Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


News » International News

University of Surrey မှ ဘွဲ့ရကျောင်းသားများ အလုပ်အကိုင်ရရှိရန်လွယ်ကူ

 

University of Surrey သည် သိပ္ပံနှင့်နည်းပညာဆိုင်ရာဘွဲ့များကို သင်ကြားပို့ချပေးနေသော UK ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည်။ ထို့ပြင် ၎င်း၏သုတေသနပြုလုပ်ငန်းများနှင့် သင်ကြားမှုနည်းစနစ်များ ကြောင့် ဂုဏ်သတင်းမှာ အလွန်ပင်ထင်ပေါ်ကျော်ကြားပါသည်။ University ၏ ground breaking research ပြုလုပ်ခြင်းသည် စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများအတွက် အရည်အသွေးမြင့်မားမှုများကို ရရှိစေကာ ကျန်းမာရေး၊ ဆေးပညာ၊ အာကာသသိပ္ပံ၊ ဆက်သွယ်ရေး၊ ကာကွယ်ရေးနှင့် လူမှုရေးဆိုင်ရာများတွင် တိုးတက်မှုများ ဖြစ်စေရုံသာမက အသိပညာအကျိုးကျေးဇူးကိုပါ ရရှိစေပါသည်။ ထိုသို့ University of Surrey ၏ အရည်အသွေးမြင့်မားသော ပညာရပ်များ ပေးစွမ်းနိုင်သော ကျော်ကြားမှုများကြောင့် The Sunday Times မှ “The University for Jobs” ဟု အမည်ပေးခဲ့ပါသည်။ Surrey သည် 1994 Group of 19 leading research intensive universities ၏ အဖွဲဝင်ဖြစ်သည်။ ထိုအဖွဲ့အစည်းသည် 1994 တွင် စတင်ဖွဲ့စည်းခဲ့ပြီး တက္ကသိုလ်များ၏ သုတေသနနှင့် သင်ကြားရေးနည်းစနစ်များကို တိုးတက်အဆင့်မြင့်စေရန်ဖြစ်သည်။ ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်များသည် ဆန်းသစ်ကာအရည်အသွေးမြင့်မားသော သုတေသနများကို လုပ်ဆောင်ကြရပြီး ကျောင်းသား/သူများကို သင်ကြားမှု အတွေ့အကြုံကောင်းများကို ကောင်းမွန်စေရန် အထူးတာဝန်ယူဆောင်ရွက်ကြပါသည်။ ယခု ၂၀၁၁ တွင်လည်း University of Surrey မှ ဘွဲ့ရကျောင်းသားများ သည် UK တွင် အလုပ်ရရှိမှု အခွင့်အလမ်း အများဆုံးဖြစ်သည်ဟု HESA (Higher Education Statistics Agency) မှ ထုတ်ပြန်သော သတင်းများအရ သိရှိရပါသည်။ HESA သည် UK ရှိ တက္ကသိုလ်များနှင့် ကောလိပ်များမှ ဘွဲ့ရကျောင်းသားများ၏ အလုပ်အကိုင်ရရှိမှုအခြေအနေကို နှစ်စဉ်စစ်တမ်းကောက်ယူမှုအရ ၂၀၀၉-၂၀၁၀ ခုနှစ် Surrey တက္ကသိုလ်ဆင်း ကျောင်းသား/ သူများ ကျောင်းပြီး ၆လ အတွင်း တွင်ပင် ၉၄.၈ % သည် လုပ်ငန်းခွင်သို့ ၀င်ရောက်နိုင်ပြီးဖြစ်သည်။ Surrey သည်ပြီးခဲ့သော ဆယ်စုနှစ် အတွင်းတွင်ပင် အလုပ်အကိုင်ရရှိနိုင်မှု အခွင့်အလမ်းမှာ အလွန်ပင်ကောင်းမွန်ခဲ့ပါသည်။ ဘွဲ့ရကျောင်းသားများ အလုပ်အကိုင် အခွင့်အလမ်းမြင့်မားမှုကြောင့်ပင် University of Surrey ကို UK တွင် “ The University for Jobs” ဟုတင်စားဖော်ပြခဲ့သည့်အပြင် Leading University အနေဖြင့်လည်း ထိပ်တွင် နေရာရထားပါသည်။ University of Surrey သည် ကျောင်းသားများအား အတွေ့အကြုံ၊ မိမိ၏အရည်အချင်းအား ယုံကြည်မှုနှင့် အသိပညာကြွယ်ဝသော ကျောင်းသားများဖြစ်လာစေရန် သင်ကြားပေးရုံသာမက Professional Training Year Scheme အရ ကျောင်းသား ၅၀% ကိုပင် ခိုင်မာအောင်မြင်သော စီးပွားရေးလုပ်ငန်းများနှင့် အောင်မြင်စွာ ချိတ်ဆက်ပေးနိုင်ခဲ့ပါသည်။ ထို့ကြောင့်ပင် တက္ကသိုလ်၏ Communication & PR Director ဖြစ်သူ Maddie MeGowanမှ “ကျွန်ုပ်တို့ Surrey တက္ကသိုလ်မှ ဘွဲ့ရကျောင်းသားများအပေါ် အလုပ်ရှင်များမှ ယခုလို အသိအမှတ်ပြုသည့်အတွက် အလွန်ပင် ၀မ်းမြောက်မိပါသည်။ Surrey တက္ကသိုလ်သည် UK တွင် အလုပ်အကိုင်ရရှိမှုအခွင့်အလမ်းများတွင် ထိပ်ဆုံးနေရာနံပါတ် (၁) တွင်ရပ်တည်နိုင်မှု အပေါ်များစွာ ဂုဏ်ယူမိပြီး နောက်အနာဂတ် တွင်လည်း ဒီအနေအထားအတိုင်း ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်ထားပါကြောင်း” ကို ဇူလိုင် ၁၅ ရက်တွင် ပြောကြား သွားပါသည်ဟု Study Abroad မှ သိရှိခဲ့ရပါသည်။ UK ၏ “The University for Jobs” တစ်ခုဖြစ်သော University of Surrey တွင် တက်ရောက်လိုသော ကျောင်းသား/ သူများသည် Study Abroad Information Centre အမှတ် (၂၉၀-အေ) ပထမထပ်၊ ပြည်လမ်း၊ (ဒဂုံစင်တာနှင့် မဟာမြိုင်ဆေးခန်းကြား) မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉၅၁၅၁၀၀၈၊ ၅၂၄၁၂၆ တွင် အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

(29-7-2011)
Source: Ko Lin (Myanmar Training)

 


 

Nanyang Institute of Management မှ ဖွင့်လှစ်သော ဟိုတယ်နှင့် ခရီးသွား ဘွဲ့လွန်သင်တန်း .

 

ထိုသင်တန်းကိုတက်ရောက်လိုသူများသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို စိတ်ပါဝင်စားပြီး အနည်းဆုံးဘွဲ့တစ်ခုရရှိထားရမည်။ ၀န်ဆောင်မှု (Services) လိုင်းကို စိတ်ပါဝင်စားသူများအတွက် ဘွဲ့လွန်ဒီပလိုမာသင်တန်းဖြစ်သည်။ ခေတ်မှီတိုးတက်သောနည်းပညာများ၊ နိုင်ငံတကာအဆင့်မှီ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို လုပ်ငန်းခွင်အတွေ့အကြုံ မြောက်များစွာရှိသော ဆရာ/ ဆရာမများ ကိုယ်တိုင်သင်ကြား ပို့ချပေးမည်ဖြစ်သည်။ အနာဂတ်တွင် အလုပ်အကိုင်အခွင့်အရေး ပေါများလှသော ဘာသာရပ်လည်းဖြစ်သည်။ ကျောင်းသား/သူများ သည် ၈လ စာတွေ့၊ ၆ လလက်တွေ့ လုပ်ငန်းခွင် အတွေ့အကြုံများရရှိမည်။ ၆လ လက်တွေ့ဆင်းရာတွင် စင်္ကာပူနိုင်ငံမှ နာမည်ကြီးဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ခရီးသွားလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ကာ လုပ်ငန်းအတွေ့အကြုံ ရယူ နိုင်မည်ဖြစ်သည်။ ကျောင်းလခ စုစုပေါင်းမှာ စင်္ကာပူ ဒေါ်လာ 15,535.45 ဖြစ်ပြီး ကျောင်းဝင်ခွင့်မှာ ဘွဲ့တစ်ခုနှင့် IELTS 6.0 ရရှိထားရမည်။ IELTS မရှိသော ကျောင်းသား/သူများအတွက် English Placement Test ကို အခမဲ့ဖြေဆိုနိုင်ပါသည်။

သင်တန်းတွင် သင်ယူရမည့်ဘာသာရပ်များမှာ--

1. Hotel Operations Management
2. Special Events Management, Exhibition & Conventions
3. Entrepreneurship In The Hospitality Industry
4. Food Service Management
5. Gaming Operations & Management
6. Tourism & Hospitality Marketing
7. Hotel Operation Management Applications (OPERA)
8. Global Distribution System (AMADEUS)
9. Industrial Attachment (6 months) Integrated Project Assignment ( 2 months)
ဘာသာရပ်များမှ Hotel Operation Management Application (OPERA) နှင့် Global Distribution System (AMADEUS) သည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များတွင် လုပ်ငန်းအတွက် အရေးအကြီးဆုံး လုပ်ငန်းသုံးနည်းပညာများကို ပို့ချသောကြောင့် ထိုဘာသာရပ်များကို တတ်မြောက်သော ကျောင်းသား ကျောင်းသူများ အနေဖြင့် အလုပ်ရရှိရန် အခွင့်အရေးများပိုမိုရနိုင်ပါသည်။





 

(29-7-2011)
Source:
Ko Lin (Myanmar Training)


အလုပ်ခွင်အခြေပြု Hotel Management Diploma ကို UCSI University မှချီးမြှင့်မည် .
  
.  .      .  . .   5        

အလုပ်ခွင်အခြေပြု Hotel Management Diploma in Base Management / WBLDEM) ကိုမလေးရှားနိုင်ငံရှိ UCSI University တွင်တက်ရောက် သင်ကြားနိုင်ပြီးဖြစ်ကြောင်း Synergy Education မှသိရသည်။ အဆိုပါဒီပလိုမာရရှိရန် ၂ နှစ်ခွဲကြာမြင့်မည်ဖြစ်ပြီး ထို၂နှစ်ခွဲ အတွင်း ၁၀လကိုအဆင့်မြင့် ဟိုတယ်ကြီးများတွင် လက်တွေ့လုပ်ငန်းခွင်ဝင်ရမည်ဖြစ်ရာ လက်တွေ့လုပ်ငန်း သဘောသဘာဝများကို နားလည် တက်ကျွမ်းသည့်အပြင် Allowance လည်းရရှိမည်ဖြစ်ကြောင်းသိရသည်။ ၄င်းHotel Management ဒီပလိုမာရရှိသော ကျောင်းသားများသည် လုပ်ငန်းခွင်ဝင်ရာတွင် အလုပ်အတွေ့အကြုံ မရှိသေးသောဘွဲ့ရ (Fresh graduate) များအနေဖြင့်မဟုတ်ဘဲ လုပ်ငန်းအတွေ့အကြုံပြီးသော ဘွဲ့ရများအဖြစ် လုပ်ကိုင်ရမည်ဖြစ်ရာ များစွာ တစ်ပန်းသာကြောင်း သိရသည်။ စက်တင်ဘာလတွင် ဖွင့်လစ်မည့် အဆိုပါ Hotel Management ဒီပလိုမာကိုတက္ကသိုလ်ဝင်တန်း(သို့) IGCSE အောင်မြင်ထားပြီး၊ IELTS(5.5) ရှိထားသူများတက်နိင်မည်ဖြစ်သည်။ IELTS အမှတ်မရှိပါက UCSI ၏ အင်္ဂလိပ်စာ စာမေးပွဲကို ဖြေဆိုနိင်မည်ဖြစ်သည်။ “ဒီ USCI University ကပေးတဲ့ Management ဒီပလိုမာက အခြားတက္ကသိုလ်တွေမှာရှိတဲ့ On Job training ပါတဲ့ ဒီပလိုမာတွေနဲ့မတူပါဘူး။ ဒီDiploma ရဲ့ Course structure ကိုမလေးရှားအစိုးရ အဖွဲ့အစည်းဖြစ်တဲ့ Ministry of Tourism, MQA, USCI University နဲ့ Hotel လုပ်ငန်းရှင်တွေ ပူးပေါင်းရေးဆွဲထားတာပါ။ စာတွေ့လက်တွေ့မျှတဲ့ လုပ်ငန်းခွင်အခြေပြုသင်ကြားမှုစနစ်ကို မလေးရှားအစိုးရ အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင် ပုံဖော်ထားတဲ့ ပထမဆုံး Hotel Management ဒီပလိုမာပါ။ ဒီ Diploma ရဲ့ရည်ရွယ်ချက်ကတော့ မလေးရှားနိုင်ငံရဲ့ ဟိုတယ်နဲ့ခရီးသွား ကဏ္ဍအတွက် လိုအပ်နေတဲ့အရည်သွေးပြည့်ဝတဲ့ ဟိုတယ်ဝန်ထမ်းတွေကို operation အပိုင်းရော၊ Management အပိုင်းအတွက်ပါ မွေးထုတ်ပေးဖို့ပါ။ ဒီ Diploma မှာသင်တဲ့ စနစ်ကစာတွေ့ semester တစ်ခု သင်ပြီးရင်လုပ်ငန်းခွင်မှာ semester တစ်ခုလက်တွေ့ လုပ်ရပါသည်။ Theoryပိုင်းသင်ပြီးတာနဲ့သင်ပြီး သမျှကိုချက်ချင်းလက်တွေ့လုပ်ရလို့ ပိုပြီးထိရောက်မှုရှိတယ်” ဟု Synergy Education မှ ဒေါ်နန်းမြမာလာမောင်ကပြောသည်။ စက်တင်ဘာလတွင်ဖွင့်မည့် ဒီပလိုမာအတန်းအတွက် သြဂုတ်လလယ်တွင် နောက်ဆုံးလျှောက်ထားရမည်ဖြစ်သည်။ အသေးစိတ်သိလိုပါက Synergy Education ဖုန်း-၅၅၈ ၄၂၈၊၀၉-၅၅၀၄၉၃၁ တွင် ဆက်သွယ်စုံစမ်းနိုင်သည်။



 

(9-8-2011)
Source:
Internet Journal


Hong Kong အစိုးရတက္ကသိုလ်မှချီးမြှင့်သည် MBA ဘွဲ့ကို ပြည်တွင်းတွင် တက်ရောက်ယူနိင် .

 

၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော The Open University of Hong kong (OUHK)သည် Hong kong အစိုးရမှဖွင့်လှစ်ခဲ့သော တက္ကသိုလ်ကြီးဖြစ်သည်။ အဆိုပါ OUHK ၏ Lee Shau Kee School of Business and Administration မှပို့ချပေးလျှက်ရှိသော MBA သင်တန်းကိုမြန်မာနိင်ငံရှိ STI Education တွင် ၂၀၁၁ intake အတွက်ဖွင့်လှစ်သင်ကြားပို့ချရန် စီစဉ်ထားရှိသည်ဟုသိရသည်။ MBA program သည် ယနေ့အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသော စီးပွားရေးပတ်ဝန်းကျင်တွင် အောင်မြင်မှုရရန်လိုအပ်သည့် အရည်အသွေးနှင့် နည်းပညာများကို စာတွေ့လက်တွေ့ ကျကျပို့ချပေးမည်ဖြစ်ပြီး တစ်ဦးချင်းစီ၏ ပင်ကိုယ်အရည်အသွေးနှင့် စီမံခန့်ခွဲမှုစွမ်းရည်များကို စီပွားရေးလောကတွင် ထိထိရောက်ရောက် အသုံးချနိုင်အောင် မြှင့်တင်ပေးမည့် ဘာသာရပ်များ ကိုလေ့လာရမည်ဖြစ်သည်။ သင်ကြားရမည့်ဘာသာရပ်များမှာ Strategy, Strategic Human Resources Management, Investment & Portfolio Management, International Management Strategy, International Marketing Strategy, Advanced information Systems & Electronic Commerce Strategy တို့ဖြစ်ပြီး ပြည်တွင်းပြည်ပမှ ဝါရင့်ဆရာ၊ ဆရာမကြီးများမှရုံးချိန် ပြင်ပတွင်သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းကာလမှာ(၂)နှစ်ကြာမြင့်မည်ဖြစ်ပြီး၊ သင်တန်းပြီးဆုံးအောင်မြင်ပါက Hong Kong တွင် တစ်နှစ်တစ်ကြိမ်ကျင်းပသည့် ဘွဲ့နှင်းသဘင်သို့ ကိုယ်တိုင်ကိုယ်ကျဘွဲ့ကို သွားရောက်ရယူနိင်မည်ဖြစ်သည်။ OUHK ၏ အောက်တိုဘာ Intake MBA ဘွဲ့အတွက် တက်ရောက်လိုသူများသည် STI Education တွင်မိမိ၏ ပညာရေးဆိုရာအချက်အလက်များနှင့် Registration Fees $(30)ကိုပေးသွင်း၍ လျှောက်ထားနိုင်ပြီဖြစ်သည်။ ကျောင်းလျှောက်ထားခြင်းကို သြဂုတ်လကုန်အထိ ခွင့်ပြုထားပြီး၊ OUHK ၏ MBA နှင့် ပက်သက်သော အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက STI Education(ဖုန်း-၂၅၀ ၀၅၆)သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိင်ကြောင်းသတင်းရရှိသည်။



 

(9-8-2011)
Source: Internet Journal


Kaplan တွင်တက်ရောက်လိုသောကျောင်းသားများ Student Visa Processing အချိန်လျော့ကျ . . .  .
  
.  .      .  . .   5        

စင်ကာပူနိင်ငံ Kaplan Higher Education Academyသည် Edutrust သက်တမ်းတစ်နှစ်မှ လေးနှစ် သို့ ၂၀၁၁ခုနှစ် ဇူလိုင်လ၂၁ရက်တွင် တိုးမြှင့်ရရှိကြောင်း MSI ပညာရေးဝန်ကြီးဆောင်မှု ထံမှသိရသည်။ ထိုသို့တိုးမြှင့်ရရှိခြင်းကြောင့် ပြည်ဝင်ခွင်ဗီဇာ(ကျောင်းသားဗီဇာ)ကိုလူဝင်မှုကြီးကြပ်ရေးမှု လျှောက်ထားသောအခါတွင် အထူးအခွင့်အရေးအနေဖြင့် Immigration တွင် Student Visa Apply လုပ်ချိန်မှာကြာမြင့်ချိန် လျော့နည်းသွားကြောင်းသိရသည်။ ယခင်က Student Visa Processing မှာလေးပတ်ခန့်ကြာမြင့်ပြီး ယခုအခါ 4year Edu-Trust ရရှိထားခြင်းကြောင့် နှစ်ပတ်မှလေးပတ် ခန့်ထိသာ ကြာမြင့်မည်ဖြစ်သည်။ “Student Visa ကို Immigrationမှာ Apply လုပ်တဲ့အခါ နှစ်ပတ်ကနေ လေးပတ်လောက်ပဲ ကြာတော့တယ်။ တစ်ချို့ဆို ၇ရက်၊ ၁၀ရက် လောက်ပဲကြာသည်။ အရင် One Year Edu-Trustတုန်းကဆိုရင် Security Bond ပေးရသည်။ အခုဆိုရင် 4year Edu-Trust မှာက ပေးစရာမလိုတော့ဘူး။ ဒီလို 4Year Edu-Trust ကိုခိုင်မာတဲ့ကျောင်းတွေကသာ ရတာများတယ်။ ဒီလိုရရှိထားတဲ့အတွက်လည်း အလွယ်တကူ အပိတ်ခံရတာမျိုး မရှိနိင်ဘူး ဒီလိုရရှိခဲ့ရတာကလည်း ယုံကြည်စိတ်ချရတဲ့ စီမံခန့်ခွဲမူနှင့် တာဝန်ယူတက်မှု၊ အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်မှု ပြုပြင်မှ Agentတွေကို ထိန်းချုပ်မှု၊ ကျောင်းသားကာကွယ်ပေးမှုနှင့် ထောက်ပံ့နှစ်တွေကြောင့် ရရှိခဲ့တာဖြစ်သည်။ နောက်ပြီး ကျောင်းသားတွေရဲ့ ပညာအရည်အသွေးတိုးတက်မှု အရည်အသွေးအာမခံမှုနှင့် ထိန်းချုပ်မှုတွေရဲ့ ရလဒ်တွေကိုကြည့်ပြီးတော့လည်း သူတို့တွေကဒီလိုမျိုး တိုးမြှင့်ပေးခဲ့တာပါ” ဟု Myanmar Search International မှမစုစုလိုင်မှပြောသည်။ အဆိုပါ Kaplan တွင် မြန်မာကျောင်းသား ၁၅၀ မှ ၂၀၀ကျော် တက်ရောက်လျက်ရှိပြီး ၄င်းကျောင်းမှ UCD(University College Dublin, National University of Ireland, Dublin)မှပေးအပ်သော Bachelor of Science (Honours) Finance, Marketing, Management, Logistics များကိုတိုက်ရိုက်လျှောက်ထားနိုင်သည်။

 

(9-8-2011)
Source: Internet Journal

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats