|
News
» International News
ဆယ်တန်းအောင်ပြီး နိုင်ငံတကာအဆင့်မြင့်ပညာများဆက်လက်သင်ကြားနိုင်ရန်
အထင်ကရနိုင်ငံကြီးတွေဖြစ်တဲ့
UK, USA, Australia အစရှိတဲ့နိုင်ငံကြီးတွေမှာ ဆေးပညာရပ်၊ အင်ဂျင်နီယာပညာရပ်၊
စီးပွားရေးဘာသာရပ်၊ အစရှိသည့် ဘာသာရပ်များကို မိမိတို့နှစ်သက်သည့် တက္ကသိုလ်တွေမှာ
သင်ကြားချင်တယ်ဆိုတဲ့ ကျောင်းသား/သူများ အတွက် A-Level Course
ကိုညွှန်ပြပေးချင်ပါတယ်။ GCE A Level ကိုတက်ရောက် သင်ကြားမယ်ဆိုရင်တော့
အင်္ဂလန်နိုင်ငံက Regent College UK မှာတက်ရောက်နိုင်ပါတယ်။ ဒီကျောင်းက အင်္ဂလန်နိုင်ငံ
ဘုရင်မကြီးရဲ့ ကြင်ယာတော် ကိုယ်တိုင်က ဆုချီးမြှင့်ခြင်းကို ရရှိထားပြီး၊
ကျောင်းသားများရဲ့အနာဂတ်မှာ စွမ်းရည်ပြည့်ဝနေစေဖို့ အရာရာမှာဆုံးဖြတ်ချက်
မှန်ကန်စေဖို့စတဲ့ Skills တွေကိုပါတစ်ပါတည်း သင်ကြားပေးတာဖြစ်ပါတယ်။ စာသင်တဲ့
အခါမှာလည်း ကျောင်းသားရဲ့လိုအပ်ချက်ကို တိတိကျကျဖြည့်ဆည်းနိုင်ဖို့ အတန်းမှာ
ကျောင်းသားနှင့် ဆရာအချိုးကျသင်ကြားတဲ့ပုံစံမျိုးနဲ့ ပုံဖော်ထားသည့်အပြင် သင်ကြားမှု
အတွက် သင်ထောက်ကူပစ္စည်း အပြည့်အစုံနဲ့လည်းသင်ကြားရေးကို ထောက့်ပံ့ပေးထား ပါတယ်။
ကျောင်းသားရဲ့ပညာရေးတစ်ခုတင်မကပဲ အားကစား၊ လူမှုဆက်ဆံရေးတွေကိုပါ ကောင်းမွန်စေရန်
ဖြည့်တင်းပေးပါတယ်။ သင်ကြားရေးအတွက်ဓာတ်ခွဲခန်း၊ စာကြည့်တိုက်တို့ကိုလည်း
အကောင်းမွန်ဆုံးဖြစ်အောင်ပြင်ဆင်ထားပါတယ်။ ကျောင်းက ကျောင်းသားတွေကို စာမေးပွဲအတွက်
အကောင်းဆုံးပြင်ဆင်မှုများကို မပြတ်ပြုလုပ်ပေးပါတယ်။ ပညာသင်နှစ် ၁ နှစ်က နေ ၂
နှစ်အထိ ကြာမြင့်မှာ ဖြစ်ပြီး ရွေးချယ်နိုင်တဲ့ဘာသာရပ်တွေက Business & IT, Science
& Mathematics Languages & Humanities ဆိုတဲ့ဘာသာတွေကို ရွေးချယ်နိုင်ပါတယ်။ Regent
College UK ကိုရွေးချယ်မယ်ဆိုရင်တော့ Regent College နဲ့လက်တွဲပြီး
မြန်မာကျောင်းသားတွေအဆင်ပြေချောမွေ့စေရန် Future Way Education & Services
သို့ပိတ်ရက်မရှိ စုံစမ်းဆက်သွယ်နိုင်ပါသည်။
(28-6-2011)
Source: Ko Lin (Myanmar Training)
International Air Transport Association (IATA)
မှချီးမြှင့်မည့် Airline Cabin Crew Certificate ကိုမြန်မာနိုင်ငံမှ
.
ကျောင်းသူကျောင်းသားများ စင်္ကာပူနိုင်ငံတွင်တက်ရောက်သင်ယူနိုင်.
.
. .
.
.
. .
.
.
..
.
.
.
.
.
၁၉၁၉ တွင်စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့လေကြောင်းလိုင်း ၂၃၀
ကျော်ကိုကိုယ်စားပြုသော International Air Transport Association မှ
ပေးအပ်မည့် နိုင်ငံတကာအသိအမှတ်ပြု Airline Cabin Crew Certificate
ကိုတက်ရောက် သင်ယူရန်လျှောက်ထားနိုင်ပြီဖြစ်ပါသည်၊၊ အဆိုပါသင်တန်းကို
စင်္ကာပူနိုင်ငံရှိ Tourism Management Institute of Singapore တွင်
တက်ရောက်သင်ယူရမည် ဖြစ်ပြီး သင်တန်းကာလ (၆) လကြာမြင့်မည်ဖြစ်ပါသည်၊၊ IATA
Airline Cabin Crew Certificate သည် နိုင်ငံတကာ လေကြောင်းလိုင်းများတွင်
အလုပ်အကိုင်လျှောက်ထားရာတွင် တောင်းဆိုလေ့ရှိသော လက်မှတ်တစ်ခုဖြစ်ပြီး၊
အတွေ့  အကြုံရှိသော ဆရာများမှ ခေတ်မှီ သင်ထောက်ကူပြုပစ္စည်းများဖြစ်သော
Cabin Simulator, Door Trainers နှင့် Evacuation Slides များကို
အသုံးပြုလျက် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်၊၊
ဘာသာရပ်များအနေနှင့် :-
(1) Airline Industry Essentials
(2) Cabin Crew Duties & Responsibilities
(3) Airplane Dynamics and Industry Terminology
(4) Cabin & Galley Familiarisation
(5) Airline Catering and Food Service
(6) Personal Gromming & Deportment
(7) Effective Communication and Announcements Skills
(8) Aviation Security
(9) Aviation Safety & Emergency Training
(10) Aircraft Type Safety Training A320
စသည့်ဘာသာရပ်များကို လေ့လာသင်ယူရမည်ဖြစ်ပြီး သင်တန်းကာလ(၆)
လကြာမြင့်ကာ၊ သင်တန်းပြီးဆုံးပါက၊ အထူးစီစဉ်တစ်ရပ်အနေဖြင့် နိုင်ငံတကာ
လေကြောင်းလိုင်းများဖြင့် အလုပ်အင်တာဗျူး (၂) ကြိမ်စီစဉ်ဆောင်ရွက် ပေးမည်
ပါသည်၊၊ ၀င်ခွင့်သတ်မှတ်ချက်များအနေဖြင့် (၁၀)တန်းအောင်မြင်ပြီး၊ အသက်(၁၈)
နှစ်ပြည့်သူများ လျှောက်ထားနိုင်ပါသည်၊၊ ယောက်ျားလေးများအတွက် အရပ် 1.70m,
မိန်းခလေးများအတွက် 1.60m နှင့် IELTS 5.5 တင်ပြရန် လိုအပ်ပါသည်၊၊
ဒီသင်တန်းပြီးဆုံးတဲ့ကျောင်းသူကျောင်းသားတွေကို
နိုင်ငံတကာလေကျောင်းလိုင်းတွေမှာ
အင်တာဗျူးစီစဉ်ပေးမှာဖြစ်တဲ့အတွက်လျှောက်ထားမယ့် ကျောင်းသူ၊
ကျောင်းသားတွေဟာ အလုပ်အကိုင်ရရှိထားဖို့ဆိုရင်၊ အင်္ဂလိပ်စာကျွမ်းကျင်မှု့
အထူးလိုအပ်ပြီး၊ လေကြောင်းလိုင်းတွေမှာ အလုပ်လုပ်နိုင်ဖို့
အခြားသတ်မှတ်ချက် တွေလည်းပြည့်စုံဖို့လိုပါတယ်၊၊ ဥပမာ အရပ်အမောင်း၊
ကိုယ်အလေးချိန်သတ်မှတ်ချက်၊Lif Jacket နဲ့ ရေးကူးနိုင်တာ၊
နွေးထွေးပြုငှာတတ်တာ စတဲ့အချက်တွေပါ ပြည့်စုံဘို့လိုကြောင်း CROWN
Education မှ ပညာရေးအတိုင်ပင်ခံ တစ်ဦးမှ အကြံပြုပြောကြားပါတယ်၊၊
ဝင်ခွင့်လျှောက်ထားခြင်း၊ ဘာာသာရပ်နဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့
Tourism Management Institute of Singapore မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးမှ
July 7, 2011 ရက်နေ့ ညနေ (၃)နာရီမှ (၅)နာရီအထိလာရောက် လာရောက်ရှင်းလင်း
ပြောကြားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ CROWN Education, Summit
Parkview Hotel, အခန်း ၂၂၈-၂၂၉, ဖုန်းနံပါတ် ၂၁၁ ၈၈၈ ၊လိုင်းခွဲ ၂၂၈ နှင့်
၀၉ ၇၃၂ ၇၃၂ ၇၇ တို့ တွင်ဆက်သွယ်စုံစမ်း စာရင်းပေးနိုင်ပါသည်၊၊
(28-6-2011)
Source:
Ko Lin (Myanmar Training)
ယူကေတက္ကသိုလ်
(University of Leicester International Study Centre & Lancaster
University International Study
.
Centre) ပညာသင်ထောက်ပံ့ကြေးသတင်း
.
.
.
.
. 5
ယူကေနိုင်ငံ
ထိပ်တန်းတက္ကသိုလ် Universities များ၏ International Study Centre
တစ်ခုဖြစ်သော Study Group မှ ယူကေတက္ကသိုလ် (University of Leicester &
Lancaster University) တို့မှပေးသော ပညာသင် ထောက်ပံ့ကြေး စတာလင်ပေါင် ၃၅၀၀
ကို STUDY ABROAD Information Centre တွင် စတင်လျှောက်ထား နိုင်မည်ဖြစ်သည်။
အဆိုပါ ပညာသင်ထောက်ပံ့ကြေးကို မြန်မာနိုင်ငံမှ
တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားများ လျှောက်ထားနိုင်ပြီး၊ အင်္ဂလိပ်စာ
သတ်မှတ်ချက်အနေနှင့် IELTS (5.5) အနည်းဆုံး ရှိရမည်ဖြစ်သည်။ အဆိုပါ
ထိပ်တန်းတက္ကသိုလ်များတွင် မြန်မာကျောင်းသူ၊ ကျောင်းသားများသည်
ဖောင်ဒေးရှင်း (International Foundation Year Program) မှ
စတင်တက်ရောက်ရမည်ဖြစ်သည်။ Lancaster University သည် အင်္ဂလန်၏
အနောက်မြောက်တွင် တည်ရှိပြီး၊ Manchester နှင့် Liverpool မြို့များသို့
တစ်နာရီအတွင်း သွားလာနိုင်သည်။ Independent Good University Guide 2009 အရ
ယူကေနိုင်ငံရှိ လုံခြုံမှု အရှိဆုံးမြို့တစ်မြို့လည်းဖြစ်သည်။ Business
School များထဲတွင် သုတေသန research ပြုလုပ်ရာတွင် rank 4th ကို
ရထားသောကျောင်းတစ်ကျောင်းဖြစ်သည်။ Guardian 2011 Ranking အရ Business and
Management Studies တွင် အမှတ်စဉ် ၇ တွင် တည်ရှိပြီး၊ Accounting & Finance
တွင် အမှတ်စဉ် ၆ ကိုရရှိခဲ့ပါသည်။ Lancaster University တွင် Business &
Management, Computer Science & IT, Economics, Mechancial Engineering,
Law နှင့် Psychology အစရှိသည့် ဘာသာရပ်များကို တက်ရောက်သင်ယူနိုင်ပါသည်။
University
of Leicester သည် London မြို့ မြောက်ဘက်တွင်တည်ရှိပြီး၊ ရထား ၇၅
မိနစ်စီးရုံဖြင့် ရောက်ရှိ နိုင်ကာ၊ မြို့တော်ပန်းခြံအနီးတွင် တည်ရှိသော
campus တစ်ခုဖြစ်သည်။ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် Times မှပေးအပ်သည့် University
of the year ကိုရရှိခဲ့ပြီး၊ ၂၀၀၁ တွင် Highly Ranked University ကို Times
Ranking အရ နံပါတ်စဉ် ၁၅ တွင် တည်ရှိပြီး၊ Guardian Ranking အရ Business
and Management Studies တွင် အမှတ်စဉ် ၆ တွင်တည်ရှိပြီး၊ General
Engineering တွင် အမှတ်စဉ် ၅ ရရှိခဲ့ပါသည်။ University of Leicester သည်
research-led university တစ်ခုဖြစ်ပြီး၊ သုတေသနများစွာကိုပြုလုပ်ခဲ့ပါသည်။
ဘာသာရပ်အနေဖြင့် Bio-Sciences, Physics, Financial Economics &
Mathematics, Engineering, Law, Mass Communications, Astrophysics
အစရှိသည်တို့ကို မေဂျာများစုံလင်စွာ ရွေးချယ်တက်ရောက်နိုင်ပါသည်။ စက်တင်ဘာ
ကျောင်းဖွင့်ချိန်အတွက် ကျောင်းလျှောက်သော ကျောင်းသူ၊ ကျောင်းသားများသည်
ဇွန်လိုင်လလယ် နောက်ဆုံးထား၍ STUDY ABROAD တွင် လျှောက်ထားနိုင်ပြီး၊
လျှောက်ထားသည့် ကျောင်းသားတိုင်းလည်း application fees ကို ကင်းလွတ်ခွင့်
ရရှိမည်ဖြစ်သည်။ တက္ကသိုလ် ဝင်ခွင့်နှင့် ပညာသင်ထောက်ပံ့ကြေးများကို
လျှောက်ထားလိုသူများသည် STUDY ABROAD Information Centre အမှတ် (၂၉၀-အေ)၊
ပထမထပ်၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်း။ ဖုန်း - ၅၂၄ ၁၂၆ ၊
(၀၉) ၅၁၅၁ ၀၀၈ ကိုဆက်သွယ် စုံစမ်းနိုင်ပါသည်။
(28-6-2011)
Source: Ko Lin (Myanmar Training)
ဆရာများနှင့် သင်တန်းနည်းပြများအတွက် UNIVERSITY OF CAMBRIDGE မှ
နိုင်ငံတကာအသိအမှတ်ပြုမှုဆိုင်ရာ
.
ဒီပလိုမာကို တက်ရောက်နိုင်ပြီ
မြန်မာနိုင်ငံရှိ
ဆရာ၊ ဆရာမများနှင့် သင်တန်းနည်းပြများအနေဖြင့် UK ရှိ UNIVERSITY OF
CAMBRIDGE မှ ချီးမြှင့်သော နိုင်ငံတကာအသိအမှတ်ပြု သင်ကြားမှု
ဒီပလိုမာကို မလေးရှားနိုင်ငံရှိ KDU University College တွင်
တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း Synergy Education မှသိရသည်။
၎င်းဒီပလိုမာကို (၆) လ ကြာတက်ရောက်ရမည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မှီ
ဆရာဖြစ်လိုသူများ၊ သင်တန်းပို့ချသူ ဖြစ်လိုသူများအတွက် ရည်ရွယ်၍
ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။ ၎င်းဒီပလိုမာကို စာသင်ကြားပို့ချမှု
အတွေ့အကြုံရှိသူ မည်သူမဆို တက်ရောက်နိုင်သည်။ ထို (၆) လကြာ
ဒီပလိုမာတွင် သင်ကြားမှုပုံစံရေးဆွဲခြင်း၊ လက်တွေ့သင်ကြားပို့ချစေခြင်း၊
သင်ကြားပို့ချမှု ရလဒ်နှင့် တိုးတက်မှုများကို ဆန်းစစ်ခြင်း၊
အမှတ်ပေးခြင်း အစရှိသည့် သင်ကြားမှု ပိုင်းဆိုင်ရာ
နည်းစနစ်များပါဝင်သည်။ ထိုဒီပလိုမာကို တက်ရောက်ခြင်းဖြင့် (၁) သင်ကြား
ပို့ချမှုနှင့် လေ့လာသင်ယူမှုဆိုင်ရာ အရည်အသွေးနှင့် ရလဒ်များကို
တိုးတက်လာစေခြင်း၊ (၂) ပရော်ဖက်ရှင်နယ် တတ်ကျွမ်းမှုနှင့်
နားလည်မှုများကို စဉ်ဆက်မပြတ်တိုးပွားစေခြင်း၊ (၃) ခိုင်မာသော၊
စံချိန်မှီသော နိုင်ငံတကာအဆင့်မှီ သင်ရိုးညွှန်းတမ်းကို
ရေးဆွဲနိုင်စေခြင်း၊ (၄) အရည်အသွေးပြည့်ဝသော နိုင်ငံတကာ အသိ အမှတ်ပြု
ဒီပလိုမာကိုရရှိခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေပါသည်။
ဒီပလိုမာရဲ့ ထူးခြားချက်ကတော့ (၆) လအတွင်းမှာ ကိုယ်ကစာသင်ခန်းထဲမှာ
ထိုင်နားထောင်ရတာ နည်းပြီး ကိုယ်တိုင်သင်ရတာများပါတယ်။ Module တစ်ခုကို
သင်ပြီးတာနဲ့ လက်တွေ့လုပ်ရတယ်။ ဥပမာ- ကိုယ်သင်ဖို့ ရည်ရွယ်ထားတဲ့
အတန်းတစ်ခုအတွက် သင်ရိုးညွှန်းတမ်းကို ကိုယ်တိုင်ရေးဆွဲရတယ်။ နောက်တော့
KDU က စီစဉ်ပေးထားတဲ့ အတန်းမှာ ကိုယ်ရေးထားတဲ့
သင်ရိုးအတိုင်းစာသင်ရတယ်။ ပြီးတော့ အားသာချက်၊ အားနည်းချက်၊ ရလဒ်၊
တိုးတက်မှုစတာတွေကို သုံးသပ်ရတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ရလဒ်တွေကို
မူတည်ပြီးလိုတဲ့နေရာတွေကိုဖြည့်ပြီး ပိုကောင်းလာအောင်ပြန်လုပ်ရပါတယ်။
သင်ကြားမှုအပိုင်းအတွက် နောက်ဆုံးပေါ် သင်ထောက်ကူပစ္စည်းတွေကို KDU
ကပံ့ပိုးပေးတာကြောင်း ခေတ်မှီသင်ကြားမှု နည်းပညာနဲ့ပုံစံကိုလဲရစေပါတယ်။
ဒါကြောင့် နိုင်ငံတကာအဆင့်မှီ သင်ကြားပို့ချမှုအပိုင်းမှာ
ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်လိုသူတွေအနေနဲ့ ဒီ CAMBRIDGE
INTERNATIONAL DIPLOMA FOR TEACHER & TRAINERS ကို တက်ထားခြင်းက
အများကြီးအကျိုးရှိစေပါတယ် ဟု Synergy Education မှ
ဒေါ်နန်းမြမာလာမောင် ကပြောပါသည်။ ၎င်းဒီပလိုမာကို သြဂုတ်လတွင်
ဖွင့်လှစ်မည်ဖြစ်ပြီး အသေးစိတ်သိလိုပါက Synergy Education ၊ ခြံအမှတ်
(၅၂၀/D-1) ၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း -
၅၅၈၄၂၈၊ ၀၉၅၅၀၄၉၃၁ များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(5-7-2011)
Source: Ko Lin (Myanmar Training)
စင်္ကာပူ PSB Academy မှ GCE O Level ကျောင်းသားများအတွက် စစ်ဆေးပေးမည့်
English Placement Test
.
.
.
.
.
.
. 5
စင်္ကာပူနိုင်ငံ၏
ထိပ်တန်းတက္ကသိုလ်များတွင် တစ်ခုအပါအ၀င်ဖြစ်သော PSB Academy သည် ၂၀၁၀
ခုနှစ်တွင် Best Education Experience အတွက် the First Singapore
Experience Award ဆုကို ရရှိထားပါသည်။ အဆိုပါ PSB Academy ကို
တက်ရောက်ရန်စိတ်ဝင်စားသော GCE O Level ဖြေဆိုထားသော
မြန်မာကျောင်းသား/သူများအတွက် English Placement Test ကို ဇူလိုင် ၁၄
ရက်နေ့တွင် ရန်ကုန်မြို့နှင့် ဇူလိုင် ၁၂ ရက်နေ့တို့တွင်
မန္တလေးမြို့တို့တွင် အသီးသီး ကျင်းပပေးမည်ဖြစ်ပြီး တစ်ဦးချင်း
အင်တာဗျူးများကို Study Abroad ရုံးခန်းတွင် ဇူလိုင် ၁၃ ရက်နေ့တွင် PSB
English Placement Test ကို IGCSE (သို့) GCE O Level ဖြေဆိုထားပြီး
English ဘာသာရပ်တွင် Grade C မရသော
ကျောင်းသားများဝင်ရောက်ဖြေဆိုနိုင်ပါသည်။ အဆိုပါ Test အား အောင်မြင်သော
ကျောင်းသားများသည် IELTS ဖြေစရာမလိုဘဲ Foundation (သို့) Diploma သို့
တိုက်ရိုက်တက်ရောက်ခွင့် ရှိမည်ဖြစ်သည်။ ထို့ကြောင့် ၎င်း English Placement
Test ကို စိတ်ဝင်စားဖြေဆိုလိုသည့် ကျောင်းသားများနှင့် ဇူလိုင် ၁၃ ရက် နေ့
အင်တာဗျူးလာမည့် ကျောင်းသားများသည် Study Abroad ကို ဖုန်းဆက်၍
ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်သည်။ English Placement Test စိတ်ဝင်စား
ဖြေဆိုလိုသူများနှင့် သြဂုတ် ကျောင်းဖွင့်ချိန်အတွက်
ကျောင်းလျှောက်လိုသူများသည် Study Abroad တွင်လျှောက်ထားနိုင်ပြီး
လျှောက်ထားမည့် ကျောင်းသားတိုင်းလည်း ကျောင်းဝင်ကြေးအနေနှင့် application
Fees စင်္ကာပူ ဒေါ်လာ ၃၅၃ ကိုလည်း ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။ PSB Academy
နှင့် ပတ်သက်၍ အသေးစိတ် သိလိုသည်များကို Study Abroad Information Centre
အမှတ် (၂၉၀-အေ) ပထမထပ် မြေနီကုန်း စမ်းချောင်းမြို့နယ် ပြည်လမ်း ဖုန်း-
၅၂၄၁၂၆၊ ၀၉ ၅၁၅၁၀၀၈ တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
(5-7-2011)
Source: Ko Lin (Myanmar Training)
|