|
News
» International News
အင်္ဂလန်နိင်ငံအသိအမှတ်ပြုအင်ဂျင်နီယာဒီပလိုမာသင်တန်းတက်ရောက်သင်ကြားနိုင်
အင်္ဂလန်နိင်ငံအသိအမှတ်ပြု အင်ဂျင်နီယာဒီပလိုမာသင်တန်းကိုပြည်တွင်းရှိ
Gallant Training Center တွင်တက်ရောက်သင်ကြား နိုင်မည်ဖြစ်ကြောင်း သိရသည်။ GALLANT
Training Center မှ အင်္ဂလန်နိင်ငံ City &Guide Institute ၏ Approved Centerရယူပြီး
အင်ဂျင်နီယာဒီပလိုမာနှင့် အဆင့်မြင့် အင်ဂျင်နီယာဒီပလိုမာ(၁၅)မျိုး
သင်ကြားပို့ချပေးလျက်ရှိကာ City & Guide Institute ၏အင်ဂျင်နီယာဘာသာရပ်များကို
ပြည်တွင်း၌ အင်္ဂလန်နိင်ငံ၏ သင်ရိုးညွှန်းတမ်းအတိုင်း
သင်ကြားပေးလျက်ရှိကြောင်းသိရသည်။ အဓိကမေဂျာဘာသာရပ်များဖြစ်သော Mechanical and
Electrical (M&E), Mechanical Power (MP), Electronic (EC), Civil (Construction)
ဘာသာရပ်များ သင်ကြားနိင်မည်ဖြစ်ပြီးEngineering Double Diploma ဘာသာရပ်များ
သင်ကြားနိုင်မည်ဖြစ်ပြီး Engineering Double Diploma ဘာသာရပ်များကိုလည်း
ရွေးချယ်တက်ရောက်နိင်သည်။ စာမေးပွဲဖြေဆိုခြင်းကို နှစ်စဉ်ဇွန်လနှင့်
ဒီဇင်ဘာလများတွင် ကျင်းပပြီး သင်ကြားထားပြီးဘာသာရပ်အလိုက် (၆) လ တစ်ကြိမ်ခွဲပြီး
ဖြေဆိုခွင့်ရှိမည်ဖြစ်သည်။ City & Guide အင်ဂျင်နီယာ ဒီပလိုမာဘာသာရပ်များ၏
သင်ရိုးညွန်းတမ်းကို(၁)နှစ်သင်ကြားရပြီး၊ ကုန်ကျစရိတ်သက်သာစွာဖြင့် ပြည်တွင်း၌ပင်
အင်္ဂလန်နိုင်ငံ အသိအမှတ်ပြု အင်ဂျင်နီယာဒီပလိုမာ ရရှိနိင်မည့်
အခွင့်အရေးဖြစ်သည်။City & Guides အင်ဂျင်နီယာဒီပလို City &Guides Institute၏
အင်ဂျင်နီယာဘာသာရပ်များကို ပြည်တွင်း၌ အင်္ဂလန်နိုင်ငံ၏သင်ရိုးညွန်းတမ်းအတိုင်း
သင်ကြားမည့် ဘာသာရပ်များကို ဆယ်တန်းအောင်မြင်ပြီး အဆင့်ဖြင့်(နေ့/အဝေးသင်တက္ကသိုလ်မှ
ဘွဲ့တစ်ခုဖြင့် ယှဉ်တွဲတက်ရောက်နိုင်သကဲ့သို့ ဘွဲ့တစ်ခုရရှိပြီး
အင်ဂျင်နီယာလုပ်ငန်းခွင်သို့ ဝင်ရောက်လိုသူများလည်း တက်ရောက်နိင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အင်ဂျင်နီယာဘွဲ့(BE) နှင့် ဒီပလိုမာ (AGTI) ရရှိပြီးသူများမှ
အင်္ဂလန်နိုင်ငံ အသိအမှတ်ပြုအင်ဂျင်နီယာ လက်မှတ်ရယူလိုသူများအတွက် Advanced
Engineering Diploma ဘာသာရပ်ကို တက်ရောက်နိင်မည်ဖြစ်သည်။ Gallant သင်တန်းကျောင်း၏
၂၀၁၁ပထမ(၆)လ တန်းခွဲသစ်ကိုဇူလိုင်လ ၃၁ရက်အထိနောက် ဆုံးထားလက်ခံပေးမည်ဖြစ်ပြီး
အလုပ်ချိန်ပြင်ပ တက်ရောက်လိုသူများအတွက် နေ့တန်းခွဲများလည်း စီစဉ်ထားကြောင်း
သိရသည်။ GALLANT Training Center ဖုန်း -၅၃၂ ၄၂၀၊၀၉- ၇၃၀၂၆၇၀၊၅၃၉၄၀၃သို့
ဆက်သွယ်စုံစမ်းနိုင်သည်။
(9-8-2011)
Source: Internet Journal
University College Dublin, Ireland မှကျောင်းဖွင့်ချိန်ကာလကြောင်းရွေ့မည်
.
.
University College Dublin, Ireland မှကျောင်းဖွင့်ချိန်ကို
စက်တင်ဘာလမှ အောက်တိုဘာလသို့ ပြောင်းရွေ့သတ်မှတ်လိုက်ကြောင်းသိရသည်။
ပြောင်းရွေ့သတ်မှတ်လိုက်သော ဘာသာရပ်များ Bachelor of Science (Honors)
Finance, Marketing, Management နှင့် Logistics ဘာသာရပ်များဖြစ်သည်။
မြန်မာပြည်မှ ဘွဲ့ရပြီးသော IELT 6.5 ကျောင်းသားများသည် Master Program
ကိုတိုက်ရိုက်တက်ရောက်နိုင်သလို CAT Holders,ACCAlevel2 completion, LCCI
Diploma in Accounting, LCCI Diploma in Business Administration(3 rd
level), ABE Diploma in Business ကျောင်းသားများနှင့်
အင်္ဂလိပ်စာဘာသာရပ်ဖြင့် ဘွဲ့ရထားသူများသည် အင်္ဂလိပ်စာ
အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုရန်မလိုဘဲ
တိုက်ရိုက်တက်ရောက်နိုင်မည်ဖြစ်သည်။ ထိုကျောင်းတွင် Murdoch
University(Australia), National University of Ireland (UCD), University
of Bedfordshire (UK), Northeastern University (USA) နှင့် University of
ADELAIDE(Australia) များမှပေး အပ်သောဘွဲ့များကို ရယူနိင်မည်ဖြစ်သည်။
အသေးစိတ်ထပ်မံသိရှိလိုသူများ အနေဖြင့်Myanmar Search International (MSI)
ရုံးခန်း၊ ဖုန်း-၂၅၀ ၉၂၉၊ ၃၈၉ ၉၁၅သို့ဆက်သွယ်မေးမြန်းနိင်သည်။
(9-8-2011)
Source: Internet Journal
EF Brittan College
အတွက်September Intake စတင်လျှောက်ထားနိုင်
.
.
.
.
.
. 5
UK ရှိ ကောလိပ်များအနက် နှစ်ပေါင်း ၄၀ ကျော်သက်တမ်းရှိသော
ကောလိပ်များအနက် EF Brittan College တွင်တက်ရောက်လိုသူများ September
Intake ကိုစတင်လျှောက်ထားနိင်ပြီဖြစ်ကြောင်း သိရသည်။ EF Brittan Collegeသည်
UK တွင် Oxford, Cambridge, London, Manchester, Torque ဟူ၍ Campus
များစွာရှိရာ Oxford Campus တွင် A-level Programme နှင့်Academic English
Course ကိုလည်းကောင်း Cambridge Campus တွင် University Foundation Year,
Pre-Master, Pre-MBA Program ကိုလည်းကောင်း London Campus တွင် University
Foundation Year, Pre-Master, Pre-MBA, Diploma in Business & Management &
Academic English Programme ကိုလည်းကောင်းရွေးချယ်
တက်ရောက်နိုင်မည်ဖြစ်သည်။ University Foundation သို့လျှောက်ထားလိုသော
ကျောင်းသူ၊ ကျောင်းသားများသည် IELTS 5.0 ရှိထားရန်လိုအပ်ပြီး
Pre-Masterနှင့် Pre-MBA အတွက် ITLTS 5.5 ရှိထားရန် လိုအပ်ကြောင်းသိရသည်။
EF Brittan College သည်တစ်နှစ်လျှင် January ,April, September ဟူ၍
Intakeသုံးခုရှိရာ၊ ကျောင်းလျှောက်မည့် သူများအနေဖြင့် Intake မတိုင်မီ
သုံးလကြိုတင်၍ လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။ EF Brittan College
နှင့်ပတ်သက်၍ အသေးစိတ်အချက် အလက်ကို သိရှိလိုပါက KMD ၏ Overseas Studies
Counseling Service ဖုန်း၃၈၀ ၀၃၅ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
(9-8-2011)
Source:
Internet Journal
UK ရှိ Bellerys College တွင် Diploma in Business Management
တက်ရောက်လိုသူများအတွက်ရရှိနိုင်မည့် (Special Bursary).
ပညာသင်ထောက်ပံ့ကြေး
UK ၏ အထင်ကရမြို့များဖြစ်ကြသော Brighton, Cambridge, London နှင့်
Oxford မြို့များတွင်တည်ရှိသော Bellerbys College မှ Diploma
တက်ရောက်မည့် ထူးချွန်သည့် ကျောင်းသားများအတွက် Bursary ကို STUDY
ABROAD Information Centre မှ တဆင့် လျှောက်ထားနိုင်ပြီးဖြစ်ကြောင်း
သတင်းကောင်းပါးအပ်ပါသည်။ Bellerbys College တွင် International
ကျောင်းသားများအတွက် British University System နှင့်
လိုက်လျောညီထွေစွာ ပညာသင်ကြားနိုင်ရန် အထူးစီမံ
ဆောင်ရွက်ပေးလျက်ရှိပါသည်။ သို့ဖြစ်ရာ Bellerbys ၏ Diploma
တက်ရောက်ပြီးပါက UK ရှိ Ranking မြင့်မားပြီး၊ နာမည်ကျော်ကြားသည့်
University ကြီးများ၏ Year(2) သို့တိုက်ရိုက်တက်ရောက်ခွင့်
ရမည်ဖြစ်ပါသည်။ ဘာသာရပ်များအနေဖြင့် Business and Management,
Organizational Behavior, Finance & Accounting, Economics, Marketing
,English ဘာသာရပ်များ အပါအဝင် University learning/ Study skills
များသာမက Degree first year နှင့်ညီမျှသည့် Courses
များပါသင်ယူနိုင်မည်ဖြစ်ပါသည်။ ဝင်ခွင့်လိုအပ်ချက်များ၊ အနေဖြင့်
တက္ကသိုလ်ပထမနှစ်အောင်မြင်ပြီး ဒုတိယနှစ်သို့ တက်ရောက်နေသူ ကျောင်းသူ၊
ကျောင်းသားများ လျှောက်ထားနိုင်ပြီး IELTS 5.5 (သို့မဟုတ်) TOFFEL
(513) ရရှိရန်လိုအပ်ပါသည်။ 3 terms တက်ရောက်ရမည်ဖြစ်ပြီး Bursary
အနေဖြင့် term(1) ခုလျှင် 1650 နှုန်းဖြင့် term(3) ခုစာ 4950
ရရှိမည်ဖြစ်ပါသည်။ Diploma ပြီးဆုံးပါက Anglia Ruskin University,
Aston University (New), University of Brighton, Kingston University,
Lancaster University, University of Leeds, Oxford Brookes University
of Sussex စသည့် UK ၏ Universities များစွာသို့ အလွယ်တကူ
တက်ရောက်နိုင်မည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အနေဖြင့် January 2012
Intake အတွက် STUDY Information Centre တွင်လျှောက်ထား၍ Bursary
ရယူနိုင်ပြီးဖြစ်ပါသည်။ Information အသေးစိတ် သိလိုသည်များရှိပါက STUDY
ABROAD Information Centre အမှတ်(290)အေ၊ ပထမထပ်၊ ပြည်လမ်း၊
(ဒဂုံစင်တာနှင့် မဟာမြိုင်ဆေးခန်းကြား)၊ မြေနီကုန်း။ ဖုန်း-524126,
095151008 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီဖြစ်ကြောင်း
သိရှိရပါသည်။
(12-8-2011)
Source: Internet Journal
Diploma in Electrical & Electronics Engineering (DEEE) နှင့် Diploma in
Mechanical Engineering Design (DMED) ကို
.
တရားဝင်စတင်သင်ကြားခြင်း
.
.
.
.
. 5
PSB Academy တွင် ဘာသာရပ်အသစ်ဖြစ်သော
Engineering Diploma Programs နှစ်ခုကို လာမည့် (အောက်တိုဘာလ၊ ၂၀၁၁ ခုနှစ်)
ကျောင်းဖွင့်ရက်တွင် စတင်သင်ကြားမည်ဖြစ်ကြောင်း Myanmar Search
International (MSI) ပညာရေးဝန်ဆောင်မှု၏ Managing Director ဒေါ်စုစုလှိုင်ထံမှ
သိရှိရပါသည်။ Diploma in Electrical & Electronics Engineering (DEEE) and
Diploma in Mechanical Engineering Design (DMED) ၏ သင်ကြားမည့်
ဘာသာရပ်များမှာ အင်ဂျင်နီယာနှင့် ပတ်သက်ဆက်စပ်နေသော Electronics Elements,
Telecommunication , Data & Network Communication, Sustainable
Technologies, Engineering Economics, Machine and Material Selection and
Design နှင့် Mechanical Engineering Design Automation စသောနယ်ပယ်များတွင်
ပိုမိုနားလည်သိရှိစေရန်အတွက် သင်ကြားနေသော ဘာသာရပ်များကို ယခင် (၁၆) ဘာသာမှ
ယခုအခါ (၂၂) ဘာသာအထိ တိုးမြှင့်လိုက်သည်။ ထိုသို့ တိုးမြှင့်ရာတွင် ၎င်း
Diploma နှစ်ခုအတွက် Analysis ထက် Design ပိုင်းဆိုင်ရာဘာသာရပ်ကိုပိုပြီး
အလေးထား သင်ကြားပေးမှာ ဖြစ်ကြောင်း ၊ ထိုသို့ Design ပိုင်းကို
အလေးပေးသင်ကြားပေးသောကြောင့် သာမာန် Technician အဆင့်သာမက Product
အသစ်များကို ကျွမ်းကျင်တတ်မြောက် လာအောင် တီထွင်ဖန်တီးနိုင်မှာဖြစ်ကြောင်း
များသောအားဖြင့်အချို့ Engineering ဘာသာရပ်ကို သင်ကြားနေသော ကျောင်းများသည်
Analysis တစ်ခုတည်းကိုသာ ဦးစားပေးပြီး အသက်မွေးဝမ်းကျောင်း ဆိုင်ရာ
လုပ်ငန်းခွင်နယ်ပယ်အတွက် သင်ကြားနေကြကြောင်း PSB Academy မှဒီပလိုမာဘာသာရပ်
နှစ်ခုသည် အသက်မွေးဝမ်းကျောင်း ဆိုင်ရာတစ်ခုတည်းအတွက်သာမဟုတ်ဘဲ
တက္ကသိုလ်ကြီးများသို့ ဆက်လက်၍ ပညာသင်ကြားချင်သော ကျောင်းသားများ အတွက်ပါ
အကျိုးသက်ရောက်မှာဖြစ်ကြောင်း “2 in 1 System” ကို မြန်မာနိုင်ငံမှ
အပါအဝင်နိုင်ငံတကာ ကျောင်းသားများ အကျိုးခံစားခွင့် ရရှိနိုင်ရန်အတွက်
ရည်ရွယ်ကြောင်း ဒေါ်စုစုလှိုင်မှ ဆက်လက်ပြောကြားသွားသည်။
ထို့အပြင် ၎င်းဘာသာရပ်နှစ်ခုတွင် ပါဝင်သော
ဘာသာရပ် တစ်ခုချင်းစီအတွက် Practical အချိန်ပိုင်း သတ်မှတ်ချိန်မှာ -
အနည်းဆုံး (၉) နာရီဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ကျောင်းသားများ
Theory နှင့် Practical တို့အတွက် စေ့စေ့စပ်စပ်ထိထိမိမိ
သင်ကြားနိုင်မှာဖြစ်သည်။ အထူးသဖြင့် Mathematics နဲ့ Physics
ဘာသာရပ်ပိုင်းအားနည်းပြီး အခက်အခဲရှိနေသော ကျောင်းသူ၊ ကျောင်းသားများအတွက်
စာလိုက်နိုင်အောင်၊ ပိုမိုထူးချွန်လာအောင် သင်ကြားပုံ နည်းစနစ်များကို
ပုံစံပြောင်းပြီး အဆင်မြင့်ပြင်ဆင် ထားသောနည်းစနစ်ဖြစ်သည်။ ဘာသာရပ်(၂၂)
ဘာသာအား (၂၂) လနှင့် အထက်သင်ကြားပေးမည်ဖြစ်ပြီး တစ်ဘာသာကို ပျမ်းမျှတစ်လကြာ
သင်ကြားရမည်ဖြစ်သည့်အပြင် စာသင်ချိန်နာရီပေါင်း (၁၃ဝဝ) ပါဝင်မည်။
သင်တန်းကြေးမှာ - စင်ကာပူဒေါ်လာ (၂၁၄၀၀) ဖြစ်သည်။ PSB Academy နှင့်
ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက MSI ပညာရေးဝန်ဆောင်မှုရုံးခန်း၏ ဖုန်း -
၀၁-၂၅၀၉၂၉၊ ၀၁-၃၈၉၉၁၅၊ ၀၉-၅၁၀၃၉၁၅ နှင့် myanmarsearchinternational@gmail.com
သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
(16-8-2011)
Source: Ko Lin (Myanmar Training)
|