Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


News » International News

ဒုတိယနှစ်သို့တိုက်ရိုက် တက်ရောက်ခွင့်ရှိသော ကျောင်းသားများ PSB Academy မှ အထူးဆုချီးမြှင့်ထောက်ပံ့

Singapore နိုင်ငံ The Best Education Experience Award – 2010, Top – 3 preferred Private Education Institution for Diploma Programmes (2009) ရရှိထားသော PSB Academy တွင် University of Newcastle (UON) မှ ဘာသာရပ်များအပြင် UOW မှ Bachelor of Commerce Degrees များဖြစ်ကြသော Finance, Management, Marketing, Public relations, Supply Chain Management ဘာသာရပ်များကို ဒုတိယနှစ်သို့ တိုက်ရိုက် တက်ရောက်ခွင့်ရှိသော ကျောင်းသားများအတွက် (Sam Sung Galaxy Tab Mobile Computing Device) (3G & Wifi) ကိုသင်ကြားရေးနှင့် ဆက်သွယ်ရေး အထောက်အကူအဖြစ် ချီးမြှင့်မည်ဖြစ်ကြောင်း Myanmar Search International (MSI) Education Consultancy Company မှ သိရှိရပါသည်။

ဤသို့ပြုလုပ်ရခြင်းမှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ကျောင်းဖွင့်ချိန်တွင် ကျောင်းလျှောက်လွှာတင်သော ၊ ကျောင်းသားများကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်းသိရှိရပါသည်။
၎င်းဒုတိယနှစ်သို့ တက်ရောက်ခွင့်ရရှိရန် အတွက် ဝင်ခွင့်သတ်မှတ်ချက်များမှာ -
(၁) UOW မှ အသိအမှတ်ပြုသော Diploma Advance Diploma နှင့် ဘွဲ့ကြို (Degree) တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
(၂) မိမိလျှောက်ထားမည့် ဘာသာရပ်များနှင့် သက်ဆိုင်မှုရှိရမည်။
(၃) IELTS or TOEFL ရှိရမည်ဖြစ်ပြီး၊ IELTS တွင် Overall Score 6.0 ရှိရမည်။
မှတ်ချက်။ ။ Reading နှင့် Writing တွင် တစ်ခုချင်းစီ 6.0 ရှိရမည်။ Listening နှင့် Speaking တွင် တစ်ခုချင်းစီမှာ 5.0 ရှိရမည်။

TOEFL တွင် Paper – based 550 ရရှိမည်ဖြစ်ပြီး။ Computer – based, TWE (Test of Written English 4.0), IBT (Internet – based TOEFL Test) တွင် 79 ရှိရမည်ဖြစ်သည်။
မှတ်ချက်။ ။ Reading တွင် 20, Writing 18, Listening 17, Speaking 16 တို့ အသီးသီးရှိရမည်ဖြစ်သည်။

၎င်း UOW သည်-
(၁) ကမ္ဘာ့အဆင့်မှီ သုတေသနဆိုင်ရာ ထိပ်တန်းတက္ကသိုလ် (၂၀၀) တွင်ပါဝင်သည့် (2010 Shanghai jiao Tong Academic Ranking of World Universities).
(၂) Getting a job, Positive Graduate Outcomes, Staff Qualifications, Research Intensity, Graduate Satisfaction, Generic Skills, Staff to Student Ratio တို့တွင် 5-Stars Education အဆင့်ရှိခြင်း (Good Universities Guide Universities and Private Colleges , 2010) စစ်တမ်းကောက်နှုတ်ချက်အရ သိရှိရပါသည်။ ထို့အပြင် (2009 Australia Learning and Teaching Council) အရ Australian University တွေသာလျှင် အမြင့်ဆုံးအသိအမှတ်ပြုမှု ၁၀ ခု အားကျောင်းသားတွေရဲ့ သင်ကြားရေးအတွက် ထူးချွန်ပြောင်မြောက်သော အကြံပြုဆွေးနွေးချက်တွေကြောင့် ဆုရရှိခဲ့သော တက္ကသိုလ်တစ်ခုဖြစ်သည်။ ကျောင်းဖွင့်ချိန်ကာလမှာ August 2011 ဖြစ်ပြီးလျှောက်လွှာတင်ရာတွင် နောက်ဆုံး Form ပိတ်ရက်မှာ July 2011 ဖြစ်ပါသည်။ ထူးခြားသောအခွင့်အရေးအနေဖြင့် 16.5.2011 မှ 23.5.2011 အတွင်း ကျောင်းလျှောက်သော ကျောင်းသားများအနေဖြင့် ကျောင်းသား Visa လျှောက်လွှာကြေး SGD 30 သာပေးသွင်းရမည်ဖြစ်ပြီး ၊ ကျောင်းဝင်ခွင့်လျှောက်လွှာကြေး SGD 353 ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါသည်။

၎င်း UOW သည် ၁၉၁၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော Australia Government University တစ်ကျောင်းဖြစ်ပြီး၊ ဘွဲ့ရအောင်မြင်ပြီးသော ကျောင်းသားများ ၉၃,ဝဝဝ နှင့် အထက်အောင်မြင်စွာ မွေးထုတ်ပေးခဲ့ပြီး ယခုနှစ် သြဂုတ်လ ကျောင်းဖွင့်ချိန်ကာလတွင် ဒုတိယနှစ်သို့တိုက်ရိုက် တက်ရောက်ခွင့် ရှိသော ကျောင်းသားများအား ၎င်းချီးမြှင့်ထောက်ပံ့သောဆုကို ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း Myanmar Search International (MSI) Education Consultancy ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရပါသည်။ အသေးစိတ်သိရှိလိုပါက အမှတ် (၂၃၄)၊ ရွှေဘုံသာအလယ်လမ်း၊ ဒုတိယထပ် (ညာ)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၁-၂၅၀၉၂၉၊ ၀၁-၃၈၉၉၁၅၊ ၀၉-၅၁၀၃၉၁၅ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
 









 

(27-5-2011)
Source: Ko Lin (Myanmar Training)

 


 

                                  သြစတြေးလျ Bachelor of Commerce သင်တန်းလျှောက်ထားနိုင် . . . . .  .  . . . . .  . ..f . . . . .  . . .  . . 
 
.  .. . .     .  . .       

သြစတြေးလျနိုင်ငံရှိ University of Wollongong က ပေးအပ်ချီးမြှင့်မည့် Bachelor of Commerce သင်တန်းကို တက်ရောက်လိုသူများ မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း CROWN Education မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါသင်တန်းသည် စာရင်းအင်းဘာသာရပ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်စိတ်ဝင်စာူးများ၊ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၌ ဘဏ္ဍာရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချလုပ်ကိုင်ရသော နေရာများတွင်လုပ်ကိုင်ရန် စိတ်ဝင်စားသူများအတွက် အသက်မွေးဝမ်းကျောင်း ဘာသာရပ်တစ်ခုအဖြစ် ရွေးချယ်သင့်သော သင်တန်းဖြစ်ကြောင်း ၎င်းကဆိုသည်။ University of Wollongong တက္ကသိုလ်သည် ကမ္ဘာ့အဆင့်ထိပ်တန်း ၂ ရာခိုင်နှုန်းတွင် ပါဝင်သော တက္ကသိုလ်တစ်ခုဖြစ်ပြီး Australian Learning and Teaching Council က သတ်မှတ်သော စာသင်ခြင်းတွင် အဆင့် (၁) နှင့် ကျောင်းသူ ကျောင်းသားများ စိတ်ကျေနပ်မှုအဆင့် (၁) ရရှိထားသော တက္ကသိုလ်တစ်ခု ဖြစ်သည်ဟု ယင်းတက္ကသိုလ်၏ Website www.uow.edu.au တွင် ဖော်ပြချက်အရ သိရှိရသည်။ ယင်းသင်တန်းနှင့် ပတ်သတ်၍ အသေးစိတ်သိလိုပါက CROWN Education ဖုန်း - ၂၁၈၈၈ (လိုင်းခွဲ ၂၂၈) နှင့် ၀၉-၅၀၈၅၁၈၅ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။







 

(31-5-2011)
Source: Voice Journal


                                            University of Melbourne သို့ လျှောက်ထားနိုင် .   .. .  .  . . . . . . . .. . . .  . . . .  . .  . . . .   .  .      .  . .   5        

သြစတြေးလျနိုင်ငံရှိ University of Melbourne သို့ဘွဲ့ကြိုနှင့် မဟာဘွဲ့သင်တန်းများ တက်ရောက် လိုသော ကျောင်းသားများသည် ဇူလိုင်လ ကျောင်းဝင်ခွင့်အတွက် လျှောက်ထားနိုင်ကြောင်း Grace Education Service (GES) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်များတွင် နံပါတ် တစ်ဆင့်ရှိပြီး ကမ္ဘာတစ်ဝန်းနံပါတ် ၃၆ အဆင့်ရှိသည့် တက္ကသိုလ်ဖြစ်၍ ယင်းတက္ကသိုလ်တွင် တက်ရောက်ပြီး သူများသည် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိနိုင်ကြောင်း၊ ဘွဲ့ကြိုသင်တန်းကို တိုက်ရိုက်တက်ရန်အတွက် TOEFL (PBT) 577 အထက် သို့မဟုတ် IELTS 6.0 အနည်းဆုံး ရရှိမည် ဖြစ်ကြောင်း၊ University of Melbourne သို့ တက်ရောက်သည့် ကျောင်းသားများသည် Biomedicine ဘာသာရပ်ကို အများဆုံး ရွေးချယ်ကြကြောင်း၊ အသေးစိတ်သိရှိလိုသူများသည် Grace Education Service အမှတ် (၁၉၀)၊ ပထမထပ်၊ ၂၈ လမ်း အပေါ်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်၊ ဖုန်း - ၃၇၂၃၅၇ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ၎င်းထံမှ သိရသည်။







 

(31-5-2011)
Source: Voice Journal


                                          MDIS တွင် အင်ဂျင်နီယာဘာသာရပ်လျှောက်နိုင် .  . .  . .. .
 ... .. .  .  . .. . .. . . .. .   . . . .

. MDIS (Management Development Institute Singapore) တွင် Engineering ဘာသာရပ် စိတ်ဝင်စားသူများ၊ Electrical and Electronic Engineering ဘာသာရပ်များကို စက်တင်ဘာ ကျောင်းဝင်ခွင့်အမှီ လျှောက်ထားနိုင်ကြောင်း Study Abroad Information Centre မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါသင်တန်းကျောင်းသည် ဗြိတိန်ရှိ Bradford University နှင့် တိုက်ရိုက်ချိတ်ဆက်ထားပြီး Bachelor of Engineering (Hons) ဘွဲ့ကို ရရှိမည်ဖြစ်ကြောင်း၊ Biotechnology ဘာသာရပ်ကို ထပ်မံဖွင့်လှစ်ပြီး သြဂုတ်လကျောင်းဝင်ခွင့်အတွက် စတင်လျှောက်ထားနိုင်ကာ အာရှ၏ Research ပိုင်းတွင် အားသာသော Singapore နိုင်ငံ၌ အလုပ်အကိုင်ရရှိလိုသူများအတွက် ရွေးချယ်သင့်သော ဘာသာရပ်တစ်ခုဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းအမှတ် ပျမ်းမျှ ၈၅ မှတ် ရရှိသူများအား ပညာသင်ဆုအနေဖြင့် စင်ကာပူဒေါ်လာတစ်သောင်း ပေးအပ်မည်ဖြစ်ပြီး မဟာဘွဲ့တက်ရောက်ချင်သူများ အနေဖြင့်လည်း GPA 3.5 နှင့်အထက်ရရှိပါက ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း ၎င်းကဆိုသည်။ အသေးစိတ်သိရှိလိုသူများသည် Study Abroad Information Centre အမှတ် (၂၉၀) အေ၊ ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာနှင့် မဟာမြိုင်ဆေးခန်းကြား) မြေနီကုန်း၊ ဖုန်း - ၀၁-၅၂၄၁၂၆၊ ၇၀၁၃၃၁၊ ၀၉-၈၀၂၂၁၈၄ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ၎င်းထံမှသိရသည်။


 

 

(31-5-2011)
Source: Voice Journal


Nottingham University မှ September Intake အတွက်လျှောက်လွှာခေါ်ယူ . .
 
. .  . . .   . .  .    . 0     .    

မလေးရှားနိုင်ငံရှိ Nottingham University Intake အတွက်လျှောက်လွှာများ စတင်ခေါ်ယူလျက်ရှိရာ တက်ရောက်လိုသော ကျောင်းသူ ကျောင်းသားများ အနေနှင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်းသိရသည်။ Nottingham University သည် UK, Malaysia, China ဟူ၍ Campus သုံးခုရှိရာ မလေးရှားနိုင်ငံရှိ Nottingham University သည် UK ရှိ Nottingham University ၏ သင်ကြားမှုပုံစံအတိုင်း သင်ကြားခြင်းကြောင့် ကျောင်းသူ ကျောင်းသားအနေနှင့် ကုန်ကျစရိတ် သက်သာစွာဖြင့် UK မှ Degree ကိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ Nottingham University တွင် Arts, Business Marketing, Engineering, Science စသည့် ဘာသာရပ်ပေါင်း များစွာကို Foundation Program မှတစ်ဆင့် Bachelor Program, Master Program များသို့ လျှောက်ထား နိုင်မည်ဖြစ်ကြောင်းသိရသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအနေနှင့် Nottingham University ၏ Foundation Program မှ တဆင့် Bachelor Program သို့ တိုက်ရိုက်လျှောက်ထား နိုင်ကြောင်းသိရသည်။ Master Program လျှောက်ထားရန် Bachelor Degree ကို Second Class Honors ဖြင့် အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။ သက်ဆိုင်ရာ Program ပေါ်မူတည်၍ January, April, June, July, September, December ဟူ၍ Intake များစွာရှိရာ၊ Intake မတိုင်မှီ (၃) လကြို၍ လျှောက်ထားရန်လိုအပ်ကြောင်း အသေးစိတ်အချက်အလက်ကို KMD Computer Centre ၏ Oversea Studies Counseling Service ဖုန်း - ၃၈၁၇၇၆ တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။



 

 

(31-5-2011)
Source: Internet Journal
 


Poly ၀င်ခွင့်မရသူများအတွက် Nanyang Institute မှ ထပ်မံဖွင့်လှစ်သည့် “Diploma In Construction Engineering” .

 

စင်္ကာပူနိုင်ငံရှိ Nanyang Institute တွင် Management Diploma in Construction Engineering ကို ထပ်မံဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ အဆိုပါ Construction Engineering Diploma မှာ Polytechnic Diploma နှင့် တူညီကာ Construction Engineering Industry များရှိ လုပ်ငန်းပိုင်း ဆိုင်ရာ အတွေ့အကြုံ ဗဟုသုတလည်း ရရှိမည်ဖြစ်သည်။ ၄င်း Diploma မှာ စင်္ကာပူနိုင်ငံ၏ Engineering Technologists တွင် Professional ကျောင်းတစ်ခု ဖြစ်သော Singapore Institute of Engineering Technologists (SIET) ကျောင်းမှ စမ်းသပ်စစ်ဆေးသည့် Level-2 အဆင့် စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်မည့် အခွင့်အရေးများရရှိမည်ဖြစ်ကာ ၄င်း Level-3 အောင်မြင်ပြီးဆုံးပါက UK နိုင်ငံ Professional Engineering, (UK) PEng မှ အသိအမှတ်ပြုရန် အရည်အချင်း ပြည့်မှီကြောင်းလည်းသိရှိရပါသည်။








 


 

(31-5-2011)
Source: Ko Lin (Myanmar Training)

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats