Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


News » International News

ERC Institute တွင် သွားရောက်ပညာသင်ကြားလိုသူကျောင်းသား၊ ကျောင်းသူများအတွက် သတင်းကောင်း

Singapore နိုင်ငံရှိ ERC Institute တွင် သွားရောက်ပညာသင်ကြားရင်း USA နှင့် New Zealand နိုင်ငံများသို့သွားရောက်လေ့လာ၍ working Experience ရယူနိုင်သည့် Program သစ်တစ်ရပ် စီစဉ်ထားကြောင်း သတင်းရရှိပါသည်။ တန်ဖိုးရှိလှသော ကျောင်းသားဘ၀တွင် ပညာရပ်သင်ကြားမှုသာမက အထွေထွေဗဟုသုတနှင့် လုပ်ငန်းအတွေ့အကြုံပါ ရရှိစေရန်ရည်ရွယ်၍ အဆိုပါ Program ကို ERC Institute တွင် Diploma မှ MBA အထိ တက်ရောက်နေသူ ကျောင်းသား၊ ကျောင်းသူများသွားရောက်နိုင်ပြီဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံရှိ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ယဉ်ကျေးမှုအလိုက် လိုက်လျောညီထွေစွာ နေထိုင်နိုင်မည်ဖြစ်ပြီး မိမိ၏ ပညာရပ်အား Apply လုပ်၍ working Experience ရရှိနိုင်သည့် Cultural Experience To USA ဟု အမည်ပေးထားသော အဆိုပါ ခရီးစဉ်တွင် Tourism & Hospitality ကျောင်းသားများအနေဖြင့် (၁) နှစ်သွားရောက်ရမည်ဖြစ်ပြီး ကျန်ကျောင်းသူ ကျောင်းသားများအနေဖြင့် (၆) လသွားရောက် ရမည်ဖြစ်သည်။ အလုပ်လုပ်နေစဉ်အတောအတွင်း ၌လည်းဝင်ငွေရရှိမည်ဖြစ်သည်။ အလုပ်ချိန်အနေဖြင့် လုပ်ငန်းခန့်အပ်သူပေါ်မူတည်၍ တစ်လလျှင် (၃၂) နာရီမှ (၄၀) နာရီအတွင်းလုပ်ခွင့်ရရှိမည်ဖြစ်သည်။ ၀င်ခွင့်လိုအပ်ချက်များအနေဖြင့် ERC Institute ၏ Full-Time Student ဖြစ်ရပါမည်။ အသက်အရွယ်အားဖြင့်လည်း (၁၈) နှစ်ပြည့်ပြီးသူများဖြစ်ရန်လိုအပ်ပါသည်။ English Requirement အနေနှင့် Intermediate Level ရှိရန်လိုအပ်ပြီး ERC Institute ၏ Interview ကို ဖြေဆိုအောင်မြင်ရမည်ဖြစ်ကြောင်းသိရပါသည်။ ထို့ပြင် New Zealand နိုင်ငံသို့သွားရောက်မည့်သူများအတွက် Cultural Experience Program အနေဖြင့် (၄) လသွားရောက်နိုင်ပြီး ၀င်ခွင့်လိုအပ်ချက်မှာလည်း USA နှင့်အလားတူပင်ဖြစ်ပါသည်။  အထက်ပါအကြောင်းအရာများနှင့်ပတ်သက်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် အသေးစိတ်သိလိုသည်များကို Study Abroad Information Centre အမှတ် (၂၉၀-အေ) ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာနှင့် မဟာမြိုင်မှတ်တိုင်ကြား) မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၁-၅၂၄၁၂၆၊ ၇၀၁၃၃၁ ၊ ၀၉၈၀၂၂၁၈၄ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။






 

(18-3-2011)
Source: Ko Lin (Myanmar Training)

 


 

Nanyang Institute of Management ၏ Construction Engineering ဘာသာရပ်အတွက် One to One Counseling ကို .
                                     MSI ရုံးခန်းတွင်ပြုလုပ်မည်
. .  .  . . . . .  .
..f . . . . .  . . .  . . 
 
.  .. . .     .  . .       

 

စင်္ကပူနိုင်ငံတွင် Construction Engineering ဘာသာရပ်ကို တက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများအတွက် Nanyang Institute of Management (NIM)မှ Diploma in Construction Engineering Program အသစ်ကို စတင်ဖွင့်လှစ်သင်ကြားတော့မှာဖြစ်ကြောင်း Myanmar Search International မှသိရှိရပါသည်။
၎င်းဘာသာရပ်ကိုဖွင့်လှစ်သင်ကြားပေးခြင်းဖြင့်
(၁) ဆောက်လုပ်ရေးလုပ်ငန်းတွင် လက်ရှိအသုံးပြုနေသည့် အားဖြည့်ကွန်ကရစ်ဆောက်လုပ်ရေး နည်းပညာများနှင့် ရင်ဘောင်တန်းစေရန်။
(၂) ဆောက်လုပ်ရေးတွင်များပြားလှသော အားဖြည့်ကွန်ကရစ်လုပ်ငန်းလက်ရာ အမျိုးမျိုးကို ထိထိရောက်ရောက် ပုံဖော်လုပ်ဆောင်ပေးရန်နှင့်
      ကြီးကြပ်ကွပ်ကဲပေးရန်။
(၃) အဆင့်မြင့် ကုန်ထုတ်စွမ်းရည် အကောင်အထည်ဖော်ရေးနှင့် နှောင့်နှေးကြန့်ကြာမှု နည်းနိုင်သမျှ နည်းသွားအောင် အစီအစဉ်ချမှတ်၍ စီမံခန့်ခွဲသွားရန်။
(၄) အားဖြည့်ကွန်ကရစ်ဆောက်လုပ်ရေးနှင့် ဆက်စပ်လျော်ညီသော ရိုးရှင်းသည့် ဒီဇိုင်းများပြုလုပ်ပေးရန်။
(၅) အားဖြည့်ကွန်ကရစ်ဆောက်လုပ်ရေးဆိုင်ရာ လုံခြုံရေးအတွက်အထူးဂရုပြုရမည့် ရှုထောင့် အသီးသီးကို စီမံခန့်ခွဲသွားရန်။
(၆) လုပ်ငန်းအတွက်စီမံခန့်ခွဲမှုနှင့် ငွေရေးကြေးရေးဆိုင်ရာအကြောင်းအရာများကို နားလည်တတ်ကျွမ်းပြီး လက်တွေ့အသုံးချနိုင်ရန်ရည်ရွယ်ထားကြောင်း NIM
      ကျောင်းမှ Ms.Tanny (Marketing Executive) ၏ ပြောကြားချက်ကို MSI မှ တဆင့်သိရပါသည်။

သင်တန်းကာလမှာ Industrial Training (4)လ အပါအ၀င် (24) လကြာမြင့်မှာဖြစ်ပြီး ကျောင်းလခမှာ “စင်္ကာပူဒေါ်လာ 22399.50” အား နှစ်ကြိမ်ခွဲသွင်းနိုင်ကြောင်း၊ သင်ကြားရမည့်ဘာသာရပ်မှာ (24) ဘာသာဖြစ်ကြောင်းသိရပါသည်။ အနီးဆုံးကျောင်းဖွင့်ချိန်မှည 11 Jul 2011 ဖြစ်ပြီး ၎င်း သင်တန်းအတွက် ၀င်ခွင့်လိုအပ်ချက်များနှင့် ပတ်သက်၍ မတ်လ 26 ရက် 2011 အချိန် (3:00 Pm to 6:00 pm) တွင် NIM Ms.Tanny (Marketing Executive) မှ တစ်ဦးချင်းစီစစ်ဆုံးဖြတ်ပေးမှာ ဖြစ်သည့်အတွက် လျှောက်ထားလိုသော ကျောင်းသားများသည် MSI ရုံးခန်း အမှတ် 234 ဒုထပ် (ညာ) ရွှေဘုံသာအလယ်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း- 389915,250929,095103915 သို့ဆက်သွယ်စုံစမ်း နိုင်ပါကြောင်း သိရပါသည်။




 

(22-3-2011)
Source: Ko Lin (Myanmar Training)


                သင်္ကြန်ကာလ English Summer Camp Program ကို ထိုင်းနိုင်ငံတွင် သွားရောက်သင်ကြားနိုင် .  .  . . . . . . . .. . . .  . . . .  . .  . . . .   .  .      .  . .   5        

မြန်မာနိုင်ငံရှိ ပဉ္စမတန်းမှ တက္ကသိုလ် ပထမနှစ်တက်ရောက်လျက်ရှိသော ကျောင်းသားကျောင်းသူများအနေဖြင့် သင်္ကြန်ကာလအတွင်း English Summer Camp Program ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သွားရောက် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း OESC မှသိရသည်။ အဆိုပါအစီအစဉ်ကို OESC မှ ကလေးများအား အင်္ဂလိပ်စာစွမ်းရည်မြင့်မားစေရန်၊ နိုင်ငံတကာပညာသင်ကြားရေးစနစ်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ပြုလုပ်ခြင်း ဖြစ်သည်။ English Summer Camp Program ကို ထိုင်းနိုင်ငံရှိ Shinawatra University တွင် သင်ကြားရမည်ဖြစ်ပြီး သင်တန်းကာလ အနေဖြင့် ၂၀၁၁ ခုနှစ်၊ ဧပြီလ ၉ ရက်မှ ၁၇ ရက်အထိ ဖြစ်သည်။ သင်တန်းတွင် ကလေးငယ်များအတွက် English 4 Skills ကို Shinawatra University မှ Native Teacher နှင့် သင်ကြားခွင့်ရရှိမည်ဖြစ်သောကြောင့် အင်္ဂလိပ်စာ စွမ်းရည်မြင့်မားစေမည့်အပြင် နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်၏ သင်ကြားမှုများကိုလည်း လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလအတွင်း အင်္ဂလိပ်စာသင်ကြားခြင်းအပြင် မိမိကြိုက်နှစ်သက်ရာ အားကစားနည်းများ၊ အဖွဲ့လိုက်လှုပ်ရှားမှုများ၊ ဂိမ်းအစီအစဉ်များ၊ Dance Program နှင့် တေးသီချင်းသီဆိုခြင်းများ၊ ပါတီများ၊ Talent Show များနှင့် အခြားပျော်ပွဲရွှင်ပွဲ အစီအစဉ်များလည်း ထည့်သွင်းထားရှိကာ အထူးအစီအစဉ်အဖြစ်ထိုင်းရိုးရာတေးဂီတနှင့် ထိုင်းရိုးရာသင်္ကြန်ကိုလည်း ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

“အဓိက ၅ တန်းကနေ တက္ကသိုလ်ပထမနှစ်တက်ရောက်လျက်ရှိတဲ့ ကလေးငယ်တွေနဲ့ ကျောင်းသားကျောင်းသူတွေအတွက် ရည်ရွယ်ပါတယ်။ သင်္ကြန်ကာလပိတ်ရက်တွေမှာ အင်္ဂလိပ်စာတစ်ဖက်က သင်ကြားရင်း နိုင်ငံတကာပညာရေးစနစ်ရဲ့ သင်ကြားမှုတွေလေ့လာနိုင်ပါမယ်။ Native Teacher တွေ နဲ့ သင်ကြားရမှာ ဖြစ်တဲ့အတွက် နောက်ပိုင်းနိုင်ငံတကာမှာပညာသင်မယ်ဆိုရင် နိုင်ငံခြားသားဆရာတွေနဲ့ သင်ကြားတဲ့နေရာမှာစိမ်းမနေတော့ပါဘူး။ နိုင်ငံတကာက ကျောင်းသားကျောင်းသူတွေနဲ့ ရင်းနှီးခင်မင်ခွင့်ရမှာပါ” ဟု OESC မှ တာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။ အဆိုပါ English Summer Camp Program အတွက် USD 650+Air Ticket သတ်မှတ်ထားပြီး စိတ်ဝင်စားသူ မိဘများအနေဖြင့်လည်း အတူတကွလိုက်ပါ လေ့လာနိုင်ကာ မိဘများအတွက်လည်း USD 650+Air Ticket သတ်မှတ်ထားကြောင်းသိရသည်။ “နေထိုင်စားသောက်စရိတ်အတွက် Shinawatra ကစီစဉ်ပေးထားပါတယ်။ နေဖို့အတွက် အဆောင်လည်း စီစဉ်ပေးထားပါတယ်။ ကလေးတွေအတွက် သက်သက်၊ မိဘတွေကသက်သက်ပေါ့။ ဒီအစီအစဉ်မှာက ကလေးတွေ အင်္ဂလိပ်စာသင်တဲ့အချိန် မိဘတွေအနေနဲ့ စိတ်လက်အပန်းဖြေ အားကစားလုပ်နိုင်ဖို့ စီစဉ်ထားသလို ကလေးနဲ့ မိဘတွေအတွက်စီစဉ်ထားတဲ့ Activates တွေမှာလည်းပါဝင်ခွင့်ရမှာပါ” ဟု ၎င်းက ထပ်မံရှင်းပြခဲ့သည်။ အဆိုပါ English Summer Camp Program နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များထပ်မံသိရှိလိုပါက OESC ဖုန်း - ၅၁၉ ၀၉၂၊ ၀၉-၇၃၀၉ ၄၀၆၀၊ ၀၉-၅၀၈ ၆၈၁၉ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။




 

(22-3-2011)
Source: Internet Journal


                  BCA Academy ဝင်ခွင့်စာမေးပွဲများအား မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ဖြင့် ဖြေဆိုနိုင်မည် . . .  . .. .
 ... .. .  .  . .. . .. . . .. .   . . . .

.

စင်ကာပူအစိုးရကျောင်း BCA Academy ၏ ဝင်ခွင့်စာမေးပွဲများအား မြန်မာနိုင်ငံတွင် တရားဝင်အဖြစ် ကြီးမှူး ကျင်းပလျက်ရှိသော Future Way Co.,Ltd မှ ကျောင်းမှတ်ပုံ တင်ကြေးကင်းလွတ်ခွင့် ပထမဦးဆုံး အကြိမ်စစ်ဆေးပေးသွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါစာမေးပွဲများကို မေလ ၂၈ ရက်ကျင်းပမည်ဖြစ်ပြီး ကင်းလွတ်ခွင့် လျှောက်ထားရာတွင် မေလ ၇ ရက်နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ အဆိုပါကျောင်းသည် စင်ကာပူ နိုင်ငံဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့အစည်းမှ တိုက်ရိုက်ဖွင့်လှစ်ထားသော အင်ဂျင်နီယာဘာသာရပ်များကိုသာ အဓိကသင်ကြားပေးနေသော အစိုးရကျောင်းဖြစ်ပြီး ဝင်ခွင့်ဖြေဆိုလိုသူများသည် တက္ကသိုလ်ဝင်တန်း (သို့) GCE ‘O’ Level သုံးဘာသာအောင်မြင်ထားရန် လိုအပ်သည်။ ထို့ပြင် တက္ကသိုလ်ဝင်တန်း အမှတ်အနည်းအများနှင့် IELTS/ TOEFL ရမှတ်များမလိုအပ်ဘဲလျှောက်ထားနိုင်ပြီး ဝင်ခွင့်စာမေးပွဲဖြေဆိုလိုသူများနှင့် မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့် လျှောက်ထားလိုသူများသည် Future Way Co.,Ltd ဖုန်း - ၂၄၁ ၀၉၉ ၊ ၂၅၄ ၁၈၅ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်။





 

 

(22-3-2011)
Source: Internet Journal


ဂျီစီအီးအိုနှင့် အိုင်ဂျီစီအက်စ်အီး အင်္ဂလိပ်စာရမှတ် နည်းသူများအတွက် တက္ကသိုလ် Foundation ပရိုဂရမ်သို့ဝင်ခွင့် .
                                            စာမေးပွဲလာရောက်စစ်ဆေးပေးမည်
.   . . . . .  .  . .  .   . .  . .. .   .    . 
 
. .  . . .   . .  .    . 0     .    

နိုင်ငံတကာအသိအမှတ်ပြုစာမေးပွဲတစ်ခုဖြစ်သည့် GCE, iGCSE စာမေးပွဲများဝင် ရောက်ဖြေဆိုရာတွင်၊ နိုင်ငံတကာ ကျောင်းအများစုသို့ ၀င်ခွင့်ရရှိရန်၊ ယေဘူယျအားဖြင့် (၅) ဘာသာ ဖြေဆိုရန်လိုအပ်ပြီး၊ ဘာသာရပ်တိုင်းတွင် Grade (C) ဖြင့်အောင်မြင်ရန် လိုအပ်သည်ဟုသိရသည်၊၊ စင်္ကာပူအစိုးရ Poly ကျောင်းများသို့ဝင်ခွင့် ရရှိရန် ယေဘူယျအားဖြင့် ဘာသာရပ်အား လုံးGrade (A) သို့မဟုတ် (B) ရရှိထားမှသာ ၀င်ခွင့်အတွက် အခွင့်အရေးများနိုင်သည်ဟုလည်း သိရသည်၊၊ GCE နှင့် iGCSE တို့ တွင် အင်္ဂလိပ်စာ အောင်မှတ် (စီ) မရရှိသောကျောင်းသား ကျောင်းသူများ ကျောင်းဝင်ခွင့် လျှောက်ထားရာတွင် အခက်အခဲရှိတတ်ရာIELTS/TOEFL ဖြေဆိုရန် မလိုအပ်ပဲ PSB Academy တွင် လေ့လာသင်ယူနိုင်မည့် University of Cambridge အသိအမှတ်ပြု ဒီပလိုများနှင့် သြစတြေးလျတက္ကသိုလ်များဖြစ်သည့် University of Newcastle နှင့် University of Wolloonge တို့၏ Foundation ပရိုဂရမ်များသို့ တိုက်ရိုက်တက်ရောက်ခွင့် ရစေရန် အဆိုပါစာမေးပွဲကို လာရောက်စစ်ဆေးပေးခြင်း ဖြစ်သည်ဟုသိရသည်၊၊ အဆိုပါ စာမေးပွဲကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ များတွင် စစ်ဆေးပေးမည်ဖြစ်ပြီး၊ April 7, 2011 နေ့ တွင် နံနက် (၁၀) နာရီမှ (၁၁) နာရီခွဲအထိ၊ ရန်ကုန်မြို့ Traders Hotel တွင်ကျင်းပပြုလုပ်မည်ဖြစ်ကာ၊ ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ CROWN Education ဖုန်းနံပါတ်၊ 211 888 (Ext 228) နှင့် 09 731 700 20 သို့  စတင်စာရင်းပေးနိုင်ပြီဖြစ်ကြောင်းသိရသည်၊၊

“GCE’O’ နဲ့  iGCSE ရမှတ်တွေမှာ မြန်မာနိုင်ငံကကျောင်းသူကျောင်း သားတွေအနေနဲ့  သင်္ချာ၊ ဓါတု၊ ရူပဗေဒ၊ ဘိုင်အိုဘာသာရပ်တွေကို (A) တို့ (B) တို့ရဘို့မခဲယဉ်းပေမဲ့၊ အင်္ဂလိပ်စာမှာတော့ “C” ရဘို့ကို မနည်းကြိုးစားကြရပါတယ်၊၊ ဆရာတွေသင်ကြားပေးမှု့ အပိုင်းကောင်းသော်လည်း၊ တစ်ချို့ အင်္ဂလိပ်စာအခြေခံကောင်းတွေမရှိပဲ iGCSE ကိုအချိန်တိုတိုအတွင်း ပြင်ဆင်ပြီး၊ ဖြေဆိုမယ်ဆိုရင် အခက်အခဲရှိနိုင်ပါတယ်၊၊" “နှစ်စဉ် GCE’O’/ iGCSE ရမှတ်တွေထွက်တဲ့အခါ ကျန်တဲ့ဘာသာတွေမှာ ရမှတ်ကောင်းပြီး၊ အင်္ဂလိပ် စာမှာ D တို့ E တို့ ရသွားတဲ့ ကလေးတွေအတွက်၊ iGCSE ရဲ့ အင်္ဂလိပ်စာဘာသာ၊ ဒါမှမဟုတ် IELTS ကိုပြန်ဖြေစရာမလိုပဲ တက္ကသိုလ်တွေကို လျောက်ထားခွင့်ရဖို့အတွက် ၀င်ခွင့်စာမေးပွဲကို PSB Academy ကလာရောက်စစ်ဆေးပေးမှာဖြစ်ပါတယ် ဟု” CROWN Education မှ ပညာရေးအတိုင်းပင်ခံ ဦးအောင်ကျော်ဆန်းက ပြောကြားသည်၊၊ PSB Academy တွင် ၂၀၁၁ မှစ၍ University of Cambridge International Examination မှ ပူးတွဲ့  အသိအမှတ်ပြုချီးမြင့်ပေးမည့်၊ Accounting & Finance ဒီပလိုမာ၊ Human Resource Management ဒီပလိုမာ၊ Marketing and Sales Management ဒီပလိုမာနှင့်၊ Supervisory Management ဒီပလိုမာ များကို သင်ကြားပို့ခြပေးမည့်အပြင်၊ သြစတြေးလျနိုင်ငံ University of Newcastle မှ တိုက်ရိုက် ပေးအပ် ချီး မြင့်မည့် Bachelor of Engineering (Electrical) နှင့် Bachelor of Engineering (Mechanical) အင်ဂျင်နီယာဘွဲ့များကို လျှောက်ထားနိင်မည်ဖြစ်ကာ အဆိုပါ ဘွဲ့များမှာ သြစတြေးလျနိုင်ငံ အင်ဂျင်နီယာ အသင်းမှအသိမှတ်ပြုသည့်အပြင် USA, Canad U.K, Japan အစရှိသော နိုင်ငံများ မှလည်း အသိအမှတ်ပြုထားသည်ဟုသိရသည်၊၊ အဆိုပါဝင်ခွင့်စာမေးပွဲနှင့်ပတ်သက်၍ ဖြေဆိုရင်စာရင်းပေးသွင်းရန်နှင် အသေးစိတ်အချက်အလက်များကိုသိရှိရန် CROWN Education, Summit Parkview Hotel, အခန်း (၂၂၈)၊ ဖုန်းနံပါတ် ၂၁၁ ၈၈၈ (လိုင်းခွဲ ၂၂၈)၊ 09 731 700 20 တို့  တွင်ဆက်သွယ်စုံစမ်း စာရင်းပေး နိုင်ကြောင်းသိရပါသည်၊၊

 

(23-3-2011)
Source: Ko Lin (Myanmar Training)
 


“London School of Commerce မှ မြန်မာနိုင်ငံမှကျောင်းသူကျောင်းသားအများအတွက် ပေးအပ်မည့် အထူးပညာသင် .
ထောက်ပံ့ကြေး ဆွေးနွေးပွဲ” 

 

အင်္ဂလန်နိုင်ငံရှိ London School of Commerce နှင့် CROWN Education တို့ပူးပေါင်းစီစဉ်မှု့ ဖြင့်၊ မြန်မာနိုင်ငံမှ ကျောင်းသူ ကျောင်းသားများ အတွက်၊ ပညာသင်ထောက်ပံ့ကြေး ရွေးချယ်ပေးအပ်မည့်အစီအစဉ်ကို April (2), 2011 (စနေနေ့ ) နံနက် (၁၀)နာရီမှ (၁၂)နာရီ အထိ၊ ရန်ကုန်မြို့ ၊ PARKROYAL Hotel တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်၊၊ London School of Commerce သည် လန်ဒန်၏ အချက်အခြာကြသောနေရာတွင်တည်ရှိပြီး၊ Highly Trusted Sponsor ကျောင်းတစ်ကျောင်းဖြစ်ကာ၊ မြန်မာနိုင်ငံမှ ကျောင်းသူ ကျောင်းသားများအတွက် အထူးပညာ သင်ထောက်ပံ့ကြေးများ ပေးအပ်သွားမည် ဟုသိရသည်၊၊ အဆိုပါ အစီအစဉ် အသေးစိတ်ကို April (2) ရက်နေ့တွင် ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ရှင်းလင်းပြောကြား မည်ဖြစ်ပြီး၊ သတ်မှတ်ချက် အရည်အချင်းပြည့်မှီသူများ CROWN Education တွင် စတင်စုံစမ်း လျှောက်ထား နိုင်သည်ဟုသိရပါသည်၊၊

London School of Commerce တွင် BSc (Hons) Accounting, BA (Hons) Business Studies , BSc (Hons) Computing , MBA, MIT program များကို Degree Foundation မှ စ၍ Master Program အထိ သင်ယူနိုင်ပြီး၊ LSC ဧ။် Accredit University ဖြစ်သော University of Wales Institute of Cardiff မှ ဘွဲ့ ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်၊၊ MBA လျောက်ထားသင်ယူလိုပြီး၊ စီပွားရေးဘာသာရပ်များတွင် အခြေခံမရှိသော ကျောင်းသူ ကျောင်းသားများ အတွက် LSC ၏ MBA Foundation Program ကို လေးလတက်ရောက်ပြီး၊ တစ်နှစ်ကြာမြင့်မည့် MBA သို့ ဆက်လက်တက်ရောက်နိင်မည်ဖြစ်ပါသည်၊၊ MBA program သို့ တိုက်ရိုက်တက်ရောက်လိုသော၊ ကျောင်းသူ ကျောင်းသားများအနေဖြင့် မိမိတို့ဧ၊်သက်ဆိုင်ရာ ပညာရေးဌာန၏ထောက်ခံချက်များ နှင့် အလုပ်အတွေ့အကြုံ ထောက်ခံချက်များ တင်ပြနိုင်ပါက ပိုမိုသင့်တော်ပြီး၊ IELTS 6.5 ရရှိရန်လိုအပ်ပါသည်၊၊

အထူးပညာသင်ထောက်ပံ့ကြေးပေးအပ်မည့် ကျောင်းသားအရေအတွက်အား ကန့်သတ်ထားပြီး၊ ပညာအရည်အချင်း ပြည့်မှီသူများကို၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပေါင်စတာလင် (၅၀၀၀) မှ (၅၀၀)အထိ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ပါသည်၊၊ အဆိုပါအထူးပညာသင်ထောက်ကြေး လျှောက်ထားရာတွင် လျှောက်ထားသူ၏ ပညာရေးစာရွက် စာတမ်းများအပြင်၊ ကိုယ်ရေးရာဇ၀င်မှတ်တမ်း(CV)၊ IELTS Original Certificate၊ သက်တမ်း(၆)လရှိ ပတ်စပို့မိတ္တူ၊ သုံးလအတွင်းရိုက်ကူးထားသော ဓါတ်ပုံတစ်ပုံ၊ တင်ပြရန်လျောက်ထားရမည်ဖြစ်ပြီး မိမိရွေးချယ်သည့် ဘာသာရပ်အား မည့်သည့်အတွက်ကြောင့် စိတ်ဝင်စားကြောင်းအား၊ စာလုံးရေ ၂၀၀ ခန့် ရေးသားတင်ပြရမှာဖြစ်ပါသည်၊၊ ဆွေးနွေးပွဲတက်ရောက်ရန်နှင့် အသေးစိတ်အချက်အလက်များကို CROWN Education ဖုန်း ၂၁၁ ၈၈၈ (လိုင်းခွဲ ၂၂၈-၂၂၉)၊ နှင့် 09 731 700 20 တို့  တွင်ဆက်သွယ်စာရင်းပေး၊ စုံစမ်းမေးမြန်းနိုင်ပါသည်၊၊






 


 

(23-3-2011)
Source: Ko Lin (Myanmar Training)

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats