Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


News » International News

Singapore နိုင်ငံ Shelton College မှ Scholarship များပေးအပ်နေ

စင်္ကာပူနိုင်ငံ Shelton College မှ မြန်မာတက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအတွက် 30 to 100 % Scholarship Exam Test ကို ၀င်ရောက်ဖြေဆိုလိုသူများအနေဖြင့် OSM Education Centre (Myanmar) တွင် စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။ ဖြေဆိုရန်စာရင်းပေးသွင်းရမည့်ရက်မှာ မေလ ၁ ရက် နေ့မှ ၂၈ ရက်နေ့အထိဖြစ်ပြီး Scholarship ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများမှာ အနည်းဆုံး အသက် (၁၅) နှစ်ပြည့်ထားရန် လိုအပ်သည်။ အဆိုပါစာမေးပွဲကို နှစ်ကြိမ်ခွဲ၍ ဇွန်လ ၄ ရက်နေ့တွင် 1 st Exam အဖြစ် English Reading & Writing ကို ဖြေဆိုရမည်ဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့တွင် 2 nd Exam အဖြစ် Oral Test ကိုဖြေဆိုရမည်ဖြစ်ကြောင်း OSM Education Centre (Myanmar) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ စာမေးပွဲမှ Results များအား ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။









 

(6-5-2011)
Source: Internet Journal

 


 

PSB Academy မှ 2011 အတွက် ဒုတိယအကြိမ် ကျောင်းဝင်ကြေးကင်းလွတ်ခွင့်နှင့် အင်္ဂလိပ်စာ ဖြေဆိုခွင့် .
                                                  အစီအစဉ်နှစ်ရပ်ထုတ်ပြန်ကြေငြာ
. . . .  .  . . . . .  .
..f . . . . .  . . .  . . 
 
.  .. . .     .  . .       

“Best Singapore Experience Award 2010” ဆုရရှိထားသော PSB Academy ကျောင်းသည် ယခုအခါတွင်လည်း ဒုတိယအကြိမ် အစီအစဉ်အနေဖြင့် GCE “O” Level / IGCSE ကျောင်းသားများ အတွက်သာ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခွင့်ကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ကျင်းပမည်ဖြစ်ကြောင်း Myanmar Search International (MSI) ပညာရေးဝန်ဆောင်မှု ကုမ္ပဏီမှ သိရှိရပါသည်။ PSB Academy ၏ အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲသည် GCE “O” Level / IGCSE အင်္ဂလိပ်စာ ဘာသာရပ်တွင် အနိမ့်ဆုံး Grade C မရှိသော ကျောင်းသားများအတွက် Foundation, Diploma ကို တက်ရောက်နိုင်ရန်အတွက် ဒုတိယအကြိမ် စစ်ဆေးခြင်းဖြစ်ပါတယ်။ PSB Academy ၏ အင်္ဂလိပ်စာဖြေဆိုခွင့် အရည်အချင်း သတ်မှတ်ချက်မှာ GCE “O” Level / IGCSE တွင် အနိမ့်ဆုံး Grade D or E ရှိရမည်ဖြစ်ပြီး ၊ အင်္ဂလိပ်စာဘာသာရပ်တွင် Grade F နှင့် တခြားဘာသာရပ်များတွင် Grading ကောင်းကောင်းရှိထားရမည်ဖြစ်သည်။ ၎င်းစာမေးပွဲကို Foundation နှင့် Diploma, Certificate Programs များအတွက် ဝင်ရောက်ဖြေဆိုခွင့်ရှိမည်။ ခြွင်းချက်အနေဖြင့် Grade U (Unknown) အဆင့်ရရှိထားသော ကျောင်းသားများ ဝင်ရောက် ဖြေဆိုခွင့်မရှိကြောင်းသိရသည်။ ထို့ပြင် PSB Academy ကျောင်းသို့ လျှောက်ထားရာတွင် 2011 ခုနှစ် မတ်လ (၁၆) ရက်၊ တနင်္လာနေ့မှ မတ်လ ၂၃ ရက်၊ တနင်္လာနေ့အထိ ကျောင်းလျှောက်လွှာများကို ကျောင်းဝင်ကြေး “စင်ကာပူဒေါ်လာ 353 ” ပေးသွင်းစရာမလိုပဲ လက်ခံမည်ဖြစ်ကြောင်း၊ PSB Academy ကျောင်းကို အမှန်တကယ်တက်ရောက်လိုသော ကျောင်းသားများသာ အထက်ပါအစီအစဉ် နှစ်ရပ်၏ အကျိုးကျေးဇူးကိုရှိနိုင်မှာ ဖြစ်ကြောင်း MSI မှ သိရှိရပါသည်။

၎င်း GCE “O” Level နှင့် IGCSE တို့တွင်ဘာသာရပ်ပေါင်း (၃၀) ကျော်ဝန်းကျင်ရှိရာ ယနေ့မြန်မာနိုင်ငံမှ ကျောင်းသားအများဆုံး စိတ်ဝင်စားဖြေဆိုသော ဘာသာရပ်မှာ (၁၁) ဘာသာရပ်ဝန်းကျင်ခန့်ရှိကြောင်း ၎င်းဘာသာရပ်များမှာ - English, Maths 1, Maths 2, Physics, Chemistry, Biology, Accounting, Economics, Computing, Commerce, Human Bio ဖြစ်ကြောင်း၊ GCE “O” Level တွင် Cambridge နှင့် Ederxcel နှစ်မျိုးရှိရာ Singapore နိုင်ငံကို ကျောင်းတက်ဖို့ စိတ်ဝင်စားသော ကျောင်းသားများသည် ဦးစားပေး Cambridge ကို ဦးစားပေးဖြေဆိုကြကြောင်း MSI မှ Managing Director ဒေါ်စုစုလှိုင်ထံမှ သိရှိရပါသည်။ စာမေးပွဲဖြေဆိုရမည့် အချိန်နှင့် နေရာသတ်မှတ်ချက်မှာ - မန္တလေးမြို့တွင် ၂၂ ရက်၊ ၅ လ၊ ၂၀၁၁ (တနင်္ဂနွေနေ့) ၊ နံနက် ၁၁ နာရီမှ ၁၂ နာရီထိ နှင့် ရန်ကုန်မြို့တွင် ၂၀ ရက်၊ ၅ လ၊ ၂၀၁၁ (သောကြာနေ့) နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁၁ နာရီ ထိကျင်းပပါမည်ဖြစ်ပါသဖြင့် စာမေးပွဲဖြေဆိုမည့်သူများနှင့် တစ်ဦးချင်းဆွေးနွေးမည့်သူများသည် MSI ရုံးခန်း၊ ဖုန်းနံပါတ် - ၀၁- ၂၅၀၉၂၉ ၊ ၀၁-၃၈၉၉၁၅၊ ၀၉-၅၁၀၃၉၁၅ သို့ ကြိုတင်ဆက်သွယ်စုံစမ်းစာရင်းပေးသွင်း နိုင်ပါသည်။







 

(13-5-2011)
Source: Ko Lin (Myanmar Training)


                        UK တွင် Tourism နှင့် Hospitality ဘာသာရပ်ဖြင့် အခွင့်အလမ်းပိုမိုရှိလာနိုင် .  .. .  .  . . . . . . . .. . . .  . . . .  . .  . . . .   .  .      .  . .   5        

UK ၏ ဟိုတယ်လုပ်ငန်းများ ပြန်လည်ပြင်ဆင်မှု စတင်နေသည့် အတွက် Tourism နှင့် Hospitality ဘာသာရပ်အား စိတ်ပါဝင်စားသူ ကျောင်းသူ၊ ကျောင်းသားများအတွက် အထူးအလုပ်အကိုင် အခွင့်အလမ်းများပေါ်များလာကြောင်း Study Abroad မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ Tourism နှင့် Hospitality ဘာသာရပ်ကို စိတ်ပါဝင်စားသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုလာနိုင်ခြင်း အကြောင်းများတွင် ဥရောပ၏ ရာသီဥတု ဖောက်ပြန်မှုကြောင့် ခရီးသွားလုပ်ငန်းများ ယိမ်းယိုင်သွားခဲ့သည်။ ထို့နောက်ပိုင်းတွင် လန်ဒန်ရှိ ဟော်တယ်များမှာ အရှိန်ကောင်းဖြင့် တိုးတက်လာခဲ့ခြင်းကြောင့် international student များအတွက် work placement ဆင်းနိုင်ခွင့်များ ရလာနိုင်ကြောင်းသိရသည်။ “လန်ဒန်မှာဟော်တယ် လုပ်ငန်းတိုးတက်လာတာဟာ အလားအလာကောင်းတွေ ဖြစ်လာခဲ့ပါတယ်။ International Student များအတွက် Hotel တွေခပ်များများဖွင့်ထားတဲ့ နိုင်ငံတစ်နိုင်ငံမှာ ပညာသင်ယူနေခြင်းဟာ Work Placement ဆင်းဖို့ အခွင့်အရေးကောင်းတွေရှိလာတာပါ။ ဒါကြောင့် မြန်မာကျောင်းသားတွေ အနေနဲ့လည်းဒါကို သိထားသင့်ပါတယ်” ဟု Study Abroad မှ မစိုးစိုးသန့်က ရှင်းပြသည်။ “work placement နဲ့ ပတ်သက်ပြီး အခွင့်အလမ်းကောင်းတွေရှိတဲ့ ကျောင်းတွေ အင်္ဂလန်နိုင်ငံမှာရှိပါတယ်။ အဲဒိထဲမှာ Ealing, Hammersmith & West London College သည် Government Funded College ဖြစ်ပြီးတော့ England နိုင်ငံရဲ့ ဒီနေ့ခေတ်စီးပွားရေးနဲ့ လိုက်ဖက်ညီတဲ့ ဘာသာရပ်တွေကို ရွေးချယ်နိုင်တဲ့အပြင် ကျောင်းပြီးသည့်အခါမှာလည်း လုပ်ငန်းခွင်သို့ အခက်အခဲမရှိဝင်နိုင်ပါတယ်။ Postgraduate Diploma in Hospitality & Leadership Management, Postgraduate Diploma in Cullnury Arts & Kitchen Management, MBA in Hospitality Management တို့ကို လေ့လာသင်ယူမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိနိုင်မှာပါ” ဟု Study Abroad မှ တာဝန်ရှိသူ တစ်ဦးမှ ရှင်းပြသည်။






 

(18-5-2011)
Source: Internet Journal


           အင်္ဂလန်နိုင်ငံရှိ Oxford, London, Cambridge မြို့ကြီးများရှိထိပ်တန်းတက္ကသိုလ်များသို့ သွားရောက် .
                                   ပညာသင်ကြားလိုသောကျောင်းသားကျောင်းသူများအတွက်အခွင့်အလမ်း
. . .  . .. .
 ... .. .  .  . .. . .. . . .. .   . . . .

. နိုင်ငံတက္ကသိုလ်များသို့ သွားရောက်သင်ကြားလိုသော ကျောင်းသားကျောင်းသူများအတွက် University Foundation Program များကိုဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော YIUS ကျောင်းနှင့် အင်္ဂလန်နိုင်ငံအခြေဆိုက် Bellerbys College တို့ပူးပေါင်းစီစဉ်မှုဖြင့် အင်္ဂလန်နိုင်ငံရှိ University of Oxford, University of Cambridge, University College London, University of Nottingham, University of Edinburgh, London School of Economics and Imperial College London အစရှိသောထိပ်တန်း တက္ကသိုလ် ၅၀ ကျော်သို့ တိုက်ရိုက် တက်ရောက်နိုင်သော အခွင့်အလမ်းများအကြောင်း ဟောပြောပွဲကို အဆိုပါကောလိပ်မှ Ms. On-In Pipatchaisiri ကိုယ်တိုင်လာရောက် ဆွေးနွေး ဟောပြောမည်ဖြစ်ပါသည်။  ဆရာဝန်ဖြစ်လိုသော ကျောင်းသားကျောင်းသူများ အတွက် Bellerbys College တွင် Oxbridge & Medical Preparation တက်ရောက်ပြီး ထိပ်တန်း Medical school များသို့တိုက်ရိုက် သွားရောက်နိုင်ကြောင်းသိရှိရပါသည်။ သင်ကြားမှုအတွေ့အကြုံ နှစ်ပေါင်း ၅၀ ရှိပြီ ဖြစ်သော Bellerbys College မှထူးချွန်စွာအောင်မြင်သော ကျောင်းသား ကျောင်းသူများ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်နှစ်ခုဖြစ်သော University of Oxford နှင့် University of Cambridge တွင် ပညာဆက်လက်သင်ကြား လျှက်ရှိပါသည်။ အဆိုပါ Bellerbys College တွင် Engineering & Computer Science, Management Computing Systems, Humanities, Law and International Relations, Chemical Engineering, Science and Pharmacy ( Pre-Medical ), Business, Finance and Management, Media, Art & Design အစရှိသော ဘာသာရပ်များကို တက်ရောက်နိုင်ပါသည်။ ထူးချွန်သောကျောင်းသားများ အတွက် အင်္ဂလန်နိုင်ငံတက္ကသိုလ်များမှ ပေးအပ်သော UK Scholarships and Bursaries 2011-12 ကိုလည်း ရရှိနိုင်ပါသည်။ အဆိုပါဟောပြောပွဲကို ၂၀၁၁ခုနှစ်၊ မေလ ၂၈ ရက်၊ စနေနေ့ နေ့လည် (၁) နာရီ မှ (၃) နာရီ ထိ TRADER HOTEL ကုန်းဘောင်တကောင်းခန်းမ တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အခြေခံပညာ အထက်တန်းအောင်မြင်ပြီးသူများ၊ တက္ကသိုလ်တက်ရောက်ဆဲ နှင့် ဘွဲ့ရပြီးသောကျောင်းသား ကျောင်းသူများ၊ မိဘများပါ အခမဲ့တက်ရောက်နိုင်ကြောင်း သိရှိရပါသည်။ အသေးစိတ်သိရှိလိုသော ကျောင်းသားကျောင်းသူများနှင့် မိဘများ YIUS ကျောင်းတည်ရှိရာ အဆောင်(၇)၊ အခန်း ( ၄)၊ မြန်မာအင်ဖိုတက်သို့ လူကိုယ်တိုင် ( သို့ ) ဖုန်း ၆၅၂၃၁၁၊ ၆၅၂၂၉၇၊ ၀၉-၇၃၁၄၈၇၃၉ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရပါသည်။



 

 

(18-5-2011)
Source: Ko Lin (Myanmar Training)


Unitedworld School of Business မှ ရာနှုန်းပြည့် ပညာသင်ဆုများချီးမြှင့်မည် .
 
. .  . . .   . .  .    . 0     .    

လာမည့် (၂၀၁၁)ခုနှစ် ဇူလိုင်လတွင် ဖွင့်လှစ်မည့် စီးပွားရေးဒီပလိုမာကို တက်ရောက်မည့်ထူးချွှန်သော ကျောင်းသား ကျောင်းသူများအား Unitedworld School of Business မှ ရာနှုန်းပြည့် ပညာသင်ဆု(၁)ဆုနှင့် (၅၀)ရာခိုင်နှုန်း ပညာသင်ဆု(၂)ဆုကို ချီးမြှင့်မည်ဖြစ်ပြီး (၂၀၁၁) ခုနှစ် ဇွန်လ (၁၅) ရက်နေ့ နောက်ဆုံးထား၍ Synergy Education တွင် လျှောက်ထားနိုင်ကြောင်းသိရသည်။ ထိုပညာသင်ဆုများကို တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူများ၊ အောင်မြင်ပြီး သူများ၊ IGCSE , GCE O Level, GCE A Level အောင်မြင်ထားသူများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ABE နှင့် NCC တို့မှချီးမြှင့်သော ဒီပလိုမာရရှိထားသူများ လျှောက်ထားနိုင်ပါသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး IELTS (5.0) ရှိထားသူများအနေဖြင့် စီးပွားရေးဒီပလိုမာကို Unitedworld တွင် (၁)နှစ် ကြာတက်ရောက်ရပါမည်။ IELTS အမှတ်မရှိပါက Unitedworld ၏ အင်္ဂလိပ်စာ စာမေးပွဲကို Synergy Education တွင် ဖြေဆိုနိုင်ပါသည်။ ဒီပလိုမာအောင်မြင်ပြီးပါက အဆင့်မြင့်ဒီပလိုမာကို (၁)နှစ်ကြာ ဆက်လက်တက်ရောက်နိုင်ပါသည်။ ထို့နောက် ဒီဂရီအတွက် နောက်ဆုံး(၁)နှစ် ထပ်မံတက်ရောက်ပြီးလျှင် UK ရှိ University of Bolton မှ ချီးမြှင့်မည့် Bachelor of Arts in Business Management (Hons) စီးပွားရေးဘွဲ့ကို ရရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအနေဖြင့် စင်္ကာပူနိုင်ငံရှိ Unitedworld တွင် (၃) နှစ်ကြာတက်ရောက်ရုံမျှဖြင့် UK မှချီးမြှင့်သော စီးပွားရေးဘွဲ့ကို ရရှိပါမည်။

စီးပွားရေးဒီပလိုမာနှင့် အဆင့်မြင့်ဒီပလိုမာတို့အတွက် Unitedworld မှချီးမြှင့်သော ဒီပလိုမာအောင်လက်မှတ်များ အပြင် Association of Business Executives (ABE) နှင့် Chartered Institute of Marketing (CIM) တို့မှ ချီးမြှင့်သော ဒီပလိုမာတို့ကိုပါ ပူးတွဲရရှိမည်ဖြစ်၍ များစွာအကျိုးရှိပါသည်။ ABE စာမေးပွဲကို ပထမဆုံးအကြိမ်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲကြေးကို Unitedworld မှ စိုက်ထုတ်ပေးပါမည်။ ဇူလိုင် Intake အတွက် Unitedworld မှ ချီးမြှင့်မည့် Scholarship နှင့်ပတ်သက်၍ "တက္ကသိုလ်ဝင်တန်း၊ ဒါမှမဟုတ် IGCSE ကို အမှတ်ကောင်းကောင်းနဲ့အောင်ထားတဲ့ ကျောင်းသားတွေ အနေနဲ့ Unitedworld ရဲ့ စီးပွားရေး Diploma အတွက် Scholarship လျှောက်နိုင်ပါတယ်။ အမှတ်မြင့်လေ ၊ Scholarship ရဖို့အခွင့်အလမ်း ပိုများလေပဲ။ ဒီ Scholarship ကမြန်မာနိုင်ငံတစ်ခုတည်းအတွက် မဟုတ်ဘဲ နိုင်ငံတကာကျောင်းသားအားလုံးအတွက် ပေးတာဖြစ်လို့ ယှဉ်ပြိုင်မှုနှုန်းမြှင့်ပါတယ်။ Unitedworld ရဲ့ ရည်ရွယ်ချက်က စီးပွားရေးနယ်ပယ်မှာ ထူးချွန်တဲ့ လုပ်ငန်းရှင်တွေ နဲ့ မန်နေဂျာတွေကို မွေးထုတ်ပေးချင်တာပါ။ ဒါကြောင့် ကျောင်းစာမှာတော်ရုံ တစ်ခုတည်းနဲ့ ပညာသင်ဆုမပေးပါဘူး။ ဘက်စုံထူးချွန်မှရတာပါ။ Unitedworld က (၂၀၁၁) ခုနှစ် ဇန်နဝါရီလမှာဖွင့်ခဲ့တဲ့ စီးပွားရေးဘွဲ့လွန်ဒီပလိုမာအတွက် Scholarship ပေးခဲ့ပါသေးတယ်။ မြန်မာနိုင်ငံအနေနဲ့ Synergy Education ကနေ ၀င်ဖြေတဲ့ ကျောင်းသား(၄)ယောက် ရခဲ့ပါတယ်။ Scholarship (၇၅%) အတွက် (၂)ယောက်၊ (၅၀%) နဲ့ (၂၅%) အတွက် (၁)ယောက်စီ အသီးသီး ရရှိခဲ့ကြပါတယ်။ အခုလည်း အဲဒီတုန်းကလိုမျိုးဘဲ ထူးချွန်တဲ့ကျောင်းသား၊ ကျောင်းသူတွေကို မွေးထုတ်ပေးမဲ့ အစီအစဉ်ပါ။ ဒီတစ်ကြိမ်ကတော့ (၁၀)တန်းအောင်ထားတဲ့ ကလေးတွေအတွက်ပါ " ဟု Synergy Education မှ ဒေါ်နန်းမြမာလာမောင် ကပြောပါသည်။

ပညာသင်ဆုနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက ခြံအမှတ် (၅၂၀/D-၁) ၊ ရွှေဂုံတိုင် (Excel Tower အနောက်ဖက်) ၊ ကမ္ကာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်ရှိ Synergy Education ၊ ဖုန်း - ၅၅၈၄၂၈ ၊ ၀၉၅၅၀၄၉၃၁ များသို့ ဆက်သွယ်နိုင်ပါသည်။ Unitedworld သည် စကာင်္ပူနိုင်ငံပုဂ္ဂလိက ပညာရေးကောင်စီမှ ပေးအပ်သည့် Edu Trust လက်မှတ်ကိုအစောဆုံး ရရှိထားသည့်ကျောင်းများထဲတွင် ပါဝင်သည်။ Unitedworld သည် Tampines တွင် တည်ရှိပြီး ကျောင်းအနီးတွင် ကွန်ဒိုတိုက်ခန်းများ၊ Shopping Centre များ၊ MRT Station နှင့် ဘတ်(စ်)ကားဂိတ်များ ရှိသဖြင့် နေထိုင်စားသောက်သွားလာရေးတို့ အတွက် များစွာအဆင်ပြေကြောင်းသိရသည်။ Unitedworld တွင် မြန်မာနိုင်ငံအပြင် ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ် အစရှိသည့် နိုင်ငံတကာမှ ကျောင်းသားများလည်း တက်ရောက်သင်ကြားလျက် ရှိသည်။





 

 

(13-5-2011)
Source: Ko Lin (Myanmar Training)
 


ကမ္ဘာတစ်ဝှမ်းရှိ Kaplan နှင့်ချိတ်ဆက်ထားသော တက္ကသိုလ်များတွင်ရွေးချယ်ပြောင်းလဲလျှောက်ထားနိုင်မည့် .
Global Diploma ကိုစတင် သင်ယူနိုင်တော့မည်”

 

Kaplan Higher Education Academy သည် ကမ္ဘာကျော် The Washington Post သတင်းစာနှင့် News Week မဂ္ဂဇင်းကိုပိုင်ဆိုင်သော အမေရိကန်နိုင်၏ အကြီးဆုံး ဘဏ္ဍာရေးနှင့် လေ့ကျင့်သင်ကြားရေး အဖွဲ့အစည်းများ တွင်တစ်ခု အပါအ၀င်ဖြစ်သည့် Kaplan Incorporation လက်အောက်တွင်တည်ရှိပြီး၊ စီမံခန့်ခွဲမှု့နှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချရာတွင် ထိပ်တန်းပညာရေး အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်၊၊ ယခု Kaplan Higher Education Academy အနေဖြင့် ယခင်သင်ကြား ပို့ချလျက်ရှိသည့် ဒီပလိုများနေရာတွင်၊ ယခု Global Diploma ဖြင့် အစားထိုးသွားမည်ဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်းရှိ Kaplan ကျောင်းများနှင့် ချိတ်ဆက်လေ့လာနိုင်စေရန် အစီအစဉ်တစ်ရပ်ကိုပါ စီစဉ်ဆောင်ရွက်သွားမည်ဖြစ် CROWN Education မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်၊၊ အဆိုပါ ပြောင်းလဲမှု့များတွင် Diploma in Banking, Securities and Investment Management နှင့် Diploma in Information Technology တို့မပါဝင်ပဲ အခြား ပြောင်းလဲမှု့များကို July 4, 2011 မှစ၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်၊၊ ဒီပလိုမာ ချီးမြှင့်သည့်အခါ Diploma in Commerce အမည်ဖြင့် ရရှိမည်ဖြစ်ပြီး၊ မိမိတို့စိတ်ဝင်စားသည့် ဘာသာရပ်အလိုက် သက်ဆိုင်ရာ အထူးပြုဘာသာရပ်များကို ရွေးချယ်တက်ရောက် သင်ယူနိုင်ပါသည်၊၊ သင်တန်းကာလ (၈) လကြာမြင့်မည် ဖြစ်ပြီး၊ စီးပွားရေးနှင့် ပတ်သက်၍ ခြုံငုံလေ့လာသင်ယူနိုင်မည့် General Studies နှင့် အထူးပြု ဘာသာရပ်များကို ရွေးချယ်သင်ယူနိုင်မည့် Specialization Pathway ဟုရှိပြီး၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှု့အထူးပြုဘာသာရပ်၊ ဘဏ္ဍာရေး အထူးပြုဘာသာရပ်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ စီမံခန့်ခွဲမှု့အထူးပြုဘာသာရပ်၊ ဈေးကွက်စီးပွားရေးစီမံခန့်ခွဲမှု့ဘာသာရပ်နှင့်၊ ထောက်ပံ့ ပို့ဆောင်ရေးစီမံခန့် ခွဲမှု့ (Logistic Management) အထူးပြုဘာသာရပ် များကို လေ့လာသင်ယူနိုင်ပါသည်၊၊ အဆိုပါ Global Diploma သင်ယူပြီးဆုံးပါက၊ National University of Ireland, Dublin, Murdoch University (Australia), University of Bedfordshire (UK), Northeastern University (USA) စသည့်တက္ကသိုလ်များတွင် ဆက်လက်ဘွဲ့ဒီဂရီကို သင်ယူနိုင်မည့်ဖြစ်ပါသည့်အပြင်၊ နောက်ပိုင်းတွင် ကမ္ဘာ့တစ်ဝှမ်းတွင် ဖွင့်လှစ်ထားသည့် Kaplan ကျောင်းများနှင့် ချိတ်ဆက်ကာ ဆက်လက်ပညာသင်ယူနိုင်မည် ဖြစ်ကြောင်းသိရပါသည်။၊ အဆိုပါ အသစ်သင်ယူနိုင်မည့် Global Diploma အကြောင်း အသေးစိတ်သိရှိလိုပါက CROWN Education, ဖုန်းနံပါတ် (၂၁၁ ၈၈၈) လိုင်းခွဲ ၂၂၈ နှင့် 095 085 185 သို့မဟုတ် 09 732 732 77တို့ တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်၊၊








 


 

(27-5-2011)
Source: Ko Lin (Myanmar Training)

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats