Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


News » International News

ဆေးပညာသုတေသန၊ ဆေးသိပံ ဖွံဖြိုးတိုးတက်မှုနှင့် ဆေးဝါးကျွမ်းကျင် ထုတ်လုပ်မှု နယ်ပယ်များတွင် အလုပ်အခွင့်အလမ်းကောင်းများကို လမ်းဖွင့်ပေးသည့် UCSI University မှ ဆေးဝါးကျွမ်းကျင် မဟာသိပံ္ပဘွဲ့

 

ဆေးဝါးကျွမ်းကျင် နယ်ပယ်တွင် ဆေးပညာသုတေသနပြုခြင်းသည် အရေးကြီးဆုံး အခန်းကဏ္ဍတွင် ပါဝင်သည်။ အကိုက်အခဲ ပျောက်ဆေးမှသည် လူ့အသက်ကယ်ဆေးအထိ ကမ္ဘာတ၀ှမ်းရှိ လူသားအားလုံး၏ ဘ၀များကိုကောင်းသော အကျိုးသက်ရောက်မှုများရှိစေသည့် ဆေးဝါးများကို ဆေးဝါးကျွမ်းကျင် နှင့် ဆေးသုတေသနပညာရှင်များက တီထွင်ဖန်တီးခဲ့ကြသည်။ ဤအချက်ကို အခြေခံ၍ မလေးရှားနိုင်ငံရှိ UCSI University က Master of Science in Pharmaceutical Chemistry and Master of Science in Pharmaceutical Technology (ဆေးဝါးကျွမ်းကျင်ဓာတုဗေဒ မဟာသိပံဘွဲ့နှင့် ဆေးဝါးကျွမ်းကျင် နည်းပညာမဟာသိပံဘွဲ့) ကို (၂၀၁၁)ခုနှစ် နှစ်ဦးပိုင်းတွင်စတင်ဖွင့်လှစ်ခဲ့သည်။ ဤဆေးပညာဆိုင်ရာ မဟာသိပံဘွဲ့သည် ဆေးဝါးကျွမ်းကျင် ထုတ်လုပ်မှု နယ်ပယ်တွင် ဆေးသုတေသနနှင့် နည်းပညာကို ပေါင်းစပ်ထားသော ပထမဦးဆုံးဘွဲ့ ဖြစ်သည်။ (၁)နှစ်ကြာ သင်ကြားရမည့် ဤ Program တွင် စာတွေ့နှင့် လက်တွေ့သုတေသန များကို အချိုးကျကျ ပေါင်းစပ်ထားသည့် အပြင် စီးပွားရေးဘာသာရပ် အချို့ကိုပါ ထည့်သွင်း သင်ကြားထားသဖြင့် ကျောင်းသားများအား သုတေသန လုပ်ငန်း၏ စီးပွားရေး ဈေးကွက်အနေအထားကိုပါ နားလည်စေပါသည်။ ဤ Program သည် ဆေးဝါးကျွမ်းကျင် ပညာရှင်များကို သာမကဘဲ ဆေးသိပံနှင့်သုတေသန လုပ်ငန်းတွင် ကျွမ်းကျင်သော သိပံပညာရှင်များကိုပါ မွေးထုတ်ပေးရန် ရည်ရွယ်ထားကြောင်း Synergy Education မှ သိရသည်။

ဆေးသုတေသနနှင့် ပတ်သက်၍ ” ဒီဆေးဝါးကျွမ်းကျင် နယ်ပယ်မှာ ဆေးသုတေသနတွေ လုပ်ရတဲ့အတွက် ကျောင်းသားတွေဟာ သုတေသန ပိုင်းဆိုင်ရာ ကျွမ်းကျင် မှုတွေရလာကြပါတယ်။ ကျောင်းသားတွေဟာ ဆေးသုတေသန ပြုမှုတွေကရတဲ့ သိပံနည်းကျ အချက်အလက်တွေ၊အရင်းအမြစ်တွေနဲ့ ဗဟုသုတတွေကို အခြားလူတွေပါ သိအောင် စာတွေ့ရော လက်တွေ့ပါရှင်းလင်းတင်ပြပေးတဲ့ ဆေးသုတေသန Proposal နဲ့ Presentation တွေ ဘယ်လို ပြင်ဆင်ရသလဲဆိုတာ သေချာသဘောပေါက်လာကြပါတယ်။ ဒါ့အပြင် သုတေသန စီမံကိန်း (research project) တွေကို စီစဉ်ပုံနဲ့ ကြီးကြပ်ကွပ်ကဲမှုပုံစံတွေကို နားလည်လာပါတယ်” ဟု UCSI University ၏ ဆေးဝါးကျွမ်းကျင်ဌာနမှ Dr. Chin Jin Han ကပြောသည်။ ဤ Program တွင် ကျောင်းသားများသည် ခေတ်မှီ ဆေးသုတေသန ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ကြားရရုံမျှမက ဆရာများ၏ ကြီးကြပ်မှုဖြင့် သုတေသန Project တစ်ခုကိုလုပ်ရပြီး ထို Project အတွက် စာတမ်းပြုစုရသည်။ UCSI University မှ ဆေးဝါးကျွမ်းကျင် ထုတ်လုပ်မှုဓာတုနှင့် နည်းပညာ မဟာသိပံဘွဲ့သည် ကင်ဆာရောဂါ ကာကွယ်ခြင်းနှင့် ပတ်သက်သော ဆေးသုတေသနကို အဓိကဦးစားပေးသည်။ UCSI သည် ဆေးဝါးကျွမ်းကျင်ထုတ်လုပ်မှု ကုမ္မဏီကြီးများနှင့် ပူးပေါင်း၍ ကင်ဆာရောဂါကို ကာကွယ်နိုင်မည့် ဂုဏ်သတ္တိရှိသော ဆေးဝါးများ ထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိသည်။ ”ဒီအစီအစဉ်က UCSI ရဲ့ ဆေးသုတေသန လုပ်ငန်းကို အားဖြည့်ပေးနေ သလိုပါဘဲ။ UCSI က ကင်ဆာရောဂါကို ကာကွယ်နိုင်မဲ့ ဆေးဝါးတွေ ထုတ်လုပ်နိုင်ဖို့ သုတေသနနဲ့ တီထွင် စမ်းသပ်မှုတွေ လုပ်မှာပါ။ ဒီသုတေသနလုပ်ငန်း အောင်မြင်တဲ့အခါ ဒီဆေးဝါးတွေကို ပြည်သူအားလုံး သုံးစွဲနိုင်အောင် ထုတ်လုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်” ဟု Dr. Yeong Siew Wei က ရှင်းပြပါသည်။

ဤ Program တွင် ကျောင်းသားများသည် ဆေးဝါးဖော်စပ်ပုံ၊ ထုတ်လုပ်ပုံ၊ အဆင့်မြင့်ဆေးဝါးဖြန့်ဖြူးမှု စံနစ်များ၊ သွေးထဲတွင် ပါဝင်သော ဇီဝပစ္စည်းများ၏ bioavailability (ဇီဝရရှိမှု)နှင့် concentration (ပြင်းအား) အစရှိသည် တို့ကိုလေ့လာရပါသည်။ ဤဆေးဝါးကျွမ်းကျင်မှု မဟာသိပံဘွဲ့ကို လျှောက်ထားလိုသူများသည် B.Sc (Pharmacy) (သို့မဟုတ်) သက်ဆိုင်ရာ သိပံဘွဲ့ တစ်ခုခုရထားရမည် ဖြစ်ပြီး IELTS(6.0) (သို့မဟုတ်) TOEFL (570) ရရှိထားရပါမည်။ IELTS (သို့) TOEFL အမှတ်များမရှိပါက UCSI ၏အင်္ဂလိပ်စာ စာမေးပွဲကို ဖြေဆိုရန် Synergy Education သို့ ဆက်သွယ်နိုင်ပါသည်။ “ဒီဘက်ခေတ်မှာ ဆေးပညာအံ့မခန်းတိုးတက်လာတာနဲ့အမျှ ဆေးသုတေသန လုပ်ငန်းတွေလည်း အားကောင်းလာပါတယ်။ နိုင်ငံကြီးတွေမှာဆိုရင် ဆေးပညာ နယ်ပယ်မှာ ကုသမှုအပိုင်းထက် သုတေသန အပိုင်းက ပိုခေတ်စားလာပြီး သုတေသန ရလာဒ်နဲ့တီထွင် စမ်းသပ်မှုတွေကတဆင့် ရောဂါဆိုးကြီးတွေကိုတောင် ကုသနိုင်တဲ့၊ ကာကွယ်နိုင်တဲ့ ဆေးဝါးတွေ ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် ဆေးသုတေသနမှာသာမက အခြားသုတေသနတွေမှာပါ ထူးချွန် ကျွမ်းကျင်တဲ့ သုတေသနပညာရှင်၊ သိပံပညာရှင်တွေ အများကြီးလိုအပ်လာတဲ့ အတွက် ဒီနယ်ပယ်မှာ အလုပ်အကိုင်၊ အခွင့်အလမ်းကောင်းတွေ အများကြီး ရှိပါတယ်။ ဆေးသုတေသန နယ်ပယ်ဟာ Life-long Learning ပါ။ အသက်ရှင်နေသရွေ့ လေ့လာဆည်းပူးနေရမှာပါ။ UCSI University က ချီးမြှင့်တဲ့ ဒီဆေးဝါးကျွမ်းကျင် မဟာသိပံဘွဲ့ကတော့ ဆေးသုတေသနမှာသာမက ဆေးဝါးကျွမ်းကျင်ထုတ်လုပ်မှုနဲ့ နည်းပညာအပိုင်းတွေမှာပါ စာတွေ့လက်တွေ့ သင်ကြားပေးတဲ့အပြင် စီးပွားရေးပညာကိုပါ ဖြည့်စွက်ထားတာကြောင့် တော်တော်တန်ဖိုးရှိတဲ့ ဘွဲ့တစ်ခုပါပဲ” ဟု Synergy Education မှ ဒေါ်နန်းမြမာလာမောင် က ဆိုသည်။ UCSI University မှ ချီးမြှင့်သော Master of Science in Pharmaceutical Chemistry and Master of Science in Pharmaceutical Technology မဟာဆေးသိပဘွဲ့နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ခြံအမှတ်(၅၂၀/ဒီ-၁) ၊ ရွှေဂုံတိုင်(Excel Tower အနောက်ဖက်) ၊ ဗဟန်းမြို့နယ်ရှိ Synergy Education ၊ ဖုန်း - ၅၅၈၄၂၈ နှင့် ၀၉၅၅၀၄၉၃၁ များသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
 

(22-7-2011)
Source: Ko Lin (Myanmar Training)

 


 

သြစတြေးလျှနိုင်ငံ အနောက်ပိုင်းရှိ အကြီးဆုံးတက္ကသိုလ်ဖြစ်သော Curtin University သို့ သွားရောက် ပညာသင်ကြားလိုသော . ကျောင်းသားကျောင်းသူများအတွက် အခွင့်အလမ်း

 

နိုင်ငံတကာတက္ကသိုလ်များသို့ သွားရောက်သင်ကြားလိုသော ကျောင်းသားများအတွက် University Foundation Program များကို ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော YIUS ကျောင်းနှင့် Curtin University တို့ ပူးပေါင်း၍ ပညာရေး ဟောပြောဆွေးနွေးပွဲကို ပြုလုပ်ရာတွင် Curtin University မှ Ms. Corrinne Li ကိုယ်တိုင်လာရောက်ဆွေးနွေးမည်ဖြစ်ပါသည်။ Curtin University သည် သြစတြေးလျ နိုင်ငံအနောက်ပိုင်းရှိ အကြီးဆုံးတက္ကသိုလ် ဖြစ်ပြီး နိုင်ငံပေါင်းစုံ မှကျောင်းသားများ တက်ရောက်လျက်ရှိပါသည်။ ကျောင်းသားဦးရေ (၄၀၀၀၀) ကျော်သည် Curtin University ၏ Campus အခွဲ (၁၆) ခုတွင် တက်ရောက်လျက် ရှိပါသည်။ Curtin University သည် သင်ကြားမှုအတွေ့အကြုံ နှစ်ပေါင်းများစွာရှိပြီး ထိုတက္ကသိုလ်မှအောင်မြင်သော ကျောင်းသားကျောင်းသူတစ်ချို့သည် Australia အစိုးရနှင့် နိုင်ငံကျော်ကုမ္ပဏီများမှချီးမြှင့်သော ဂုဏ်ပြုဆုများကို ၄င်းတို့ကျက်ခဲ့သော Degree များ၏နယ်ပယ်အသီးသီးတွင် ရရှိလျက်ရှိပါသည်။ Curtin University ကိုတက်ရောက်ခြင်းဖြင့် ကမ္ဘာကအသိအမှတ်ပြုသော Bachelors, Masters နှင့် PHD ဘွဲ့များကို မိမိကြိုက်နှစ်သက်ရာ Major အလိုက် သင်ယူနိုင်ပါသည်။ Curtin University တွင် Engineering, Computing, Business, Health Sciences, Architecture, Film and Design, Human Resources, Nursing, Legal Studies အစရှိသော ဘာသာရပ်များကို တက်ရောက်သင်ကြားနိုင်ပါသည်။ ထူးချွန်သောကျောင်းသားများသည် Curtin University မှပေးအပ်သော Scholarship များနှင့် Bursary များကိုလည်း ရရှိနိုင်ပါသည်။ အဆိုပါဟောပြောပွဲကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၁ နာရီ စနေနေ့တွင် Traders Hotel ကုန်းဘောင် တကောင်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူများ၊ တက္ကသိုလ်တက်ရောက်ဆဲနှင့် ဘွဲ့ရပြီးသောကျောင်းသား ကျောင်းသူများ၊ မိဘများပါ အခမဲ့တက်ရောက်နိုင်ကြောင်းသိရပါသည်။ အသေးစိတ်သိရှိလိုသော ကျောင်းသားကျောင်းသူများနှင့် မိဘများ YIUS ကျောင်းတည်ရှိရာ အဆောင် (၇)၊ အခန်း (၄)၊ မြန်မာအင်ဖိုတက် (Myanmar Info-Tech) သို့ လူကိုယ်တိုင် (သို့) ဖုန်း ၆၅၂၃၁၁၊ ၆၅၂၂၉၇၊ ၀၉-၇၃၁၄၈၇၃၉ သို့ဆက်သွယ်စုံစမ်း နိုင်ပါသည်။




 

(26-7-2011)
Source:
Ko Lin (Myanmar Training)


စင်္ကာပူနိုင်ငံ မှတဆင့် အမေရိကန်တက္ကသိုလ် (၆) ကျောင်းသို့  ဆက်လက်တက်ရောက်နိင်မည့် အမေရိကန် Pathway Program အသစ် .
  
.  .      .  . .   5        

စင်္ကာပူနိုင်ငံမှ တဆင့် အမေရိကန်တက္ကသိုလ်ကြီးများကို ဆက်လက်ပညာသင်ယူနိုင်မည့် Diploma in General Studies – US Pathway Program ကို Kaplan ၏ Campus အသစ်ဖြစ်သော Wilkie Edge တွင် ယခုလာမည့်အောက် တိုဘာစာ သင်နှစ်မှ စတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း နှင့် IELTS/TOEFL ဖြေဆိုမထားသူများ ကျောင်းလျှောက်ထား မည်ဆိုပါက CROWN Education ၏ Pre-University အင်္ဂလိပ်စာကို အခမဲ့တက်ရောက်လျှောက်ထားနိုင်ကြောင်း မှ တာဝန်ရှိသူတစ်ဦးမှပြောကြားပါသည်၊၊ အဆိုပါ ဖောင်ဒေးရှင်း ပရိုဂရပ်သည် အမေရိကန်တက္ကသိုလ် (၆) ကျောင်းဖြင့် ချိန်ဆက်ထားပြီး အချိန်ကာလအားဖြင့် (၇)လကြာမည့်မည်ဖြစ်ကာ၊ ဘာသာရပ် (၁၀)ခု လေ့လာသင်ယူရ မည်ဖြစ် ပါသည်၊၊ US Pathway Program ပြီးဆုံးပါက အမေရိကန် နိုင်ငံရှိတက္ကသိုလ်ကြီး (၅) ခု နှင့် ကောလိပ် (၁)ခု တို့တွင် ဆက်လက်ပညာသင်ယူနိုင်မည်ဖြစ်ပြီး၊ ၄င်း တက္ကသိုလ်၊ ကောလိပ်များမှာ Baylor University, Marist College, Northeastern University, Stevens Institute of Technology, The University of Utah နှင့် The University of Vermont တို့ဖြစ်ပါသည်၊၊ အကယ်၍ စင်္ကာပူနိုင်ငံတွင် ဆက်လက်ပညာသင်ယူမည်ဆိုပါက National University of Ireland, Dublin နှင့် သြစတြေလျတက္ကသိုလ် တစ်ခုဖြစ်သော Murdoch University မှပေးအပ်မည့်ဘွဲ့ များကို ဆက်လက်သင်ယူခွင့် ရရှိမည်ဖြစ်ပါသည်၊၊ ထိုကဲ့သို့ လျှောက်ထားရာတွင် သက်ဆိုင်ရာတက္ကသိုလ်အလိုက် အမေရိကန်နိုင်ငံပညာရေးစနစ်နှင့် လေ့လာ သင်ကြားမှုပုံစံကို ကျောင်းသူကျောင်းသားများ သိရှိနိုင်ရန် သတင်းပတ်(၈) ပတ်ခန့် ကြာမြင့်နိုင်သည့် Summer Bridge ပရိုဂရမ်ကို လေ့လာသင်ယူရနိုင်ပြီး၊ တက္ကသိုလ်အသီးသီး၏ ဒုတိယနှစ်မှ စတင်လျှောက်ထားနိုင်ပါသည်၊၊

“အမေရိကန်တက္ကသိုလ်တွေရဲ့ အသိအမှတ်ပြု Foundation ပရိုဂရမ်တွေဆိုတာ တစ်ခြား Foundation Diploma ပရိုဂရမ်တွေနဲ့ ကွဲပြားလေ့ရှိပြီး ဘာသာရပ်စုံစုံလင်လင် သင်ကြားပေးလေ့ရှိပါတယ်၊၊ ဥပမာ၊ American Studies, Calculus, Information Technology, Introduction to Engineering, Microeconomic, Business Statistic စသဖြင့် ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူရတဲ့အတွက်၊ ဒီဂရီမှာ ဘယ်လိုဘာသာရပ်တွေကို အထူးပြုသင်ယူရမယ်ဆိုတာ မသိသေးတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် များစွာအထောက်အကူဖြစ်စေပါတယ်၊၊ နောက်ပြီး ဒီဖေါင်ဒေးရှင်းမှာ Engineering Pathway နဲ့  Business Pathway ဆိုပြီးနှစ်သက်ရာလေ့လာသင်ယူနိုင်ပါတယ်” ဟု အဆိုပါကျောင်း လျှောက်ထားခြင်းကို ၀န်ဆောင်မှုပေးမည့် CROWN Education မှတာဝန်ရှိသူတစ်ဦးမှ အကြံပြုပြောကြားပါသည်၊၊ ၀င်ခွင့်လိုအပ်ချက်အနေဖြင့် မြန်မာနိုင်ငံမှ (၁၀)တန်းအောင်မြင်ပြီးသော ကျောင်းသူကျောင်းသားများ အဆိုပါဒီပလိုမာသို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီး၊ IELTS/TOEFL ရမှမတင်ပြနိုင်သူများ CROWN Education မှ အထူးဖွင့်လှစ်သင်ကြားပေးမည့် Pre-University အင်္ဂလိပ်စာ ပရိုဂရမ်သို့ အခမဲ့တက်ရောက်ပြင်ဆင် လျှောက်ထားနိုင်ကြောင်းသိရပါသည်၊၊

Program fee: SGD 12,000
အဆိုပါ ကျောင်းလခတွင် တက္ကသိုလ်မှတ်ပုံတင်ကြေး၊ Study Guides, စာအုပ်စာတမ်းကြေး၊ Seminars and Workshops, စာမေးပွဲကြေးများပါဝင်ပြီးဖြစ်ပါသည်၊၊

For International Students
- Application fee: SGD 450

ကျောင်း Intake မှာ တစ်နှစ်လျှင် October တစ်ကြိမ်သာရှိပြီး၊ ယခု August လတွင်ကျောင်းလျှောက်ထားသူများ၊ လျှောက်လွှာကြေးကင်းလွတ်ခွင့်နှင့် Pre-University English အခမဲ့တက်ရောက်ခွင့်ရရှိမည်ဖြစ်ပါသည်၊၊ အသေးစိတ်သိရှိ လိုသောအချက်များကို CROWN Education, Summit Parkview Hotel အခန်း (၂၂၈-၂၂၉) ဖုန်း ၂၁၁ ၈၈၈ လိုင်းခွဲ ၂၂၈ နှင့် ၀၉ ၇၃၂ ၇၃၂ ၇၇ တို့တွင်ဆက်သွယ်စုံစမ်းနိုင်ပါသည်၊၊


 

(29-7-2011)
Source: Ko Lin (Myanmar Training)


Malaysia နိုင်ငံ Nalai University တွင် တက်ရောက်နိုင်သည့် Aircraft Maintenance Engineering Course .

 

Aircraft Maintenance staff အဖြစ် Air carrier Industry များတွင် အသက်မွေးဝမ်းကြောင်း ပြုလုပ်ချင်သူများအတွက် မလေးရှားနိုင်ငံရှိ Nilai University တွင် Aircraft Maintenance Engineering ဒီပလိုမာသင်တန်း တက်ရောက်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Nilai တက္ကသိုလ်မှ နိုင်ငံတကာကျောင်းသားများအတွက် European Aviation Safety Agency (EASA) သင်ရိုးအတိုင်း ပညာသင်ကြားနိုင်ရန် စီစဉ်ပေးထားသောကြောင့် EASA ၏ အသိအမှတ်ပြုလက်မှတ်ပါ တပြိုင်တည်း ရရှိနိုင်မည်ဖြစ်ပါသည်။ Nilai University တွင် တက်ရောက်နေစဉ်အချိန်၌လည်း Nilai နှင့် ချိတ်ဆက်ထားသည့် industrial များတွင် လက်တွေ့ကွင်းဆင်း သင်ယူနိုင်မည်ဖြစ်ပါသည်။ Basic Courses တွင် Module (7) ခုနှင့် Advance Course တွင် Module (21) ခု စုစုပေါင်း (၂၈) ခု သင်ကြားရမည် ဖြစ်ပါသည်။ ဝင်ခွင့်လိုအပ်ချက်များအနေဖြင့် GCE “O” Level တွင် အင်္ဂလိပ်၊ သင်္ချာနှင့် သိပ္ပံဘာသာရပ်များ အပါအဝင် credits (3) ခုရရှိရန် လိုအပ်ပါသည်။ သင်တန်းကာလမှာ (၂) နှစ်ခွဲကြာမည်ဖြစ်ပြီး မြန်မာငွေ ကျပ်သိန်း (၁၀၀) ကျော် ကုန်ကျရုံဖြင့် Diploma ဘွဲ့ကို ရယူနိုင်မည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် January, May နှင့် September Intake များသို့ လျှောက်ထားနိုင်ပြီး Medical Check up အနေဖြင့် Colour blindness, Hearing defects နှင့် Asthma တို့ကို စစ်ဆေးရမည်ဖြစ်ပါသည်။ အထက်ပါအကြောင်းအရာများနှင့် ပတ်သက်ပြိး အသေးစိတ်သိလိုသည်များရှိပါက အမှတ် (၂၉၀) အေ၊ ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာ နှင့် မဟာမြိုင်ဆေးခန်းကြား)၊ မြေနီကုန်း။ ဖုန်း - 524126, 09 515 1008 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

(29-7-2011)
Source: Ko Lin (Myanmar Training)


SEGI University College, Malaysia တွင် Master of Education တက်ရောက်သင်ကြားနိုင်ပါသည် . .  .
  
.  .      .  . .   5        

မလေးရှားနိုင်ငံတွင် နှစ်ပေါင်း (၃ဝ) ကျော်ကြာမြင့်ပြီးဖြစ်သော SEGI Education Group သည် ဆေးပညာဘွဲ့မှအစ၊ သူနာပြု၊ မျက်စိအထူးပြု၊ သွားဘက်ဆိုင်ရာ၊ စီးပွားရေး၊ စာရင်းအင်း၊ အင်ဂျင်နီယာ၊ ကွန်ပျူတာ၊ ဒီဇိုင်း၊ တေးဂီတ၊ ဓါတ်ပုံပညာ၊ ဗီဒီယိုနှင့် ကာတွန်း၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ၊ ပညာရေး၊ ခလေးလူငယ်ဆိုင်ရာ၊ ဘာသာရပ်ပေါင်းမြောက်များစွာတို့ကို SEGI ကျောင်းခွဲများရှိသော Kuala Lumpur, Penang, Sarawak, Seri Kembangan နှင့် Pulau Indah တို့တွင် သင်ကြားပို့ချလျက်ရှိပါသည်။ ထိုပြင် SEGI Subang ကျောင်းခွဲများတွင် ကျွမ်းကျင်မှုဆိုင်ရာ အထူးပြုဘာသာရပ်များကိုလည်း သင်ကြားပေးလျှက်ရှိပါသည်။ ၎င်းတို့မှာ Foundation Studies, Health Science Programmes, Business & Accountancy Programmes, Engineering & Built Environment Programmes, Computing Programmes, American Degree Programs, Faculty of Creative Design & Technology, Hotel & Tourism Programmes, Education & Social Sciences Programmes, Post Graduate Programmes စသည်တို့ဖြစ်သည်။ ယခုအခါတွင် Segi University College, Subang ကျောင်းခွဲမှ Master of Education အတွက် ကျောင်းသာများခေါ်ယူနေပြီးလိုအပ်သော ပညာအရည်အချင်း မှာ B.Ed ဘွဲ့ရရှိပြီးသူများ လျှောက်ထားတက်ရောက်နိုင်ပါသည်။

သင်တန်းကာလမှာ (၂) နှစ်ဖြစ်၍ 8 Modules သင်ကြားရပါမည်။ အခြားဘွဲ့တစ်ခုခုရရှိထားပါက လုပ်ငန်းအတွေ့အကြုံ (၂) နှစ်နှင့်အထက် ရှိရမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် Post Graduate Diploma in Education ကိုတက်ရောက်၍ Module 4 ခု သင်ကြားရမည်ဖြစ်ပါသည်။ Post Graduate Diploma in Education အောင်မြင်ပြီးပါက Master of Education တွင် Module 4 ခု ထပ်မံသင်ကြားရမည်ဖြစ်ပါသည်။ SEGI University College ၏ အားသာချက်မှာ ကျောင်းအများစုသည် နှစ်စဉ်နှစ်တိုင်း ကျောင်းလခနှုန်းများတိုးမြှင့်လေ့ရှိသော်လည်း SEGI Subang တွင် ယခုသြဂုတ်လတွင် နောက်ဆုံးထား၍ ကျောင်းအပ်ပါက ၂ဝ၁၁ ဈေးနှုန်းအတိုင်းဘွဲ့ရအောင်မြင်သည့်အထိ အကျိုးခံစားခွင့်ရှိသည်။ Master of Education တွင် Major (3) ခုရှိပြီး Leadership & Management, Special Education, Teaching English to speakers of other language (TESOL), မှ မိမိကြိုက်နှစ်သက်ရာဘာသာရပ်တစ်ခုကို ရွေးချယ်သင်ယူနိုင်ပါမည်။ သင်တန်းပြီးဆုံးပါ University of Southern Queensland, Australia မှ ပေးအပ်ချီးမြှင့်မည့် Master of Education ဘွဲ့ကို ရရှိမည်ဖြစ်ပါသည်။ SEGI University College, Malaysia ၏ Segi College (Subang) မှ Dr.Lisa Tan, Bsc(Hons), Dip.Ed, MBA, DBA, Principal ကိုယ်တိုင်မြန်မာနိုင်ငံသို့လာရောက်၍ အလုပ်ရုံများနှင့် Master of Education အကြောင်းဆွေးနွေးပွဲများကို ၃၁.၇.၂၀၁၁ ရက်နေ့၊ နေ့လည် ၁းဝဝ နာရီမှ ၅းဝဝ နာရီအထိ Park Royal Hotel, အလံပြဘုရားလမ်းတွင် ပြုလုပ်မည်ဖြစ်ပါသည်။ အသေးစိတ်ထပ်မံသိရှိလိုပါက Jenko-Rexpo, အမှတ် (၄၅၉ ဘီ)၊ အခန်း (၃-ဒီ)၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်း၊ ရန်ကုန်။  ဖုန်း-၀၉-၅၀၆၂၈၉၁၊ ၀၉-၄၃၀၂၈၇၆၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
 

(29-7-2011)
Source: Ko Lin (Myanmar Training)

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats