Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

Quiz Program ကဏ္ဍအား ခေတ္တခဏနားထားပါသည်။....

SUBSCRIBE

Your Email:


News » International News

Limkokwing University
 

ကမ္ဘာ့အကောင်းဆုံး တီထွင်ဖန်တီးခြင်းဆိုင်ရာ ဘာသာရပ်များကို စရိတ်သက်သာစွာဖြင့် တက်ရောက်သင်ကြားနိုင်စေရန် Limkokwing University of Creative Technology ကို မလေးရှားနိုင်ငံ Professor Dr.Limkokwing မှ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာ့အနှံ့အပြားမှ ကျောင်းသားများ ကုန်ကျစရိတ်သက်သာစွာနှင့် ပညာသင်ယူနိုင်စေရန်အတွက် ကမ္ဘာ့နိုင်ငံကြီး (၇)နိုင်ငံတွင် Campus ကြီး (၁၂)ခုဖွင့်လှစ်ထားရှိပြီး နိုင်ငံပေါင်း 150 မှ ကျောင်းသားပေါင်း 30,000 ကျော် နှစ်စဉ်တက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။ Main Campus တည်ရှိရာ မလေးရှားနိုင်ငံတွင်သာမက အခြားနိုင်ငံကြီး ဖြစ်သော UK၊ အာဖရိက၊ ဆွစ်ဇာလန်၊ Botswana, China, အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား အစရှိသော နိုင်ငံများတွင်လည်း မိမိကြိုက်နှစ်သက်ရာ ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပါသည်။ Limkokwing University ၏ ထူးခြားသော အားသာချက်မှာ Creative Technology ကိုအသုံးပြုပြီး စာတွေ့ထက်လက်တွေ့ကို ပိုမိုဦးစားပေးသင်ကြားပေးသောကြောင့် လူငယ်အများစု အကြိုက်တွေ့နှစ်သက်တက်ရောက်ကြသည်။

Limkokwing သည် Globalized University ဖြစ်သောကြောင့် မည့်သည့်နိုင်ငံရှိ Limkokwing University တွင်မဆိုတက်ရောက်သင်ကြားလျှင် ရရှိသော Quality မှာ အတူတူပင်ဖြစ်သည်။ သို့သော် ကုန်ကျစရိတ်များကို အနည်းငယ်ထည့်သွင်းစဉ်းစားလိုသူများက မလေးရှားနိုင်ငံ Main Campus တွင် ရွေးချယ် တက်ရောက်ကြသည်။ ကျောင်း Campus မှာကျယ်ဝန်းပြီး 24 နာရီ Security Guide များထားရှိထားခြင်းကြောင့် University Life အားအပြည့်အဝခံစားရရှိနိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် မဝေးလှသောမလေးရှားနိုင်ငံတွင် တည်ရှိပြီး စင်္ကာပူကျောင်းစရိတ် ထက်ဝက်နီးပါးသက်သာသောကြောင့်လည်း မိဘများအကြိုက်တွေ့ ကြသည်။ အလုပ်တဖက်နှင့် မအားလပ်သူများအတွက် (၅) ရက်တာအချိန်ပေးရုံမျှဖြင့် Limkokwing ၏ Professional Certificates များကိုရယူနိုင်သော Short Courses များကိုလည်းတက်ရောက်နိုင်သည်။ မြန်မာနိုင်ငံမှအနုပညာရှင်များ၊ Model များ၊ Fashion Design နှင့် Hair Design ကိုစိတ်ဝင်စားသူများ၊ ဓာတ်ပုံပညာရှင်များ၊ ဂီတပညာရှင်များနှင့် Creative ပညာရပ်ကို စိတ်ဝင်စားသော ကျောင်းသားလူငယ်များအနေဖြင့် Limkokwing University သို့သွားရောက် လေ့လာလိုပါက SR Education မှစီစဉ်ဆောင်ရွက်ပေးပါသည်။ အသေးစိတ်သိရှိလိုပါက ရွှေတိဂုံဘုရားလမ်းနှင့် ယောက်လမ်းထောင့်၊ MWEA Tower ပထမထပ်ရှိ Smart Resources ရုံးခန်းတွင် Education Specialist နှင့်လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်ပါသည်။ ဖုန်း-01-374747 ၊ 374748 ၊ 09-5428848

















 
 

(31-8-2010)
Source:
Ko Lin (Myanmar Training)

 


 

ဘွဲ့တစ်ခုရရှိပြီးသူတိုင်းအခမဲ့ ပါဝင်ဖြေဆိုနိုင်သည့် Singapore JCU Scholarship .   . . 
 
.  .. . .     .  . .           

စင်္ကာပူနိုင်ငံရှိ James Cook University (JCU) တွင် မဟာဘွဲ့တက်ရောက်မည့်သူများအတွက် JCU မှ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် စကောလားရှစ် ပေးအပ်သွားမည်ဖြစ်ပါသည်။ ယခုနှစ်အောက်တိုဘာလတွင် JCU သို့ MBA (Master of Business Administration), MIT (Master of Information Technology) နှင့် Joint Master Degree ဖြစ်သည့် MBA+MIT (16 months) အပါအဝင်မဟာတန်းများအတွက် ကျောင်းဝင်ခွင့်လျှောက်ထားမည့်သူများထဲမှ ရွေးချယ် ပေးအပ်မည့် စကောလားရှစ်ဖြစ်သည်။ JCU တွင်အထက်ဖော်ပြပါ Master တန်းများကိုတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံမှဘွဲ့တစ်ခုသာ ရရှိရန် လိုအပ်ပြီး လုပ်ငန်းအတွေ့အကြုံနှင့် အခြားသော စာမေးပွဲဖြေဆိုထားရန် မလိုအပ်ပါ။ သို့သော် အင်္ဂလိပ်စာအရည်အချင်းစစ် IELTS/ TOEFL မရှိသူများအနေဖြင့် JCU မှစစ်ဆေးသော Internal English Test ကို Future Way Office တွင်ဖြေဆိုရမည်ဖြစ်သည်။ စင်္ကာပူ JCU မှ စကောလားရှစ်ရသူများသည် (S$ 4000 - 8000) ရရှိနိုင်မည်ဖြစ်ပြီး စကောလားရှစ်စာမေးပွဲကို လာမည့်စက်တင်ဘာလ (၁၁)ရက်နေ့တွင် Park Royal Hotel- Ball Room (3) ၌ နေ့လည် (၂)နာရီမှ ညနေ(၄)နာရီ အထိကျင်းပမည်ဖြစ်သည်။ စာမေးပွဲကျင်းပအပြီးတွင် JCU နှင့်ပတ်သတ်သည့် ပညာရေးဆွေးနွေးပွဲကို ညနေ (၄)နာရီမှ (၅)နာရီအထိကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံမှဘွဲ့တစ်ခုရပြီးသူတိုင်း အခမဲ့ပါဝင်ဖြေဆိုနိုင်သည့် စကောလားရှစ်စာမေးပွဲဖြစ်ပြီး စာမေးပွဲ၌ General Knowledge နှင့် Multiple Choice မေးခွန်းများဖြေဆိုရမည်ဖြစ်သည်။ ထိုစာမေးပွဲကို အခက်အခဲမရှိ ဖြေဆိုနိုင်ရန် Future Way Education & Services မှ ဆရာ၊ ဆရာမများဖြင့် အခမဲ့ သင်တန်းပို့ချ ပေးမည်ဖြစ်သည့်အပြင် Singapore JCU သို့ အောက်တိုဘာလ Master တန်း ကျောင်းဝင်ခွင့်အတွက် Future Way Education & Services မှတဆင့် ကျောင်းအပ်နှံသူတိုင်းကို လေယာဉ်လက်မှတ် (One Way Ticket) ကိုပါ အခမဲ့ပေးမည်ဖြစ်သည်။ ထို့အပြင် အထူးအစီအစဉ်အဖြစ် စင်္ကာပူနိုင်ငံ JCU မှ Mr.Det Fischer သည် ၁၂ ရက်နေ့ မနက် ၁ဝ နာရီမှ ၁၂ နာရီအထိ တစ်ဦးချင်းဆွေးနွေးလိုသောကျောင်းသား၊ ကျောင်းသူများအတွက် Future Way ရုံးခန်းတွင် တစ်ဦးချင်းအသေးစိတ် ဆွေးနွေးပေးမည်ဖြစ်သည်။

စကောလားရှစ်စာမေးပွဲပါဝင်ဖြေဆိုလိုသူများနှင့် အသေးစိတ်သိလိုသူများသည် အမှတ် (၉)၊ အခန်း(၆)အေ၊ ယောမင်းကြီးလမ်းသွယ် (သမ္မတရုပ်ရှင်ရုံဘေး) သမ္မတကွန်ဒိုရှိ Future Way Education & Services (ဖုန်း - 01-241099 ၊ 254185) ကိုဆက်သွယ်စုံစမ်းစာရင်းပေးသွင်းပြီး စာမေးပွဲအကြိုပြင်ဆင်မှုသင်တန်းကို အခမဲ့တက်ရောက်နိုင်ပါသည်။ James Cook University (JCU) သည် သြစတြေးလျနိုင်ငံရှိ အစိုးရတက္ကသိုလ်တစ်ခုဖြစ်ပြီး ထိပ်တန်း တက္ကသိုလ်များစာရင်းဝင်ဖြစ်သည်။ JCU တွင် Townsville Campus, Cairns Campus များရှိပြီး Singapore JCU Campus သည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ Singapore JCU သည် သြစတြေးလျနိုင်ငံသို့သွားရန်မလိုပဲ နိုင်ငံတကာအဆင့်မီ သြစတြေးလျဘွဲ့ နှင့် မဟာဘွဲ့များ၊ ပါရဂူဘွဲ့များကို စင်္ကာပူတွင်ပင် သင်ယူရရှိနိုင်ပြီး အချိန်မရွေးစင်္ကာပူမှ သြစတြေးလျသို့ ကျောင်းပြောင်းတက်နိုင်သည်။ ထူးခြားချက်မှာ Bachelor ဘွဲ့ရရှိမည့် Undergraduate တန်းများသည် ၂ နှစ်သာတက်ရောက်ရပြီး Master Degree အတန်းများသည်လည်း ၁ နှစ်သာတက်ရောက်ရသောကြောင့် အချိန်ကုန်ငွေကုန် သက်သာစွာဖြင့် လုပ်ငန်းခွင်သို့ဝင်နိုင်ခြင်းပင်ဖြစ်သည်။ ထို့အပြင် Singapore JCU မှ ကျောင်းပြီးသွားသော ကျောင်းသူ/ကျောင်းသားများအနေဖြင့် စင်္ကာပူတွင်အလုပ်ရှာဖွေနေထိုင်ခွင့် EPEC (Employment Pass Eligibility Certificate) တစ်နှစ်ကိုလျှောက်ထားရရှိနိုင်ကြောင်းသိရသည်။














 


 

(31-8-2010)
Source: Ko Lin( Myanmar Training)


       Pre-University မှ Postgraduate အထိပညာသင်ယူလေ့လာဆည်းပူးနိုင်သော “Sunway University College” . . . . .   .  .      .  . .    5        

Malaysia နိုင်ငံရှိ Tier “5” Excellent အဆင့်ရရှိထားသော Sunway University College ကို (1987) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Malaysia နိုင်ငံတွင်းနှင့် နိုင်ငံတကာရှိ အဆင့်မြင့်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကတက္ကသိုလ် တစ်ခုအဖြစ်ရပ်တည်နေသော ကျောင်းကြီးတစ်ခုဖြစ်ပါသည်။ Sunway University College သည် Private University တစ်ခုဖြစ်ပြီး Pre-University, Diploma, Degree, American Degree Transfer Program, Professional Accounting Postgraduate အထိကို Malaysia နိုင်ငံတွင်ပင် သင်ယူနိုင်သလို၊ Sunway-University ၏ Partner Universities များသို့လည်းသက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ယူနိုင်ကြောင်း Myanmar Search International (MSI) မှသိရှိရပါသည်။ Sunway University College သည် အသိဥာဏ်နှင့် လေ့ကျင့်မှုပြည့်ဝသော ဘွဲ့ရပညာတက်ပေါင်း (၄ဝဝဝဝ)နီးပါးခန့်ကို လေ့ကျင့်သင်ကြားမွေးထုတ်ပေးခဲ့ပြီး၊ ယခုလက်ရှိတွင်လည်းနိုင်ငံပေါင်း (၈ဝ) ကျော်မှ ကျောင်းသား/သူပေါင်း (၉ဝဝဝ) ခန့်သင်ကြားပေးနေသော တက္ကသိုလ်ကြီးတစ်ခုလည်းဖြစ်ပါသည်။
“Sunway University College” သင်ယူရခြင်းဖြင့် ရရှိခံစားနိုင်သော အကျိုးကျေးဇူးများမှာ
1. “Foundation” မှ “Postgraduate Degree” အထိကိုမလေးရှားတွင်ပင် အကုန်အကျသက်သာစွာဖြင့် သင်ယူနိုင်ခြင်း၊
2. “Sunway University College” မှတဆင့် ကမ္ဘာအနှံ့အပြားတက္ကသိုလ်များသို့ ပြောင်းရွေ့လျှောက်ထားနိုင်သော အခွင့်အလမ်းများရှိခြင်း၊
3. ကျောင်းစရိတ်နှင့် နေထိုင်စားသောက်စရိတ်မှာ သင့်လျော်သော နှုန်းဖြင့်လုံခြုံစိတ်ချရမှုရှိခြင်း၊
4. “Sunway University College” သည်မြို့တော် Kuala Lumpur မှကားဖြင့်သွားရာတွင် မိနစ်သုံးဆယ်ခန့်သာ သွားရခြင်းကြောင့် ကျောင်းသား/သူများသွားလာရလွယ်ကူခြင်း၊
5. တက္ကသိုလ်ကြီး၏ အကောင်းဆုံးဝန်ဆောင်မှုများဖြစ်သည့် Academic ပိုင်းဆိုင်ရာသင်ရိုးညွှန်းတမ်းများ ပြည့်စုံမှု၊ ဓာတ်ခွဲခန်း၊ နေထိုင်မှုဆိုင်ရာပြီးပြည့်စုံမှု၊ အားကစားနှင့် အပန်းဖြေနေရာများသည် လုံခြုံစိတ်ချရမှု ရှိခြင်းကြောင့် University Life ကိုအပြည့်အဝ ခံစားနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း MSI မှထပ်မံသိရှိရပါသည်။
“Sunway University College” နှင့် တွဲဖက်ချိတ်ဆက်ထားသော Partner Universities များမှာ -
1. Lancaster University (UK)
2. Monash University (Australia)(G8)
3. Victoria University (Australia) များနှင့်ချိတ်ဆက်ဖွင့်ထားပါသည်။
“Sunway University College” တွင်သင်ယူနိုင်သော ဘာသာရပ်များမှာ - ဘွဲ့ကြိုတက္ကသိုလ် (Pre-University) ဘာသာရပ်တွင်
- Australian Matriculation Program
- Cambridge GCE A Level
- Canadian International Matriculation Programes (CPU)
- Monash University foundation Year Program
- Sunway foundation in Arts
Diploma ဘာသာရပ်တွင်
- Business Administration
- Information Technology
- Graphic & Multimedia Design
- Interior Design
- Fine Arts & Nursing
- Hotel Management
- Tourism Management
- Events Management
- Performing Art ဘာသာရပ်များလည်း သင်ကြားနိုင်ပါသည်။
Bachelor Degree တွင်
- Accounting & Finance
- Business Management
- Business Studies
- Information Systems
- Information Technology
- Psychology
- International Hospitality Management
- International Tourism Management
- Banking & Finance
- International Trade Marketing
- Financial Risk Management တို့ကိုသင်ယူနိုင်ပါသည်။
American Degree Transfer Program တွင်သင်ယူနိုင်သော ဘာသာရပ်များမှာ -
- Business
- Communication
- Natural Science
- Aviation
- Acturial Science
- Computer Science
- Engineering တို့ကိုသင်ယူနိုင်ပါသည်။
Professional Accounting ဘာသာရပ်ပိုင်းတွင်
- Certified Accounting Technician (CAT)
- Association of Chartered Certified Accountants (ACCA)
- The Institute of Chartered Accountants in England & Wales (ICEAW)
Postgraduate ဘာသာရပ်တွင် Victoria University (Australia) မှ MBA ကိုလည်းတက်ရောက်နိုင်ကြောင်း MSI မှထပ်မံသိရှိရပါသည်။ Sunway University College ၏ ဘာသာရပ်ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်မှာ သက်ဆိုင်ရာ Program အလိုက်ကွာခြားနိုင်ကြောင်း၊ ထို့ပြင် Sunway University College ၏ Education Seminar ကို MSI နှင့်ပူးပေါင်း၍ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး ပွဲပြုလုပ်မည့်ရက်မှာ September 13 ရက်နေ့တွင် နံနက် (103း0 မှ 23း0) အထိ MSI ရုံးခန်းတွင် Sunway University College မှတာဝန်ရှိသူများဖြစ်သော Mr.Alan Ng International Student Office (International Marketing) and Ms.Lim Shui Chin (International Student Office Director)မှရှင်းလင်းပြောကြားသွားမည် ဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသော ကျောင်းသား/သူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းကြပါရန် အသေးစိတ်စုံစမ်းလိုပါက MSI ရုံးခန်း၊ အမှတ် (၂၃၄)၊ ဒုတိယထပ်(ညာ)၊ ရွှေဘုံသာအလယ်လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး ဖုန်းနံပါတ်များအနေဖြင့် 01-389915, 01-250929, 09-5103915 သို့ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းနှင့် www.overseaeducation-msi.com သို့လည်းဝင်ရောက် လေ့လာနိုင်ပါကြောင်းအသိပေးလိုက်ရပါသည်။
















 
 

(7-9-2010)
Source: Ko Lin (Myanmar Training)


                         လုပ်သက်အတွေ့အကြုံရှိ ဥပဒေဘွဲ့ရများ စီးပွားရေးဥပဒေမဟာဘွဲ့ လျှောက်နိုင် . . . .

. .  . .

 လုပ်သက်သုံးနှစ် အတွေ့အကြုံရှိ ဥပဒေဘွဲ့ရများအင်္ဂလန်နိုင်ငံရှိ Landon School of Business and Finance တွင် Bradford University မှချီးမြှင့်သည့် နိုင်ငံတကာ စီးပွားရေးဥပဒေမဟာဘွဲ့ LL.M(International Business Law ) ကိုတက်ရောက်နိုင်ကြောင်းသိရသည်။ အဆိုပါမဟာဘွဲ့သင်တန်းသည် အချိန်ပြည့် တစ်နှစ်သင်တန်းဖြစ်ပြီး အပိုင်းလေးပိုင်းတက်ရောက်ရမည် ဖြစ်ကြောင်းသိရသည်။ အပိုင်း ၁ Certificate in International Business Law တွင် International Trade Law, International Competition Law, Cooperate Governance တို့ကိုသင်ကြားရမည်ဖြစ်ပြီး အပိုင်း ၂ Diploma in International Business Law တွင် Researching International Business, Elective Module 1 & 2 တို့ပါဝင်သည်။ အပိုင်း ၃ နှင့် ၄ LL.M in International Business Law တွင် Management Research Methodology နှင့် Final Project တို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်းသိရသည်။ ယင်းမဟာဘွဲ့သင်တန်း တက်ရောက်ရန်အတွက် တက္ကသိုလ်တစ်ခုခုမှ ဥပဒေဘွဲ့ရရှိထားရမည်ဖြစ်ပြီး ဘာသာစကားကျွမ်းကျင်မှုအနေဖြင့် IELTS 6.5 သို့မဟုတ် TOEFL 550 ရှိရမည်ဖြစ်ကြောင်းသိရသည်။ GMAT 550 ရရှိထားသူများနှင့် လုပ်ငန်းအတွေ့အကြုံသုံးနှစ် အထက်ရှိသူများသည် ဝင်ခွင့်ရရှိရန် ပိုမိုအထောက်အကူဖြစ်မည်ဟုသိရသည်။














 

(7-9-2010)
Source: 7 Day News Journal


ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ပညာသင်ဆုလျှောက်ထားနိုင် . . 
 
. .  . . .   . .  .    . 0     .    

ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသားများအတွက် ပြည်သူ့ကျန်းမာရေးပညာမဟာဘွဲ့ (MPH) ပညာသင်ဆုအစီအစဉ်ကို စက်တင်ဘာ ၁၅ ရက်နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်းသိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ James & Grant School of Public Health (BRAC University) တွင်တစ်နှစ်တက်ရောက် ပညာသင်ယူရမည့် အဆိုပါပညာသင်ဆုအတွက် အင်တာဗျူးကို အောက်တိုဘာ ၁၅ ရက်၌ ပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်တွင် ပညာသင်ဆုရရှိသူကို ထုတ်ပြန် ကြေညာမည်ဖြစ်သည်။ ပညာသင်ဆုရရှိသောကျောင်းသားများသည် ၂ဝ၁၁ ဇန်နဝါရီတွင် ကျောင်းစတင်တက်ရောက် ရမည်ဖြစ်ပြီး ၂ဝ၁၂ ဇန်နဝါရီလတွင် သင်တန်းပြီးဆုံးမည်ဟုသိရသည်။ ပညာသင်ဆုလျှောက်ထားလိုသော ကျောင်းသားများအနေဖြင့်အသေးစိတ် အချက်အလက်များကို အထက်ပါ တက္ကသိုလ်ကျောင်း ဝက်ဘ်ဆိုက်ဖြစ်သော www.bracu.ac.bd တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။



















 

(7-9-2010)
Source: 7 Day News Journal
 



                    နိုဝင်ဘာတွင် လာစစ်မည့် ပိုလီကျောင်းအချို့၏ ကျောင်းဝင်ခွင့်စာမေးပွဲကျင်းပချိန်အပြောင်းအလဲရှိနိုင် .  . .  .  .. ..  . .  .  .  .

 နှစ်စဉ် နိုဝင်ဘာလအတွင်းလာရောက်စစ်ဆေးသော စင်ကာပူနိုင်ငံမှ ပိုလီကျောင်းအချို့၏ ကျောင်းဝင်ခွင့်စာမေးပွဲကျင်းပမည့် အချိန်အပြောင်းအလဲ ရှိနိုင်ကြောင်း စင်ကာပူပညာရေးကျွမ်းကျင်သူ အချို့က သုံးသပ်သည်။ ၂ဝ၁၁ ဧပြီလ ကျောင်းဝင်ခွင့်အတွက် စင်ကာပူအစိုးရပိုင်ကျောင်းများဖြစ်သော ရီပက်ဘလစ်ပိုလီ၊ စင်ကာပူပိုလီ၊ တီမားဆက်ပိုလီနှင့် နန်ယန်းပိုလီကျောင်းများသည် စက်တင်ဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာများ၌ ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးများတွင် စာမေးပွဲလာရောက်စစ်ဆေးလေ့ရှိကြောင်းသိရသည်။ “ပုံမှန် နိုဝင်ဘာလဆန်းနဲ့ လလယ်မှာ စစ်နေတာရှိတယ်။ ဒါပေမဲ့ ဒီနှစ်က နည်းနည်းနောက်ဆုတ် သွားနိုင်တယ်။ ဒီဇင်ဘာလလောက်ဖြစ်မယ်မှန်းတယ်။ သက်ဆိုင်ရာကျောင်းတွေရဲ့ ဝက်ဘ်ဆိုက်တွေမှာတော့ ပုံမှန်အတိုင်းပဲတင်ထားပါတယ်” ဟု စင်ကာပူ ပညာရေးဝန်ဆောင်မှုဆောင်ရွက်နေသူတစ်ဦးကဆိုသည်။ ပုံမှန်အားဖြင့် ရီပက်ဘလစ်ပိုလီကျောင်းသည် စက်တင်ဘာလ၌လည်းကောင်း၊ စင်ကာပူပိုလီနှင့် တီမားဆက်ပိုလီသည် နိုဝင်ဘာလ၌ လည်းကောင်း၊ နန်ယန်းပိုလီသည် ဒီဇင်ဘာလ၌လည်းကောင်း ကျောင်းဝင်ခွင့်စာမေးပွဲလာရောက်စစ်ဆေးလေ့ရှိပြီး ယခုနှစ်၌ စာမေးပွဲကြေးအချို့မှာလည်း မြင့်တက်သွားကြောင်းသိရသည်။















 

(7-9-2010)
Source: 7 Day News Journal
 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats