Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


News » International News

PSB Academy မှ 2011 အတွက် ကျောင်းဝင်ကြေးကင်းလွတ်ခွင့်နှင့် အင်္ဂလိပ်စာ ဖြေဆိုခွင့်အစီအစဉ် နှစ်ရပ်ထုတ်ပြန်ကြေငြာခြင်း

Singapore Experience Award 2010 ဆုရရှိထားသော PSB Academy ကျောင်းသည်ယခုအခါ 2011 ပထမဆုံးအစီအစဉ်သစ်တစ်ရပ်အနေဖြင့် GCE “O” Level/ IGCSE ကျောင်းသားများအတွက်သာ အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲဖြေဆိုခွင့်ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း Myanmar Search International (MSI) ပညာရေးဝန်ဆောင်မှုကုမ္ပဏီမှသိရှိရပါသည်။ PSB Academy ၏ အင်္ဂလိပ်စာဖြေဆိုခွင့် အရည်အချင်းသတ်မှတ်ချက်မှာ GCE “O” Level / IGCSE စာမေးပွဲဖြေဆိုရာတွင် အင်္ဂလိပ်စာဘာသာရပ်မှာ Grade D နှင့် E ရရှိခဲ့သော် ၎င်းစာမေးပွဲကို ဒုတိယအကြိမ် အခွင့်အရေးအနေဖြင့် ဝင်ရောက်ဖြေဆိုခွင့်ရှိမည်။ ခြွင်းချက်အနေဖြင့် Grade U (Unknown) အဆင့် ရရှိထားသော ကျောင်းသားများဝင်ရောက်ဖြေဆိုခွင့် မရှိကြောင်းသိရသည်။ ထို့ပြင် PSB Academy ကျောင်းသို့ လျှောက်ထားရာတွင် ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက် (သောကြာနေ့) မှ ဧပြီလ ၁၁ ရက် (တနင်္လာနေ့) အထိ ကျောင်းလျှောက်လွှာများကို ကျောင်းဝင်ကြေး “စင်္ကာပူဒေါ်လာ ၃၅၃” ပေးသွင်းစရာမလိုပဲ လက်ခံမည်ဖြစ်ကြောင်း၊ သို့ရာတွင် ကျောင်းသားဗီဇာ လျှောက်ထားရန် အတွက် “စင်္ကာပူဒေါ်လာ ၃၀” သာပေးသွင်းရမှာဖြစ်ကြောင်း၊ PSB Academy ကျောင်းကို အမှန်တကယ်တက်ရောက်လိုသော ကျောင်းသားများသာ အထက်ပါ အစီအစဉ်နှစ်ရပ်၏ အကျိုးကျေးဇူးကို ရရှိနိုင်မှာဖြစ်ကြောင်း MSI မှသိရှိရပါသည်။

၎င်း GCE “O” Level နှင့် IGCSE တို့တွင် ဘာသာရပ်ပေါင်း (၃၀) ကျော်ဝန်းကျင်ရှိရာ ယနေ့မြန်မာနိုင်ငံမှ ကျောင်းသားအများဆုံးစိတ်ဝင်စားဖြေဆိုသော ဘာသာရပ်မှာ (၁၁) ဘာသာရပ်ဝန်းကျင်ခန့်ရှိကြောင်း၊ ၎င်းဘာသာရပ်များမှာ- English, Math 1, Math 2, Physic, Chemistry, Biology, Accounting, Economic, Computing, Commerce, Human Bio ဖြစ်ကြောင်း၊ GCE “O” Level တွင် Cambridge နှင့် Edexcel နှစ်မျိုးရှိရာ Singapore နိုင်ငံကိုကျောင်းတက်ဖို့ စိတ်ဝင်စားသော ကျောင်းသားများသည် ဦးစားပေး Cambridge ကိုဦးစားပေးဖြေဆိုကြကြောင်း MSI မှ Managing Director ဒေါ်စုစုလှိုင်ထံမှ သိရှိရပါသည်။ စာမေးပွဲ ဖြေဆိုရမည့် အချိန်နှင့် နေရာသတ်မှတ်ချက်မှာ - မန္တလေးမြို့တွင် ၅ ရက်၊ ၄လ၊ ၂၀၁၁ (အင်္ဂါနေ့)၊ နံနက် ၁၀ နာရီ မှ ၁၁ နာရီခွဲ၊ Hotel Queen နှင့်ရန်ကုန်မြို့တွင် ၇ ရက်၊ ၄ လ၊ ၂၀၁၁ (ကြာသပတေးနေ့)၊ နံနက် ၁၀ နာရီ မှ ၁၁ နာရီခွဲ၊ ကုန်သည်ကြီးများဟိုတယ် Traders Hotel (တောင်ငူခန်းမ) တို့ဖြစ်သည်။ သီးခြားအနေဖြင့် တစ်ဦးချင်းဆွေးနွေးရန်အတွက် MSI ရုံးခန်းတွင် ၂၀၁၁ ၊ ဧပြီလ ၁၀ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲတွင် ကျင်းပမည်ဖြစ်ပါသဖြင့် စာမေးပွဲဖြေဆိုမည့်သူများနှင့် တစ်ဦးချင်းဆွေးနွေးမည့်သူများသည် MSI ရုံးခန်း၊ ဖုန်းနံပါတ် - ၀၁-၂၅၀၉၂၉ ၊ ၀၁-၃၈၉၉၁၅ ၊ ၀၉-၅၁၀၃၉၁၅ သို့ကြိုတင်ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါသည်။






 

(29-3-2011)
Source: Ko Lin (Myanmar Training)

 


 

နိုင်ငံတကာ Universities များတွင် သွားရောက်ပညာသင်လိုသူများအတွက် Pre- University Studies Program နှင့် .
                                             သင်္ကြန်အထူးအစီအစဉ်
. .  .  . . . . .  .
..f . . . . .  . . .  . . 
 
.  .. . .     .  . .       

 

နိုင်ငံတကာကျောင်းသားများနှင့် တန်းတူပညာသင်ယူရာတွင် အဆင်ပြေချောမွေ့လိုသူများ၊ Singapore Poly Australia TAFE ကျောင်းများသို့ ၀င်ခွင့်ရလိုသူများ၊ GCE ‘A’ Level ကို Scholarship ရလိုသူများ၊ နိုင်ငံတကာ တက္ကသိုလ်ကြီးများတွင် ဆေးကျောင်းနှင့် အခြားဘာသာရပ်များ သင်ယူတတ်မြောက် လိုသူများ၊ ပညာသင်ဆု/ ထောက့်ပံ့ကြေး ရလိုသူများအတွက် Ideal For Home College Style အတိုင်းသင်ကြားခွင့်ရခြင်း၊ IGCSE ကို နှစ်ပေါင်း (၂၀) ကျော် အတွေ့အကြုံရှိ ၀ါရင့် Native Lecturer နှင့် Local Lecturer များမှ ပူးပေါင်းသင်ကြားပေးခြင်း၊ ကျောင်းသား/ သူများအတွက် ပျော်ရွှင်၍ အသိဥာဏ်ပိုမို တိုးတက်စေရန် Project များ၊ Presentation များကို လေ့ကျင့်သင်ကြားပေးခြင်း၊ IGCSE ကျောင်းသားများ Vocabulary တိုးတက်ကောင်းမွန်စေရန်အတွက် အထူးစီစဉ်ဆောင်ရွက်ပေးခြင်း၊ IELTS နှင့် TOEFL Class များကိုပါ ပူးတွဲလေ့လာခွင့်ရခြင်း၊ ခေတ်မီစာသင်ခန်းနှင့် သင်ထောက်ကူပစ္စည်းများ (WiFi, Internet, Reference, Library, Multi Media, Locker) စသည်တို့ကို စုံလင်စွာထားရှိပေးထားခြင်းနှင့် နိုင်ငံတကာတက္ကသိုလ်ကြီးများမှ ကျောင်းဝင်ခွင့် /Scholarship များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အမြဲမပြတ်သတင်းပေးခြင်းတို့ကို SR Education Centre မှ ၀န်ဆောင်မှုများပေးပြီး ၎င်း သင်တန်းကို ၂၀၁၁ ခုနှစ် မေလတွင် ထပ်မံဖွင့်လှစ်မည်ဖြစ်၏ကာ သင်္ကြန်အထူးအစီအစဉ်အဖြစ် သင်္ကြန် မတိုင်ခင်ကျောင်းအပ်သော ပထမဦးဆုံး ကျောင်းသား/သူ (၂၀) ဦးအား Net Book တစ်လုံးစီ လက်ဆောင်ချီးမြှင့်မည့် အစီအစဉ်ရှိကြောင်းသိရပါသည်။ မိမိရွေးချယ်မည့်ပညာရပ်ပေါ်မူတည်ပြီး သင်ကြားမည့် ဘာသာရပ်များမှာ English Spe A/B, ESL, Math, Pure Match, Physics, Chemistry, Bio, Human Bio, Social Studies, Business Studies, Eco, Accounting ဘာသာရပ်များဖြစ်ပြီး မိမိတက်ရောက်လိုသော ဘာသာရပ်အလိုက် လမ်းညွှန်ပေးခြင်း၊ အကြံဥာဏ်ပေးခြင်းများကို ဆောင်ရွက်ပေးပါသည်။ ကျောင်းသား/သူများ သင်တန်းပြီးမြောက်လျှင် နိုင်ငံတကာရှိ College University များသို့ဆက်လက်ပညာသင်ယူနိုင်ရန်လည်းဆောင်ရွက်ပေးပါသည်။ အသေးစိတ်သိလိုပါက SR Education Centre အခန်း ၁၀၄ အမှတ် ၂၈၈/၂၉၀ ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း- ၃၇၄၇၄၇၊ ၃၇၄၇၄၈၊ ၃၈၁၀၆၀ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။





 

(29-3-2011)
Source: Ko Lin (Myanmar Training)


                     မလေးရှား INTI University မှ Engineering ဘာသာရပ်များ လျှောက်ထားနိုင် . .  .  . . . . . . . .. . . .  . . . .  . .  . . . .   .  .      .  . .   5        

ကမ္ဘာ့အလုပ်အကိုင် အခွင့်အလမ်းများ အကောင်းဆုံး စာရင်းတွင် ထိပ်တန်းစာရင်း ဝင်သော Engineering ဘာသာရပ်ကို ယခုလက်ရှိ နောက်ပိုင်းတွင် ကျောင်းသားအများစု စိတ်ဝင်စားလာကြသည်။ ထိုကဲ့သို့ စိတ်ဝင်စားခြင်း အကြောင်းအချက်များထဲတွင် အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်မှု၊ လစာမြင့်မားမှုနှင့် မိမိအနာဂါတ်အတွက် ခိုင်မာနိုင်သည်ဟု ယုံကြည်ချက်များကြောင့်ဖြစ်ပြီး အသစ် အသစ်သော တီထွင်ဆန်းသစ်မှုများကို ကျောင်းသားအများစု စိတ်ဝင်စားလာရခြင်းကြောင့်ဖြစ်သည်။ မလေးရှားနိုင်ငံရှိ INTI University သည် Engineering ဘာသာရပ်နှင့် ပတ်သက်၍ ကျောင်းသားများ လိုအပ်တောင့်တနေသော ပညာရေးအဆင့်အတန်း၊ Critical Thinking နှင့် ဖန်တီးမှု အပိုင်းများတွင် အကောင်းဆုံးထောက်ပံ့ပေးနိုင်သော တက္ကသိုလ်တစ်ခုအဖြစ် ယခုနှစ်များတွင် အာရှ၌ ရပ်တည်လာနိုင်ခဲ့သည်။ ထိုကဲ့သို့ ရပ်တည်လာနိုင်ခဲ့ခြင်းမှာ ကမ္ဘာတစ်လွှားမှ Gamuda, Megasteel, Richo နှင့် TopRank ကဲ့သို့သော ပထမတန်းစား စက်မှုလုပ်ငန်းကြီးများနှင့် ချိတ်ဆက်ကာ INTI မှ Engineer ကျောင်းသားများ စက်ရုံလုပ်ငန်း အတွေ့အကြုံရရှိစေရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် INTI သည် မလေးရှားနိုင်ငံတွင် အင်ဂျင်နီယာကျောင်းသားများအတွက် လက်တွေ့ဓာတ်ခွဲခန်းများနှင့် အလုပ်ရုံ (Workshop) များအများဆုံးထားရှိပေးထားသော တက္ကသိုလ်တစ်ခုလည်းဖြစ်သည်။ INTI သည် ပထမတန်းစား ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကမ္ဘာ့အသိအမှတ်ပြု UK နှင့် AUS နိုင်ငံများရှိ ပထမတန်းစား တက္ကသိုလ်ကြီးများနှင့် ပူးပေါင်းကာ Engineering ဘာသာရပ်ကို နိုင်ငံတကာကျောင်းသားများထံ အရည်အချင်းပြည့်ဝစွာပို့ချလျက်ရှိသည်။ ထိုသို့ ပူးပေါင်းမှုများထဲမှ University of Bradford မှာ အင်္ဂလန်နိုင်ငံတွင် နာမည်ကျော်ကြားပြီး INTI မှ Engineering ဘွဲ့ရ ကျောင်းသားများအနေနှင့် University of Bradford မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ကို မလေးရှားနိုင်ငံတွင် စရိတ်သက်သာစွာပင် ရယူလာနိုင်ကြသည်။

INTI မှ Civil Engineering, Mechanical Engineering, Electrical Engineering Programme များကို မြန်မာကျောင်းသားများအပါအဝင် နိုင်ငံတကာကျောင်းသားများအား ကမ်းလှမ်းထားပြီး၊ UK နှင့် USA နိုင်ငံများသို့ Degree Transfer ပြုလုပ်ချင်သော ကျောင်းသားများအတွက်လည်း ယင်း Engineering Programm များကို Transfer ပြုလုပ်နိုင်ရန် စီစဉ်ပေးလျက်ရှိသည်။ ကျောင်းစရိတ်များအနေဖြင့် Diploma အတွက် သိန်း ၁၃၀ ဝန်းကျင်ခန့်ကုန်ကျမည်ဖြစ်ပြီး Bachelor အတွက် သိန်း ၂၈၀ ဝန်းကျင်ကုန်ကျနိုင်သည်ဟုသိရှိရပါသည်။ UK နှင့် USA Degree Transfer ဘာသာရပ်ကို ရွေးချယ်သူများသည် INTI တွင်ကုန်ကျစရိတ်မှာ သိန်း ၁၃၀ မှ ၁၅၀ ကြားကုန်ကျနိုင်ကြောင်းသိရှိရပါသည်။ ၎င်းပြင် ကုန်ကျစရိတ်ကို ကျောင်း semester အလိုက်ခွဲသွင်းနိုင်သောကြောင့် ကျောင်းသားများအတွက် ပိုမိုအဆင်ပြေကြောင်း သိရှိရပါသည်။ မြန်မာကျောင်းသားများအနေနှင့် ၎င်းဘာသာရပ်များကို တက်ရောက်ခွင့် ရရှိနိုင်ရန် အနည်းဆုံး ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) GCE ‘O’ Level အောင်မြင်ထားရန်လိုအပ်ပြီး IELTS 5.0 ရရှိထားရန် လိုအပ်ကြောင်းသိရှိရပါသည်။ IELTS ရမှတ်မရှိသေးသူများသည် INTI မှ ကျင်းပသည့် အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုနိုင်ကြောင်းသိရှိရပါသည်။ Engineering ဘာသာရပ်၏ ကျောင်းဖွင့်ချိန်များမှာ January, May နှင့် August လတို့ဖြစ်ပြီး အနီးဆုံး ကျောင်းဖွင့်ချိန်မှာ မေလဖြစ်ပြီး ကျောင်းအပ်လက်ခံနေပြီ ဖြစ်ကြောင်းလည်းသိရှိရပါသည်။ INTI သည် Laureate International University (LIU) အဖွဲ့၏ အဖွဲ့ဝင်ဖြစ်ပြီး ပြီးပြည့်စုံသော လုပ်ငန်းခွင်များက INTI ၏ အရည်အချင်းပြည့်ဝသော ဘွဲ့ရများအား အပြိုင်အဆိုင် တောင်းဆိုလာခြင်းကို အများဆုံးခံရသော ကျောင်းတစ်ကျောင်းလည်းဖြစ်သည်။ INTI ကျောင်း၏ ကျောင်းဝင်ခွင့်များ၊ ဘာသာရပ်များအကြောင်းအား အသေးစိတ်ဆွေးနွေးလိုပါက INTI ၏ မြန်မာပြည်တာဝန်ခံ ပညာရေးဝန်ဆောင်မှုစင်တာတစ်ခုဖြစ်သော OSM Education Centre၊ မြေနီကုန်းပလာဇာ ဒုတိယထပ်၊ ဗားကရာလမ်း၊ စမ်းချောင်း၊ ရန်ကုန်၊ ဖုန်းနံပါတ် ၀၉၇၃၁၄၇၃၇၉ နှင့် ၀၁၅၂၅၉၇၁ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပြီး on-line မှစုံစမ်းချင်သူများအတွက် osm@united-engineering.net နှင့် osm.education@gmail.com တို့ကို ဆက်သွယ်နိုင်ပါသည်။




 

(1-4-2011)
Source:
Ko Lin (Myanmar Training)


             စင်ကာပူအစိုးရ အင်ဂျင်နီယာ ဒီပလိုမာသင်တန်းကျောင်း BCA Academy ကို 10 တန်းဖြေဆိုပြီးသူများကို .
                                                             ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ပြုမည်
. . .  . .. .
 ... .. .  .  . .. . .. . . .. .   . . . .

.

၂၀၁၀/၁၁ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ၁၀ တန်း ကျောင်းသား/သူများအနေဖြင့် စင်ကာပူအစိုးရ အင်ဂျင်နီယာ ဒီပလိုမာသင်တန်းကျောင်း BCA Academy ဝင်ခွင့်စာမေးပွဲကိုဖြေဆိုနိုင်ကြောင်းသိရသည်။ အဆိုပါဝင်ခွင့် စာမေးပွဲအောင်မြင်ပါက ၂၀၁၁ အောက်တိုဘာလတွင် ဖွင့်လှစ်မည့် သုံးနှစ် အင်ဂျင်နီယာ ဒီပလိုမာသင်တန်းများကို စတင်တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။ စတင်တက်ရောက်ရမည့်အချိန်မှ (၁၀) တန်းအောင်မြင်ကြောင်း အထောက်အထားကို ပြသနိုင်ကြောင်းသိရသည်။ BCA Academy ဝင်ခွင့်စာမေးပွဲဖြေဆိုနိုင်ရန် ပြင်ဆင်မှုသင်တန်းကို ဧပြီလ (၄) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်္ချာ၊ အင်္ဂလိပ်နှင့် ပုံဆွဲဘာသာရပ်စသည်တို့ကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ ဝင်ခွင့်စာမေးပွဲများဖြစ်သော Construction Engineering, Mechanical Engineering (Green Building Technology), Strategic Facilities Management, Electrical Engineering & Clean Energy, Building Information Engineering နှင့် Design ဘာသာရပ် (၆) မျိုးအနက်မှ မိမိနှစ်သက်ရာကို ရွေးချယ်၍ စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ကြောင်း သိရသည်။ ဒီဇိုင်းဘာသာရပ်ကို ရွေးချယ်ဖြေဆိုမည့်သူများအနေဖြင့် အင်္ဂလိပ်စာနှင့် ပုံဆွဲဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်ပြီး ကျန်ဘာသာရပ် (၅) ခုထဲမှ တစ်ခုကိုရွေးချယ်ဖြေဆိုမည့် သူများအနေဖြင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။ စာမေးပွဲဖြေဆိုချိန်မှာ တစ်ဘာသာကို တစ်နာရီခွဲကြာမြင့်မည်ဖြစ်ပြီး အင်္ဂလိပ်စကားပြောစစ်ဆေးမှုလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ဝင်ခွင့်ပြင်ဆင်မှုသင်တန်းကို TIP TOP: International Education Service Provider ၏ M.D ဦးဇော်မင်းထွန်း M.E (EcE), DBS, DLD, PGDE, WBI Training Program (Japan) ကိုယ်တိုင်ဦးစီးပြီး စက်မှုတက္ကသိုလ်မှ အငြိမ်းစားဆရာ/မကြီးများမှ ရာနှုန်းပြည့် အောင်မြင်အောင်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်အချက်အလက်များ၊ ဝင်ခွင့်ပုံစံ ဖြည့်စွက်လိုသူများ အနေဖြင့် TIP TOP: IESP ဖုန်း - ၀၁-၅၃၉၇၉၁၊ ၀၉၅၁၆၂၀၆၂၊ ၀၉၉၁၀၀၁၈၁၈ ၊ ၀၈၂-၂၅၇၈၆ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။






 

 

(1-4-2011)
Source: Internet Journal


                      PSB Academy မှ Application Fee Wave ပေးအပ်မည် .    . . . . .  .  . .  .   . .  . .. .   .    . 
 
. .  . . .   . .  .    . 0     .    

စင်ကာပူနိုင်ငံရှိ PSB Academy တွင် ပညာသင်ကြားလိုသော ကျောင်းသူ/ကျောင်းသားများအတွက် Application Fee Wave ကို ပေးအပ် သွားမည်ဖြစ်ရာ ဧပြီ ၁ ရက်မှ ၁၁ ရက်အတွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။ ထို့ပြင် PSB မှ GCE “O” Level, IGCSE ဖြေဆိုထားပြီး၊ IELTS မဖြေရသေးသော ကျောင်းသူ ကျောင်းသားများ PSB ၏ English Placement Test ကို STUDY ABROAD ရုံးခန်းတွင် လာရောက်ဖြေဆိုပြီး ကျောင်းဝင်ခွင့်ကို လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်းသိရသည်။ PSB Academy တွင် ကျောင်းတက်ရောက်၍ Australia နိုင်ငံရှိ နာမည်ကြီး University of Wollonyong, University of Newcastle နှင့် UK ရှိ University of London မှ ချီးမြှင့်သည့် ဘွဲ့များကို ကုန်ကျစရိတ်သက်သာစွာနှင့် တက်ရောက်ရယူ နိုင်ကြောင်း၊ PSB Academy တွင် Business Administration, Banking & Finance, Marketing & Sules Management, Tourism & Hospitality Management, Public Relation & Journalism, Electrical Engineering, Mechanical Engineering, Sport & Exercise Sciences ဘာသာရပ်များကို တက်ရောက်နိုင်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက STUDY ABROAD ဖုန်း - ၅၂၄ ၁၂၆ တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။


 

(1-4-2011)
Source: Internet Journal
 


Nanyang Institute of Management . 

 

Diploma in Construction Engineering
 

အတတ်ပညာများထဲမှ ဘဝအတွက် စိတ်ချရသော အတတ်ပညာတစ်ခုကို ရွေးချယ်မယ် ဆိုရင် ဆောင်လုပ်ရေးနည်းပညာကို ရွေးချယ်သင့်ပါတယ်။ ဝင်ငွေကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပညာရပ်တစ်ခုလည်းဖြစ်ပါတယ်။ ဆောက်လုပ်ရေးအင်ဂျင်နီယာ တစ်ယောက်ရဲ့ သိသင့်သင်ကြားသင့်သော အဆင့်မြင့်ပညာရပ်များနှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်စွာ အုပ်ချုပ်ဦးဆောင်နိုင်မည့် အတတ်ပညာများကို သင်ကြားပေးမည့် Diploma in Construction Engineering ကို စင်ကာပူနိုင်ငံရှိ Edu trust ရရှိထားသော နန့်ယန်းကျောင်းတွင် စတင်သင်ကြားဖွင့်လှစ်တော့မည် ဖြစ်ပါသည်။ ထိုသင်တန်းမှ နိုင်ငံတကာအဆင့်မှီ အရည်အချင်းပြည့် ဆောက်လုပ်ရေးအင်ဂျင်နီယာများအား မွေးထုတ်ပေးသွားမည်ဖြစ်ပြီး၊ အောင်မြင်သော ဆောက်လုပ်ရေး အင်ဂျင်နီယာများအဖြစ် အနာဂတ်တွင် မြင်တွေ့ရတော့မည်ဖြစ်ပါသည်။ ကျောင်းဝင်ခွင့်မှာ ဆယ်တန်းအောင်မြင်ပြီးသူများ အနေဖြင့် Math အမှတ် ၆၀ နှင့်အထက် IELTS 5.0 ရရှိထားရမည်။ IELTS မရှိပါက၊ နန့်ယန်း ကျောင်းမှစစ်ဆေးသော English Placement Test စာမေးပွဲကိုဖြေဆိုရမည်ဖြစ်သည်။ အလုပ်အကိုင်အတွက် စင်ကာပူနိုင်ငံတွင်သာမက ဖွံ့ဖြိုးတိုးတက်ပြီး နှင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် ပါအခွင့်အရေးအထူးကောင်းမွန်ကြောင်း တွေ့မြင်ရမည်။ ထို့အပြင် Diploma ရရှိပြီးသော ကျောင်းသားများ အနေဖြင့် မြန်မာနိုင်ငံတွင် ပြန်လည်ပြီး နည်းပညာများကို အသုံးပြုကာ မြန်မာနိုင်ငံဆောက်လုပ်ရေးလောကတွင် အောင်မြင်သူများ အဖြစ်လည်း ရပ်တည်အကျိုးပြု နိုင်မည်ဖြစ်သည်။ ယခုအခါမြန်မာနိုင်ငံတွင်လည်း ပြည်ပမှပညာသင်ကြားပြီး အရည်အချင်းရှိသော ဆောက်လုပ်ရေး အင်ဂျင်နီယာများစွာ လိုအပ်နေပါသည်။ ထိုအင်ဂျင်နီယာများ၏ နည်းပညာများဖြင့် မြန်မာနိုင်ငံအတွက် အဆင့်မြင့် အဆောက်အအုံ၊ တိုက်ခန်းများ၊ Shopping mall များနှင့် Hotel များကို ဆထက်တပိုး ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ဦးမည်ဖြစ်သည်။ ထို့ကြောင့်ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်အခွင့်အလမ်း အလွန်ကောင်းမွန်သည်သာမက၊ အနာဂတ် အသက်မွေးဝမ်းကြောင်းအတွက် စိတ်ချနိုင်မည့်ပညာရပ်တစ်ခုဖြစ်သည့် Construction Engineering Diploma သည် မြန်မာကျောင်းသား၊ ကျောင်းသူများ မိမိဘဝအတွက် အကောင်းဆုံးရွေးချယ်သင့်သော အသက်မွေးဝမ်းကြောင်း နည်းပညာတစ်ခုဖြစ်ပါသည်။ အနာဂတ်တွင် မြန်မာကျောင်းသား၊ ကျောင်းသူများ အောင်မြင်မှုများရယူ ဆွတ်ခူးနိုင်ရန်အတွက် အတတ်ပညာနှင့် အောင်မြင်မှုကြားမှ ပေါင်းကူတံတားအဖြစ် နန့်ယန်းကျောင်းမှ ကျောင်းဝန်းအသစ်တွင် ဘာသာရပ်အသစ်ကို စတင်ပို့ချပေးတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။







 


 

(7-4-2011)
Source: Ko Lin (Myanmar Training)

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats