|
News
» International News
MDIS တွင် စက်တင်ဘာလ ၂၀၁၁ မှစ၍ SCHOOL OF DESIGN
ကိုစတင်ဖွင့်လှစ်တော့မည်
ဘာသာရပ် MAJORS များစုံလင်လှသော MDIS တွင် စက်တင်ဘာ ၂၀၁၁ မှစ၍ SCHOOL
OF DESIGN ကို တိုးချဲ့ကာ စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ MDIS မှ SCHOOL OF DESIGN
သည် UK နိုင်ငံ NOTTINGHAM TREND UNIVERSITY နှင့် ချိတ်ဆက်ထားပြီး၊ Fashion
Marketing & Branding နှင့် Fashion Design နှင့် ဘွဲ့များကို
တက်ရောက် သင်ယူနိုင်ပါသည်။ Fashion နှင့် ပတ်သတ်သော Bachelor of Arts (Hons) ဘွဲ့ကို
၃ နှစ် တက်ရောက်ရမှာဖြစ်သည်။ ဒီဇိုင်းကျွမ်းကျင်မှု၊ နည်းပညာ၊
သီအိုရီများ ပေါင်းစပ်ထားသော studio work များ၊ ဈေးကွက်ချဲ့ထွင်မှုဆိုင်ရာများနှင့်
ကုန်ပစ္စည်း အမှတ်တံဆိပ်ဆိုင်ရာ ထိုးဖေါက်မှု အသိပညာများ၊
ဖက်ရှင်ဒီဇိုင်းနည်းပညာများနှင့် ဖက်ရှင်လုပ်ငန်းလောက အတွက် ပြောင်းလဲဆန်းသစ်လာ
တီထွင်ဖန်တီးမှုများကို သင်ကြား ပေးသွားမည်ဖြစ်သည်။ သင်ကြားမှုနည်းစနစ်ပိုင်
အနေဖြင့်လည်း သင်ခန်းစာများတွင် တစ်ဦးချင်းနှင့် အဖွဲ့လိုက် လက်တွေ့ PROJECT များ၊
WORKSHOPS များ၊ TUTORIAL များ၊ DESIGN ASSIGNMENT များ၊ PRESENTATION များဖြင့်
ထိရောက်စွာ သင်ကြားပေးသွားမည်ဖြစ်သည်။ ထို့ပြင် ကျောင်းပြီးသွားသောအခါ
လုပ်ငန်းခွင်ထဲဝင်ရာတွင် အဖွဲ့လိုက်ဆောင်ရွက်ရာတွင် အရေးကြီးသော Teambuilding နှင့်
Business Management Task တို့ကိုပါ ထည့်သွင်း သင်ကြားပေးမည် ဖြစ်သည်။
ကျောင်းလခ ကုန်ကျစရိတ်အနေနှင့် Fashion Marketing & Branding
မှာစင်္ကာပူဒေါ်လာ သုံးသောင်းငါးထောင်သုံးရာတစ်ဆယ် နှင့် Fashion Design ဘွဲ့အတွက်
ကိုမူ စင်္ကာပူဒေါ်လာ သုံးသောင်းကိုးထောင်တစ်ရာခုနှစ်ဆယ် ကုန်ကျမှာဖြစ်သည်။
ဝင်ခွင့်ဆိုင်ရာ လိုအပ်ချက် အနေနှင့် GCE “A” Level နှစ်ဘာသာရှိရန်၊ (သို့) Fashion
Design နှင့် Marketing ပိုင်းဆိုင်ရာ ဒီပလိုမာ၊ (သို့) သင့်လျော်သော
ဒီပလိုမာတစ်ခုကို ရရှိရန်လိုအပ်ပြီး၊ အင်္ဂလိပ်စာလိုအပ်ချက် အနေနှင့် IELTS band
(6.0) ရှိရန်လိုအပ်ပါသည်။ အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက် ကိုက်ညီမှု
မရှိသူများသည် MDIS မှ Placement Test ကို ဖြေဆိုနိုင်မည်ဖြစ်သည်။ ဤ Fashion
Marketing & Branding နှင့် Fashion Design ဘွဲ့များသည် ဖက်ရှင်ဒီဇိုင်းလောကတွင်
အခြေချလုပ်ကိုင်ရန်နှင့် ဈေးကွက် ချဲ့ထွင်ရန် စိတ်ဝင်စားသော ကျောင်းသူ၊
ကျောင်းသားများအတွက် ရွေးချယ်သင့်တက်ရောက်သင့်ပါသည်။ သို့ပါ၍ MDIS တွင် Fashion
Marketing & Branding နှင့် Fashion Design တို့ကို တက်ရောက် သင်ကြားလိုသော
ကျောင်းသူ၊ ကျောင်းသားများ အနေနှင့် MDIS ၏ ပညာရေးတိုင်ပင်ခံတစ်ခုဖြစ်သော STUDY
ABROAD Information Centre အမှတ် (၂၉၀-အေ)၊ ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာ နှင့်
မဟာမြိုင်ကြား)၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်။ ဖုန်း - ၅၂၄၁၂၆ နှင့် (၀၉) ၅၁၅၁
၀၀၈ တို့တွင် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
(21-6-2011)
Source: Ko Lin (Myanmar Training)
Singapore Institute of Management (SIM) မှ October Intake အတွက်
လျှောက်လွှာစတင် လက်ခံ
.
.
. . .
. .
.
.
.
.
.
.
..f
.
.
.
. .
.
.
. .
.
.
..
.
.
.
.
.
Singapore နိုင်ငံ၏ The First Private ဖြစ်ပြီး Singapore
နိုင်ငံအစိုးရ၏ အသိအမှတ်ပြု Edu Trust ရရှိထားသော Singapore Institute of
Management (SIM) မှ October လ Intake အတွက်
စတင်လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ SIM ကို စိတ်ပါဝင်စားသူ
ကျောင်းသားများအတွက် ကျောင်းတာဝန်ခံ Ms.Julie ကိုယ်တိုင် July ၈ ရက်နေ့ ညနေ
4:00 ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ SIM သည်
Singapore ပုဂ္ဂလိကပိုင် ကျောင်းများအနက် Campus အကြီးဆုံးကျောင်းများထဲတွင်
ပါဝင်ပြီး Switzerland, Australia, UK နှင့် USA နိုင်ငံများရှိ အထင်ကရ
University များနှင့် တိုက်ရိုက် ချိတ်ဆက်ထားပါသည်။ International Hotel
Management Institute (IMI), RMIT University, University of Birmingham,
University of London နှင့် University at Buffalo, The State University
of New York တို့မှ သင်ကြားသည့် Business, IT, Hotel Management,
Psychology နှင့် Communication ဘာသာရပ်များအား
ရွေးချယ်တက်ရောက်နိုင်ပြီဖြစ်ပါသည်။ SIM တွင် စီးပွားရေး ဘာသာရပ်
တက်ရောက်သင်ကြားလိုသော မြန်မာကျောင်းသား၊ ကျောင်းသူများ အနေဖြင့်
စီမံခန့်ခွဲရေးဆိုင်ရာ Diploma (15) လကို စတင်တက်ရောက်ရမည် ဖြစ်ပါသည်။
ဝင်ခွင့်လိုအပ်ချက်များအနေဖြင့် ဆယ်တန်းပျမ်းမျှ အမှတ် (၇၀) ရရှိရန်
လိုအပ်ပါသည်။ GCE ‘O’ Level ဘာသာရပ် (၅) ဘာသာ
ဖြေဆိုအောင်မြင်သည့် သူများလည်း လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ အင်္ဂလိပ်စာ
ဝင်ခွင့်အနေဖြင့် IS (5.5) [သို့] TOEFL (550) ရရှိထားရန် လိုအပ်ပါသည်။ SIM
၏ အနီးဆုံး Intake October အတွက် ဇူလိုင် (၁၅)ရက်နေ့ နောက်ဆုံးထားပြီး
လျှောက်ထားနိုင်ကြောင်းသိရှိရပါသည်။ အဆိုပါ Intake တွင် တက်ရောက်ချင်ပြီး
One by One Counseling သို့ လာရောက်ဆွေးနွေးချင်သူများ အနေဖြင့် STUDY
ABROAD Information Centre အမှတ် (၂၉၀) အေ၊ ပထမထပ်၊ ပြည်လမ်း
(ဒဂုံစင်တာနှင့် မဟာမြိုင်ဆေးခန်းကြား)၊ မြေနီကုန်း။ ဖုန်း - 524126 ,
095151008 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပြီး စာရင်းပေးသွင်းနိုင်ပြီ
ဖြစ်ပါသည်။
(28-6-2011)
Source:
Ko Lin (Myanmar Training)
စင်္ကာပူအစိုးရ
အင်ဂျင်နီယာ ကျောင်းဝင်ခွင့်အား ကျောင်းမှတ်ပုံတင်ကြေး အခမဲ့အပြင် Exam
Centre ကြေးပါ ကင်းလွတ်ခွင့်
.
ရရှိရန် Future
Way စီစဉ်
.
.
.
.
. 5
၁ဝ တန်းဖြေဆိုအောင်မြင်ထားသူ ကျောင်းသား၊သူများအနေဖြင့်
စင်္ကာပူနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ အင်ဂျင်နီယာဘာသာရပ်များ
ကို အဓိကထား သင်ကြားပေးသည့် အစိုးရအင်ဂျင်နီယာကျောင်း BCA Academy ၏
October Intake ဝင်ခွင့် စာမေးပွဲအား စရိတ်သက်သာစွာဖြင့် ဖြေဆိုနိုင်ရန် FW
မှ အထူးအစီအစဉ်အဖြစ် စီစဉ်ပေးလျက်ရှိသည်။ ၎င်းအစီအစဉ်မှာ မြန်မာနိုင်ငံမှ ၁ဝ
တန်းအောင်မြင်ထားသူများသည် $100 နှင့် ညီမျှသော ကျောင်းမှတ်ပုံတင်ကြေးကို
ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည့်အပြင် ဆယ်တန်းတွင် အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ
နှင့် ဓာတုဗေဒ တို့တွင် ရမှတ် စုစုပေါင်း (၂၈ဝ) ရရှိပါက Exam Centre
ကြေးကင်းလွတ်ခွင့်ကိုပါ ထပ်မံရရှိနိုင်မည်ဖြစ်သည်။ BCA Academy တွင်
သင်ကြားပေးနေသည့် သင်ရိုးများမှာ စရိတ်သက်သာသည့်အပြင် BCA Academy
တစ်ခုတည်း၌သာ သင်ကြားနိုင်သည့် ခိုင်မာသော သင်ရိုးများလည်းဖြစ်သည်။ BCA
Academy သည် ကျောင်းသားများ လုပ်ငန်းအတွေ့အကြုံ ရရှိစေရန်အတွက် စာသင်နှစ်၏
နောက်ဆုံး semester တွင် လုပ်ငန်းခွင်ကြီးများ၌ အလုပ်သင် လုပ်ကိုင်ရန်ကိုပါ
သင်ရိုးထဲ၌ ထည့်သွင်းပြဌာန်းထားသည်။ Future Way Co.,Ltd သည် BCA Academy
ဝင်ခွင့်စာမေးပွဲများကို အစဉ်ကြီးမှူးကျင်းပလျှက်ရှိပြီး
ဝင်ခွင့်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မွမ်းမံသင်တန်းများကိုလည်း
ဖွင့်လှစ် ပေးလျက်ရှိသည်။ ထိုရက်တိုသင်တန်းတွင် ဝါရင့်ဆရာ၊ ဆရာမများမှ
တပတ်လျှင် ၁၈ နာရီ သင်ကြားပေးလျှက်ရှိပြီး၊ အတွေ့အကြုံ ရစေရန်
ကျောင်းသားများအား အပတ်စဉ် Test များစစ်ကာ သင်ကြားလျှက်ရှိသည်။ BCA
ဝင်ခွင့် စာမေးပွဲအတွေ့အကြုံများအရ FW ၏ ရက်တိုသင်တန်း တက်ရောက်သူ
ကျောင်းသားများ၏ အောင်ချက်ရာခိုင်နှုန်း (၁ဝဝ%) ရှိပြီး၊ Scholarship
များလည်း ရရှိခဲ့သည်။ BCA Academy ၏ ဝင်ခွင့်စာမေးပွဲတွင် ထူးချွန်စွာ
အောင်မြင်ပါက (60%) Scholarship များလည်း ခံစား ရရှိနိုင်မည်ဖြစ်သည့်အတွက်
တစ်နှစ်လျှင် ကျောင်းစရိတ် (၂၅) သိန်းမှသာ ကုန်ကျတော့မည်ဖြစ်သည်။ BCA
Academy ၏ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုလိုသည့် ကျောင်းသား/သူများအနေဖြင့်
Future Way Co.,Ltd (ဖုန်း - ၂၄၁ဝ၉၉ ၊ ၂၅၄၁၈၅) သို့
ဆက်သွယ်စုံစမ်းနိုင်ပါပြီ။
(28-6-2011)
Source: Ko Lin (Myanmar Training)
မလေးရှား INTI International University မှ
နိုင်ငံတကာအဆင့်မြင့်ပညာရပ်များ
.

မလေးရှားနိုင်ငံအခြေစိုက် INTI International University သည်
နိုင်ငံတကာ အဆင့်မြင့် ပညာရပ်များကို undergraduate မှစ၍ Doctoral
Degree တန်းများအထိ တက်ရောက်နိုင်ရန် နိုင်ငံတကာမှ ကျောင်းသားများအား
ကမ်းလှမ်းခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၂၅)နှစ်ခန့်
ကြာမြင့်ခဲ့ပြီဖြစ်သည်။INTI University တွင် Campus ပေါင်း (၆)ခု
ရှိပြီး အဆိုပါ Campus များထဲက တစ်ခုမှာ Indoenesia နိုင်ငံတွင်
ဖွင့်လှစ်ထားပါသည်။ INTI International University တွင် ယခု
လက်ရှိအချိန်၌ နိုင်ငံတကာမှ ကျောင်းသားပေါင်း (၂၅ဝဝ)ကျော်
ပညာသင်ကြားလျက်ရှိပြီး ၄င်းကျောင်းသားများမှာ INTI ရှိ ဘာသာရပ်ပေါင်း
(၅ဝ) ကျော် အနက်မှ မိမိတို့စိတ်ပါဝင်စားသော ဘာသာရပ်များကို
သင်ကြားလျက်ရှိနေကြသည်။ INTI UC တွင် US, UK, AUS, Canada & New
Zealand နိုင်ငံများမှ တက္ကသိုလ်ပေါင်း (၃ဝဝ) ကျော်ကို Partner
Universities များအဖြစ် ချိတ်ဆက်ထားသည်။ Academic Partner များအဖြစ် UK
နိုင်ငံတွင် Coventry University, University of Hertfordshire, US
နိုင်ငံတွင် Northwood University, Northwood University at INTI
Centre for American Education (CAE), Australia နိုင်ငံတွင် Curtin
University of Technology, Swinburne University of Technology (SUT),
Queensland University of Technology (QUT), The Australian National
University (ANU), University of Adelaide (UA), University of New
South Wales (UNSW), University of Queensland (UQ), University of
Sydney (USYD), University of Tasmania (UTAS), University of Western
Sydney (UWS), University of Wollongong (UW), New Zealand နိုင်ငံတွင်
Auckland University of Technology (AUT), Lincoln University,
Victoria University of Wellington (VUW) စသော တက္ကသိုလ်များနှင့်
ချိတ်ဆက်ထားသည်။ INTI UC မှသင်ကြားပို့ချသော ဘာသာရပ်များမှာ ART,
BUSINESS, Culinary Arts, Design, Education, Engineering, Health
Science, Hospitality, Information Technology, Law and Medican နှင့်
မြန်မာကျောင်းသားများ စိတ်ဝင်စားမှုအရှိဆုံးဖြစ်သော American Degree
Transfer Programme များကို သင်ကြားပို့ချလျက်ရှိသည်။
အဆိုပါ INTI UC တွင် US, UK, AUS ရှိ တက္ကသိုလ်များထက် ကုန်ကျစရိတ်
ပိုမိုသက်သာပြီး၊ နိုင်ငံတကာတက္ကသိုလ်များ၏ ဝန်ဆောင်မှုများအတိုင်း
ကျယ်ဝန်းသော စာသင်ခန်းမများ၊ wifi services များနှင့်
ကျောင်းသားဘဝမမေ့နိုင်စရာ Student Life ကို အပြည့်အဝရရှိခြင်းကြောင့်
မြန်မာကျောင်းသားများအပါအဝင် အာရှမှ ကျောင်းသားများ စိတ်ပါဝင်စားသော
တက္ကသိုလ်ကျောင်းတစ်ကျောင်းအဖြစ်ရပ်တည်နေနိုင်ခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင်
INTI University College သည် Laureate International University (LIU)
အဖွဲ့၏ အဖွဲ့ဝင်ကျောင်းတစ်ကျောင်းဖြစ်လာခဲ့သည်။၎င်းအဖွဲ့သည်
တက္ကသိုလ်ပေါင်း (50) ကျော်ကို အခြေခံကာ တစ်ကမ္ဘာလုံး ကွန်ယက်ဖြင့်
ဖွဲ့စည်းထားသော ပညာရေးအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်။ INTI တက္ကသိုလ်၏
ကျောင်းသားများအတွက် ရေးဆွဲထားသည့် သင်ရိုးညွှန်းတန်းများ ထဲတွင်
Enrolment to Employment (E2E) Programme ထည့်သွင်းရေးဆွဲထားခြင်းအတွက်
ကျောင်းသားများ ဘွဲ့ရရှိပြီးနောက် လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်ရန်
အဆင်သင့်ပြင်ဆင်ပေးထားနိုင်ခဲ့သည်။ ကျောင်းသားများ၏ ပထမဆုံးအလုပ်အတွက်
အနာဂါတ်အစီအဉ်များ ရေးဆွဲပေးခြင်း၊ Resumes , Interview နှင့်
ကိုယ့်ကိုယ်ကို ယုံကြည်မှုရရှိစေရန် ပြင်ဆင်ပေးခြင်းများကိုပါ E2E
Programme တွင် ထည့်သွင်းရေးဆွဲထားသည်။ ထို့အပြင် INTI Career Fair
အစီအစဉ် အနေဖြင့်ဘွဲ့ရယူခါနီးကျောင်းသားများအတွက် အခွင့်အလမ်းနှင့်
အနာဂါတ်ရွေးချယ်မှုများပြုလုပ်နိုင်ရန် Air-Asia, IBM, TNT, KPMG,
PricewaterhouseCoopers, Maybank, Public Bank Berhad, Genting Group
and Prudential စသော အခြားနာမည်ကြီး Company ကြီးများကို
ကျောင်းအတွင်းခေါ်ယူ၍ စီစဉ် ဆောင်ရွက်ပေးခြင်း စသောအခွင့်အလမ်းများကိုပါ
စီစဉ်ဆောင်ရွက်ပေးသည်။ Career Planning and professional development
အစီအစဉ်အနေဖြင့်လည်း ကျောင်းသားများဘွဲ့ရရှိပါက ၄င်းတို့၏
ပထမဆုံးအလုပ်တွင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး
အဆင်ပြေချောမွေ့စေရန် Resume ရေးသားခြင်းများ၊ Interview Skills
များပြည့်ဝစေရန် အစီအစဉ်ချဆောင်ရွက်ပေးလျက်ရှိသည်။ INTI ကျောင်း၏
ကျောင်းဝင်ခွင့်များ၊ ဘာသာရပ်များ အကြောင်းအား အသေးစိတ်ဆွေးနွေးလိုပါက
INTI ၏မြန်မာပြည်တာဝန်ခံ ပညာရေးဝန်ဆောင်မှုစင်တာတစ်ခုဖြစ်သော OSM
Education Centre ၊ မြေနီကုန်းပလာဇာ ဒုတိယထပ်၊ ဗားကရာလမ်း၊
စမ်းချောင်း၊ ရန်ကုန်။ ဖုန်းနံပါတ် 0973147379 နှင့် 01525971 တို့ကို
ဆက်သွယ်စုံစမ်းနိုင်ပြီး on-line မှစုံစမ်း ချင်သူများအတွက် osm@united-engineering.net
နှင့် osm.education@gmail.com တို့ကို ဆက်သွယ်နိုင်ပါသည်။
(28-6-2011)
Source: Ko Lin (Myanmar Training)
“မြန်မာနိုင်ငံကျောင်းသားများ ရရှိနိုင်မည့် ပညာနှင့် အလုပ်အကိုင်
အခွင့်လမ်းသစ်များ”
.
.
.
.
.
. 5
၂၁ ရာစု၏ ကမ္ဘာကြီး၏နည်းပညာတိုးတက်ပြောင်းလဲမှု မြန်ဆန်ခြင်းကို
အခြေခံပြီး တက္ကသိုလ်အချင်းချင်း သင်ကြားပို့ချနိုင်မှုစွမ်းအား
ပြိုင်ဆိုင်ကြသည်။ နိုင်ငံရပ်ခြားကျောင်းသား အများဆုံးရရှိသည့်နိုင်ငံမှာ
အမေရိကန် ပြည်ထောင်စုဖြစ်သည်။ ဗြိတိန်ကဒုတိယလိုက်သည်။ သြစတြေးလျနှင့် ကနေဒါက
တတိယနေရာကို ပြိုင်ဆိုင်နေဆဲ ဖြစ်သည်။ နိုင်ငံ၏လူဦးရေနည်းပါးပြီး
နိုင်ငံ၏ဧရိယာမှာ ဗြိတိန်နိုင်ငံခန့်ရှိသော နယူးဇီလန်က
အလုပ်အကိုင်ပေးအပ်ရန် လိုအပ်မှုနှင့် ပညာရေးဝင်ငွေရရှိရန်အတွက် ၂ဝ၁၁
နှစ်လယ်တွင် နိုင်ငံရပ်ခြားကျောင်းသားများ၏ စိတ်ဝင်စားမှုကို
ရရှိအောင်ကြိုးစားလာသည်။ နိုင်ငံတကာမှ အတော်ဆုံး ဆရာများကို
ရွေးချယ်ခန့်အပ်ခြင်း၊ နယူးဇီလန်တွင် တစ်နှစ် သင်ကြားပြီးသည်နှင့် Work
Permit ထုတ်ပေးခြင်း၊ တက္ကသိုလ်ဝင်ခွင့်အတွက် IELTS မလိုခြင်းစသော ဆွဲဆောင်မှုများ ပေးပြီး စည်းရုံးလာသည်။ EDENZ College သည် Christchurch,
Auckland, Tauranga, Queenstown မြို့များတွင် ကျောင်းခွဲများတည်ထောင်
ဖွင့်လှစ်နိုင်သော ကောလိပ်ဖြစ်သည်။ Level 5 Business Diploma ကို
ယင်းကောလိပ်တွင် တစ်နှစ်သင်ယူအောင်မြင်ပြီးသူတိုင်း အလုပ်အကိုင်ရရှိပြီး
Work Permit ထုတ်ပေးမည့် ကောလိပ်ဖြစ်သည်။ အလုပ်လုပ်နေစဉ်အတွင်း
အချိန်ပိုင်း တက္ကသိုလ် သင်ယူခွင့်ရရှိသည့်အတွက်
နိုင်ငံရပ်ခြားကျောင်းသားများ အထူးစိတ်ရှင်းလင်း ပြောကြားပြီး
နိုင်ငံတကာတက္ကသိုလ်များ၏ ပညာရေးဈေးကွက် ယှဉ်ပြိုင်မှုကြောင့်
မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ ရရှိလာသည့် ပညာရေးဆိုင်ရာ
အခွင့်အလမ်းများအကြောင်းကို Dr Nay- Ph.D (UK) မှ ဟောပြောသည်။ နယူးဇီလန်
EDENZ College သို့ သွားရောက်ပညာသင်ယူလိုသူများသည် တက္ကသိုလ် အကြိုသင်တန်း
University Preparation Programme ကို (၃)လ သင်ယူရမည်ြဖစ်သည်။
အသေးစိတ်သိလိုသော အချက်များကို နဝရတ်ပညာရေး - အမှတ် -၈၂ (တတိယထပ်)၊
အနော်ရထာလမ်း (၃၉ လမ်းထောင့်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း -
၂၅ဝ၂၂၅၊ ၂၅ဝ၁၅ဝ၊ ဝ၉၅၁၂၇၃ဝဝ သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။
(28-6-2011)
Source: Ko Lin (Myanmar Training)
|