကို ရရှိမည်ဖြစ်ကြောင်း၊ အသေးစိတ်သိရှိလိုပါက ရန်ကုန်မြို့ရှိ RV
Centre ဖုန်း - 541886 ၊ 242410 ၊ 253538 ၊ 246560
သို့ဆက်သွယ်မေးမြန်းနိုင်ပြီးစက်တင်ဘာလ ၈ ရက်နေ့နောက်ဆုံးထား၍ လာရောက်လျှောက်ထား
နိုင်ကြကြောင်းအဆိုပါ ကျောင်းထံမှ စုံစမ်းသိရှိရသည်။
(24-8-2010)
Source:
The Voice
Journal
MBA
နှင့် MIT ဘွဲ့များအတွက် James Cook University မှ
ပညာသင်ဆုများချီးမြှင့်မည်
.
.
.
.
..
.
.
.
.
.
လာမည့် ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်မည့် MBA, MIT နှင့်
Joint MBA+MBT ဘွဲ့များအတွက်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား
James Cook University Singapore မှ
ပညာသင်ဆိုများချီးမြှင့်သွားမည်ဖြစ်ကြောင်း Synergy Education
မှသိရှိရပါသည်။ ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် စက်တင်ဘာလ ၁၁ ရက်၊
နေ့လည် ၂ နာရီတွင် Parkroyal Hotel ၌ ကျင်းပမည့် စာမေးပွဲကို ဖြေဆိုရပါမည်။
ပညာသင်ဆုစာမေးပွဲ ဖြေဆိုလိုပါက ဝင်ခွင့်လျှောက်လွှာဖြည့်ရန်
နိုင်ငံကူးလက်မှတ်မိတ္တူ၊ ပညာရေးစာရွက်စာတမ်းများ မိတ္တူများနှင့်တကွ Synergy
Education သို့ကြိုတင်စာရင်းသွင်း ရမည်ဖြစ်ကြောင်းသိရပါသည်။
ပညာသင်ဆုနှင့် ပတ်သက်သောအသေးစိတ်အချက်အလက်များကို ထိုနေ့ညနေ ၄ နာရီတွင်
Parkroyal Hotel ၌ ကျင်းပမည့် JCUS ၏ စီးပွားရေး ဆွေးနွေးပွဲတွင် Mr.Det
Fischer က အကျယ်တဝင့်ရှင်းလင်းပါမည်။ ၁ နှစ်ကြာသင်ကြားရမည့် MBA ဘွဲ့တွင်
General, Accounting & Finance, Human Resource Management နှင့် Marketing
အထူးပြုဘာသာရပ်များကိုရွေးချယ်နိုင်ပါသည်။ JCUS မှ ဘွဲ့ရပြီးပါက Social
ဗီဇာ EPEC တစ်နှစ်ကို တရားဝင်ရရှိသဖြင့် အလုပ်အကိုင်
ရှာဖွေရာတွင်များစွာအထောက်အကူ ပြုပါသည်။ JCUS မှ ချီးမြှင့်သော ပညာသင်ဆုကို
လျှောက်ထားလိုပါက အမှတ် ၅၂ဝ/ D-၁၊ ရွှေဂုံတိုင်၊ ကမ္ဘာအေးဘုရားလမ်း၊
ဗဟန်းမြို့နယ်ရှိ Synergy Education ဖုန်း- 558428 ၊ 558307
(လိုင်းခွဲ-၃ဝ၄)၊ 095504931 များသို့ဆက်သွယ်စာရင်းပေးသွင်းပြီး
လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။
(27-8-2010)
Source:
Net Guide Journal
ပညာသင်ဆုများ ချီးမြှင့်မည့် KDU COLLEGE
.
.
.
.
.
.
.
.
.
.
5
(၂ဝ၁ဝ) ခုနှစ်စက်တင်ဘာ Intake တွင်တက်ရောက်မည့်ကျောင်းသား၊
ကျောင်းသူများအား မလေးရှားနိုင်ငံရှိ KDU ကောလိပ်မှ ပညာသင်ဆုများ
ချီးမြှင့်မည်ဖြစ်ကြောင်း Synergy Education မှပြောကြားပါသည်။ “GCE ‘O’
Level နဲ့ ‘A’ Level အောင်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်လဲ KDU ရဲ့
Foundation ကို (၁) နှစ်တက်ပြီးရင်၊ Foundation ရမှတ်တွေပေါ်မူတည်ပြီး
Semester တစ်ခု (သို့) တစ်နှစ်စာကျောင်းလခ ကင်းလွတ်ခွင့်ပေးမဲ့
အစီအစဉ်တွေလဲ ရှိပါတယ်။ အဓိကတော့တော်တဲ့ကလေးတွေကို မြေတောင်မြှောက်ပေးတာပါ”
ဟု Synergy Education မှ ပညာရေးအတိုင်ပင်ခံ ဒေါ်နန်းမြမာလာမောင်မှ
ပြောကြားခဲ့ပါသည်။ KDU ကောလိပ်ကို (၁၉၈၃) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး
မလေးရှားနိုင်ငံရှိ သက်တမ်းအရင့်ဆုံးနှင့် အကောင်းဆုံးကောလိပ်များထဲတွင်
တစ်ခုအပါအဝင်ဖြစ်ပါသည်။ KDU ကောလိပ်သည် UK ရှိ University of London, The
University of Manchester, Keele University, Oxford Brookes University,
Northumbria University, Australia ရှိ The University of New South Wales,
UTAS, Murdon University ရှိ IMI University Centre နှင့် US ရှိ Southwest
Minnesota State University များဖြင့် ချိတ်ဆက်ထားပြီး Certificate,
Diploma, Degree နှင့် Master Level များတွင် Program များစွာကို
သင်ကြားပို့ချပေးလျက်ရှိသည်။
KDU ကောလိပ်တွင်သင်ကြားပေးလျက်ရှိသော Program များမှာ A Level and
Foundation Studies, American Degree Transfer Program, Business (Business
Management အထူးပြု/ Accounting အထူးပြု/ Finance အထူးပြု/ Economics
အထူးပြု/ Marketing အထူးပြု/ Human Resource Management အထူးပြု)၊ Design,
Engineering (Electrical & Electronic အထူးပြု/ Telecommunication &
Electronic အထူးပြု)၊ Hospitality, Tourism and Culinary Arts, Information
Technology, Law, Mass Communication, Professional Accountancy (CAT &
ACCA), Language (IELTS Preparation & Intensive English)
စသည်တို့ဖြစ်ပါသည်။ အခြေခံပညာအထက်တန်း (သို့မဟုတ်) IGCSE အောင်မြင်ထားသော
ကျောင်းသား၊ ကျောင်းသူများမှာ Diploma Programme
ကိုတိုက်ရိုက်တက်ရောက်နိုင်ပါသည်။ Diploma Programme မှာ (၂)
နှစ်ကြာမြင့်ပြီး ကျောင်းလခမှာ မြန်မာကျပ်ငွေသိန်း (၁၁ဝ) ခန့်ဖြစ်ပါသည်။
Degree ကိုတက်ရောက်လိုသူများမှာ Foundation တစ်နှစ်ကို
ဦးစွာတက်ရောက်ပြီးမှ Degree ကို (၃) နှစ်ကြာ ဆက်လက်သင်ကြားနိုင်ပါသည်။
Foundation တက်ရောက်ရန် KDU ကောလိပ်၏ အင်္ဂလိပ်အရည်အချင်းစစ် စာမေးပွဲကို
ဖြေဆိုရမည်ဖြစ်ပြီး အင်္ဂလိပ်စာအားနည်းသော ကျောင်းသားကျောင်းသူများမှာ
Intensive English Programme ကို KDU ကောလိပ်တွင် သင်ကြားနိုင်ပါသည်။
KDU ကောလိပ်တွင် Hospitality & Tourism သင်ကြားနေသော ကျောင်းသား၊
ကျောင်းသူများအား အဆင့်မြင့်ဟိုတယ်ကြီးများတွင်၎င်း၊ Mass Communication
သင်ကြားသူများအတွက် TV နှင့် Radio Station ကြီးများတွင်၎င်း၊
လက်တွေ့လုပ်ဆောင်ရသော (၆)လကြာ On Job Training ပါရှိခြင်းကြောင့်
လုပ်ငန်းခွင်အတွေ့အကြုံကောင်းများလည်းရရှိစေပါသည်။ နိုင်ငံတကာမှ
ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရေးကိစ္စအဆင်ပြေစေရန် KDU ကောလိပ်အနီးတွင်
ကျောင်းဆောင်များ၊ ကွန်ဒိုများစီစဉ် ထားရှိသည့်အပြင်နေထိုင်ရာနေရာမှ
ကောလိပ်သို့ အခမဲ့ကြိုပို့ပေးသော Shuttle Bus များလည်းရှိသဖြင့် သွားရေး၊
လာရေးတွင် များစွာလွယ်ကူချောမွေ့စေကြောင်းသိရှိရပြီး KDU
ကောလိပ်အကြောင်းကို အသေးစိတ်သိရှိလိုသူများနှင့်
ကျောင်းဝင်ခွင့်လျှောက်ထားလိုသူများအနေဖြင့် အမှတ် (၅၂ဝ/D-၁)၊
ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင် (Excel Tower အနောက်ဖက်)၊ ဗဟန်းမြို့နယ်၊
ရန်ကုန်မြို့ရှိ Synergy Education ရုံးခန်းသို့ လူကိုယ်တိုင်
လာရောက်၍ဖြစ်စေ၊ ဖုန်း - (01)558428 ၊ 558307 (လိုင်းခွဲ-304)၊095504931၊
Email:synergy@mail4u.com.mm သို့ဆက်သွယ်ခြင်းဖြင့်ဖြစ်စေ စုံစမ်း
လျှောက်ထားနိုင်ပါသည်။
(27-8-2010)
Source: Net Guide Journal
စင်္ကာပူအစိုးရတက္ကသိုလ်တစ်ခုဖြစ်သော
Nanyang Technological University မှ MSc Information Studies နှင့်
MSc Information System ဘာသာရပ်များ စတင်လျှောက်ထားနိုင်
.
.
.
.
.
.
.
နန်းယန်းတက္ကနော်လောဂျီယူနီဗာစတီဟာ
စင်္ကာပူအစိုးရတက္ကသိုလ်တစ်ခုဖြစ်ပြီး ၂၀၁၁ ဇန်န၀ါရီ စာသင်နှစ်အတွက်၊
ဘွဲလွန်သင်တန်းတွေကို စတင် လျှောက်ထားနိုင်ကြပြီး ၀င်ခွင့်နဲ့ပတ်သက်လို့
အသေးစိတ်အချက်အလက်များကို စက်တင်ဘာ (၁၁) ရက် မနက် (၁၀) နာရီက (၁၁)နာရီအထိ
CROWN Education ရုံးခန်း မှာရှင်းလင်းပြောကြားမယ်လို့ သိရပါတယ်၊၊
ယခုလျှောက်ထားပေးမဲ့ ဘာသာရပ်တွေကတော့၊ Wee Kim Wee School of Communication
& Information လက်အောက်မှာရှိတဲ့ ဘာသာရပ်တွေထဲက၊ MSc Information Studies
နဲ့  MSc Information System ဘာသာရပ်တွေပဲဖြစ်တယ်လို့ ဆိုပါတယ်၊၊
“Wee Kim Wee ဆိုတာ NTU ရဲ့  ကွန်ပြုတာမဟာဌာနတစ်ခုလို့ ပြောရင်ရနိုင်ပါတယ်၊
အဲဒီမှာ စုစုပေါင်း
• Master of Mass Communication
• M.Sc. (Information Studies)
• M.Sc. (Information Systems) နဲ့ 
• M.Sc. (Knowledge Management) ဘာသာရပ်တွေကို သင်ယူလေ့လာနိုင်ပြီး၊
မြန်မာနိုင်ငံကကျောင်းသူ ကျောင်းသားတွေအတွက် M.Sc (Information Studies)
နဲ့ M.Sc (Information Systems) ဘာသာရပ်နှစ်ခုက ၀င်ခွင့်အများဆုံး
ရကြပါတယ်၊၊ နောက်ပြီး မြန်မာနိုင်ငံက ကွန်ပြုတာတက္ကသိုလ်က
ကျောင်းသူကျောင်းသားတွေအပြင်၊ NCC ကချီးမြင့်ထားတဲ့ BCSc
ဘွဲ့ရတွေလည်းလျှောက်ထား နိုင်ပါတယ်၊၊ လျှေက်ထားရာမှာ
ဒီပရိုဂရမ်နှစ်ခုကိုတော့ Online ကပဲလျှောက်ထားခွင့်ရှိပါတယ်၊၊” ဟု CROWN
Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက
ဝင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်ပြီး အကြံပြုပါတယ်၊၊
ကျောင်းသူကျောင်းသားတွေ Application နဲ့ပတ်သက်ပြီး သတိပြုသင့်တဲ့အချက်
တစ်ခုကတော့၊ ကျောင်းကလျှောက်လွှာ လက်ခံတဲ့ရက်ကို လကုန်လို့ သတ်မှတ်သော်လည်း၊
လကုန်မှကပ်ပြီးလျှောက်လွှာ စာရွက်စာတမ်းများ အချိန်မှီ မပို့ပေးနိုင်တဲ့
အခက်အခဲများကြုံတွေ့ရလေ့ရှိကြောင်းနဲ့၊ Online လိုင်းတင်တာ မကြာသော်လည်း၊
စာရွက်စာတမ်းစုတာ၊ နိုတြီပြန်တာအပြင်၊ courier နဲ့စာရွက်စာတမ်းပို့ရမယ့်
ရက်တွေကိုထည့်သွင်း တွက်ချက်ပြီးကြိုကြိုတင်တင်လျှောက်ထားသင့်တယ်လို့
၎င်းကဆက်လက်အကြံပြုပါတယ်၊၊ ကျောင်းလခများနှင့် ပတ်သက်လို့ ကျောင်းပြီးလို့
စင်္ကာပူနိုင်ငံမှာ အလုပ်ပြန်လုပ်ပေးမယ်ဆိုရင် S$ 10,600 ကျသင့်ပြီး၊
အလုပ်ပြန်မလုပ်ပေးခြင်ဘူးဆိုရင်တော့ S% 17,220 ကျသင့်မယ်လို့သိရပါတယ်၊၊
ဝင်ခွင့်လျှောက်ထားခြင်းနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့သိဖို့နဲ့ စက်တင်ဘာ
(၁၁) မှာ ရှင်းလင်းပြောကြားမယ့်အစီအစဉ်ကို တက်ရောက်ဖို့ CROWN Education,
ဖုန်း ၂၁၁ ၈၈၈ (လိုင်းခွဲ ၂၂၈) နဲ့  ၀၉ ၅၀၈၅ ၁၈၅ မှာ
ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိင်တယ်လို့သိရပါတယ်၊၊
(27-8-2010)
Source:
Ko Lin (Myanmar Training)
ERC Institute တွင် Wealth Management တက်ရောက်နိုင်
.
.
.
.
.
. .
.
.
.
.
0
.
ဓနစီမံခန့်ခွဲမှုဆိုင်ရာ Wealth Mangement ဘွဲ့ကိုစင်ကာပူနိုင်ငံရှိ ERC
Institute တွင်တက်ရောက်၍ ရယူနိုင်ပြီဖြစ်ကြောင်းသိရသည်။ ERC
Institute တွင် The University of Greenwich (UK) မှချီးမြှင့်မည့် B.A (Hons:),
BM (Wealth Management) ကိုတက်ရောက်ရယူနိုင်ကြောင်းသိရသည်။ ဆိုပါဘွဲ့တွင်
Career Management, Contemporary Issue in Management Leadership,
Strategic Management, Thematic Independent Studies, Investment & Finance
Management, Issue in Financial Planning & Wealth Management
ဘာသာရပ်များကို ၃ နှစ်အတွင်း သင်ကြားရမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါဘာသာရပ်များအပြင် ERC Institute ၏ Total Success Programme (TSP)
တွင်ပါဝင်သော Financial Intelligence, Memoring by world-class CEO, Real
Life work attachment နှင့် placement
တို့ကိုပါသင်ကြားရမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါဘွဲ့ကို
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ GCE များအောင်မြင်ပြီးသူများ
လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိပြီးအသက် ၁၈
နှစ်အထက်ရှိသူများကို စီစစ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလတွင် ဖွင့်မည့် ERC Institute
၌တက်ရောက်ရန်စိတ်ပါဝင်စားသူများအနေဖြင့် Tip Top International Service
Provider ဖုန်း - 539791 ၊ 02-91001818 သို့ဆက်သွယ်၍
စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
(31-8-2010)
Source: Internet Journal
သြဂုတ်လ (၂၉)ရက်အထိ EduTrust လက်မှတ်ရကျောင်းများစာရင်းနှင့်
လမ်းညွန်ချက်များ ဆက်လက်ထုတ်ပြန်
.
.
.
.
.. ..
.
.
.
.
.
စင်္ကာပူနိုင်ငံ
ပုဂ္ဂလိကပညာရေးကောင်စီမှ သြဂုတ်လ (၂၉)ရက် အထိ EduTrust
လက်မှတ်ရကျောင်းများဆက်လက်ထုတ်ပြန်လျှက်ရှိရာ (၄) နှစ်လက်မှတ်ရကျောင်း
(၁၀)ကျောင်းနှင့်၊ (၁)နှစ်လက်မှတ်ရ ကျောင်းပေါင်း (၁၉)ကျောင်း၊
စုစုပေါင်း (၂၉) ကျောင်း ရှိသွားပြီဖြစ်တယ်လို့သိရပါတယ်၊၊ "ကျောင်းတွေက
ဆက်လက်ထုတ်ပြန်ဖို့ရှိနေပါသေးတယ်၊၊ EduTrust လက်မှတ်ထုတ်ပေးတဲ့စနစ်က
စနစ်ဟောင်း CaseTrust လက်မှတ်သက်တမ်းကုန်ဆုံးရာ ကနေ ဆက်လက် EduTrust
ကိုထုတ်ပေးတဲ့စနစ်ဖြစ်ပါတယ်၊၊"
"အဲဒီမှာစိတ်ဝင်စာဖို့ကောင်းတဲ့အချက်တစ်ခုက CaseTrust
လက်မှတ်သက်တမ်းကုန်ဆုံးပြီး၊ EduTrust လက်မှတ်မရတော့ဘူးဆိုရင်
ဒီကျောင်းက နိုင်ငံတကာကျောင်းသားတွေကို လက်ခံလို့ မရတော့တဲ့သဘော
ဖြစ်သွားပါတယ်၊၊" "ဒီလိုအပြောင်းအလဲကာလမှာ ကျောင်းသားကျောင်းသူတွေအတွက်
"A Concise Guide to Students Enrolling in the Private Education
Institutions in Singapore" ဆိုတာကို တရားဝင်ထုတ်ပြန်ထားပြီး၊
ကျောင်းသူ ကျောင်းသားတွေဖတ်ရှု့ဖို့အကြံပြုတိုက်တွန်းပါတယ်၊၊
အသေးစိတ်အချက်အလက်တွေကို http://www.cpe.gov.sg မှာလေ့လာနိုင်ပါတယ်၊၊"
ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံဦးအောင်ကျော်ဆန်းမှ
အကြံပြုပါတယ်၊၊
အောက်ဖေါ်ပြပါကျောင်းတွေကတော့ EduTrust လက်မှတ် (၄)
နှစ်ရကျောင်းများဖြစ်ပါတယ်၊၊ (Updated on August 29, 2010)
S/N.
PEI's Name
1 AT-SUNRICE ACADEMY
2 EAST ASIA INSTITUTE OF MANAGEMENT
3 ERC INSTITUTE
4 JAMES COOK AUSTRALIA INSTITUTE OF HIGHER LEARNING
5 KLC SCHOOL OF EDUCATION
6 PARKWAY COLLEGE OF NURSING AND ALLIED HEALTH
7 PSB ACADEMY
8 SINGAPORE INSTITUTE OF MANAGEMENT
9 SINGAPORE INSTITUTE OF MATERIALS MANAGEMENT
10 TMC ACADEMY
အောက်ဖေါ်ပြပါကျောင်းများကတော့ သြဂုတ်လ (၂၉)ရက်နေ့ အထိ Council For
Private Education မှထုတ်ပြန်ထားသော (၁) နှစ် EduTrust
လက်မှတ်ရကျောင်းများဖြစ်ပါတယ်၊၊ (Updated on August 29, 2010)
S/N.
PEI's Name
1 ACADEMIES AUSTRALASIA COLLEGE
2 ASCENSIA ACADEMY
3 BEACON SCHOOL OF TECHNOLOGY
4 CURTIN EDUCATION CENTRE
5 DIMENSIONS INTERNATIONAL COLLEGE
6 FIS EDUCATION CENTRE
7 HANBRIDGE SCHOOL
8 KAPLAN HIGHER EDUCATION ACADEMY
9 SAA GLOBAL EDUCATION CENTRE
10 SAE INSTITUTE
11 SGP INTERNATIONAL MANAGEMENT ACADEMY
12 SHELTON COLLEGE INTERNATIONAL
13 SMARTTEAM SCHOOL OF MANAGEMENT
14 SSTC SCHOOL FOR FURTHER EDUCATION
15 STALFORD ACADEMY
16 STET INSTITUTE
17 UNITEDWORLD SCHOOL OF BUSINESS
18 VICTORIA EDUHUB
19 ZHICHENG PRIVATE SCHOOL
With kind regards,
CROWN Education Google Group
Summit Parkview Hotel, # 228-229, No. 350, Ahlone Road,
Dagon Township 11181, Yangon, Myanmar
E-mail : info@crown-education.com
Direct Line: (+95-1) 211 888 (Ext-229), Mobile: (+95-9) 5085 185
Website : www.crown-education.com
(31-8-2010)
Source: Ko Lin (Myanmar Training)
|