Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


News » International News

မြန်မာနိုင်ငံမှ ကျောင်းသားများလေ့လာသင်ယူနိုင်မည့် Biotechnology

စင်္ကာပူနိုင်ငံရှိ Management Development Institute of Singapore (MDIS) သည် UK ရှိ Northumbria University နှင့် ချိတ်ဆက်ကာ BSc (Hons) in Biotechnology ဘာသာရပ် ကို မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများအတွက် ယခုနှစ် သြဂုတ်လမှ စတင် ပထမဆုံးအကြိမ် စတင်သင်ကြား ပို့ချပေးမည် ဖြစ်ကြောင်း CROWN Education မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်၊၊ MDIS နှင့် ချိတ်ဆက်ထားသော အဆိုပါ Northumbria University သည် UK ရှိ အကြီးဆုံး တက္ကသိုလ်များထဲတွင် တစ်ခု အပါအ၀င်ဖြစ်ပြီး The Best New University ဆုကို ၄ကြိမ်တိုင်တိုင် ရရှိထားသော တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။ စင်္ကာပူနိုင်ငံရှိ Edu Trust လက်မှတ်ရကျောင်း ဖြစ်သော MDIS ကျောင်းသည် ၄င်း Northumbria University ဧ။် BSc (Hons) in Biotechnology ဘာသာရပ်ကို သင်ကြားပို့ချပေးသော တစ်ခုတည်းသော ကျောင်းဖြစ်ကြောင်းသိရှိရသည်။ အဆိုပါ Biotechnology ဘာသာရပ်သည် လက်တလောဆေးပညာလောကတွင် ကြုံတွေ့ နေရသောပြဿနာများ၊ ကာကွယ်ဆေးထုတ်လုပ်မှု ဖြစ်စဉ်များ၊ DNA နှင့်ပတ်သက်သည့် လေ့လာတွေ့ရှိမှု တီထွင်ဖန်တီးမှုများ အစရှိသည့်လက်ရှိ ဆေးပညာ အခြေအနေတွေကို လေ့လာသင်ယူရမည်ဖြစ်သည်။ BSc (Hons) in Biotechnology ဘာသာရပ်သည် သင်ကြားမှု သာမကလက်တွေ့ လေ့ကျင့်မှုအပိုင်းများပါ ပါဝင်သောကြောင့် နောင်အလုပ်အကိုင်ရှာဖွေရာတွင် အကျိုးအမြတ် ကောင်းများ ရရှိနိုင်ရုံသာမက ပဲ နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲလာနေသော ဆေးပညာဆိုင်ရာ သုတေသနလုပ်ငန်းများကိုပါ ကောင်းမွန်စွာ လုပ်ကိုင်နိုင်မည် ဖြစ်သည်ဟု သိရသည်၊၊

“ဒီလိုဘာရပ်တွေကို တတ်မြောက်ကျွမ်းကျင်သူတွေကို Industry တွေက အမြဲလိုအပ်နေပါတယ်၊၊ အခုတစ်လော Germany မှာဖြစ်နေတဲ့ E-coli ပြဿနာ ဆိုရင်လည်း Biotechnology Industry ကလူတွေအဓိကပါဝင်ဖြေရှင်းနေရပြီး၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက်ရော၊ လောင်စာဆီပြ ဿနာအတွက်ပါ တစ်စိတ်တစ်ပိုင်း ဖြေရှင်းနိုင်မယ့် Biofuel ထုတ်လုပ်မှုတွေ၊ အစားအသောက်ထုပ်ပိုးမှုတွေကို တစ်ခေတ်ဆန်းသစ်စေမယ့် ရေမှာပျော်ဝင်နိုင်တဲ့ ပလတ်စတစ် တီထွင်ထုတ်လုပ်မှု့တွေစသည်ဖြင့် စိတ်ဝင်စားဖွယ်ရာ ဘာသာရပ်တွေကို လေ့လာသင်ယူရမှာဖြစ်ပါတယ်၊၊ လောလောဆယ် မြန်မာနိုင်ငံ ကကျောင်းသူ ကျောင်းသားတွေ အသိများ တာက၊ Biomedical ဘာသာ ရပ်ဖြစ်ပြီး၊ Biomedical က လူတွေရဲ့ ကျန်းမာရေး၊ ရောဂါရှာဖွေ ကုသရေးတွေနဲ့ အများဆုံးသက်ဆိုင်ပြီး၊ Biotechnology ကတော့ အစားအသောက်၊ မွေးမြုရေးလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်သစ်တွေရှာဖွေတာ အပါအ၀င် ရောဂါကာကွယ်ရေး၊ ကုသရေး စသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့အတွက် အလုပ်အကိုင်ရှာဖွေတဲ့ နေရာမှာပိုပြီး အထောက်အကူပြုနိုင်ပါလိမ့်မယ်” ဟု CROWN Education ကပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားပါသည်၊၊

ကျောင်းသားကျောင်းသူများအနေဖြင့်၊ လက်တွေ့ အသုံးချသိပ္ပံဘာသာရပ်၊ Plan Biology၊ Biodiversity, Cell Biology, Genetics, Biochemistry, Medical Microbiology, Disease, Molecular Biotechnology, Practical Molecular Genetics, အဆိုပါဘာသာရပ် တွင် လေ့ကျင့်သင်ကြား ပေးမှုများသည် Biotechnology Industry တွင် အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်လိုသူများအတွက် များစွာ အထောက်အကူပြုသည်။ Northumbria University မှ ချီးမြှင့်ပြီး စင်္ကာပူနိုင်ငံရှိ MDIS ကျောင်းတွင် တက်ရောက်သင်ယူနိုင်သော BSc (Hons) in Biotechnology ဘာသာရပ်ကို ယခုနှစ် August Intake တွင် တက်ရောက်ရန် စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး အသေးစိတ်အချက်အလက်များနှင့် ကျောင်းလျှောက်ထားလိုသူများ အနေဖြင့် CROWN Education အခန်း ၂၂၈-၂၂၉၊ Summit Parkview Hotel ဒုတိယထပ်၊ အလုံလမ်း ၊ ဒဂုံမြို့ နယ်။ ဖုန်း ၂၁၁၈၈၈ (လိုင်းခွဲ ၂၂၈- ၂၂၉)၊ ၀၉ ၇၃၂ ၇၃၂ ၇၇ နှင့် ၀၉ ၅၀၈၅၁၈၅ တို့ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်းသိရှိရသည်။

 


 

(13-6-2011)
Source: Ko Lin (Myanmar Training)

 


 

    University of Cambridge မှ နိုင်ငံတကာ အသိအမှတ်ပြုသင်ကြားမှု ဒီပလိုမာကို မလေးရှားနိုင်ငံတွင် တက်ရောက်နိုင်ပြီ . . . . .  .  . . . . .  . ..f . . . . .  . . .  . . 
 
.  .. . .     .  . .       

မြန်မာနိုင်ငံမှဆရာ/ ဆရာမများနှင့် သင်တန်းနည်းပြများ အနေဖြင့် အင်္ဂလန်နိုင်ငံရှိ University of Cambridge မှ ချီးမြှင့်သော နိုင်ငံတကာ အသိအမှတ်ပြု သင်ကြားမှု ဒီပလိုမာကို မလေးရှားနိုင်ငံရှိ KDU University College တွင် တက်ရောက်သင်ကြားနိုင်ပြီ ဖြစ်ကြောင်း Synergy Education မှသိရသည်။ အဆိုပါ ဒီပလိုမာကို ၆ လကြာတက်ရောက် ရမည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ဆရာဖြစ်လိုသူများ၊ သင်တန်းပို့ချသူများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကာ သင်ကြားပို့ချမှု အတွေ့အကြုံရှိသူ မည်သူမဆို တက်ရောက် နိုင်မည်ဖြစ်သည်။ သင်တန်းကာလ ၆ လအတွင်း သင်ကြားမှုပုံစံရေးဆွဲခြင်း၊ လက်တွေ့ သင်ကြားပို့ချစေခြင်း၊ သင်ကြားပို့ချမှုရလဒ်နှင့် တိုးတက်မှုများကို ဆန်းစစ်ခြင်း၊ အမှတ်ပေးခြင်း အစရှိသည့် သင်ကြားမှုပိုင်းဆိုင်ရာ နည်းစနစ်များကို သင်ကြားရမည် ဖြစ်သည်။ “ဒီ ဒီပလိုမာရဲ့ ထူးခြားချက်က ၆ လအတွင်းမှာကိုယ်က စာသင်ခန်းထဲမှာ ထိုင်နားထောင်ရတာနည်းပြီး ကိုယ်တိုင်သင်ရတာများပါတယ်။ Module တစ်ခုစီကို သင်ပြီးတာနဲ့ လက်တွေ့လုပ်ရတယ်။ ဥပမာ- ကိုယ်သင်ဖို့ ရည်ရွယ်ထားတဲ့ သင်ရိုးညွှန်းတမ်းကို ကိုယ်တိုင်ရေးဆွဲရတယ်။ နောက်တော့ KDU က စီစဉ်ပေးထားတဲ့ အတန်းမှာ ကိုယ်ရေးတဲ့ သင်ရိုးအတိုင်းစာသင်ရတယ်။ ပြီးတော့ အားသာချက်၊ အားနည်းချက်၊ ရလဒ်၊ တိုးတက်မှုစတာတွေကို သုံးသပ်ရတယ်။ နောက်ဆုံးအဆင့် အနေနဲ့ ရလဒ်တွေကိုမူတည်ပြီး လိုတဲ့နေရာတွေကိုဖြည့်၊ ပိုကောင်းလာအောင်ပြန်လုပ်ရပါတယ်။ သင်ကြားမှုအပိုင်းအတွက် နောက်ဆုံးပေါ် သင်ထောက်ကူ ပစ္စည်းတွေကို KDU ကပံ့ပိုးပေးတာကြောင့် ခေတ်မီသင်ကြားမှုနည်းပညာနဲ့ ပုံစံကိုလည်းရစေပါတယ်” ဟု Synergy Education မှ ဒေါ်နန်းမြမာလာမောင်က ပြောသည်။ ၎င်းဒီပလိုမာကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင်ဖွင့်လှစ်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို Synergy Education ခြံအမှတ် (၅၂၀/D-1)၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်၊ ဖုန်း - ၅၅၈ ၄၂၅၊ ၀၉-၅၅၀ ၄၉၃၁ သို့ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။





 

(17-6-2011)
Source: Internet Journal


               Coventry University (UK) ၏ အင်ဂျင်နီယာဘွဲ့ကို စင်ကာပူတွင် နှစ်နှစ်ခွဲတက်ရောက်ရုံဖြင့် ရယူနိုင် .     .   .. .  .  . . . . . . . .. . . .  . . . .  . .  . . . .   .  .      .  . .   5        

အင်ဂျင်နီယာဘာသာရပ်များ သင်ကြားရာတွင် နာမည်ကြီးသည့် အင်္ဂလန်နိုင်ငံရှိ Coventry University ၏ အင်ဂျင်နီယာဘွဲ့ကို စင်ကာပူနိုင်ငံရှိ Auston Institute of Management တွင် နှစ်နှစ်ခွဲ တက်ရောက်ရုံဖြင့် ရယူနိုင်ကြောင်း OESC မှ သိရသည်။ အဆိုပါ အင်ဂျင်နီယာဘွဲ့ကို Auston တွင် တက်ရောက် သင်ကြားခြင်းဖြင့် ပုံမှန်အားဖြင့် Coventry University တွင် သုံးနှစ်တက်ရောက်ပြီးမှ ဘွဲ့ရမည့်အစား နှစ်နှစ်ခွဲကျော်တက်ရောက်ရုံဖြင့် ပုံမှန်အားဖြင့် Coventry University တွင် သုံးနှစ် တက်ရောက် ပြီးမှ ဘွဲ့ရမည့်အစား နှစ်နှစ်ခွဲကျော်တက်ရောက်ရုံဖြင့် ဘွဲ့ရရှိနိုင်ခြင်း၊ သင်ခန်းစာများကို လက်တွေ့တွင် ဖြစ်ပျက်လျက်ရှိသော အကြောင်းအရာများဖြင့် ဥပမာပေးကာ သင်ကြားပေးခြင်း၊ ကျောင်းပြီးပါက Coventry University (UK) မှ တိုက်ရိုက်ချီးမြှင့်သော Bachelor of Engineering (Hons) ရရှိမည်ဖြစ်ကြောင်းသိရသည်။ လျှောက်ထားနိုင်မည့် ဘာသာရပ်များမှာ Electrical and Electronic Engineering, Computer Networking and Communication Technology, Business Administration တို့ဖြစ်ပြီး Diploma တန်းကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ တက်ရောက်နိုင်ကာ AGTI နှင့် City & Guild Diploma (EC, EP) ရရှိထားသူများ အနေဖြင့် Advanced Diploma တန်းသို့ တက်ရောက်နိုင်ကာ BE (Electronic) ပြီးသူများအနေဖြင့် Bachelor သို့ တက်ရောက်နိုင်မည်ဖြစ်သည်။ အထူးအစီအစဉ်အနေဖြင့် Application Fees ကို S$ 481.50 မှ S$ 267.50 သို့ လျှော့ချလက်ခံပေးမည်ဖြစ်ကာ ပထမဆုံး ကျောင်းအပ်သူ ၃ ဦးကို OESC မှ Free Air Ticket ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ကျောင်းဖွင့်ချိန်အတွက် ဇွန်လ ၂၀ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်သည်။ Auston Institute of Management အနေဖြင့် Coventry University ၏ ဘာသာရပ်များထဲမှ စင်ကာပူနိုင်ငံတွင် ခေတ်စားလျက်ရှိသော ဘာသာရပ်များနှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းမည့် ဘာသာရပ်များကို ရွေးချယ်ကာ Coventry University ၏ သင်ရိုးညွှန်းတမ်းများ အတိုင်း ရွေးချယ်သင်ကြားပေးလျက် ရှိသည်။





 

(17-6-2011)
Source: Internet Journal


                         Kaplan Singapore မှ Murdouch MBA ဘွဲ့အား Scholarship ချီးမြှင့်မည် . .  ..  . .  . .. .
 ... .. .  .  . .. . .. . . .. .   . . . .

. Kaplan Singapore မှ Murdouch MBAဘွဲ့အား ပညာသင်ဆုထောက်ပံ့ချီးမြှင့်မည်။
(၁) လျှောက်ထားသူသည် …..
(က) ဘွဲ့တစ်ခုခုရရှိထားရမည်။
(ခ) အင်္ဂလိပ်စာ လိုအပ်ချက်အနေနှင့် IELTS – 6.5
(၂) လျှောက်ထားသူအား Murduch University ၏ Admission မှကျောင်းတက်ရောက်ခွင့်ပြုလျှင်
     လာမည့်စက်တင်ဘာ (၅)ရက် ၂၀၁၁ ခုနှစ်တွင် Kaplan Singapore ၌ ဖွင့်လှစ် သော MBA အတန်းကို
     စတင်တက်ရောက်ရမည် ဖြစ်သည်။
(၃) ပညာသင်ထောက်ပံ့ဆုမှာ S$ 3000 ဖြစ်ရရှိမည်။
(၄) လျှောက်ထားသူသည် မြေနီကုန်းပလာဇာ ဒုတိယထပ်ရှိ OSM Education Centre တွင် လာမည့် 20th
     July 2011 ထက်နောက်မကျပဲ စာရင်းပေးသွင်းနိုင်ပါသည်။

မှတ်ချက် ။ ။ ရရှိထားသော ဘွဲ့စာရွက်စာတမ်းများ၊ Certificate နှင့် Diploma လက်မှတ်များ တစ်ပါတည်း ယူဆောင်လာပါရန်။

အသေးစိတ်သိရှိလိုပါက OSM Education Centre - ဖုန်းနံပါတ် 09-731 47379 နှင့် 01-525 971 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။



 

 

(17-6-2011)
Source: Ko Lin (Myanmar Training)


Semester တိုင်းအတွက် Scholarship နှစ်ဆုစီ ချီးမြှင့်မည့် UK, USA, Australia, Canada နှင့် Singapore .
နိုင်ငံရှိတက္ကသိုလ်ကြီးများ

 

UK, USA, Australia, Canada နှင့် Singapore နိုင်ငံရှိ တက္ကသိုလ်ကြီးများတွင် Diploma, Advanced Diploma နှင့် Degree Program များကို တက်ရောက်သင်ယူမည့် ကျောင်းသားများအတွက် Semester တစ်ခုပြီးတိုင်း Scholarship ရွေးချယ်ပေးအပ်မည့် အစီအစဉ်ဖြစ်ပါတယ်။ ၎င်း Scholarship Program ကို မိမိရွေးချယ်ရာ နိုင်ငံရှိ တက္ကသိုလ်ကြီးများ၏ (Intake) အလိုက် ၂၀၁၁ ခုနှစ်- မေ၊ ဇွန်၊ ဇူလိုင်၊ စက်တင်ဘာလ များတွင် စတင်မှာဖြစ်ပြီး Scholarship ဝင်တဲ့ကျောင်းသားက Second Semester မှာ Semester တစ်ခုလုံးစာ (သို့) အများဆုံးဘာသာရပ် (၅)ခုစာ Tuition Fee ကင်းလွတ်ခွင့် ရမှာဖြစ်ပါတယ်။ တစ်ကယ်လို ကျောင်းသားက First Semester မှာ Scholarship မဝင်ခဲ့ဘူးဆိုရင် Second Semester နှင့် Third Semester များတွင် Scholarship ဝင်အောင်ကြိုးစားနိုင်သေးကြောင်းလဲ SR Education Center မှ တာဝန်ရှိသူမှ ပြောပြ ပါတယ်။ ထို့ပြင် ၎င်း Scholarship အတွက် ကျောင်းသားများမှာ သီးသန့် လျှောက်ထားစရာ မလိုပဲ၊ ကျောင်းသား၏ Result ပေါ်မူတည်ပြီး Semester တစ်ခုချင်းစီတိုင်းအတွက် Scholarship (၂) ဆုစီ ပေးအပ်သွားမည်ဖြစ်ကြောင်းလဲ ပြောပြခဲ့ပါတယ်။ အဆိုပါ Scholarship နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလို၍ လည်းကောင်း၊ အထက်ပါ တက္ကသိုလ်များသို့ ကျောင်းသွားတက်ရောက်လို၍ သော်လည်းကောင်း စုံစမ်းမေးမြန်းလိုပါက SR Education Center ဖုန်းနံပါတ် - ၃၇၄၇၄၇၊ ၃၇၄၇၄၈၊ ၃၈၁၆၁၀ တို့သို့ ဆက်သွယ်နိုင်ပါကြောင်းလဲ သိရှိခဲ့ရပါတယ်။





 


 

(17-6-2011)
Source: Ko Lin (Myanmar Training)

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats