|
News
» International News
University of Wales
မှ ချီးမြှင့်သည့် BA (Hons) နောက်ဆုံးနှစ် သင်ယူနိုင်
STI Education သည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
စီမံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာနှင့် အဆင့်မြင့်ဒီပလိုမာဘာသာရပ်အမျိုးမျိုး
သင်ကြားပို့ချလျှက်ရှိသည်။ ယခုအခါ STI မှ အဆင့်မြင့်ဒီပလိုမာ
အောင်မြင်ပြီးစီးသူများအနေနှင့် Wales တက္ကသိုလ်၏ BA (Hons) in Business ၏
နောက်ဆုံးနှစ်ကို သင်ယူနိုင်ပြီဖြစ်သည်။ ယင်းအစီအစဉ်သည် အင်္ဂလန်နိုင်ငံ Wales
တက္ကသိုလ်၏ BA (Hons) ကို ပြည်တွင်း၌ သင်ယူနိုင်မည့် ပထမဆုံးနှင့် တစ်ခုတည်းသော
အစီအစဉ်ဖြစ်သည်။ ယင်းဘွဲ့ကို University of Wales, UK မှ ချီးမြှင့်မည်ဖြစ်ပြီး
အင်္ဂလန်နိုင်ငံ Wales တက္ကသိုလ်မှ တိုက်ရိုက် သင်ကြားမည်ဖြစ်သည်။ သင်ကြားသည့်
ဘာသာရပ်များမှာ (Managing Self and Others, Strategic Management, Emerging
Business Themes, Financial Decision Making, Marketing Strategy, Project
Management) တို့ဖြစ်ပြီး (၁) နှစ်မှ (၃) နှစ် အတွင်း မိမိစိတ်တိုင်းကျ
အွန်လိုင်းသင်ယူနိုင်မည်ဖြစ်သည်။ ယင်းနောက်ဆုံးနှစ် တက်ရောက်လိုသူများအနေနှင့်
အင်္ဂလိပ်ဘာသာသတ်မှတ်အရည်အချင်း ပြည့်မီရမည်ဖြစ်သည်။ မပြည့်မီသူများအနေနှင့် STI ၌
English Foundation Program တက်ရောက်ရမည်ဖြစ်သည်။ Intake အားဖြင့် Jan, April,
July, Oct (၄)ခုရှိကြောင်းသိရှိရသည်။
April Intake တွင် စတင်တက်ရောက်လိုသူများအနေနှင့် ဖေဖေါ်ဝါရီလနှင့်
မတ်လဆန်းတွင် STI ၌ လျှောက်ထားနိုင်ကြောင်းသိရှိရသည်။ ကျောင်းလခအားဖြင့်
အထူးပင်သက်သာကြောင်းနှင့် နောက်ဆုံးနှစ်အောင်မြင်သူများသည် အင်္ဂလန်နိုင်ငံ Wales
တက္ကသိုလ်၌ သွားရောက်၍ ဘွဲ့နှင်းသဘင် တက်ရောက်နိုင်ကြောင်းသိရှိရသည်။ ၎င်းအပြင်
နိုင်ငံတကာအသိအမှတ်ပြု အဆင့်မြင့် ဒီပလိုမာအောင်မြင်ပြီးသူများ၊ တက္ကသိုလ်တစ်ခုခုမှ
ဘွဲ့ရရှိပြီးသူများလည်း လျှောက်ထားနိုင်ကြောင်းသိရှိရသည်။ Wales တက္ကသိုလ်၏ BA
(Hons) အောင်မြင်ပြီးသူများအနေနှင့် STI ၌ University of Bradford ၏ MBA
ကိုလည်းကောင်း၊ University of Wales ၏ MBA ကိုလည်းကောင်း ဆက်လက်၍
သင်ကြားနိုင်ကြောင်းသိရှိရသည်။ စိတ်ပါဝင်စားသူများအနေနှင့်
အသေးစိတ်အချက်အလက်များကို STI Education တည်ရှိရာ အမှတ် (၃၇၇)၊ ရွှေဘုံသာအထက်လမ်း၊
ပန်းဘဲတန်းမြို့နယ်သို့လည်းကောင်း၊ အဆောင်(၄)၊ အခန်း (၇)၊ မြန်မာအင်ဖိုတက်၊
လှိုင်မြို့နယ်သို့လည်းကောင်း ဖုန်း - ၅၀၇၀၄၈ ၊ ၅၀၇၁၅၁၊ ၅၀၇၀၄၆၊ ၂၅၀၀၅၆၊ ၇၀၀၂၇၃
တို့သို့ ဆက်သွယ်စုံစမ်း ဆွေးနွေးမေးမြန်း၍ တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။
(25-2-2011)
Source: Ko Lin (Myanmar Training)
စင်္ကာပူ
အမျိုးသားတက္ကသိုလ် National University of Singapore (NUS) ၏
ဘွဲ့လွန်ဒီပလိုမာ လျှောက်ထားနိုင်
. .
.
.
.
.
.
.
..f
.
.
.
. .
.
.
. .
.
.
..
.
.
.
.
.

စင်္ကာပူ အမျိုးသားတက္ကသိုလ် National University of Singapore (NUS) ၏
Institute of System Analysis တွင် ၂၀၁၁ သြဂုတ်လ Intake အတွက် Graduate
Diploma in System Analysis ဘွဲ့လွန် ဒီပလိုမာကို တက်ရောက်လိုသူများ၏
ဝင်ခွင့်စာမေးပွဲကို မြန်မာနိုင်ငံတွင် လာရောက် စစ်ဆေးပေးမည်ဟု CROWN
Education မှ သိရပြီး၊ ကျောင်လျောက်ထားခြင်းနှင့် ၀င်ခွင့်စာ မေးပွဲ
အတွက်ပြင် ဆင်ခြင်းများကို ဖေဖေါ်ဝါရီ (၂၆) ရက်စနေနေ့၊ နံနက်(၁၀) နာရီတွင်
CROWN Education ရုံးခန်းတွင် ရှင်းလင်းပြောကြားဖြစ်ကြောင်း သိရပါသည်၊၊
အဆိုပါဘွဲလွန်သင်းတန်းမှာ နှစ်စဉ် ဖေဖေါ်ဝါရီလအတွက် တစ်ကြိမ်၊
သြဂုတ်လအတွက်တစ်ကြိမ်၊ စုစုပေါင်း (၂) ကြိမ်ခေါ်ယူလေ့ရှိပြီး၊ ၂၀၁၀
စာသင်နှစ်မှစ၍ သြဂုတ်လစာသင်နှစ်အတွက် တစ်ကြိမ်သာ ခေါ်ယူခဲ့ကြောင်းသိရသည်၊၊
ယခုအခါကျောင်းသားကျောင်းသူများ ၂၀၁၁ သြဂုတ်လ စာသင်နှစ် အတွက်
စတင်လျောက်ထားနိုင်ပြီး၊ ၀င်ခွင့်ဖြေဆိုရမည့် Aptitude Test အတွက်
အခမဲ့ရက်တို သင်တန်းကို CROWN Education
တွင်ပို့ချပေးမည်ဖြစ်ကြောင်းသိရပါသည်၊၊ အဆိုပါ ဘွဲ့လွန် ဒီပလိုမာအတွက်
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိရန်လိုအပ်ပြီး၊ (Science
ဘွဲ့ကိုပိုပြီး ဦးစားပေးပါသည်၊၊) IELTS/ TOEFL အမှတ်မရရှိသူများပါ
လျောက်ထားနိုင်သည်ဟု သိရပါသည်၊၊ ကွန်ပျူတာ Programming/ Web Developing
အလုပ်အကိုင် အတွေ့အကြုံရှိသူများအတွက် ဝင်ခွင့်ရရှိရန် အခွင့်အရေး
ပို၍များနိင်ပြီး၊ ကျောင်းလျှောက်လွှာ လျှောက်ထားရာတွင် Online
မှလျောက်ထားရန်လိုအပ်ကာ၊ Application Fees စင်္ကာပူဒေါ်လာ
(၂၀)ပေးသွင်းရမည်ဖြစ်ပါသည်၊၊
“ဒီဘွဲ့လွန်သင်တန်းခေါ်ယူမူ့ မှာ မနှစ်ကလည်း ကျောင်းသူကျောင်းသားတွေ
မြန်မာနိုင်ငံမှာပဲ ၀င်ခွင့်ဖြေဆိုခွင့်ရအောင်
စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်၊၊ ဒီနှစ်မှာလည်း၊ သတ်မှတ်အရည်အချင်း
ပြည့်မှီသူတိုင်းကို ၀င်ခွင့်စာမေးပွဲဖြေဆိုခွင့်ရ အောင်စီစဉ်ထားပါတယ်၊၊
မြန်မာနိုင်ငံမှာ ၀င်ခွင့်ဖြေဆိုရမယ့် အချိန်စာရင်းကိုတော့
ထပ်မံကြေငြာသွားပါ့မယ်၊၊ မြန်မာနိုင်ငံကကျောင်းသူ ကျောင်းသားတွေအတွက်
အရေးကြီးတဲ့အချက်တစ်ခုကတော့ ကျောင်းရဲ့အင်တာနက် စာမျက်နှာမှ ဖေါ်ပြထားတဲ့
လျောက်လွှာပိတ်ရက်နဲ့ ပတ်သက်ပြီး၊ အခြားနိုင်ငံတကာကျောင်းသားတွေ အတွက် May
`16, 2011 မှာ လျောက်လွှာတင်ဖို့ နောက်ဆုံးရက်လို့ ဖေါ်ပြထားပေမယ့်၊
မြန်မာနိုင်ငံကကျောင်းသူ ကျောင်းသားတွေအတွက်၊ April 30 မှာနောက်
ဆုံးထားပြီးလျောက်ထားဖို့လိုပါတယ်၊၊ ဒါမှ မြန်မာနိုင်ငံမှာပဲ
စာမေးပွဲဖြေဆိုခွင့် ရရှိနိုင်မှာဖြစ်ပါတယ်၊၊” ဟု ၀င်ခွင့်စာမေးပွဲ
အခမဲ့ရက်တိုသင်တန်းပို့ချပေးမည့် CROWN Education မှ ပညာရေးအတိုင်ပင်ခံ
ဦးအောင်ကျော်ဆန်းမှ ပြောကြားပါသည်၊၊ အဆိုပါသတ်မှတ်ထားသောနေ့ထက်
နောက်ကျရောက်လာသော လျောက်လွှာရှင်များအနေဖြင့်၊
ဝင်ခွင့်စာမေးပွဲကိုစင်္ကာပူတွင် ဖြေဆိုရမည်ဖြစ်ကြောင်း၊ NUS-iSS မှ
တရားဝင်စာဖြင့် အကြောင်းကြားထားကြောင်း သိရပါသည်၊၊
ဝင်ခွင့်ရရှိသောကျောင်းသူကျောင်းသားများအနေဖြင့်၊ Industry Attachment
ပါလုပ်ကိုင်ရမည်ဖြစ်ပြီး၊ ကျောင်းလခများအနေဖြင့်၊ စင်္ကာပူကုမ္မဏီများ
တွင်သုံးနှစ်အလုပ်လုပ်ရန် လက်မှတ်ထိုးသူများ အနေဖြင့်၊ S$ 12,680
ကျသင့်ပြီး၊ အလုပ်လုပ်ပေးရန်စာချူပ် လက်မှတ်မထိုးသူများ အနေဖြင့်၊ S$
19,100 ပေးဆောင်ရန် လိုအပ်ပါသည်၊၊ ယခု August 2011 သည် (၃4) ကြိမ်မြောက်
Intake ဖြစ်ပြီး၊ အချိန်ပြည့်သင်တန်းဖြစ်ကာ၊ လက်တွေ့လုပ်ငန်းခွင် (၄)
လခွဲအပါအ၀င်၊ စုစုပေါင်း (၁၁) လကြာမြင့်မည်ဖြစ်ပါသည်၊၊ ၀င်ခွင့်ရရှိသော
ကျောင်းသူ ကျောင်းသားများအနေဖြင့်၊ ၄င်းပေးဆောင်ရမည့် ကျောင်းလခများအတွက်
Tuition Fee Loan (TFL) Scheme ကို ၉၀% အထိ လျှောက်ထားနိုင်ပါသည်၊၊
လျှောက်ထားလိုသူများ၊ အသေးစိတ်သိရှိလိုသူများနှင့်
ဆွေးနွေးပွဲ တက်ရောက်လိုသူများ CROWN Education, Summit Parkview Hotel,
ဖုန်းနံပါတ် 211888 (Ext 228/229)၊ နှင့် ၀၉ ၅၀၈၅ ၁၈၅ တွင်
ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်းသိရပါသည်၊၊
(25-2-2011)
Source: Ko Lin (Myanmar Training)
MSI မှ (Non Profit)
စနစ်ဖြင့် အမေရိကန်ပညာရေးနှင့် ထိုင်းနိုင်ငံလေ့လာရေးခရီးစဉ်ကို ပထမဦးဆုံး
ကြီးမှူးဆောင်ရွက်ခြင်း
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. 5
Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှု
ကုမ္ပဏီသည် Webster University Thailand Campus (WUTC) ၏
ပူးပေါင်းကူညီမှုဖြင့် Webster Education Tour Package Program တစ်ခုကို
2011 March လမှစတင်၍ အမေရိကန်ပညာရေးနှင့် ထိုင်းနိုင်ငံလေ့လာရေး
ခရီးစဉ်တစ်ခုအဖြစ် (Non Profit - အကျိုးအမြတ်မရှိ)
စနစ်ဖြင့်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း Myanmar Search International
Co.,Ltd မှ သိရှိရပါသည်။
၎င်း လေ့လာရေးခရီးတွင် WUTC ရှိ Master Program သင်ကြားနေသော “Bangkok
Academic Center” နှင့် Undergraduate Program ကို သင်ကြားနေသော “Resort
Town” တစ်ခုဖြစ်သည့် Cha-am, Hua-Hin Campus တို့ ပါဝင်မည်ဖြစ်ပြီး၊
၎င်းဒေသနှစ်ခုရှိ အထင်ကရနေရာများကို ပါဝင်ထည့်သွင်း လေ့လာမည်ဖြစ်သည်။
ခရီးစဉ်ကာလမှာ (၃) ညအိပ် (၄) ရက်ဖြစ်ပြီး ၎င်း “Campus နှစ်ခုကို
သွားရောက်မည့် ကုန်ကျစရိတ်နှင့် တည်းခိုစရိတ်၊
နေထိုင်စားသောက်စရိတ်အားလုံးကို Webster University Thailand Campus (WUTC)
မှ အကုန်အကျခံမည်ဖြစ်ကြောင်း” နှင့် ၎င်းခရီးစဉ်တွင် (MSI) ပညာရေးဝန်ဆောင်မှုမှ
ဦးစီး၍ အမေရိကန်ပညာရေးကို စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများနှင့်
မိဘများကိုပါ ကုန်ကျစရိတ်သက်သာပြီး (Non Profit) စနစ်ဖြင့်
လိုက်လံပို့ဆောင်ပေးမည်။
“ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရတဲ့ ရည်ရွယ်ချက်က
ကိုယ့်ရဲ့အိမ်နီးနားချင်းနိုင်ငံတွေမှာ ကုန်ကျစရိတ်သက်သာပြီး၊ Quality
Control ရှိတဲ့ကမ္ဘာ့ အသိအမှတ်ပြု University တွေရှိနေတယ်ဆိုတာကို
မြန်မာပြည်က ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘတွေကို
မီးမောင်းထိုးပြချင်တယ်၊ မြန်မာပြည်မှာ (၁၀)တန်းအောင်မြင်ပြီးတဲ့
ကျောင်းသား၊ ကျောင်းသူတွေက ကမ္ဘာ့အသိအမှတ်ပြု University တွေကိုတိုက်ရိုက်
ချိတ်ဆက် သင်ကြားလို့ရတယ် ဆိုတာကို မိဘတွေအနေနဲ့ သိရှိနားလည်စေချင်တယ်။
အဓိကအချက်ကတော့ ကိုယ်ရတဲ့ ဘွဲ့ဒီဂရီဟာ ကိုယ့်ဘဝတစ်လျှောက်လုံးအတွက်
ခိုင်မာတဲ့ ထမင်းစားလက်မှတ်တစ်ခု ဖြစ်ရမယ်။ အဲဒီလိုဖြစ်ဖို့အတွက်
ကျောင်းရွေးချယ်မှု မှန်ကန်ရမယ်။ ကိုယ်ရွေးချယ်တဲ့ကျောင်းကလည်း နိုင်ငံတကာ
အသိအမှတ်ပြုဖြစ်ရမယ်။ ကျောင်းသား၊ ကျောင်းသူတွေကို တကယ်
သင်ကြားပို့ချပေးနိုင်တဲ့ ကျောင်းလည်းဖြစ်ရမယ်။ ” ဟု Myanmar Search
International ပညာရေးဝန်ဆောင်မှုမှ Managing Director ဒေါ်စုစုလှိုင်က
ပြောကြားသွားပါတယ်။
Webster University ကို 1915 ခုနှစ်တွင်အမေရိကန်နိုင်ငံ MISSOURI
ပြည်နယ် St.Louis မြို့၌ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတကာရှိ Campus ပေါင်း
(၉) ခု အပါအဝင် ကမ္ဘာ့အနှံ့အပြားတွင်လည်း University ပေါင်း (၁၀၀)
ကျော်နှင့် ချိတ်ဆက်ထားသည်။ Webster University တွင် မြန်မာကျောင်းသားများ
အပါအဝင်နိုင်ငံပေါင်း (၁၃၀) ကျော်မှ ကျောင်းသားများတက်ရောက်လျက်ရှိသည်။
(1) အင်ဒိုနီးရှားသမ္မတကြီး Susilo Bam bang Yudhoyono
(2) ထိုင်းနိုင်ငံ၏ ပညာရးဒုဝန်ကြီး Narlsara Chavaltanpipt
(3) အမေရိကန်နိုင်ငံ၏ (Commonder of all US Special Forces 03-07) General
Bryar D Brown တို့ကဲ့သို့သော အောင်မြင်ကျော်ကြားသည့် ကျောင်းဆင်းများကို
မွေးထုတ်ပေးခဲ့သော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။
Webster University ၏ International Campus များထဲမှ တစ်ခုဖြစ်သော (Resort
Town) ဖြစ်သည့် Cha-am, Hua Hin ရှိ WUTC တွင် Undeargraduate Program
သင်ကြားနိုင်သော ဘာသာရပ်များမှာ-
School of Business & Technology
- B.A Management
- B.A Management Emphasis in International Business
- B.A Management Emphasis in Marketing
- B.Sc Business Administration
School of Communications
- B.A Media Communication
- B.A Public Relation
- B.A Advertising & Marketing Communicatios
College of Arts & Sciences
- B.A Psychology
- B.A International Relations တို့ဖြစ်သည်။
Bangkok Academic Center ရှိ Master Program သင်ကြားနိုင်သော
ဘာသာရပ်များမှာ-
Master of Business Administration (MBA)
Master of Arts in International Relations
Master of Arts in Media Communications တို့ဖြစ်သည်။
၎င်း Thailand Campus မှ တဆင့် အခြားနိုင်ငံများဖြစ်ကြသော United States (St.Louis),
United Kingdom (London), Switzerland (Geneva), The Netherlands (Leiden),
China (Sanghai), Austria (Vienna), Japan (Osaka) စသော Campus
ကျောင်းခွဲများသို့ နှစ်အလိုက် Semester အလိုက် ပြောင်းရွှေ့
သင်ကြားနိုင်ပါသည်။ Webster Education Tour Package ကို စိတ်ဝင်စားသော
ကျောင်းသားများအနေဖြင့် March (11) ရက်နေ့ သောကြာနေ့၊ ညနေ(၅)နာရီ
နောက်ဆုံးထားပြီး စာရင်းပေးသွင်းပါရန်နှင့် လူဦးရေအကန့်အသတ် ရှိသောကြောင့်
ပထမဦးစားပေးစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပါသည်။ ခရီးစဉ်အသေးစိတ်နှင့်
တစ်ဦးချင်း ကုန်ကျစရိတ်ကို အသေးစိတ်သိရှိလိုပါက အမှတ် - 234၊ ဒုတိယထပ်
(ညာ) ရွှေဘုံသာအလယ်လမ်း၊ ပန်းဘဲတန်းမြို့နယ်နှင့် ဖုန်း - 01-250929၊
01-389915၊ 09-5103915 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
(8-3-2011)
Source: Ko Lin (Myanmar Training)
စင်္ကာပူအစိုးရကျောင်းပြင်ဆင်ခြင်းသင်တန်းများအတွက်
ဝင်ခွင့်လျောက်လွှာများစတင်ခေါ်ယူ
.
. ..
.
... ..
.
.
.
.. . ..
. . ..
.
.
.
.
.
.
.
.
.
စင်္ကာပူအစိုးရမူလတန်းနှင့်
အလယ်တန်းကျောင်းများသို့ ၀င်ခွင့်ရရှိလိုသည့် ခလေးများသည် ၂၀၁၁
ခုနှစ်အောက်တိုဘာလတွင် စင်္ကာပူနိုင်ငံတွင် စစ်ဆေးမည့်၊ AEIS စာမေးပွဲ
(Admission Exercise for International Students)
ကိုဖြေဆို အောင်မြင်ရန်လိုအပ်ပြီး၊ ၄င်းစာမေးပွဲများအတွက် ကြိုတင်ပြင်ဆင်
ပေးမည့် အချိန်ပြည့်တက် ရောက်ရမည့် ၀င်ခွင့်ပြင်ဆင်ခြင်းသင်တန်းကို
စင်္ကာပူနိုင်ငံတွင် တက်ရောက်ရန် စတင်လျောက်ထားနိုင်ကြောင်းသိရပါသည်၊၊
Admission Exercise for International Students (AEIS) ကို နှစ်စဉ်
စက်တင်ဘာနှင့် အောက်တိုဘာ လများတွင်ကျင်ပလေ့ရှိပြီး၊ စာမေးပွဲအောင်မြင်ပါက
ဇန်န၀ါရီလတွင်အစိုးရကျောင်းများသို့ တက်ရောက်ရမည်ဖြစ်သည်၊၊ AEIS Test တွင်
English နှင့် Mathematics ကိုဖြေဆိုရမည်ဖြစ်ပြီး၊ အောင်မြင်သော
ကျောင်းသားများကို သင့်လျှော်သောကျောင်းအား တစ်ခါတည်းရွေးချယ်
နေရာချထားပေးသော စနစ်ဖြစ်သည်ဟုသိရသည်၊၊ အဆိုပါ ပြင်ဆင်ပေးမည့် အချိန်ပြည့်
သင်တန်းများကို စင်္ကာပူအစိုးရမှချီးမြှင့်သည့် Best Enrichment Programme
ဆုကိုရရှိထားပြီး၊ နိင်ငံတကာကျောင်းသားများအတွက် အစိုးရကျောင်းဝင်ခွင့်
ပြင်ဆင်ပေးသော ပရိုဂရမ်များကို သင်ကြားပေးလျက်ရှိသည့် Ascensia Academy
တွင် စင်္ကာပူအစိုးရကျောင်းဝင်ခွင့် (Primary 1 မှ Primary 5) နှင့်
(Secondary 1 မှ Secondary 3) တန်း များ အထိ
ဝင်ခွင့်ပြင်ဆင်ခြင်းသင်တန်းများ တက်ရောက်နိုင်ပြီး၊ ၄င်းသင်တန်းများသည်
စင်္ကာပူပညာ ရေးဝန်ကြီးဌာ နတွင်မှတ်ပုံတင် ထား သော သင် တန်း များဖြစ် သည်
ဟုသိရသည်၊၊ 21 March 2011 မှ 27 May 2011 အထိ (10 Weeks) သင်တန်း နှင့် 20
June မှ 4 November 2011 အထိ (20 weeks).သင်တန်းများ
ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး၊ ၀င်ခွင့်လိုအပ်ချက်နဲ
့အသေးစိတ်အချက်အလက်များကို CROWN Education ဖုန်းနံပါတ်၊ ၂၁၁ ၈၈၈
(လိုင်းခွဲ ၂၂၈-၂၂၉)၊ ၀၉ ၇၃၁ ၇၀၀ ၂၀ တို့ တွင်
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်၊၊
(8-3-2011)
Source: Ko Lin (Myanmar Training)
Taylor’s
University College (Malaysia) မှ GCE ‘A’ Level တွင်ထူးချွန်စွာ
အောင်မြင်ထားသူများအား Scholarship ပေးမည်
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
. .
.
.
.
.
0
.
Taylor’s University College (Malaysia) မှ GCEA ‘A’ Level တွင်
ထူးချွန်စွာ အောင်မြင် ထားသော မြန်မာကျောင်းသားများအား ထိုက်တန်သော
Scholarship ပေးမည်ဟု OSM Education Centre မှသိရှိရသည်။ ကျောင်းသားများ
လျှောက်ထားနိုင်သည့် Scholarship များမှာ RM 4,500 , RM 8,000 နှင့် RM
16,000 or 100% များဖြစ်ပြီး ကျောင်း လျှောက်ထားသော ကျောင်းသားများမှာ GCE
‘A’ Level ကိုထူးချွန်စွာအောင်မြင် ထားရန် လိုအပ်သည်။ GCE ‘A’ Level တွင်
BBB & above ရရှိထားသော ကျောင်းသားများမှာ Scholarship RM 4,500 ကို
ရရှိမည်ဖြစ်ပြီး၊ ABB & above ရရှိထားသော ကျောင်းသားများမှာ Scholarship RM
8,000 နှင့် AAA ရရှိထားသောကျောင်းသားများမှာ Scholarship 16,000 RM or
100% ကို Taylor’s University College (Malaysia) တွင်
လျှောက်ထားနိုင်မည် ဖြစ်သည်ဟု OSM Education Centre မှ တာဝန်ရှိသူက
ပြောကြားခဲ့သည်။ Scholarship လျှောက်ခွင့်ရရှိမည့် ဘာသာရပ်များမှာ
Architecture & Quantity Surveying, Biosciences, Business, Communication,
Computing, Design, Engineering, Hospitality, Tourism & Culinary Arts
နှင့် Law တို့ဖြစ်ကြပြီး၊ MBBS ဆေးပညာဘွဲ့ ကို စိတ်ဝင်စားပြီး GCE ‘A’
Level တွင် AAB အဆင့်ရရှိထားသော ကျောင်းသားများ အနေနှင့် RM 40,000 , RM
20,000 နှင့် RM 10,000 အစရှိသော Scholarship ကိုလျှောက်ထား
နိုင်မည်ဖြစ်သည်။ ကျောင်းတက်ရောက်ပြီး ဘွဲ့ရရှိပါက
ကျောင်းသားများ ရွေးချယ်သော ဘာသာရပ်အလိုက် UK, USA, AUS အစရှိသော
နိုင်ငံကြီးများမှ ဘွဲ့ ဒီဂရီများကိုရရှိမည် ဖြစ်ကြောင်း OSM Education
Centre မှပြော ကြားခဲ့သည်။
RM 8,000 နှင့် RM 16,000 Scholarship ရရှိသောကျောင်းသားများမှာ Taylor’s
ကျောင်းနှင့် Interview ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ ၄င်း Scholarship
များကို GCE ‘A’ Level သာမက SAM (South Australian Matriculation) နှင့်
CPU (Canadian Pre-University) တွင် အမှတ်ကောင်း ရရှိသူများလည်း
လျှောက်ထားနိုင်သည် ဟုသိရှိရသည်။
နိုင်ငံတကာမှကျောင်းသားများမြောက်များစွာပညာဆည်းပူးလျက်ရှိသော Taylor’s
University College သည် မလေးရှားနိုင်ငံ Tier-5 Excellent
အဆင့်ရှိနိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ကြီး ဖြစ်ပြီး ဘာသာရပ်ပေါင်း
(၁၀၀)ကျော်ကို သင်ကြားပို့ချလျက်ရှိကာ ယခုကဲ့သို့ ပညာရေးတွင် ထူးချွန်
သူများကို Scholarship ပေးခြင်းများအား နှစ်စဉ်ပြုလုပ်ပေးလျက်ရှိသည်ဟု
ယင်းတက္ကသိုလ်၏ မြန်မာ ပြည်တာဝန်ခံ OSM Education Centre မှ ပြောကြားခဲ့သည်။
ထို့အပြင် အသေးစိတ်သိရှိလိုပါ ဖုန်းနံပါတ် 09-731 47379 နှင့် 01-525 971
တို့ကို ဆက်သွယ်စုံစမ်းနိုင်ပြီး on-line မှ မေးမြန်းချင်သူ များအတွက် osm@united-engineering.net
နှင့် osm.education@gmail.com တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။
(8-3-2011)
Source: Ko Lin (Myanmar Training)
University of Sunderland မှ ချီးမြှင့်သည့် BA (Hons) နောက်ဆုံးနှစ်
သင်ယူနိုင်
..
.
.
.
.
.
..
.
.. ...
. ..
.
.
.
.
.
.
.. ..
.
.
.
.
.
STI Education သည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
Logistics Management, Supply Chain Management, Human Resources
Management, Teacher Training, Hospitality & Tourism Management,
Banking & Finance, Business Management စသည့် ဒီပလိုမာနှင့်
အဆင့်မြင့်ဒီပလိုမာဘာသာရပ် အမျိုးမျိုး သင်ကြားပို့ချလျှက်ရှိသည်။
ယခုအခါ STI မှ အဆင့်မြင့်ဒီပလိုမာ အောင်မြင်ပြီးစီးသူများအနေနှင့်
Sunderland တက္ကသိုလ်၏ BA (Hons) in Business Management ၏
နောက်ဆုံးနှစ်ကို သင်ယူနိုင်ပြီဖြစ်သည်။ ယင်းအစီအစဉ်သည် အင်္ဂလန်နိုင်ငံ
Sunderland တက္ကသိုလ်၏ BA (Hons) ကို ပြည်တွင်း၌ သင်ယူနိုင်သည့်
ပထမဆုံးနှင့် တစ်ခုတည်းသော အစီအစဉ်ဖြစ်သည်။ ယင်းဘွဲ့ကို University of
Sunderland, UK မှ ချီးမြှင့်မည်ဖြစ်ပြီး အင်္ဂလန်နိုင်ငံ Sunderland
တက္ကသိုလ်မှ တိုက်ရိုက်သင်ကြားမည်ဖြစ်သည်။ သင်ကြားသည့် ဘာသာရပ်များမှာ
(Strategic Management Accounting, Strategic Management of Human
Resources, Marketing Strategy, Managing Projects, Strategic
Management, Contemporary Developments in Business Management)
တို့ဖြစ်ပြီး (၁) နှစ်မှ (၃) နှစ်အတွင်း မိမိစိတ်တိုင်းကျ
အွန်ုလိုင်းသင်ယူ နိုင်မည်ဖြစ်သည်။ ယင်းနောက်ဆုံးနှစ်
တက်ရောက်လိုသူများအနေနှင့် အင်္ဂလိပ်ဘာသာသတ်မှတ်အရည်အချင်း
ပြည့်မီရမည်ဖြစ်သည်။ မပြည့်မီသူများအနေနှင့် STI ၌ English Foundation
Program တက်ရောက်ရမည်ဖြစ်သည်။ Intake အားဖြင့် Jan, April, July, Oct
(၄) ခုရှိကြောင်း သိရှိရသည်။
April Intake တွင် စတင်တက်ရောက်လိုသူများအနေနှင့် ဖေဖေါ်ဝါရီလနှင့်
မတ်လဆန်းတွင် STI ၌ လျှောက်ထားနိုင်ကြောင်းသိရသည်။ ကျောင်းလခအားဖြင့်
အထူးပင်သက်သာကြောင်းနှင့် နောက်ဆုံးနှစ်အောင်မြင်သူများသည်
အင်္ဂလန်နိုင်ငံ Sunderland တက္ကသိုလ်၌ သွားရောက်၍ ဘွဲ့နှင်းသဘင်
တက်ရောက်နိုင်ကြောင်းသိရှိရသည်။ ၎င်းအပြင် နိုင်ငံတကာအသိအမှတ်ပြု
အဆင့်မြင့်ဒီပလိုမာအောင်မြင်ပြီးသူများ၊ တက္ကသိုလ် တစ်ခုခုမှ
ဘွဲ့ရရှိပြီးသူများလည်း လျှောက်ထားနိုင်ကြောင်းသိရှိရသည်။ Sunderland
တက္ကသိုလ်၏ BA (Hons) အောင်မြင်ပြီးသူများအနေနှင့် STI ၌ University of
Bradford ၏ MBA ကိုလည်းကောင်း၊ University of Sunderland ၏ MBA
ကိုလည်းကောင်း ဆက်လက်၍ သင်ကြားနိုင်ကြောင်းသိရှိရသည်။
စိတ်ပါဝင်စားသူများအနေနှင့် အသေးစိတ်အချက်အလက်များကို STI Education
တည်ရှိရာ အမှတ် (၃၇၇) ရွှေဘုံသာအထက်လမ်း၊
ပန်းဘဲတန်းမြို့နယ်သို့လည်းကောင်း၊ အဆောင်(၄) ၊ အခန်း (၇)၊
မြန်မာအင်ဖိုတက်၊ လှိုင်မြို့နယ်သို့လည်းကောင်း ဖုန်း - ၇၀၀၂၇၃ ၊ ၅၀၇၀၄၈
၊ ၅၀၇၁၅၁ ၊ ၅၀၇၀၄၆ ၊ ၂၅၀၀၅၆ တို့သို့ ဆက်သွယ်စုံစမ်း ဆွေးနွေးမေးမြန်း၍
တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။
(8-3-2011)
Source: Ko Lin (Myanmar Training)
|