|
News
» International News
အလုပ်အကိုင်အခွင့်အလမ်းကောင်းများရှိနိုင်မည့် Nanyang Institute of
Management Diploma in Construction Engineering
ဆောက်လုပ်ရေးသည်
နေရာအနှံ့တွင် မရှိမဖြစ်လိုအပ်သော နည်းပညာဖြစ်သည်။ အနာဂတ် တွင်လည်း
အရည်အချင်းပြည့်မှီသော ဆောက်လုပ်ရေး အရာရှိများအတွက် ပြည်တွင်းပြည်ပအလုပ်အကိုင်
အခွင့်အရေး ကောင်းမွန်ကြောင်းတွေ့ရှိရသည်။ ဥပမာ Saudi Arabia ၏ World’s highest
Building Construction စီမံကိန်းနှင့် မြို့သစ်တည်ဆောက်ရေး
စီမံကိန်းအသစ်လည်းကောင်း၊ ကာတနိုင်ငံမှ အိမ်ရှင်အဖြစ် ကြီးမှူးကျင်းပမည့် ၂၀၂၂
World cup ပြိုင်ပွဲအတွက် အားကစားကွင်းအသစ်များ၊ ဟော်တယ်များ ဆောက်လုပ်ရာတွင်လည်းကောင်း နိုင်ငံတကာအရည်အချင်းမှီ နည်းပညာများ တတ်မြောက်သည့် အင်ဂျင်နီယာများစွာ
လိုအပ်နေပါသည်။ Myanmar နှင့် India နိုင်ငံများမှာလည်း ဆောက်လုပ်ရေးများ
ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ၊ ခေတ်မှီနည်းပညာများ တတ်မြောက်သော
ဆောက်လုပ်ရေး အင်ဂျင်နီယာများ များစွာလိုအပ်လျှက် ရှိသည်ကိုလည်းတွေ့ရသည်။ ထို့အတူ Srilanka နိုင်ငံတွင်လည်း ၂၀၁၅ ခုနှစ်တွင် World Travel Hub စီမံကိန်း
အဖြစ်ဟော်တယ်များ၊ ခေတ်မှီအဆောက်အဦး များစွာဆောက်လုပ်ရန် အကောင်အထည်ဖော်ရာတွင်လည်း
ဆောက်လုပ်ရေးအင်ဂျင်နီယာများစွာလိုအပ်လျှက် ရှိပါသည်။
(5-7-2011)
Source: Ko Lin (Myanmar Training)
UK, US, Canada နှင့် Australia နိုင်ငံများ တွင် ပညာသင်ကြားမည့် သူများအား
EF International Academy မှ
.
ပညာသင်ဆုများ ချီးမြှင့်မည်
UK,
US, Canada နှင့် Australia နိုင်ငံများတွင် ပညာသင်ကြားလိုသော ထူးချွန်
ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများအား UK ရှိ EF International Academy
မှ ပညာသင်ဆုများ ချီးမြှင့်မည်ဖြစ်ကြောင်း Synergy Education မှ သိရသည်။
၎င်းပညာသင်ဆုများကို (၂၀၁၁)ခုနှစ်၊ စက်တင်ဘာလတွင် ဖွင့်လှစ်မည့် IGCSE, GCE
A Level, International Baccalaureate (IB) Diploma, US High Schools
Grades 9-12, High School Preparation , University Foundation , Diploma,
Accelerated College Degree, Pre-Master’s နှင့် Pre-MBA Programme
များအတွက် ချီးမြှင့်မည် ဖြစ်သည်။ ထိုပညာသင်ဆုများကို
အသက်(၁၄)နှစ်ပြည့်ပြီးသော International School မှ ကျောင်းသား၊
ကျောင်းသူများ၊ IGCSE တက်နေဆဲနှင့် အောင်မြင်ပြီးသူများ၊ တက္ကသိုလ်ဝင်တန်း
အောင်မြင်ပြီးသူများနှင့် တက္ကသိုလ်တက်နေဆဲ ကျောင်းသား၊ ကျောင်းသူ မည်သူမဆို
ဇူလိုင်လကုန်တွင် နောက်ဆုံးထား၍ Synergy Education တွင်လျှောက်ထားနိုင်သည်။
ယခု ချီးမြှင့်မည့် ပညာသင်ဆုများမှာ မြန်မာနိုင်ငံအတွက် EF မှ ပထမဆုံး
အကြိမ်ချီးမြှင့်ခြင်းဖြစ်သည်။ EF သည် UKရှိ သက်တမ်း (၄၅)နှစ် ရှိသော
ခိုင်မာထင်ရှားသည့် ကျောင်းတစ်ကျောင်းဖြစ်ပြီး UK, US, Canada, Australia
နှင့် စင်္ကာပူနိုင်ငံများတွင် ကျောင်းခွဲများရှိသည်။ UK တွင် Oxford,
Cambridge, London နှင့် Torquay မြို့များတွင် ၄င်း၊ US တွင် New York,
Boston, Seattle, Santa Barbara နှင့် San Francisco မြို့များတွင်၎င်း၊
Canada တွင် Vancouver မြို့တွင်၎င်း၊ သြစတြေးလျနိုင်ငံ Sydney မြို့နှင့်
စင်္ကာပူနိုင်ငံတို့တွင် ကျောင်းခွဲများရှိခြင်းကြောင့် ကျောင်းသားများ
အနေဖြင့် မိမိတို့နှစ်သက်ရာ နိုင်ငံများတွင် ရွေးချယ်တက်ရောက်နိုင်ပါသည်။
EF မှ အောင်မြင်သော ကျောင်းသား၊ကျောင်းသူများ၏ (၅၀)ရာခိုင်နှုန်းမှာ UK
နှင့် US ရှိ Oxford, Cambridge, Harvard အစရှိသည့်
ထိပ်တန်းတက္ကသိုလ်ကြီးများတွင် ဆက်လက် ပညာဆည်းပူးလျက် ရှိသည်။
EF မှချီးမြှင့်မည့် Scholarship နှင့်ပတ်သက်၍ “Scholarship လျှောက်တဲ့
ကျောင်းသားတွေရဲ့ Academic result တွေ ပေါ်မူတည်ပြီး ချီးမြှင့်မှာပါ။ ဥပမာ-
IGCSE မှာ 5As ရထားတဲ့ ကလေး၊ (၁၀)တန်းမှာ ဘာသာစုံ ဂုဏ်ထူးရထားတဲ့ ကလေးတွေက
ပညာသင်ဆု(၅၀%)အထက် ရနိုင်သလို သူတို့လောက် အမှတ်မကောင်းတဲ့ ကလေးတွေကိုလည်း
ရထားတဲ့ အမှတ်တွေပေါ်မှာ မူတည်ပြီး (၂၀%) ၊ (၃၀%) အစရှိသဖြင့်
ချီးမြှင့်သွားမှာပါ။ EF ရဲ့ အဓိက အားသာချက်ကတော့ ကိုယ်တက်ချင်တဲ့
Programme အတွက် ကိုယ်ကြိုက်တဲ့ နိုင်ငံနဲ့မြို့ကို
ရွေးချယ်တက်ရောက်နိုင်ခြင်းပါပဲ။ ဥပမာ- UK မှာ ဆိုရင် London, Oxford,
Cambridge, Torquay စတဲ့ မြို့တွေထဲက ကိုယ်အနှစ်သက်ဆုံးမြို့မှာ
ပညာသင်ကြားနိုင်ပါတယ်။ US မှာလည်းအတူတူပါပဲ” ဟု Synergy Education မှ
ဒေါ်နန်းမြမာလာမောင် က ရှင်းပြသွားပါသည်။ EF မှ ချီးမြှင့်သော
ပညာသင်ဆုများကို လျှောက်ထားလိုပါက EF ၏ တရားဝင် ကိုယ်စားလှယ်ဖြစ်သော
Synergy Education ၊ ခြံအမှတ်(၅၂၀/ဒီ-၁) ၊ ရွှေဂုံတိုင်(Excel Tower
အနောက်ဖက်) ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ ဖုန်း - ၅၅၈၄၂၈ နှင့်
၀၉၅၅၀၄၉၃၁ များသို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။ EF မှ Scholarship
ချီးမြှင့်မည့် Programme အသီးသီးအတွက် ၀င်ခွင့်လိုအပ်ချက်များမှာ
အောက်ပါအတိုင်းဖြစ်သည်။ IGCSE , US High Schools Grade 9-12 နှင့် High
School Preparation Programme များကိုတက်ရောက်လိုသူများမှာ Grade 8
(သို့မဟုတ်) Secondary 2 အောင်မြင်ထားပြီး IELTS (4.5) ရှိရမည်။
အသက်(၁၄)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။ GCE A Level နှင့် IB Diploma Programme
တို့အတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားပြီး IELTS (5.5) ရှိရမည်။
သို့မဟုတ်ပါက GCE O Level /IGCSE တွင် သချာင်္အပါအ၀င် ဘာသာရပ် ငါးခု၌
အနည်းဆုံး Grade C ရထားရမည်။ (၆)လ (သို့မဟုတ်) (၉)လကြာ တက်ရောက်ရသော EF
University Foundation Programme အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး
(သို့မဟုတ်) GCE O Level / IGCSE တွင် သချာင်္အပါအ၀င် ဘာသာရပ် ငါးခု၌ Grade
(C) ရထားပြီး IELTS (5.0) / TOFEL 510 ရှိထားရမည်။ Australia ရှိ EF Sydney
Campus အတွက်မူ IELTS (5.5) လိုသည်။ ဤ Foundation Programme
ကိုအောင်မြင်ပြီးပါက တက္ကသိုလ်ပထမနှစ်မှစတင်တက်ရောက်နိုင်သည်။
EF Diploma in Business & Management ကို GCE A Level (သို့) IB
Diploma (သို့) EF University Foundation အောင်မြင်ထားပြီး IELTS (5.5)
ရှိထားသူများ တက်ရောက်နိုင်သည်။ (၁၁)လကြာ တက်ရောက်ရပါမည်။ EF Diploma
အောင်မြင်ပြီးပါက UK ရှိတက္ကသိုလ်များတွင် ဒုတိယနှစ်မှ
စတင်တက်ရောက်နိုင်သည်။ Pre-Master’s & Pre-MBA Programme များအတွက်(၆)လ
(သို့မဟုတ်) (၉)လကြာမြင့်မည်ဖြစ်ကာ ဘွဲ့တစ်ခုခု ရထားပြီး IELTS
(5.5)ရှိထားသည့်အပြင် အလုပ်အတွေ့အကြုံအနည်းဆုံး (၁)နှစ် ရှိထားသူများ
တက်ရောက်နိုင်သည်။ Accelerated College Degree Programme (ACDP) သည်
US နှင့် Canada နိုင်ငံတို့တွင် အချိန်တိုအတွင်း ဘွဲ့ရလိုသူများအတွက်
အမြန်ဆုံးပညာရေးလမ်းကြောင်းဖြစ်သည်။ ဤ Programme တွင် (၂)ဆင့်ပါဝင်သည်။
ပထမအဆင့်မှာ တက္ကသိုလ်ဝင်တန်း(သို့မဟုတ်) IGCSE အောင်မြင်ပြီးသူများမှာ EF
University Preparation Programme ကို US ရှိ New York, Boston, Seattle,
Santa Barbara, San Francisco နှင့် Canada ရှိ Vancouver
မြို့ကြီးများတွင် မိမိတို့၏ အင်္ဂလိပ်စာ အရည်အချင်း ပေါ်မူတည်၍ (၆)လမှ (၉)လ
ကြာတက်ရောက်ရသည်။ ထို့နောက် ဒုတိယအဆင့်အနေဖြင့် High School Diploma နှင့်
Associate’s Degree ကို US ရှိ Green River Community College , Seattle
Central Community College သို့မဟုတ် Canada ရှိ Columbia College တို့တွင်
(၂)နှစ်ကြာ သင်ကြားနိုင်သည်။ ဤ ACDP Programme ဖြင့် US နှင့် Canada တွင်
ပုံမှန် ပညာရေးလမ်းကြောင်းထက် (၁)နှစ်စော၍ ဘွဲ့ရသဖြင့်
အချိန်ကုန်ငွေကုန်သက်သာစေပါသည်။ အထက်ပါ Programme များအတွက် IELTS
အမှတ်မရှိပါက EF ၏ အင်္ဂလိပ်စာ စာမေးပွဲကို Synergy Education တွင်
ဖြေဆိုနိုင်ပါသည်။ Website : www.ef.com
(12-7-2011)
Source:
Ko Lin (Myanmar Training)
နိုင်ငံတကာအဖွဲ
့အစည်းများ၏ Middle Management များတွင် လုပ်ကိုင်နိုင်ရန် ဦးတည်ချက်ဖြင့်
သင်ကြားပေးမည့် စီမံ ခန့် ခွဲမှု့ ဘွဲ့  လွန်ဒီပလိုမာ”(l).
.
.
.
.
. 5
စင်္ကာပူနိုင်ငံ၏
The National Body for Sales and Marketing ကျောင်းဖြစ်သော Marketing
Institute of Singapore မှ စီမံခန့်ခွဲမှု့ နယ်ပယ်တွင်
အလုပ်လုပ်ကိုင်လိုသော ကျောင်းသူကျောင်းသားများ၊ လုပ်ငန်းရှင် လူငယ်၊ လူလတ်ပိုင်းများအတွက် ကုန်ကျစားရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း
တက်ရောက် သင်ယူနိင်သော Post Graduate Diploma in Business Administration
ကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ ၀င်ခွင့်လျှောက် ထားပေးမည့် CROWN
Education မှတာဝန်ရှိသူတစ်ဦးမှပြောကြားပါသည်၊၊
အဆိုပါ ဘွဲ့လွန်ဒီပလိုမာသည်
နိုင်ငံတကာနှင့် ဆက်ဆံလုပ်ကိုင်ရသည့်
စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသော လူငယ်လူလတ်များအတွက်၊
Profitable Business တစ်ခုဖြစ်လာစေရန် စီမံခန့်ခွဲခြင်း၊
ကွဲပြားခြားနားသော ယဉ်ကျေးမှု့မတူသောနိုင်ငံ၊
လုပ်ငန်းနယ်ပယ်များတွင် စီမံခန့်ခွဲခြင်း၊ ယှဉ်ပြိုင်မှု့များသော လက်ရှိစီးပွားရေး လုပ်ငန်းနယ်ပယ်များတွင် ရှင်သန်ရပ်နိုင်ရန် ရည်ရွယ်ချက်များဖြင့် သင်ကြားပို့ချပေးခြင်းဖြစ်ပါသည်၊၊
Marketing Institute of Singapore မှချီးမြင့်မည့် အဆိုပါ
ဘွဲလွန်ဒီပလိုမာတွင်, HR Management and Development, Financial
management, Strategic Management, International Business Management
စသည့် ဘာသာရပ်များကို လေ့လာသင်ယူရမည်ဖြစ်ပြီး၊ အစုအဖွဲ့လိုက်ဆွေးနွေးခြင်းများနှင့် Case Studies များဖြင့် လေ့လာသင်ယူရမည်ဖြစ်ပါသည်၊၊
“နိုင်ငံတကာမှာတော့ အထင်ကရ တက္ကသိုလ်ကြီးတွေမှာ MBA တက်ရောက်ဖို့အတွက်
များသောအားဖြင့် Pre-Master ပရိုဂရမ် ၊ Post Graduate Diploma လိုမျိုး
Bridging Modules တွေလေ့လာသင်ယူပြီးမှ တက်ရောက်ခွင့်ပြုကြပါတယ်၊၊
အထူးသဖြင့် ကိုယ်ရဲ့ ပညာရေးနောက်ခံက စီးပွားရေးနဲ့ မပတ်သက်ခဲ့ရင်၊ Post
Graduate Diploma မျိုးတွေကတဆင့် တက်ရောက်ရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်၊၊”
ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံတစ်ဦးမှ အကြံပြုပြောကြားပါသည်၊၊
စာသင်ကြားချိန်အနေဖြင့် တစ်ပတ်လျှင်လေးကြိမ်မှ ခြောက်ကြိမ်အထိ
သင်ယူရမည်ဖြစ်ပြီး၊ နံနက် ၉ နာရီခွဲမှ ၁၂ နာရီခွဲ အထိ သို့မဟုတ် ညနေ ၂
နာရီမှ ၅ နာရီအထိ စာသင်ကြားရမည်ဖြစ်ပါသည်၊၊ ကုန်ကျစားရိတ်အနေဖြင့်
စင်္ကာပူဒေါ်လာ ၅၈၀၀ကျော်ခန့် ကုန်ကျပြီး နှစ်ရစ်ခွဲပေးသွင်းနိုင်သည့်အတွက်၊
ပထမအရစ်နေဖြင့် မြန်မာကျပ်ငွေ (၁၉) သိန်းခန့်သာ
ကုန်ကျနိုင်ကြောင်းသိရသည်၊၊ (ပထမအရစ် စင်္ကာပူဒေါ်လာ ၃၀၀၀ x မြန်မာကျပ်ငွေ
၆၅၀)
http://www.mis.org.sg/education/edu_grad_diploma_buz_mgt-FT.aspx
မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများနှင့် လျှောက်ထားမည့်သူများအတွက်
ဘွဲ့တစ်ခုရရှိထားရန်လိုအပ်ပြီး၊ IELTS/ TOEFL ရမှတ် မတင်ပြနိုင်သူများ
မည်သည့် အခကြေးငွေမှပေးဆောင်စရာမလိုအပ်ပဲ CROWN Education ရုံးခန်းတွင်
အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ပါသည်၊၊
အသေးစိတ် အချက်အလက်များကို CROWN Education, Summit Parkview Hotel, အခန်း
(၂၂၈-၂၂၉) ဖုန်းနံပါတ် 211 888 လိုင်းခွဲ ၂၂၈ နှင့် ၇၃၂ ၇၃၂
၇၇တို့တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်၊၊
(22-7-2011)
Source: Ko Lin (Myanmar Training)
"နိုင်ငံတကာကျောင်းဝင်ခွင့်များအတွက် အေဂျင်စီများနှင့်
ဆက်သွယ်ဆောင်ရွက်ရာတွင် သတိပြုရမည့်အချက်များ”.
နိုင်ငံတကာပညာရေးကို ကျောင်းသူ ကျောင်းသားအများအပြား စိတ်ဝင်စားလာကြသည့်အလျောက်၊ အေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ကျောင်းဝင်ခွင့်လျှောက်ထားခြင်း၊ ဗီဇာလျှောက်ထားခြင်းများအတွက် များစွာအထောက်အကူပြုနိုင် သကဲ့သို့
နိုင်ငံတကာပညာရေးနှင့် ရင်းနှီးကျွမ်းဝင်မှု့ မရှိသေးသော အနယ်နယ်အရပ်ရပ်မှ ကျောင်းသား ကျောင်းသူနှင့် မိဘများအတွက်
သိရှိထားသင့်သောအချက်များကို CROWN Education မှ တင်ပြအပ်ပါသည်၊၊
(၁) ကျောင်းသားကျောင်းသူနှင့် မိဘများအနေဖြင့် တတ်နိုင်သမျှ
နိုင်ငံတကာပညာရေးနှင့် ပတ်သက်သော သတင်းအချက်များကို ရယူစုဆောင်းသင့်ပါသည်၊၊ ပညာရေးဟောပြောပွဲများ၊ အင်တာနက်ဝက်ဆိုက်များ၊ အေဂျင်စီများမှ
တဆင့်ဖြစ်စေ၊ ရယူနိုင်ပြီး၊ သတင်းအချက်အလက် အထိုက်အလျှောက်
ပြည့်စုံမှသာ ဆုံးဖြတ်ချက်ချရန်သင့်တော်ပါသည်၊၊
(၂) အေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်သည့်အခါ၊ မည့်သည့်အတွက်ကြောင့်
မည်မျှသောဝန်ဆောင်ခများ ပေးရန်လိုအပ်သည်ကို သိရှိထား ရန်လိုအပ်ပါသည်၊၊
ဝန်ဆောင်ခနှင့်ပတ်သက်၍ အေဂျင်စီတစ်ခုခြင်းစီအလိုက် ကွဲပြားနိုင်ပြီး
မိမိတို့လိုအပ်သည့် အခြေအနေအလိုက် ၀န်ဆောင်ခပေးရန် မလိုအပ်သော
အေဂျင်စီအဖွဲ့ အစည်းများနှင့်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်၊၊
(၃) ကျောင်းသားကျောင်းသူမိဘများအနေဖြင့်
ကျောင်းလျှောက်ထားခြင်းများအတွက် မည့်သည့်အခကြေးငွေကိုမဆို
အေဂျင်စီမှတဆင့် ပေးသွင်းရန်မလိုအပ်ပဲ၊ သက်ဆိုင်ရာကျောင်းအသီးသီးသို့ တိုက်ရိုက်ပေးသွင်းနိုင်သည့် အခွင့်အရေးရှိပါသဖြင့်၊ ကျောင်းသို့တိုက်ရိုက်ပေးသွင်းနိုင်ပါက မလိုလားအပ်သည့် ငွေကြေးဆုံးရူံးမှု့များ မဖြစ်ပေါ်နိုင်ပါ၊၊ ကျောင်းလခများကြိုး တင်ပေးသွင်းရာတွင်
အကြောင်းတစ်စုံတစ်ရာကြောင့် ဗီဇာမရရှိခဲ့ပါက Refund Policy
ခေါ်ကျောင်းလခများ
ပြန်အမ်းခြင်းနှင့် ပတ်သက်သည့်၊ စည်းမျဉ်းစည်းကမ်းချက်များကို
သိရှိထားရန်လိုအပ်ပါသည်၊၊
(၄) ယခုအခါ စင်္ကာပူ၊ အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ နှင့် သြစတြေးလျရှိ
သက်ဆိုင်ရာ ကောလိပ်၊ ယူနီဗာစတီများသို့ လျှောက်ထားရာတွင် သက်ဆိုင်ရာ
ကိုယ်စားပြုကိုယ်စားလှယ်များမှ တဆင့်လျှောက်ထားပါက
မည့်သည့်လျှေက်လွှာကြေး၊ ၀န်ဆောင်ခမျှပေးဆောင်ရန်မလိုအပ်ပဲ၊ Offer Letter အတွက် လျှောက်ထားတောင်းယူနိုင်သည့် အခွင့်အရေးရှိပါသည်၊၊
(၅) အင်္ဂလန်၊ သြစတြေလျ၊ အမေရိကန်နိုင်ငံများသို့ ကျောင်းသားဗီဇာလျှောက်ထားရာတွင် တင်ပြရမည့်ဘဏ္ဍာရေး အထောက်အထားများနှင့်ပတ်သက်၍ မလိုလားအပ်သည့် ဆုံးရှုံးမှု့များမဖြစ်ပေါ်စေရန်
စစ်မှန်သော ဘဏ္ဍာရေးအထောက်အထားများကိုသာ တင်ပြလျှောက်ထားသင့်ပါသည်၊၊
မည်မျှအာမခံမှု့ ရှိသည်ဖြစ်စေ ကိုယ်တိုင်းပေးသွင်း စုဆောင်းထားခြင်းမရှိသော ဘဏ္ဍာရေးအထောက်အထားများနှင့်
တင်ပြလျှောက်ထားရန်မသင့်ပါ၊၊
(၆) မိမိလျှောက်ထားသည့်ကျောင်းနှင့်ပတ်သက်၍ ကျောင်းလ၊ ငွေကြေးကိစ္စ
နှင့်အခြား မရှင်းလင်းသည်ရှိပါက သက်ဆိုင်ရာကျောင်းသို့  တိုက်ရိုက်
မေးမြန်စုံစမ်း နိုင်ပါသည်၊၊
အပိုင်း(၂) ကိုဆက်လက်တင်ပြပါမည်၊၊
(22-7-2011)
Source: Ko Lin (Myanmar Training)
Singapore တွင် နိုင်ငံတကာ အသိအမှတ်ပြု Engineering ဘာသာရပ်အား တက်ရောက်
ချင်သူများအတွက် STUDY ABROAD မှ ကျောင်းလျှောက်ပြီး Scholar
လျှောက်ထားနိုင်။
.
.
.
.
.
.
. 5
Management
Development Institute of Singapore (MDIS) တွင် Engineering
ဘာသာရပ်အားတက်ရောက်ချင်သူများအနေဖြင့် September Intake အတွက် STUDY ABROAD
Information Centre မှ လျှောက်လွှာများကိုစတင် လျှောက်ထားပေးနေပြီ
ဖြစ်သည်။ထို့အပြင် ဆယ်တန်း အမှတ် ၈၅% ရရှိပါကလည်း Scholar
လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
MDIS သည် Campus Life ကို အပြည့်အ၀ခံစားနိုင်သော ကျောင်းဖြစ်ပြီး
Engineering အတွက် သီးသန့် Lab အခန်းရှိသည့်အပြင် အခြားသော facilities
များပါ ရရှိခံစားနိုင်သောကြောင့် ကျောင်းသားများ
အထူးနှစ်သက် ရွေးချယ်ကြသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ ထို့ပြင်
ယခုနှစ်မှစတင်ပြောင်းလဲ ဖွင့်လှစ်လိုက်သော Engineering Course မှာလည်း UK
ရှိ Bradford University နှင့် တိုက်ရိုက်ချိတ်ဆက်ထားသော Course
တစ်ခုဖြစ်ပါသည်။ Bradford University မှ ပေးသော ဘွဲ့ ကိုရပါက Washinton
Accord မှ အသိအမှတ်ပြု၍ Australia, UK, Malay, Hongong
စသည်.နိုင်ငံများတွင်ပါ အလုပ်အကိုင် အခွင့်အလမ်းများ ရှိနိုင်မည်
ဖြစ်ပါသည်။
Electrical & Electronic Engineering နှင့် Mechanical Engineering
မိမိနှစ်သက်ရာကို ရွေးချယ်တက်ရောက်နိုင်ပြီး Bachelor of Engineering (Hons)
ဘွဲ့ကို ရရှိမည် ဖြစ်ပါသည်။ ဆယ်တန်းအောင်ပြီးသော ကျောင်းသားများနှင့်
GCE'O'Level ကျောင်းသားများအနေဖြင့် 3နှစ် နှင့် 9လ တက်ရောက်ရမည် ဖြစ်ပြီး
AGTI ကျောင်းသားများ အတွက် 3 နှစ်သာ တက်ရောက်ရမည် ဖြစ်ပါသည်။ English
Requirement အနေဖြင့် IELTS band 6 (သို့) TOEFL (550) ရှိရန်
လိုအပ်ပါသည်။Scholar လျှောက်ထားသူများအတွက် SGD.10,000
ချီးမြင့်မည်ဖြစ်ပြီး August လ 31ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်ပါသည်။
အဆိုပါ Engineering Course အား စိတ်ဝင်စားသူများနှင့် Scholar
လျှောက်ထားချင်သူများအတွက် အသေးစိတ်သိလိုသည်များရှိပါက STUDY ABROAD
Information Centre ၊ အမှတ်(၂၉၀-အေ)၊ ပထမထပ်၊ ပြည်လမ်း(ဒဂုံစင်တာနှင့်
မဟာမြိုင်ဆေးခန်းကြား)၊မြေနီကုန်း။ ဖုန်း ၅၂၄၁၂၆, ၀၉-၅၁၅၁၀၀၈ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
(22-7-2011)
Source: Ko Lin (Myanmar Training)
|