Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


News » International News

စင်ကာပူနိုင်ငံတွင် University of Newcastle မှ ဘွဲ့လွန်အောင်လက်မှတ်များရယူနိုင်

စင်ကာပူနိုင်ငံရှိ PSB Academy နှင့် UON Australia တွင် University of Newcastle (UON) မှ Master of Business နှင့် Graduate Certificate in Business Administration ဘွဲ့လွန် Program နှစ်ခုကို သင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ Master of Business Program တွင် Accounting, Finance, Organizational Behavior, Economics, Marketing နှင့် Management ဘာသာရပ်များကို သင်ကြားရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Grade Point Average (GPA) 6.0 နှင့်အထက်ရရှိပါက Distinction ဖြင့် ဘွဲ့လက်မှတ် ရရှိမည်ဖြစ်သည်။ ဘာသာရပ်ရှစ်မျိုးကို စာသင်ချိန်တစ်ပိုင်းကို လေးဘာသာခွဲ၍ သင်ယူနိုင်မည်ဖြစ်ပြီး သြစတြေးလျနိုင်ငံတွင် စာသင်ချိန် တစ်နှစ်ဖြစ်သော်လည်း PSB Academy တွင် ၈ လသာကြာမြင့်မည်ဖြစ်သည်။ Assessments နှင့် Exam တွင် Assignments နှင့် Projects များပါဝင်မည်ဖြစ်ပြီး စီးပွားရေးဘာသာရပ်နှင့် ဆက်နွယ်သော ဘွဲ့ဒီဂရီတစ်ခုရရှိထားသူများ၊ IELTS 6.5 (သို့) TOEFL 550 (in paper base) ရှိသူများတက်ရောက်နိုင်မည်ဖြစ်သည်။ သင်တန်းကြေးမှာ စင်ကာပူ ဒေါ်လာ ၁၇၉၇၆ ဖြစ်ပြီး တစ်ဘာသာချင်းစီကို စင်ကာပူဒေါ်လာ ၂၂၄၇ ကုန်ကျမည်ဖြစ်သည်။ ဘာသာရပ်လေးမျိုးပါဝင်ပြီး သင်တန်းကာလ ၄ လ သာကြာမြင့်မည်ဖြစ်ကာ Assignments နှင့် Projects များပါဝင်မည်ဖြစ်သည်။ သင်တန်းကြေးမှာ စင်ကာပူဒေါ်လာ ၈၉၈၈ ဖြစ်ပြီး တစ်ဘာသာချင်းမှာ စင်ကာပူဒေါ်လာ ၂၂၄၇ ဖြစ်သည်။ သြဂုတ်လတွင် ကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းဝင်ခွင့်များ စတင်လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားလိုပါက MSI ရုံး၊ ဖုန်း-၂၅၀၉၂၉၊ ၃၈၉၉၁၅ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်။







 

(6-5-2011)
Source: Internet Journal

 


 

                  မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများ လျှောက်ထားနိုင်မည့် FulBright Scholarship . . . .  .  . . . . .  . ..f . . . . .  . . .  . . 
 
.  .. . .     .  . .       

မြန်မာနိုင်ငံရန်ကုန်မြို့တွင်ရှိသည့် အမေရိကန်သံရုံးမှ ၂၀၁၂-၁၀၁၃ ခုနှစ် ပညာသင်နှစ် အတွက် Fulbright Foreign Student Program ကို မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများ လျှောက်ထားနိုင်ရန်အတွက် အသိပေး ကြေညာခဲ့သည်။ အဆိုပါစကောလားရှစ် အစီအစဉ်မှာ ရာနှုန်းပြည့် ပညာသင်ဆု အစီအစဉ်တစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံတွင်ရှိသည့် တက္ကသိုလ်တစ်ခုခုတွင် Master’s Degree ဖြင့် တက်ရောက်လိုသူ မြန်မာနိုင်ငံမှ အရည်အချင်းရှိသူ ကျောင်းသားလူငယ်များကို ရွေးချယ်ပေးအပ်သွားမည် အစီအစဉ်တစ်ရပ်ဖြစ်သည်။ The Foreign Fulbright Fellowship Program ကို The United States Department of State’s Bureau of Education and Cultural Affairs မှ ထောက်ပံ့ပေးပြီး ၎င်းအဖွဲ့အစည်းကို ၁၉၄၆ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ အမေရိကန်နိုင်ငံတွင်းရှိ ကျောင်းသားကျောင်းသူများနှင့် အခြားနိုင်ငံအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အတွက် ရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းအစီအစဉ်ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အချိန်မှစတင်၍ ခန့်မှန်းခြေအားဖြင့် ကျောင်းသား ကျောင်းသူဦးရေ ၃ သိန်းကျော် ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ယနေ့အချိန်တွင် နိုင်ငံပေါင်း ၁၅၅ နိုင်ငံနှင့် အထက် အဆိုပါအစီအစဉ်ကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

Fulbright Foreign Student Scholarship တွင် ကျောင်းသား ကျောင်းသူများ၏ ပညာသင်စရိတ်၊ လစဉ်နေထိုင်စရိတ်၊ အခြားအသေးသုံးစရိတ်များ၊ ကျန်းမာရေးနှင့် မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းများ၊ စာအုပ်နှင့် အခြားစာရေး ကိရိယာအသုံးစရိတ်များ ၊ ခရီးသွားစရိတ်များအပြင် Fulbright မှ ပြုလုပ်သည့် Activities များတွင်လည်း ပါဝင်ခွင့်ရမည်ဖြစ်သည်။ ၂၀၁၂-၂၀၁၃ ခုနှစ်၊ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများ အတွက်ပေးအပ်မည့် Fulbright Scholarship အစီအစဉ်တွင် နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာစသည့် ဘာသာရပ်များဖြင့် ဘွဲ့ရရှိထားသည့် ထူးချွန်သည့် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများလျှောက်ထားနိုင်မည်ဖြစ်သည်။ အဆိုပါ Fulbright Scholarship ကို လျှောက်ထားလိုသူ မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများ အနေဖြင့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁ ရက် (သို့မဟုတ်) ၎င်းနေ့မတိုင်မှ ဘွဲ့တစ်ခုခုရှိထားရန် လိုအပ်မည်ဖြစ်ပြီး ၎င်းပညာသင်ဆုမှာ မြန်မာနိုင်ငံသားများသာ လျှောက်ထားခွင့်ရှိသည့် ပညာသင်ဆုအမျိုးအစားဖြစ်သည်။ Application Deadline ကို ၂၀၁၁ ခုနှစ် ၊ ဇွန်လ ၃ ရက်နေ့ သတ်မှတ်ထားပြီး အသေးစိတ်အချက်အလက်များကို Cultural Affairs Section, Public Affairs Office, American Embassy, 110 University Avenue, Kamayut Township, Rangoon. Ph: 536 509/ 534173 Ext: 4369 တွင် ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။






 

(6-5-2011)
Source: Internet Journal


                                    Shelton College မှ ရာနှုန်းပြည့် ပညာသင်ဆုချီးမြှင့်မည် .   .. .  .  . . . . . . . .. . . .  . . . .  . .  . . . .   .  .      .  . .   5        

စင်္ကာပူနိုင်ငံရှိ Shelton အထက်တန်းကျောင်းနှင့် Shelton ကောလိပ်တို့တွင် တက်ရောက်မည့် ထူးချွန်သော ကျောင်းသား၊သူများအား ပညာသင်ဆုအဖြစ် ကျောင်းလခ၏ (၃၀%) မှ (၁၀၀%) အထိချီးမြှင့်မည် ဖြစ်ကြောင်း Synergy Education မှသိရသည်။ အဆိုပါပညာသင်ဆုများကို IGCSE, Singapore- Cambridge GCE “O” Level နှင့် Certificate program များအတွက် ချီးမြှင့်မည်ဖြစ်ပြီး ၊ အသက် (၁၅) နှစ်နှင့် အထက်၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူများ၊ အောင်မြင်ပြီးသူများ၊ တက္ကသိုလ် ကျောင်းသား ၊ ကျောင်းသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။ Shelton ကောလိပ်မှ ချီးမြှင့်သော ပညာသင်ဆုများကို မေလ (၂၈) ရက် နောက်ဆုံးထား၍ Synergy Education တွင် လျှောက်ထားရမည်ဖြစ်သည်။ ပညာသင်ဆုအတွက် စာမေးပွဲ (၂) ကြိမ်နှင့် Interview (၁) ကြိမ် ဖြေဆိုရပါမည်။ ပထမအကြိမ် အရည်အချင်းစစ် စာမေးပွဲကို ဇွန်လ (၄) ရက်နေ့ တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုစာမေးပွဲကို အောင်မြင်မှသာလျှင် ဒုတိယအကြိမ် အရည်အချင်းစစ် စာမေးပွဲနှင့် Interview ကို ဖြေဆိုခွင့်ရှိပါမည်။ International School များမှ အသက် (၁၅) နှင့် အထက်ကျောင်းသားများ၊ IGCSE တက်ရောက်နေသူများအနေဖြင့်လည်း ပညာသင်ဆုများအတွက် ဝင်ရောက်ဖြေဆိုနိုင်ပါသည်။ ဒုတိယအကြိမ် စာမေးပွဲနှင့် Interview ကို ဇွန်လ(၁၁) ရက် နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ Synergy Education မှ ဝင်ရောက်ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အရည်အချင်းစစ်စာမေးပွဲများအား အခမဲ့ ဖြေဆိုခွင့် ရရှိမည်ဖြစ်သည်။

Shelton အထက်တန်းကျောင်းတွင် Preparator မှ Courses, IGCSE, Singapore Cambridge GCE “O” Level နှင့် “A” Level များကို သင်ယူနိုင်ပြီး Shelton ကောလိပ်တွင် ဟိုတယ်နှင့် ခရီးသွား၊ စီးပွားရေးစီမံခန့်ခွဲမှု၊ စီးပွားရေး ဦးဆောင်အုပ်ချုပ်မှု၊ နိုင်ငံတကာ စီးပွားရေးစီမံခန့်ခွဲမှု၊ ဈေးကွက်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးနှင့် စာရင်းအင်း စသည့် ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပါသည်။ “Shelton အထက်တန်းကျောင်းဟာ ကြီးမားတဲ့ ကျောင်းဝန်းရှီပြီး ကျောင်းထဲမှာပဲ နိုင်ငံတကာကျောင်းသားတွေအတွက် အဆောင်တွေ စီစဉ်ထားတဲ့အတွက် တော်တော် အဆင်ပြေပါတယ်။ Shelton အထက်တန်းကျောင်းကနေ “A” Level ကို အမှတ်ကောင်းကောင်းနဲ့ အောင်တဲ့ကျောင်းသားတွေဟာ စင်္ကာပူအစိုးရတက္ကသိုလ်တွေ ဖြစ်တဲ့ NUS ၊ NTU ၊ SMU တို့အပြင် စင်္ကာပူ Poly တွေမှာ တက်ရောက်ဖို့ဝင်ခွင့်ရနိုင်တဲ့ အခွင့်အလမ်းကောင်းကို ရရှိပါတယ်။ ” ဟု Synergy Education မှ ဒေါ်နန်းမြမာလာမောင် က ပြောပါသည်။ Shelton ကောလိပ်တွင် နိုင်ငံတကာမှ ကျောင်းသားကျောင်းသူ (၅၀၀) ကျော်တက်ရောက်လျက်ရှိပြီး စင်္ကာပူပုဂ္ဂလိက ပညာရေးကောင်စီမှ ချီးမြှင့်သည့် Edu trust လက်မှတ်ကို ရရှိထားကြောင်းသိရသည်။





 

(6-5-2011)
Source: Ko Lin (Myanmar Training)


                    သြဂုတ်လနှင့် စက်တင်ဘာလအတွက် MDIS မှ ကျောင်းအပ်ရန် လျှောက်လွှာများစတင်လက်ခံ . . . .  . .. .
 ... .. .  .  . .. . .. . . .. .   . . . .

.
စင်ကာပူနိုင်ငံရှိ Management Development Institute of Singapore (MDIS) မှ သြဂုတ်လနှင့် စက်တင်ဘာလများအတွက် ကျောင်းဝင်ခွင့် လျှောက်လွှာများကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။ MDIS သည် စင်ကာပူအစိုးရအသိအမှတ်ပြု Edu Trust နှင့် Singapore Quality Class (SQC) လက်မှတ်ရရှိထားသော ကျောင်းတစ်ခုဖြစ်ပြီး Information Technology, Business, Life Sciences, Media & Communication, Tourism & Hospitality, Engineering စသည့် Program များကို Certificate Level မှစ၍ Master Level အထိ တက်ရောက်နိုင်ပြီး၊ UK, Australia, France, USA စသည့် နိုင်ငံများရှိ တက္ကသိုလ်များနှင့် ချိတ်ဆက်ထားသောကြောင့် ကုန်ကျစရိတ်သက်သာစွာနှင့် အဆိုပါနိုင်ငံမှ ဘွဲ့ကို ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ MDIS တွင် Professional Certificate in English Programme ရှိသောကြောင့် IELTS/ TOEFL အမှတ်မရှိသူများလည်း လျှောက်ထား နိုင်ကြောင်းသိရသည်။ အသေးစိတ်အချက်အလက်ကို KMD ၏ Overseas Studies Counseling Service ဖုန်း - ၃၈၁ ၇၇၆၊ ၃၈၁၁၂၉ တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။



 

 

(10-5-2011)
Source: Internet Journal


Taylor’s University Open Day တွင် ကျောင်းလျှောက်သူများ MSI ပညာရေးဝန်ဆောင်မှုမှ အခမဲ့ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း .
 
. .  . . .   . .  .    . 0     .    

Brand Excellent Award 2008 နှင့် Tier (5) Excellent Award (SETARA AWARD 2009)၊ Malaysia နိုင်ငံ၏ အထင်ရှားဆုံး ပုဂ္ဂလိကကောလိပ်/ တက္ကသိုလ်များတွင် Doctor Job’s Students’ Choice Award 2009 ကိုရရှိထားပြီး Malaysia Higher Education နယ်ပယ်တွင် (၄၈) နှစ်ကြာ တရားဝင် ရပ်တည်ခဲ့သော ကျောင်းဖြစ်သည့် Taylor’s University ၏ Taylor’s Open Day ကို Myanmar Search International (MSI) ပညာရေးဝန်ဆောင်မှု မှ ဦးစီးပြီး ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
၎င်း Taylor’s Open Day တွင် Scholarship အစီအစဉ်များရှိပြီး
- Pre-University,
- American Degree Transfer,
- Architecture & Quantity Surveying,
- Biosciences, Business, Communication,
- (MSC-IHL Business PLAN Competition Merit, Gold & Silver Medal Award, 9th Malaysian Technology Expo) ဆုများ ရရှိထားသော Computing & IT
   ဘာသာရပ်
- Design,
- (Winner of Formula Varsity Race 2010, Red Bull Taylor’s Racing Team, SID 5 BELAS-Residential Design Winner) ဆုများ ရရှိထားသော
  Engineering ဘာသာရပ်,
- (HONORARY Award HAPA 2010-2012, PATA Gold Award 2008. HAPA 2007-2008 Award, Food & Hotel Asia 2010 WINNERS, CULINARIE
   Malaysia 2009, Dream Team Challenge 2007, MONIN Cup 2010) စသည့် ဆုများစွာ ရရှိထားသော Hospitality, Tourism & Culinary Arts,
- (LAWASIA INTERNATIONAL Moot Competition Winner 2010) ဆုများ ရရှိထားသော Law ဘာသာရပ်,
- Medicine,
- Pharmacy အစရှိသော Program များအကြောင်းကို ဘာသာရပ်ပိုင်းဆိုင်ရာ တာဝန်ခံ အသီးသီးမှ မိမိတို့ စိတ်ဝင်စားရာ ဘာသာရပ်ကို မှန်ကန်စွာ ရွေးချယ်နိုင်ရန် သေချာရှင်းပြပေးမည်ဖြစ်သည်။ Taylor’s University တွင် ယခုလက်ရှိတက်ရောက်နေသော ကျောင်းသား/သူများနှင့်၎င်း၊ ယင်းတို့၏ မိဘများနှင့်၎င်း၊ တွေ့ဆုံမေးမြန်းနိုင်မည်ဖြစ်သည်။ စိတ်ပါဝင်စားသော ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့၏ ကျောင်းဝင်ခွင့် စာရွက်စာတမ်းများကိ တစ်ပါတည်း ယူဆောင်လာရန်နှင့် IELTS နှင့် TOEFL မရှိသေးသော သူများအတွက် Taylor’s University မှ စီစဉ်ပေးသော အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ (EPT) ကို ကြိုတင်စာရင်းသွင်းခြင်းဖြင့် အခမဲ့ ဖြေဆိုနိုင်မည်ဖြစ်သည်။ ပွဲပြုလုပ်မည့် ရက်မှာ 21.5.2011 (စနေနေ့) မနက် ၁၁ နာရီမှ ညနေ ၄ နာရီ အထိ PARKROYAL Hotel (BallRoom-3) တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ လူဦးရေး ကန့်သတ်မှုရှိပါသဖြင့် အဆိုပါပွဲသို့ တက်ရောက်လိုသူများသည် 20.5.2011 (သောကြာနေ့) ၊ ညနေ (၅) နာရီ နောက်ဆုံးထားပြီး MSI ရုံးခန်း - အမှတ် (၂၃၄)၊ ဒုတိယထပ် (ညာ)၊ ရွှေဘုံသာအလယ်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ်မှာ - 01-250929, 01-389915, 09-5103915 နှင့် myanmarsearchinternational@gmail.com သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် အထူးအခွင့်အရေး တစ်ရပ်အနေဖြင့် ၎င်း Taylor’s Open Day နေ့တွင် ကျောင်းအပ်မည့်သူများကို Postal Fee ကင်းလွတ်ခွင့်ပေးပြီး MSI မှ အခမဲ့ ဝန်ဆောင်မှုပေးမည်ဖြစ်သည်။




 

 

(13-5-2011)
Source: Ko Lin (Myanmar Training)
 


ကျန်းမာရေးစောင့်ရှောက်မှု့  ဆိုင်ရာ စီမံခန့် ခွဲမှု့ ဘွဲလွန် (MSc in Health Care Management) ဘာသာရပ်၊ BioTechnology . ဘာသာရပ် နှင့် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း.

 

BioTechnology ဘာသာရပ်၊ ကျန်းမာရေးစောက်ရှောက်မှု့ဆိုင်ရာ စီမံခန့်ခွဲမှု့ဘွဲ့လွန် (MSc in Health Care Management) ဘာသာရပ် နှင့် အလုပ်အကိုင် အခွင့်အလမ်းများအကြောင်း Dr. Lissy Vadakel မှ ရှင်းလင်း ပြောကြားမည်၊၊ CROWN Education နှင့် စင်္ကာပူနိုင်ငံ Management Development Institute of Singapore (MDIS) တို့ပူးပေါင်း စီစဉ်ဆောင်ရွက်မှု့ဖြင့်၊ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု့ ဘွဲ့လွန်ဘာသာရပ်နှင့် မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများအတွက် ၂၀၁၁ သြဂုတ်လမှစ၍ ပထမဆုံးအကြိမ် သင်ကြားပို့ချပေးမည်၊ BSc (Hons) Biotechnology ဘာသာရပ်အကြောင်းနှင့် ဆက်စပ် အလုပ်အကိုင် အခွင့်အလမ်းများ အကြောင်းကို MDIS, School of Life Science မှ ကျောင်းအုပ် Dr Lissy Vadakel မှ မေလ (၂၀) ရက် သောကြောနေ့ ၊ ညနေ (၃) နာရီမှ (၅) နာရီအထိ၊ ရန်ကုန်မြို့  PARKROYAL Hotel တွင် ဆွေးနွေးရှင်းလင်းပြောကြားပေးမည်ဖြစ်ကြောင်းသိရပါသည်၊၊

အဆိုပါ ဘွဲ့လွန်သင်တန်းသည်၊ ကျန်းမာရေးစောင့်ရှောက်မှု့ လုပ်ငန်းနယ်ပယ်များတွင် အလုပ်လုပ် ကိုင်လိုသူများအတွက် တက်ရောက်သင့်သော ပရိုဂရမ်တစ်ခုဖြစ်ပြီး၊ ဆေးရုံဆေးခန်းများ၊ ကျန်းမာရေးဝန်ဆောင်မှု့၊ စောင့်ရှောက်မှု့ အဖွဲ့အစည်းများအတွက် မရှိမဖြစ်လိုအပ်သော စီမံခန့်ခွဲမှု့ ဘာသာရပ်များ၊ အဆိုပါလုပ်ငန်းများနှင့် ပတ်သက်သည့် ဈေးကွက်စီးပွားရေးဖေါ်ဆောင်မှု့များ၊ ကျန်းမာရေး စောက်ရှောက်မှု့ လုပ်ငန်းများတွင် တွေ့ရတတ်သည့် ပြဿများကို ဖြေရှင်းကိုင်တွယ်ခြင်း၊ ဆေးရုံ ဆေးခန်း များနှင့် ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများကို ကိုင်တွယ်နိုင်ခြင်း စသည့် အရည်အချင်းများ ရှိလာနိုင်ရန် သင်ကြားပိုချပေးမည့် ဘွဲ့လွန်ပရိုဂရမ်တစ်ခုဖြစ်ပြီး စင်္ကာပူနိုင်ငံရှိ Edu Trust လက်မှတ်ရ ကျောင်းများထဲတွင် MDIS သည် အထက်ပါ ဘွဲ့လွန်ပရိုဂရပ်နှင့် BSc (Hons) Biotechnology ဘာသာရပ်ကို သင်ကြားပို့ချသော တစ်ခုတည်းသော ကျောင်းဖြစ်ကြောင်းသိရသည်၊၊ “BioTechnology ဘာသာရပ်မှာ လက်ရှိကျန်းမာရေးလောကမှာ ရင်ဆိုင်နေရတဲ့  Hepatitis B ပြဿနာတွေ၊ HIV ကာကွယ်ဆေးထုတ်လုပ်မှု့ ဖြစ်စဉ်တွေ နဲ့ DNA Vaccines တွေကို Bird Flu ကာကွယ်ဆေးတွေနဲ့ လေ့လာပုံတွေစတဲ့ လက်ရှိဆေးပညာလောက အခြေအနေတွေကို လေ့လာသင်ယူရမှာဖြစ်ပါတယ်၊၊ နောက်ပြီး ဒီဘာသာရပ်ဟာ Biology, Chemistry နဲ့ Engineering ဘာသာရပ်တွေကို ပေါင်းစပ်ထားတဲ့ ဘာသာရပ်ဆိုရင်လည်း မမှားပါဘူး၊၊ ဒီဂရီကိုတော့ Northumbria University ကချီးမြှင့်မှာဖြစ်ပါတယ်၊၊”

“ကမ္ဘာ့ကျန်းမာရေး စောက်ရှောက်မှု့ အခန်းကဏ္ဍတွေမှာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု့တွေက အရမ်းမြန်ပါတယ်၊၊ အဲဒီလို ပြောင်းလဲမှု့တွေအလိုက် လုပ်ငန်းတွေကိုပြင်ဆင်နိုင်ဖို့နဲ့ ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာ လိုက်နာ ရမယ့် ကျင့်ဝတ်တွေ၊ အသိပညာပေးတာတွေ၊ လုပ်ထုံးလုပ်နည်းတွေကို လေ့လာနိုင်မယ့် ဘွဲ့လွန်သင်တန်း တစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံက MBBS ဘွဲ့ ရတွေနဲ့  ဆေးဝါးကျွမ်းကျင်ဘွဲ့ ရကျောင်းသားတွေ အတွက် ဒီလွန်သင်တန်းက များစွာ အထောက်အကူပြုနိုင်ပါလိမ့်မယ်” – by U Aung Kyaw San, CROWN Education "ထူးခြားမှု့တစ်ခုအနေဖြင့်၊ တကမ္ဘာလုံးရှိ University of Wales ကျောင်းသူ၊ ကျောင်းသား ၁၁,၀၀၀ ကျော် ၀င်ရောက်အသုံးပြုနေသည့် ခေတ်မှီစုံလင်သည့် Electronic Resources များကို တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများ အသုံးပြုခွင့်ရမည်ဟုလည်း သိရသည့်အပြင်၊ Exit Qualification အနေဖြင့် အကယ်၍ ကျောင်းသူ၊ ကျောင်းသားမှ အဆိုပါ မာစတာကို ပြီးဆုံးအောင်မတက်ရောက်နိုင်ခဲ့ပါက၊ Module (၄) ခု ပြီးဆုံးသူများကို၊ “Post Graduate Certificate” ချီးမြင့်မည်ဖြစ်ပြီး၊ Module (8) ခုပြီးဆုံးသူများကို “Postgraduate Diploma” ချီးမြင့်မည်ဟုသိရပါသည်၊၊ ထူးချွန်သောကျောင်းသား ကျောင်းသူများအတွက် စင်္ကာပူ ဒေါ်လာ တစ်သောင်း ထောက်ပံ့ကြေးရရှိမည့် MDIS Merit Scholarship ကိုလျှောက်ထားနိုင်မည့် အခွင့်အရေးများအကြောင်းနှင့် ဘာသာရပ်ဆိုင်ရာ အသေးစိတ်အချက်အလက်များ အကြောင်းကို မေလ (၂၀) ရက်နေ့ အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် ရှင်းလင်းပြောကြားပေးမည်ဖြစ်ပြီး၊ ဆွေးနွေးပွဲသို့ တက်ရောက်ရန်နှင့် အသေးစိတ်အချက်များကို CROWN Education, Summit Parkview Hotel, အလုံလမ်း၊ အလုံမြို့ နယ်၊ အခန်း (၂၂၈ -၂၂၉)၊ ဖုန်းနံပါတ် ၂၁၁ ၈၈၈ (လိုင်းခွဲ ၂၂၈) နှင့် ၀၉ ၅၀၈၅ ၁၈၅ တို့တွင် ဆက်သွယ်စုံစမ်း စာရင်းပေးနိုင်ပါသည်၊၊








 


 

(13-5-2011)
Source: Ko Lin (Myanmar Training)

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats