|
News
» International News
Australia နိုင်ငံ၏
TAFE Advanced Diploma of Accounting ကျောင်းဝင်ခွင့်များခေါ်ယူ
Australia
၏ အကြီးမားဆုံး အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ဘာသာရပ်များကို ပို့ချလျှက်ရှိသော TAFE
NSW အား ကျောင်းသားများသည် ယခုအခါစရိတ်စက သက်သာစွာဖြင့် မလေးရှားနိုင်ငံတွင်
သွားရောက် ပညာသင်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။ Accounting Environment တွင်
အသက်မွေးဝမ်းကျောင်း ပြုလိုသူများအတွက် အထူးသင့်တော်သော ဘာသာရပ်တစ်ခု
ဖြစ်ကြောင်းလည်း သိရှိရပါသည်။ လုပ်ငန်းတစ်ခုအတွက် မရှိမဖြစ် လိုအပ်သည့်
ငွေကြေးစီမံခန့်ခွဲမှုနှင့် စာရင်းအင်းစနစ်တစ်ခုလုံး ရေးဆွဲပြီး
လက်တွေ့အကောင်အထည်ဖော် ဆောင်နိုင်အောင် အတွက် သင်တန်းကာလ နှစ်နှစ်အတွင်း
သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ TAFE Advanced Diploma (Accounting)
ပြီးထားသူများသည် ACCA ဆက်လက် တက်ရောက်ရာတွင် ဘာသာရပ် (၅)ခု ကင်းလွတ်ခွင့်ရ
ရမည်ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းပြင် Australia ၊ New Zealand နှင့် UK အစရှိသည့်
နိုင်ငံများတွင် Accounting ဘာသာရပ်များကို ဆက်လက်တက်ရောက်မည်ဆိုပါက
ဘာသာရပ်ကင်းလွတ်ခွင့်များရှိမည်ဖြစ်ပြီး Australia နိုင်ငံရှိ UOW တွင် Accounting
& Finance ဘာသာရပ်ကိုတက်ရောက်ပါက ဒုတိယနှစ်ကို တိုက်ရိုက် တက်ရောက်နိုင်ကြောင်း
သိရှိရပါသည်။ INTI ၏ campus နှစ်ခုဖြစ်သော Sarawak နှင့် Penang
တို့တွင်တက်ရောက်နိုင်ပြီး မိမိရွေးချယ်သော campus ပေါ်မူတည်၍
ကျောင်းစရိတ်နည်းငယ်ကွာခြားနိုင်ပြီး နှစ်နှစ်စာအတွက် ကုန်ကျစရိတ်မှာ သိန်း ၁၀၀
ဝန်းကျင်ခန့်ကုန်ကျနိုင်ကြောင်း သိရှိရပါသည်။ semester အလိုက်အရစ်ကျ
ခွဲသွင်းနိုင်ခြင်းမှာ ကျောင်းသားအတွက် အဆင်ပြေကာ စရိတ်စက သက်သာစွာဖြင့် TAFE
Advanced Diploma ရယူနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။ ယခုလာမည့် July Intake တွင်
TAFE သွားရောက် တက်လိုသူများအတွက် ဆွေးနွေး အကြံပြုခြင်းများနှင့်
ကျောင်းအပ်လက်ခံခြင်း ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။ အသေးစိတ်သိရှိလိုပါက
ဖုန်းနံပါတ် ၀၉ ၇၃၁၄၇၃၇၉ နှင့် ၀၁ ၅၂၅၉၇၁ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး OSM
Centre မြေနီကုန်းပလာဇာ (ဒုတိယထပ်)၊ ဂမုန်းပွင့်နှင့် ဒဂုံစင်တာကြားသို့
လာရောက်မေးမြန်းကာ လိုအပ်သည့် စာရွက်စာတမ်းများ လာရောက်ထုတ်ယူနိုင်ကြောင်း
သိရှိရပါသည်။
(26-4-2011)
Source: Ko Lin (Myanmar Training)
စင်္ကာပူ၏ ပထမဆုံး Libral Arts College ကို
ကမ္ဘာကျော်တက္ကသိုလ်တစ်ခုဖြစ်သော Yale နှင့် NUS တို့ ပူးပေါင်း၍
စင်္ကာပူတွင်ဖွင့်လှစ် . .
. .
.
.
.
.
.
.
..f
.
.
.
. .
.
.
. .
.
.
..
.
.
.
.
.
ကောလိပ်တစ်ခု၏
အဆောင်အယောင်များ အပြည့်အစုံပါဝင်သော၊ စင်္ကာပူ၏ ပထမဆုံး Libral Arts College
ကို ကမ္ဘာကျော်တက္ကသိုလ်တစ်ခု ဖြစ်သော Yale နှင့် NUS တို့ ပူးပေါင်း၍
စင်္ကာပူတွင် ဖွင်လှစ်မည်ဖြစ်ကြောင်း CROWN Education မှတာဝန်ရှိ
သူတစ်ဦးကပြောကြားပါသည်၊၊ အဆိုပါ ထုတ်ပြန်ချက်ကို
စင်္ကာပူအမျိုးသားတက္ကသိုလ်နှင့် ကမ္ဘာကျော် ယေးလ်တက္ကသိုလ်တို့ မတ်လ (၃၁)
နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ပထမဆုံးအသုတ် ကျောင်းသား ၁၅၀ ကို ၂၀၁၃
တွင် စတင်လက်ခံသွားမည် ဖြစ်ကာ နောက်နှစ်များအတွက် ကျောင်းသူ ကျောင်းသား ၂၅၀
ခန့် လက်ခံသွားမည် ဖြစ်ကြောင်းလည်းသိရပါသည်၊၊ ထူးခြားချက်အနေဖြင့်၊
စင်္ကာပူနှင့် အာရှတစ်ဝှမ်းလုံးတွင် မရှိသေးသည့် သင်ကြားပို့ချပေးမည့်
ပုံစံအသစ်ဖြစ်ပြီး၊ ကောလိပ်ဝန်းအတွင်းတွင်ပင် ကျောင်းသား ကျောင်းသူများ
နေထိုင်ကာ လေ့လာသင်ယူနိုင်မည့် အစီအစဉ်တစ်ခုဖြစ်သည်၊၊ “Liberal Arts
ပညာရေးက vocational တို့ Technical တို့လို တစ်ခုခုကို အထူးပြု
လေ့လာတာမျိုး မဟုတ်ပဲ၊ ကျောင်းသူ ကျောင်းသားကို General Knowledge တွေကို
ဖွံ့ဖြိုးတိုးတက်စေတာ၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းအားကို ဖွံ့ဖြိုး
တိုးတက်စေတဲ့ ပညာရေးစနစ်တစ်ခုဖြစ်ပါတယ်၊၊ ကျောင်းသူ ကျောင်းသားတွေ အနေနဲ့
အဓိကအထူးပြုဘာသာရပ်ကို မယူခင် ပထမ (၂)နှစ်မှာ ဘာသာရပ် အားလုံး
သင်ကြားရမှာဖြစ်လို့ ၊ မိမိတို့ ဘယ်လိုဘာသာရပ်တွေမှာ အားသန်တယ်
ဘယ်လိုမေဂျာတွေကို သင်ယူသင့်တယ်ဆိုတာ ပထမ (၂) နှစ်သင်ယူပြီမှ
ဆုံးဖြတ်ရွေးချယ်နိုင်တဲ့အတွက်၊ မြန်မာနိုင်ငံက ကျောင်းသူ
ကျောင်းသားတွေအတွက် ပိုပြီးသင့်လျော်တဲ့ ပညာရေးလမ်းကြောင်းမျိုးဖြစ်ပါတယ်၊၊
ဖြစ်နိုင်ရင် ကျွန်တော်တို့ဆီက တက္ကသိုလ်တွေမှာပါ ဒီလိုစနစ်မျိုး
သင်ကြားပေးနိုင်ရင် ကျောင်းသူကျောင်းသားတွေ အတွက်
တော်တော်လေးအကျိုးရှိနိုင်ပါတယ်” ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ
ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားပါသည်၊၊
လေ့လာသင်ယူရမည့် ဘာသာရပ်တွေများတွင် Literature, Languages,
Philosophy, History, Mathematic နှင့် Science ဘာသာရပ်များကို
ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူကြရမည်ဖြစ်ပြီး၊ ဒီဂရီတစ်ခု ရရှိရန် (၄) နှစ်
သင်ယူကြရမည်ဖြစ်ပြီး၊ Bachelor of Art သို့မဟုတ် Bachelor of Science
ရရှိမည်ဖြစ်ပါသည်၊၊ Yale-NUS College သည် NUS ကျောင်းဝန်း၏ မြောက်ဘက် Kent
Ridge တွင်တည်ရှိပြီး၊ ကမ္ဘာ့အဆင့်မှီ သင်ကြားမှု့သင်ယူမှု့
အထောက်အကူပစ္စည်းများ ဖြည့်ဆည်းပေးသွားဖြစ်သည်ဟု သိရပါသည်၊၊
ထူးခြားမှု့များအနေဖြင့်၊
• စာသင်ခန်းများကို Seminar-Style ဖြင့်သင်ကြားမည်ဖြစ်ပြီး၊ ကျောင်သားဦးရေ
(၁၈) ယောက် (သို့မဟုတ်) ၄င်း ထက်နည်းသော
ကျောင်းသားဦးရေကိုထားရှိခြင်း၊
• တစ်ကျောင်းလျင် ကျောင်းသား (၃၃၀) ထားရှိနိုင်ကာ နေထိုင်စားသောက်နိုင်သော
ကောလိပ် (၃) ခု ထားရှိမည် ဖြစ်ခြင်း၊
• Performing Art Center, Science Center, Library, Multi-media Design
Lab, Recording Studio များနှင့် ၂၄ နာရီ စာကြည့်နိုင်သော
နေရာများထားရှိပေးခြင်း၊
• Dance Studio, Student Café များအပါအ၀င်
အားကစားလေ့ကျင့်ခန်းများပါထားရှိပေးခြင်းတို့ ဖြစ်ပါသည်၊၊
ဝင်ခွင့်လိုအပ်ချက်များနှင့် အသေးစိတ်အချက်အလက်များကို http://www.ync.nus.edu.sg
တွင် ဆက်လက် ထုထ်ပြန်ပေးသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ကျောင်းသူ
ကျောင်းသားများအတွက် ၀င်ခွင့်အချက်အလက်များကို www.crown-education.com
တွင် ၀င်ရောက်လေ့လာကြည့်ရှု့ နိုင်မည်ဖြစ်ပါသည်၊၊
(26-4-2011)
Source: Ko Lin (Myanmar Training)
Taylor’s University သတင်းစာပညာဘွဲ့ တက်ရောက်နိုင်
..
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. 5
မြန်မာနိုင်ငံတွင်သာမက
ကမ္ဘာ့နိုင်ငံများတွင် သတင်းပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုလိုသူများအတွက်
Taylor’s University ၏ အသက် မွေးဝမ်းကျောင်း ဘာသာရပ်သစ်ဖြစ်သော Bachelor of
Journalism ဘွဲ့သင်တန်းသို့ မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများ
လျှောက်ထား တက်ရောက်နိုင်ပြီဖြစ်ကြောင်း
ပြည်တွင်းပညာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် OSM Education Centre ထံမှ
သိရှိရသည်။ အဆိုပါဘာသာရပ်ကို မလေးရှားနိုင်ငံတွင် သုံးနှစ် တက်ရောက်ပြီးပါက
University of South Australia က ပေးအပ်သော နိုင်ငံတကာအသိအမှတ်ပြု Bachelor
of Journalism ဘွဲ့ကို ရရှိမည်ဖြစ်ကြောင်း၊ အဆိုပါ ဘွဲ့ရရှိပြီးပါက
ကမ္ဘာ့နိုင်ငံ တော်တော်များများတွင် သတင်းထောက်ပညာရပ်များဖြင့်
အသက်မွေးဝမ်းကျောင်းပြုနိုင်ကြောင်း၊ သင်တန်းကာလမှာ Foundation မပါ
သုံးနှစ်ကြာမြင့်မည်ဖြစ်ပြီး Semester ခြောက်ခု တက်ရောက်ရမည်ဖြစ်ကြောင်း၊
ကျောင်းဖွင့်ချိန်များမှာ ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလနှင့် ဇူလိုင်လတို့
ဖြစ်ပြီး မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများ
လျှောက်ထားနိုင်ကြောင်း၊ ကျောင်းစတင်တက်ရောက်ချိန်မှ
ကျောင်းပြီးဆုံးချိန်အထိ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၇,ဝဝဝ ကျော်ခန့်
ကုန်ကျနိုင်မည်ဖြစ်ကြောင်း အဆိုပါ ကောလိပ်က ထုတ်ပြန်ထားသည်။ ယင်းတက္ကသိုလ်၏
၂၀၁၁ ပြည့်နှစ် စစ်တမ်းများအရ သတင်းထောက်များ၏ တစ်ပတ်ဝင်ငွေမှာ New York
Times တွင် အမေရိကန်ဒေါ်လာ ၁၇၇၇ ဒသမ ၈၃၊ Providence Journal တွင်
အမေရိကန်ဒေါ်လာ ၁၂၄၅၊ Pittsburgh Post-Gazette တွင် အမေရိကန် ဒေါ်လာ ၁၁ဝဝ ဒသမ
၈၃ နှင့် Lexington Herald-Leader Dialy တွင် အမေရိကန်ဒေါ်လာ ၆၈၅ ရရှိပြီး
သတင်းအယ်ဒီတာများ၏ တစ်ပတ်ဝင်ငွေမှာ New York Times တွင် အမေရိကန်ဒေါ်လာ ၁၇၇၇
ဒသမ ၈၃၊ Providence Journal တွင် အမေရိကန်ဒေါ်လာ ၁၂၉၇ ဒသမ ၅၊ Pittsburgh
Post-Gazette တွင် အမေရိကန် ဒေါ်လာ ၁၁၁၅ ဒသမ ၁၄ နှင့် Lexington
Herald-Leader Dialy တွင် အမေရိကန်ဒေါ်လာ ၆၈၅ ရရှိသည်ဟု သိရှိရသည်။
အသေးစိတ်သိရှိလိုပါက OSM Education Centre မြေနီကုန်းပလာဇာ ဒုတိယထပ်၊
ဗားကရာလမ်း (ဒဂုံစင်တာ နှင့် ဂမုန်းပွင့်ကုန်တိုက်ကြား)၊
စမ်းချောင်းမြို့နယ်။ ဖုန်း - 09-731-47379 နှင့် 01-525971 သို့
ဆက်သွယ်နိုင်သည်။
(26-4-2011)
Source: Voice Journal
စင်ကာပူအစိုးရ အင်ဂျင်နီယာ ဒီပလိုမာသင်တန်းကျောင်း BCA Academy ကို 10
တန်းဖြေဆိုပြီးသူများကို
.
ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ပြုမည်
.
.
.
. ..
.
... ..
.
.
.
.. . ..
. . ..
.
.
.
.
.
.
၂၀၁၀/၁၁
ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ၁၀ တန်း
ကျောင်းသား/သူများအနေဖြင့် စင်ကာပူအစိုးရ အင်ဂျင်နီယာ
ဒီပလိုမာသင်တန်းကျောင်း BCA Academy
ဝင်ခွင့်စာမေးပွဲကိုဖြေဆိုနိုင်ကြောင်းသိရသည်။ အဆိုပါဝင်ခွင့်
စာမေးပွဲအောင်မြင်ပါက ၂၀၁၁ အောက်တိုဘာလတွင် ဖွင့်လှစ်မည့် သုံးနှစ်
အင်ဂျင်နီယာ ဒီပလိုမာသင်တန်းများကို စတင်တက်ရောက်ခွင့်
ရရှိမည်ဖြစ်ကြောင်းသိရသည်။ စတင်တက်ရောက်ရမည့်အချိန်မှ (၁၀)
တန်းအောင်မြင်ကြောင်း အထောက်အထားကို ပြသနိုင်ကြောင်းသိရသည်။ BCA Academy
ဝင်ခွင့်စာမေးပွဲဖြေဆိုနိုင်ရန် ပြင်ဆင်မှုသင်တန်းကို ဧပြီလ (၄) ရက်နေ့တွင်
စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်္ချာ၊ အင်္ဂလိပ်နှင့် ပုံဆွဲဘာသာရပ်စသည်တို့ကို
သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ ဝင်ခွင့်စာမေးပွဲများဖြစ်သော
Construction Engineering, Mechanical Engineering (Green Building
Technology), Strategic Facilities Management, Electrical Engineering &
Clean Energy, Building Information Engineering နှင့် Design ဘာသာရပ် (၆)
မျိုးအနက်မှ မိမိနှစ်သက်ရာကို ရွေးချယ်၍ စာမေးပွဲ
ဝင်ရောက်ဖြေဆိုနိုင်ကြောင်း သိရသည်။ ဒီဇိုင်းဘာသာရပ်ကို
ရွေးချယ်ဖြေဆိုမည့်သူများအနေဖြင့် အင်္ဂလိပ်စာနှင့် ပုံဆွဲဘာသာရပ်ကို
ဖြေဆိုရမည်ဖြစ်ပြီး ကျန်ဘာသာရပ် (၅) ခုထဲမှ တစ်ခုကိုရွေးချယ်ဖြေဆိုမည့်
သူများအနေဖြင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်ကို
ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။ စာမေးပွဲဖြေဆိုချိန်မှာ တစ်ဘာသာကို
တစ်နာရီခွဲကြာမြင့်မည်ဖြစ်ပြီး အင်္ဂလိပ်စကားပြောစစ်ဆေးမှုလည်း
ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ဝင်ခွင့်ပြင်ဆင်မှုသင်တန်းကို TIP TOP:
International Education Service Provider ၏ M.D ဦးဇော်မင်းထွန်း M.E (EcE),
DBS, DLD, PGDE, WBI Training Program (Japan) ကိုယ်တိုင်ဦးစီးပြီး
စက်မှုတက္ကသိုလ်မှ အငြိမ်းစားဆရာ/မကြီးများမှ ရာနှုန်းပြည့်
အောင်မြင်အောင်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်အချက်အလက်များ၊
ဝင်ခွင့်ပုံစံ ဖြည့်စွက်လိုသူများ အနေဖြင့် TIP TOP: IESP ဖုန်း -
၀၁-၅၃၉၇၉၁၊ ၀၉၅၁၆၂၀၆၂၊ ၀၉၉၁၀၀၁၈၁၈ ၊ ၀၈၂-၂၅၇၈၆ သို့
ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
(1-4-2011)
Source: Internet Journal
PSB Academy မှ Application Fee Wave ပေးအပ်မည်
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
. .
.
.
.
.
0
.
စင်ကာပူနိုင်ငံရှိ
PSB Academy တွင် ပညာသင်ကြားလိုသော ကျောင်းသူ/ကျောင်းသားများအတွက်
Application Fee Wave ကို ပေးအပ် သွားမည်ဖြစ်ရာ ဧပြီ ၁ ရက်မှ ၁၁
ရက်အတွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။ ထို့ပြင် PSB မှ GCE “O” Level,
IGCSE ဖြေဆိုထားပြီး၊ IELTS မဖြေရသေးသော ကျောင်းသူ ကျောင်းသားများ PSB ၏
English Placement Test ကို STUDY ABROAD ရုံးခန်းတွင် လာရောက်ဖြေဆိုပြီး
ကျောင်းဝင်ခွင့်ကို လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်းသိရသည်။ PSB Academy
တွင် ကျောင်းတက်ရောက်၍ Australia နိုင်ငံရှိ နာမည်ကြီး University of
Wollonyong, University of Newcastle နှင့် UK ရှိ University of London မှ
ချီးမြှင့်သည့် ဘွဲ့များကို ကုန်ကျစရိတ်သက်သာစွာနှင့် တက်ရောက်ရယူ
နိုင်ကြောင်း၊ PSB Academy တွင် Business Administration, Banking &
Finance, Marketing & Sules Management, Tourism & Hospitality Management,
Public Relation & Journalism, Electrical Engineering, Mechanical
Engineering, Sport & Exercise Sciences ဘာသာရပ်များကို
တက်ရောက်နိုင်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက STUDY
ABROAD ဖုန်း - ၅၂၄ ၁၂၆ တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။
(1-4-2011)
Source: Internet Journal
Nanyang
Institute of Management
.
Diploma in Construction Engineering
အတတ်ပညာများထဲမှ
ဘဝအတွက် စိတ်ချရသော အတတ်ပညာတစ်ခုကို ရွေးချယ်မယ် ဆိုရင်
ဆောင်လုပ်ရေးနည်းပညာကို ရွေးချယ်သင့်ပါတယ်။ ဝင်ငွေကောင်းပြီး
စိတ်ဝင်စားစရာကောင်းတဲ့ ပညာရပ်တစ်ခုလည်းဖြစ်ပါတယ်။
ဆောက်လုပ်ရေးအင်ဂျင်နီယာ တစ်ယောက်ရဲ့ သိသင့်သင်ကြားသင့်သော
အဆင့်မြင့်ပညာရပ်များနှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်စွာ
အုပ်ချုပ်ဦးဆောင်နိုင်မည့် အတတ်ပညာများကို သင်ကြားပေးမည့် Diploma in
Construction Engineering ကို စင်ကာပူနိုင်ငံရှိ Edu trust ရရှိထားသော
နန့်ယန်းကျောင်းတွင် စတင်သင်ကြားဖွင့်လှစ်တော့မည် ဖြစ်ပါသည်။
ထိုသင်တန်းမှ နိုင်ငံတကာအဆင့်မှီ အရည်အချင်းပြည့်
ဆောက်လုပ်ရေးအင်ဂျင်နီယာများအား မွေးထုတ်ပေးသွားမည်ဖြစ်ပြီး၊
အောင်မြင်သော ဆောက်လုပ်ရေး အင်ဂျင်နီယာများအဖြစ် အနာဂတ်တွင်
မြင်တွေ့ရတော့မည်ဖြစ်ပါသည်။ ကျောင်းဝင်ခွင့်မှာ
ဆယ်တန်းအောင်မြင်ပြီးသူများ အနေဖြင့် Math အမှတ် ၆၀ နှင့်အထက် IELTS
5.0 ရရှိထားရမည်။ IELTS မရှိပါက၊ နန့်ယန်း ကျောင်းမှစစ်ဆေးသော English
Placement Test စာမေးပွဲကိုဖြေဆိုရမည်ဖြစ်သည်။ အလုပ်အကိုင်အတွက်
စင်ကာပူနိုင်ငံတွင်သာမက ဖွံ့ဖြိုးတိုးတက်ပြီး နှင့်
ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် ပါအခွင့်အရေးအထူးကောင်းမွန်ကြောင်း
တွေ့မြင်ရမည်။ ထို့အပြင် Diploma ရရှိပြီးသော ကျောင်းသားများ အနေဖြင့်
မြန်မာနိုင်ငံတွင် ပြန်လည်ပြီး နည်းပညာများကို အသုံးပြုကာ
မြန်မာနိုင်ငံဆောက်လုပ်ရေးလောကတွင် အောင်မြင်သူများ အဖြစ်လည်း
ရပ်တည်အကျိုးပြု နိုင်မည်ဖြစ်သည်။ ယခုအခါမြန်မာနိုင်ငံတွင်လည်း
ပြည်ပမှပညာသင်ကြားပြီး အရည်အချင်းရှိသော ဆောက်လုပ်ရေး
အင်ဂျင်နီယာများစွာ လိုအပ်နေပါသည်။ ထိုအင်ဂျင်နီယာများ၏
နည်းပညာများဖြင့် မြန်မာနိုင်ငံအတွက် အဆင့်မြင့် အဆောက်အအုံ၊
တိုက်ခန်းများ၊ Shopping mall များနှင့် Hotel များကို ဆထက်တပိုး
ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ဦးမည်ဖြစ်သည်။
ထို့ကြောင့်ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်အခွင့်အလမ်း
အလွန်ကောင်းမွန်သည်သာမက၊ အနာဂတ် အသက်မွေးဝမ်းကြောင်းအတွက်
စိတ်ချနိုင်မည့်ပညာရပ်တစ်ခုဖြစ်သည့် Construction Engineering Diploma
သည် မြန်မာကျောင်းသား၊ ကျောင်းသူများ မိမိဘဝအတွက်
အကောင်းဆုံးရွေးချယ်သင့်သော အသက်မွေးဝမ်းကြောင်း
နည်းပညာတစ်ခုဖြစ်ပါသည်။ အနာဂတ်တွင် မြန်မာကျောင်းသား၊ ကျောင်းသူများ
အောင်မြင်မှုများရယူ ဆွတ်ခူးနိုင်ရန်အတွက် အတတ်ပညာနှင့်
အောင်မြင်မှုကြားမှ ပေါင်းကူတံတားအဖြစ် နန့်ယန်းကျောင်းမှ
ကျောင်းဝန်းအသစ်တွင် ဘာသာရပ်အသစ်ကို စတင်ပို့ချပေးတော့မည်ဖြစ်ကြောင်း
သတင်းကောင်းပါးအပ်ပါသည်။
(7-4-2011)
Source: Ko Lin (Myanmar Training)
|