|
News
» International News
University of Wales
မှ ချီးမြှင့်သည့် MBA တက်ရောက်နိုင်
STI
Education သည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Logistic
Management, Supply Chain Management, Human Resources Management, Teacher
Training, Hospitality & Tourism Management, Banking & Finance, Business
Management စသည့် ဒီပလိုမာနှင့် အဆင့်မြင့် ဒီပလိုမာ ဘာသာရပ်အမျိုးမျိုး
သင်ကြားပို့ချလျှက်ရှိသည်။ ယခုအခါ အင်္ဂလန်နိုင်ငံ Wales တက္ကသိုလ်၏ MBA ဘွဲ့ကို STI ၌
သင်ယူနိုင်ပြီဖြစ်သည်။ ယင်းအစီအစဉ်သည် အင်္ဂလန်နိုင်ငံ Wales တက္ကသိုလ်၏ MBA ဘွဲ့ကို
ပြည်တွင်း၌ သင်ယူနိုင်သည့် ပထမဆုံးနှင့် တစ်ခုတည်းသော အစီအစဉ်ဖြစ်သည်။ ယင်းဘွဲ့ကို
University of Wales, UK မှ ချီးမြှင့်မည်ဖြစ်ပြီး အင်္ဂလန်နိုင်ငံ Wales တက္ကသိုလ်မှ
တိုက်ရိုက်သင်ကြားမည်ဖြစ်သည်။ သင်ကြားမည့် ဘာသာရပ်များမှာ Personal Skills
Development, Financial Management, Marketing Management, Operations Management,
Managing the Human Resource, Managing Change in Organizations, Strategic
Management, Research Methods တို့ဖြစ်ပြီး (၂)နှစ်မှ (၄)နှစ် အတွင်း
မိမိစိတ်တိုင်းကျ အွန်လိုင်းသင်ယူနိုင်မည်ဖြစ်သည်။ ယင်း MBA
တက်ရောက်လိုသူများအနေနှင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး အနည်းဆုံး လုပ်သက်
(၂)နှစ်နှင့် အင်္ဂလိပ်ဘာသာ သတ်မှတ်အရည်အချင်း ပြည့်မီရမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ
သတ်မှတ်အရည်အချင်း မပြည့်မီသူများအနေနှင့် STI ၌ English Program
တက်ရောက်ရမည်ဖြစ်သည်။ Intake အားဖြင့် Jan, April, July, Oct (၄)
ခုရှိကြောင်းသိရှိရသည်။ April Intake တွင် စတင်တက်ရောက်လိုသူများအနေနှင့်
ဖေဖေါ်ဝါရီလနှင့်မတ်လဆန်းတွင် STI ၌ လျှောက်ထားနိုင်ကြောင်းသိရှိရသည်။
ကျောင်းလခအားဖြင့် အထူးပင်သက်သာကြောင်းနှင့် MBA ဘွဲ့ကို အောင်မြင်သူများသည်
အင်္ဂလန်နိုင်ငံ Wales တက္ကသိုလ်၌ သွားရောက်၍
ဘွဲ့နှင်းသဘင်တက်ရောက်နိုင်ကြောင်းသိရှိရသည်။ စိတ်ပါဝင်စားသူများအနေနှင့်
အသေးစိတ်အချက်အလက်များကို STI Education တည်ရှိရာ အမှတ် (၃၇၇) ရွှေဘုံသာအထက်လမ်း၊
ပန်းဘဲတန်းမြို့နယ်သို့လည်းကောင်း၊ အဆောင်(၄)၊ အခန်း (၇)၊ မြန်မာအင်ဖိုတက်၊
လှိုင်မြို့နယ်သို့လည်းကောင်း ဖုန်း - ၇၀၀၂၇၃ ၊ ၅၀၇၀၄၈ ၊ ၅၀၇၁၅၁ ၊ ၅၀၇၀၄၆ ၊ ၂၅၀၀၅၆
တို့သို့ ဆက်သွယ်စုံစမ်း ဆွေးနွေးမေးမြန်း၍ တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။
(8-3-2011)
Source: Ko Lin (Myanmar Training)
UK
ဗီဇာ လျောက်ထားရမည့် စနစ်ကို Online Visa Application Form တင်ရမည့်
စနစ်သို့  စတင်ကျင့်သုံးမည် .
. .
.
.
.
.
.
.
..f
.
.
.
. .
.
.
. .
.
.
..
.
.
.
.
.

မတ်လ (၂၁) ရက်နေ့မှစ၍ UK ဗီဇာ လျောက်ထားရမည့် စနစ်ကို Online Visa
Application Form တင်ရမည့် စနစ်သို့ စတင်ကျင့်သုံးမည်ဖြစ်ကြောင်း သံရုံး၏
တရားဝင်ဝက်ဆိုက်ဖေါ်ပြချက်ကို ကိုးကား၍ CROWN Education မှတာဝန်ရှိသူ
တစ်ဦးမှပြောကြားသည်၊၊ ယခုအခါ ဗီဇာလျှောက်ထားခြင်း ၀န်ဆောင်မှု့များကို
လည်းယာယီရပ်ဆိုင်းထားပြီး၊ မတ်လ (၂၈) တွင်မှ ၀န်ဆောင်မှု့များ ပြန်လည်စတင်
မည်ဖြစ်ကြောင်း၊ ၄င်းဝက်ဆိုက်တွင်ဖေါ်ပြထားသည်၊၊ အဆိုပါ စနစ်သစ်ကို
စတင်ကျင့်သုံးမည် ဆိုပါက ဗီဇာလျောက်ထားမည့် ကျောင်းသူ
ကျောင်းသားများအနေဖြင့် ယခင်ကကဲ့သို့ သံရုံးသို့ Appointment ယူကာ
စာရွက်စာတမ်းများ တင်ပြရမည့် အဆင့်မတိုင်မှီ Online Visa Application Form
လျှောက်ထားပြီးမှသာ၊ စာရွက်စာတမ်းများတင်ပြရန်နှင့် Biometric
အချက်အလက်များအတွက် Booking ပြုလုပ်ရက်ချိန်း ရယူရမည်ဖြစ်သည်၊၊ April (6)
ရက်နေ့နှင့် အဲဒီရက် နောက်ပိုင်းဗီဇာလျှောက်ထား သူတွေအနေနဲ့
ဗီဇာလျှောက်ထားကြေးများပါ အပြောင်းအလဲရှိမှာဖြစ်ပြီး၊ ကျောင်းသားဗီဇာ
လျှောက်ထားသူများအတွက် လက်ရှိ £ 220 ပေးဆောင်နေရာတာကနေ April (6)
ရက်နေ့ကစပြီး £ 255 ပေးဆောင်ရမှာဖြစ်ပါတယ်၊၊ ဗီဇာလျှောက်ထားတဲ့ စနစ်တွေ
အပြောင်းအလဲရှိမှာဖြစ်တဲ့အတွက် ကျောင်းသူကျောင်းသားတွေအနေနဲ့ အသေးစိတ်
အချက်အလက်တွေကို သံရုံးက၀က်ဆိုက်မှာ ထုတ်ပြန်ပေးနေပြီး၊
မရှင်းလင်းတဲ့အချက်တွေ ရှိရင်တော့ ကျွန်တော်တို့ကို မေးမြန်းနိုင်ပါတယ်၊၊
ဥပမာ online ကလျှောက်ထားတဲ့အခါ ကျောင်းသူ ကျောင်းသားတွေရဲ့ e-mail
လိပ်စာထည့်ဖို့လိုတာတွေ၊ UK မှာနေမယ့်လိပ် စာဖြည့်ဖို့
စတဲ့လိုအပ်ချက်တွေကို သိရှိထားဖို့လိုပါတယ်ဟု CROWN Education မှ
ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊၊ ယခုကဲ့သို့
Online မှလျှောက်ထားရာတွင် Online Appointment နှင့် Online Payment
ပြုလုပ်နိုင် သောနိုင်ငံများပါ ဖေါ်ပြထားပြီး၊ မြန်မာနိုင်ငံမှ
ကျောင်းသူကျောင်းသားများအနေဖြင့်၊ အဆိုပါ ၀န်ဆောင်မှု့များကို
လောလောဆယ်မရရှိနိုင်သေးကြောင်း သိရသည်၊၊ Online
မှလျှောက်ထားရမည်ဆိုသော်လည်း၊ Application Fees များပေးသွင်းခြင်း၊
Biometric အချက်အလက်များရယူခြင်း၊ စာရွက်စာတမ်းများ တင်ပြခြင်းများအတွက်၊
ကျောင်းသား ကျောင်းသူကိုယ်တိုင် သံရုံးသို့သွားရောက်တင်ပြရန်
လိုအပ်နေသေးသည်ဟုသိရသည်၊၊ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက CROWN
Education ဖုန်းနံပါတ် ၂၁၁ ၈၈၈ (လိုင်းခွဲ ၂၂၉) နှင့် ၀၉ ၇၃၁ ၇၀၀ ၂၀ တို
့တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်၊၊
(8-3-2011)
Source: Ko Lin (Myanmar Training)
Cambridge
International Examination မှ အသိအမှတ်ပြု Accounting & Finance နှင့် HR
Management ဒီပလိုမာ၊
.
ပရိုဂရမ်အသစ်များ PSB Academy မှပို့ ချပေးသွားမည်
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. 5
၂၀၁၀
မှစ၍ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ ကျောင်းသူ ကျောင်းသားများ အတွက်
သြစတြေးလျ၊ ယူကေတက္ကသိုလ်များသို့ ဆက်လက် လျှောက်ထား တက်ရောက်နိုင်သည့်
ဒီပလိုမာပရိုဂရမ်များ ပို့ချပေးခဲ့ရာ၊ ၂၀၁၁ မှစ၍ University of Cambridge
International Examination မှ ပူးတွဲအသိအမှတ်ပြု ချီးမြင့်ပေးမည့်၊
Accounting & Finance ဒီပလိုမာ၊ Human Resource Management ဒီပလိုမာ၊
Marketing and Sales Management ဒီပလိုမာနှင့်၊ Supervisory Management
ဒီပလိုမာများကို သင်ကြားပို့ချပေးမည်ဖြစ်ပါသည်၊၊ ထို့အပြင်၊ PSB Academy မှ
ချီးမြင့်ပေးမည့် Banking and Finance ဒီပလိုမာ၊ Supply Chain Management
ဒီပလိုမာ၊ Mass Communication ဒီပလိုမာနှင့်၊ Tourism and Hospitality
Management ဒီပလိုမာများ ကိုလည်းလေ့လာသင် ယူနိုင်သည်ဟု သိရသည်၊၊
အားသာချက်ကတော့၊ ဒီ ဒီပလိုမာသင်ယူပြီးရင်၊ University of Newcastle
တို့လို ၊ University of Wollongong တို့လို တက္ကသိုလ်ကြီးတွေကိုလည်း ဆက်လက်
တက်ရောက်နိုင်ပြီး (၂) နှစ်အတွင်း ဘွဲ့ယူနိုင်မယ်၊၊ ကိုယ်ယူမယ့် မေဂျာကို
မဆုံးဖြတ်နိုင်သေးဘူး ဆိုရင်လည်း၊ ဒီပလိုမာကိုတက်ပြီးမှ
ကိုယ်ကြိုက်တဲ့မေဂျာကို ပြောင်းဖို့ အခွင့်အရေးရှိပါတယ်၊၊ ကျောင်းလခကလည်း
တစ်ကြိမ်မှာ သိန်း (၂၀)ကျော်ခန့်(၂) ကြိမ်ခွဲပြီးပေးသွင်းနိုင်ဖို့
စီစဉ်ထားတဲ့အတွက် မြန်မာနိုင်ငံက မိဘတွေ လက်လှမ်းမှီတဲ့ အနေအထားရှိပါတယ်၊၊
ဟု PSB Academy ၏ ကိုယ်စားလှယ် CROWN Education မှ
အကြံပြုပြောကြားပါသည်၊၊ (၁၅) လကြာ စာသင်ကြားရမည့် ကာလအတွက် မြန်မာကျပ်ငွေ
သိန်း (၄၀) ကျော်ခန့်သာကုန်ကြပြီး၊ အရစ်ကြ ခွဲပေးသွင်းနိုင်သည့် အပြင်၊
University of Cambridge International Examinations
မှအသိအမှတ်ပြုချီးမြင့်မည့် ယခုဒီပလိုမာအမျိုးအစားအား PSB Academy
တစ်ခုတည်းတွင်သာ သင်ယူလေ့လာနိုင်ကြောင်းလည်း သိရပါသည်၊၊ အသေးစိတ်
အချက်အလက်တွေကိုတော့ CROWN Education, Summit Parkview Hotel, Room 228
229, ဖုန်းနံပါတ် 211 888 (Ext 228-229), နဲ့  09 731 700 20 သို့ ဆက်သွယ်
စုံစမ်းမေးမြန်းနိုင်ပါသည်၊၊
(15-3-2011)
Source: Ko Lin (Myanmar Training)
ဂျပန်နိုင်ငံ၏ ကျောင်းသားပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရာတွင် ငြင်းပယ်မခံရရန်
သေချာစွာပြင်ဆင်သင့်
.
.
. ..
.
... ..
.
.
.
.. . ..
. . ..
.
.
.
.
.
.
ဂျပန်နိုင်ငံ၏
ကျောင်းသားပြည်ဝင်ခွင့် ဗီဇာလျှောက်ထားရာတွင် ငြင်းပယ်မခံရရန်
သတိထားသင့်ပြီး လျှောက်ထားရာတွင်လည်း ပညာအရည်အချင်းသည်
သတ်မှတ်ထားသောစံနှုန်းဖြင့် ကိုက်ညီမှုမရှိပါကလည်း ငြင်းပယ်ခံရနိုင်ကြောင်း
MSI မှသိရသည်။ ဂျပန်နိုင်ငံကို ကျောင်းသားပြည်ဝင်ခွင့်
ဗီဇာလျှောက်မယ်ဆိုရင် အရေးကြီးဆုံးက စာရွက်စာတမ်း
အထောက်အထားတွေပြည့်စုံဖို့လိုတယ်။ အစစ်အမှန်ဖြစ်ဖို့လည်းလိုပါတယ်။
ကျောင်းသားတစ်ယောက် ပြည်ဝင်ခွင့် အငြင်းခံရတယ်။ သူကအရင်အေဂျင်စီတစ်ခုမှာ
လျှောက်တယ်။ အရေးအကြီးဆုံး အချက်ဖြစ်တဲ့ ထောက်ပံ့ပေးသူရဲ့
စီးပွားရေးလုပ်ငန်းအနေအထား ငွေကြေးလုံလောက်မှု ပိုင်းဆိုင်ရာ
စာရွက်စာတမ်းတွေက ကျိုးကြောင်း ဆက်စပ်မှုမရှိတဲ့အပြင်
အေဂျင်စီရဲ့စာတမ်းပိုင်းဆိုင်ရာညွှန်ကြားမှုမှာ ပြည့်စုံတဲ့အတွက်
အငြင်းခံခဲ့ရတယ်။ နောက်ထပ်ထပ်လျှောက်တော့လည်း
မှန်မှန်ကန်ကန်ကြိုးစားခဲ့ပေမယ့် ပထမတင်တဲ့လျှောက်လွှာနဲ့ ကိုက်ညီမှုမရှိတဲ့
အတွက်ကြောင့် ထပ်မံပြီးအငြင်းခံရပါတယ် ဟု MSI မှ မန်နေဂျင်းဒါရိုက်တာ
ဒေါ်စုစုလှိုင်မှပြောသည်။ ဂျပန်နိုင်ငံသို့သွားရောက်နေထိုင်ဖူးသူ၊
မိမိတင်ပြထားသော စာရွက်စာတမ်းများကို ယုံကြည်မှု မရှိခြင်း၊
မဖြစ်မနေတင်ပြရန် တောင်းဆိုထားသော အချက်အလက်များ အချိန်မီ
မရောက်လာခြင်းနှင့် ကျောင်းလခနှင့် စားဝတ်နေရေးကို ထောက်ပံ့ပေးနိုင်သော
စာရွက်စာတမ်းများ မခိုင်လုံခြင်းတို့ကြောင့်လည်း ငြင်းပယ်ခံရနိုင်ပြီး
လျှောက်ထားမည်ဆိုပါကလည်း အစိုးရတရားဝင် အသိအမှတ်ပြု အေဂျင်စီကိုသာ
ရွေးချယ်သင့်သည်။ ရွေးချယ်တဲ့ အေဂျင်စီကလည်း ကျွမ်းကျင်အဆင့်ရှိရပါမယ်။
ပထမလုပ်ဆောင်ချက် မှားသွားတာနဲ့ နောက်ပိုင်းဆက်ပြီး ကြိုးစားမယ်ဆိုရင်
အခက်အခဲရှိနိုင်တယ်။ ထပ်ပြီး ကြိုးစားမယ်ဆိုရင်လည်းပထမ
မိမိလျှောက်ထားခဲ့တဲ့ အေဂျင်စီမှာ ဘယ်လိုအကြောင်းအရာတွေနဲ့
လျှောက်ထားခဲ့လည်း ဆိုတာကိုလည်း အသေးစိတ်မေးမြန်းသင့်တယ်။
အေဂျင်စီအချက်အလက်တွေကိုလည်း ရှင်းလင်းပြသင့်ပါတယ်။ ဒါမှပြန်လျှောက်တဲ့အခါ
ဗီဇာရဖို့ အခွင့်အလမ်းရှိပါတယ် ဟု ၎င်းမှ ဆက်ပြောသည်။
(15-3-2011)
Source: Internet Journal
စင်္ကာပူအလုပ်သမားဝန်ကြီးဌာနမှ S-pass, EP အခြေခံလစာများ တိုးတက်
ပြောင်းလဲသတ်မှတ်
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
. .
.
.
.
.
0
.
ယခုနှစ်
ဂျူလိုင်မှစတင်၍ စင်္ကာပူအလုပ်သမားဝန်ကြီး အနေဖြင့် နိုင်ငံတကာကျွမ်း
ကျင်လုပ်သားများ အပါအ၀င်၊ ပြည်တွင်း (အချိန်ပြည့်) လုပ်သားများ၏
အခြေခံလစာများကို တိုးမြှင့်သတ်မှတ် လိုက်ကြောင်းသိရသည်၊၊ နိုင်ငံတကာ
အလုပ်သမားများအတွက် အလုပ်ရှင်များမှပေးဆောင်ရမည့် levy ကြေး
မြှင့်တင်လိုက်ပြီးမကြာခင် ယခုကဲ့သို့ အခြေခံလစာများတိုးမြှင့်
သတ်မှတ်လိုက်ခြင်းဖြစ်သည်၊၊ စင်္ကာပူနိုင်ငံရှိလုပ်ငန်းရှင်များ၏
အဆိုအရ စီးပွားရေး အကျပ်အတဲကာလမှ လွန်မြောက်ပြီး၊
စီးပွားရေးလုပ်ငန်းများတိုးတက် ကောင်းမွန်လာကြောင်းနှင့်
လုပ်သားလိုအပ်ချက်များ ပါရှိလာကြောင်း၊ ယခုသတင်း ထုပ်ပြန်ချက်ပါ Levy
ကြေးများတိုးမြှင့်ခြင်းနှင့် နိုင်ငံတကာလုပ်သားများ၊ ပြည့်တွင်း
အချိန်ပြည့် လုပ်သားများ၏ အခြေခံလုပ်ခလစာများ တိုးတက်ပြောင်း
လဲသတ်မှတ်ခြင်းသည် စင်္ကာပူရှိလုပ်ငန်းရှင်များအား ကျွမ်းကျင်လုပ်သားများကို
စနစ်တစ်ကျ ရှာဖွေခန့်အပ်ရန်၊ တွန်းအားပေးခြင်း တစ်မျိုးဖြစ်ကြောင်း စင်္ကာပူ
အလုပ်သမားရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်၊၊ ယခုကဲ့သို့
အခြေခံလစာများတိုးမြှင့်ရာတွင်၊ ပြည့်တွင်းအလုပ်သမားများ၏ လစာကို S$ 650 မှ
S$ 850 သို့ ၎င်း၊ S-pass ကိုင်ဆောင်သူများအတွက် မူလ အခြေခံ လစာ S$ 1800 မှ
S$ 2000 သို့ လည်းကောင်း၊ Employment Pass ကိုင်ဆောင် ထား သူများတွင် EP
အမျိုးအစားအလိုက် Q1 Type အတွက် လစာ S$ 2500 မှ S$ 2800 သို့  ၄င်း၊ P2
အမျိုးအစားအတွက် လစာ S$ 3500 မှ S$ 4000 သို့ ၎င်း၊ P1 အဆင့်
လျောက်ထားသူများအတွက် ယခင်လစာ S$ 7000 မှ S$ 8000 သို့ အသီးသီး
တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်၊၊
စင်္ကာပူအလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင်၊
စင်္ကာပူနိုင်ငံသား၊ ကော်လာဖြူ အလုပ်သမားများ၊ ပရော်ဖက်ရှင်နယ်များ၊
မန်နေဂျာများ၊ အမှုဆောင်အရာရှိများ၊ အင်ဂျင်နီယာများအနေဖြင့်၊ အလုပ်အကိုင်
နေရာများအတွက် နိုင်ငံတကာမှ ကျွမ်းကျင်သူလုပ်သားများနှင့်
ယှဉ်ပြိုင်နေရသည်မှာ မှန်သော်လည်း၊ စင်္ကာပူနိုင်ငံအနေနှင့်အဆိုပါ
နိုင်ငံတကာကျွမ်းကျင်လုပ်သားများကို တံခါးပိတ်ထား၍ မရနိုင်ကြောင်း
ထည့်သွင်းပြောကြားသွားခဲ့ပါသည်၊၊ အခုလို S-pass အခြေခံလစာတွေ
တိုးမြှင့်လိုက်တယ် ဆိုပေမယ့် Supply နဲ့  Demand သဘောတရားအရ လက်တွေမှ လစ
နှိမ့်ပြီးရနေကြတဲ့ အဖြစ်အပျက် တွေကတော့ရှိ နေနိင်ပါသေးတယ်၊၊ ဥမပာ S-pass
လစာ S$ 1800 တုန်းကလည်း၊ အလုပ်အရှင်အနေနဲ့ အရည်အချင်းတူ လစာ S$ 1500 နဲ
့လုပ်နိုင်တဲ့သူတွေက တန်းစီနေတော့ Contract ကို S$ 1800 နဲ့ ထိုးပြီး၊
ပေးတော့ S$ 1500- 1600 ပေးတာမျိုးတွေရှိနေပါတယ်၊၊ ဆိုလိုတာက
အခြေခံလစာ S$ 2000 လို့ သတ်မှတ် လိုက်သော်လည်း၊ တကယ့်ဥပဒေကို လိုက်နာမဲ့
ကုမ္မဏီကြီးတွေက တော့ သူတို့  S$ 2000 ပေးနိုင်တဲ့ သူကိုပဲ ရှာခန်
့အပ်ပါလိမ့်မယ်၊၊ SME လို့ ခေါ်တဲ့  Small and Median Enterprise တွေကတော့
လုပ်ခပေါပေါနဲ့ လုပ်နိုင်တဲ့သူတွေကိုပဲ ဦးစားပေးနေနိင်ပါသေးတယ်၊၊
ကျွန်တော်တို့ မြန်မာနိုင်ငံကခလေးတွေကို ရှင်းပြချင်တာက၊
သူတို့အလုပ်အကိုင်လိုချင်တာကို ကိုယ်ခြင်းစာပါတယ်၊၊ ဒါပေမဲ့သိပ်ပြီး
လုပ်ခဈေးပေါပေါတွေနဲ့တော့ ဘယ်နေရပြီးရောဆိုပြီး မတိုက်တွန်းခြင်ပါဘူး၊၊"
(15-3-2011)
Source: Ko Lin (Myanmar Training)
Australia နိုင်ငံသို့ တိုက်ရိုက်ကူးပြောင်းတက်ရောက်နိုင်သော
Australian Degree Transfer Program
.
..
.
.
.
.
.
..
.
.. ...
. ..
.
.
.
.
.
.
.. ..
.
.
.
.
.
ယခုလို
တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ နိုင်ငံရပ်ခြား
တိုင်းပြည်ကြီးများရှိ တက္ကသိုလ်များကို
သွားရောက်ပညာသင်ကြားလိုသူများလည်း တိုးတက်လျှက်ရှိနေသည်။ ထိုကဲ့သို့
ရွေးချယ်ရာမှာ UK ၊ USA ၊ AUS အစရှိသည့် နိုင်ငံများမှ
ဘွဲ့ကိုရွေးချယ်တက်ရောက်လိုသူများ များပြားလာတာကို တွေ့ရပါတယ်။
၎င်းဘွဲ့များကို တက်ရောက်လိုသူများသည် UK ၊ USA ၊ AUS အစရှိသည့်
နိုင်ငံများသို့ တိုက်ရိုက်သွားရောက် ပညာသင်ယူကြသလို Singapore ၊
Malaysia နိုင်ငံများမှတဆင့် ၎င်းဘွဲ့များကို ရယူကြသူများလည်းရှိကြောင်း
သိရှိရပါသည်။ ထိုကဲ့သို့ ရွေးချယ် တက်ရောက်ရာမှာ
ကုန်ကျစရိတ်သက်သက်သာသာဖြင့် Australia နိုင်ငံသို့ ပြောင်းကူး တက်ရောက်
နိုင်သော ဘာသာရပ်အား INTI University တွင် တက်ရောက်နိုင်ပြီဖြစ်ကြောင်း
သိရှိရပါသည်။ ထိုကဲ့သို့ ရွေးချယ်ရာတွင် စီးပွားရေးဘာသာရပ်ကို
စိတ်ပါဝင်စားသူများအနေဖြင့် ADTP (Commerce)
ကိုရွေးချယ်တက်ရောက်နိုင်ကြောင်း သိရှိရပါသည်။ စာသင်နှစ် တစ်နှစ်မှ
တစ်နှစ်ခွဲခန့်ကြာမြင့်ပြီး Australia နှင့် New Zealand သို့
သွားရောက်လိုသူများအတွက် ပိုမိုသင့်တော်ကြောင်းသိရှိရပါသည်။ Australia
နိုင်ငံရှိ နာမည်ကြီး တက္ကသိုလ်ဖြစ်သည့် Australia National University
နှင့် New Zealand နိုင်ငံမှ Auckland University of Technology အပြင်
တခြားတက္ကသိုလ်ကြီးများသို့ ပြောင်းရွှေ့ တက်ရောက်နိုင်ကြောင်းလည်း
သိရှိရပါသည်။ တစ်နှစ်ခွဲအတွက် ကုန်ကျစရိတ်အားဖြင့်လည်း သိန်း ၁၂၀
ဝန်းကျင်သာကုန်ကျမည်ဖြစ်ကာ အရစ်ကျခွဲသွင်းနိုင်သည့်အတွက်
ကျောင်းသားများအတွက် အဆင်ပြေကြောင်းသိရှိရပါသည်။
ADTP (Science) ဘာသာရပ်ကို စာသင်နှစ် (၂)နှစ်ကို မလေးရှားနိုင်ငံ INTI
University တွင် တက်ရောက်ကာ Australia New Zerland နှင့် UK တို့တွင်
Biomedical Science ၊ Biotechnology ၊ Environmental Science ၊
Biochemistry အပြင် အခြား Science နှင့် ပတ်သက်သော ဘာသာရပ်များကိုလည်း
ကူးပြောင်းတက်ရောက်နိုင်ကြောင်း သိရှိရပါသည်။ ကျောင်းစရိတ်အနေဖြင့်
နှစ်နှစ်ကို သိန်း ၁၅၀ ခန့် ကုန်ကျနိုင်ကာ တစ်နှစ်ကို သုံးရစ်ဖြင့်
ကိုးခါခွဲသွင်းနိုင်ကြောင်း သိရှိရပါသည်။ OSM က
တာဝန်ရှိသူတစ်ဦးပြောကြားရာမှာတွင် အခုလာမယ့် May Intake အတွက်ကို
ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း၊ ကျောင်းသွားတက်မည့် ကျောင်းသားတွေက
ကိုယ်တက်ရမယ့် Intake နဲ့ အနည်းဆုံး တစ်လခွဲ၊
နှစ်လကြိုတင်ပြင်ဆင်ထားမှသာ အဆင်ပြေနိုင်ကြောင်း သိရှိရပါသည်။ ဒီ
Australian Degree Transfer Program ရဲ့ အကျိုးကျေးဇူးတွေကတော့
ကျောင်းသားတွေဟာ INTI မှာတက်တဲ့အတွက် ကျောင်းစရိတ်၊
နေထိုင်စရိတ်သက်သာမယ်
. ပြီးရင် ကိုယ်သွားချင်တဲ့နိုင်ငံကို Transfer
လုပ်တဲ့အခါ ပိုပြီးအဆင်ပြေတယ်၊ ကျောင်းသားတွေအတွက်လည်း student life
အပြည့်အဝရရှိနိုင်ပါတယ်လို့ ပြောကြားခဲ့ပါသည်။ အသေးစိတ်သိရှိလိုလျှင်
OSM Centre တည်ရှိရာ မြေနီကုန်းပလာဇာ (ဒုတိယထပ်) ၊ ဂမုန်းပွင့်နှင့်
ဒဂုံစင်တာကြားသို့ လာရောက်ကာ လိုအပ်သည့်အချက်အလက်များကို ရယူနိုင်သလို
ဖုန်းနံပါတ် ၀၉-၇၃၁ ၄၇ ၃၇၉ ၊ ၀၁-၅၂၅၉၇၁ သို့ဆက်သွယ်နိုင်ပြီး on line
မှ ဆက်သွယ်လိုလျှင် osm@united-engineering.net နှင့် osm.education@gmail.com
တို့သို့ ဆက်သွယ်ကာ စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရပါသည်။
(18-3-2011)
Source: Ko Lin (Myanmar Training)
|