|
News
» International News
သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်များသို့ တိုက်ရိုက်တက်ရောက်နိုင်သော
Australian Degree Transfer Program
.
ကုန်ကျစရိတ် သက်သာစွာဖြင့် သြစတြေးလျနိုင်ငံသို့ ကူးပြောင်း
တက်ရောက်နိုင်သော ဘာသာရပ်အား INTI University တွင် တက်ရောက်နိုင်ပြီ ဖြစ်သည်။
စီပွားရေးဘာသာရပ်များအား စိတ်ပါဝင်စားသူများအနေဖြင့် ADTP (Commerce) အား
ရွေးချယ်တက်ရောက်နိုင်ပြီး စာသင်နှစ်မှာ တစ်နှစ်မှတစ်နှစ် ခွဲကြာမြင့်မည်ဖြစ်ကာ
သြစတြေးလျနှင့် နယူဇီလန်နိုင်ငံများသို့ သွားရောက်လိုသူများအတွက်
ပိုမိုသင့်တော်ကြောင်း သိရသည်။ သြစတြေးလျနိုင်ငံရှိ နာမည်ကြီး တက္ကသိုလ်ဖြစ်သည့်
Australia National University နှင့် နယူးဇီလန်နိုင်ငံမှ Auckland University of
Technology အပြင်အခြား တက္ကသိုလ်ကြီးများသို့ ပြောင်းရွေ့ တက်ရောက်နိုင်ကြောင်း
သိရသည်။ ADTP (Science) ဘာသာရပ်အတွက် စာသင်နှစ်(၂)နှစ်အား မလေးရှားနိုင်ငံ INTI
University တွင် တက်ရောက်ကာ သြစတြေးလျ၊ နယူးဇီလန်၊ UK တို့တွင် Biomedical Science၊
Biotechnology၊ Environmental Science၊ Biochemistry စသည် တို့အပြင်အခြား
Scienceနှင့် ပတ်သက်သော ဘာသာရပ်များအားလည်း ကူးပြောင်း တက်ရောက်နိုင်ကြောင်း
သိရှိရသည်။ ကျောင်းစရိတ်အနေဖြင့်(၂)နှစ်ကို သိန်း၁၅၀ခန့် ကုန်ကျနိုင်ကာ
တစ်နှစ်လျှင် သုံးရစ်ဖြင့် ကိုးကြိမ်ခွဲသွင်းနိုင်ကြောင်း သိရှိရသည်။ အဆိုပါ
ကျောင်းများနှင့်ပတ်သက်၍ OSM မှ တာဝန်ရှိသူတစ်ဦးမှ “January 2012 Intake အတွက်
ကျောင်းအပ် လက်ခံနေပြီဖြစ်ကြောင်း၊ ကျောင်းသွားတက်မယ့်ကျောင်းသားတွေက ကိုယ်တက်မယ့်
Intake နှင့် အနည်းဆုံး နှစ်လ၊ နှစ်လခွဲလောက် ကြိုတင် ပြင်ဆင်ထားမှ
အဆင်ပြေနိုင်ကြောင်း၊ ဒီ Australian Degree Transfer Program ရဲ့
အကျိုးကျေးဇူးတွေကတော့ ကျောင်းသားတွေဟာ INTI University မှာ တက်တဲ့အတွက်
ကျောင်းစရိတ်၊ နေထိုင်စရိတ် သက်သာမယ်၊ ပြီးရင်ကိုယ်သွားချင်တဲ့နိုင်ငံကို Transfer
လုပ်တဲ့အခါ ပိုပြီးအဆင်ပြေတယ်၊ ကျောင်းသားတွေ အတွက်လည်း Student Life
အပြည့်အဝရရှိနိုင်ပါတယ်”ဟုဆိုသည်။ အထက်ပါ Program နှင့်ပတ်သက်၍ အသေးစိတ်
သိရှိလိုပါက OSM Centre မြေနီကုန်းပလာဇာ၊ ဂမုန်းပွင့် နှင့်ဒဂုံစင်တာကြား၊ဖုန်း
၀၉-၇၃၁၄၇၃၇၉၊၀၁-၅၂၅၉၇၁ နှင့် e-mail osm@united-engineering. net
သို့ဆက်သွယ်နိုင်သည်။
(31-8-2011)
Source: itizen Journal
UK မှချီးမြှင့်သည့် MBA
ဘွဲ့ကိုအခမဲ့အင်္ဂလိပ်စာတန်းနှင့်တွဲဖက်တက်ရောက်နိုင်
.
၂၀၁၁ခုနှစ်၊
အောက်တိုဘာလတွင် စင်ကာပူနိုင်ငံရှိ United World School of Business (UWSB)
တွင်ဖွင့်လှစ်မည် MBA နှင့်စီးပွားရေး ဘွဲ့လွန် ဒီပလိုမာ
တက်ရောက်သူများအတွက် အခမဲ့ အင်္ဂလိပ်စာတန်းကို တပြိုင်နက်တွဲလျက်
တက်ရောက်နိုင်ကြောင်း သိရသည်။ MBA နှင့်စီးပွားရေး ဘွဲ့လွန် ဒီပလိုမာ
တက်ရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ ဘွဲ့တစ်ခုခုရရှိထားလျှင်ဖြစ်စေ၊
နိုင်ငံတကာ အသိအမှတ်ပြု
ဒီပလိုမာနှင့်လုပ်ငန်းအတွေ့အကြုံနှစ်ခုရှိထားလျှင်ဖြစ်စေ
လျှောက်ထားနိုင်ကြောင်း သိရသည်။ အင်္ဂလိပ်စာ လိုအပ်ချက်အနေနှင့် IELTS
6.5 ရရှိထားရန်လိုအပ်ပြီး IELTS အမှတ်မရှိသူများအတွက် UWSB ၏ အင်္ဂလိပ်စာ
စာမေးပွဲလို Tip Top International Education Service Provider တွင်
ဖြေဆိုရမည်ဖြစ်ပြီး ရမှတ်အပေါ် မူတည်က လိုအပ်ပါက UWSB ၏ အင်္ဂလိပ်စာ
သင်တန်းသို့ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ MBA ဘွဲ့အတွက် သင်တန်းကာလ
တစ်နှစ်နှင့် ဘွဲ့လွန် ဒီပလိုမာအတွက် ၉လ တက်ရောက်ရမည်ဖြစ်ပြီး၊
ဘွဲ့လွန်ဒီပလိုမာ ရရှိပြီးသူများ ၃လ ဆက်တက်ရောက်လျှင် University of
Bolton မှချီးမြှင့်သော MBA ဘွဲ့ကိုရရှိမည်ဖြစ်သည်။ အသေးစိတ်
အချက်အလက်ကို သိရှိလိုပါက Tip Top International Education Service
Provider ဖုန်း ၀၉-၉၁၀-၀၁၈၁၈ သို့ဆက်သွယ် မေးမြန်းစုံစမ်းနိုင်သည်။
(31-8-2011)
Source: (Internet Journal)
စင်ကာပူနိုင်ငံ SAA
မှ ACCA ပညာသင်ဆုလျှောက်ထားနိုင်.
.
.
.
.
.
. 5
စင်ကာပူနိုင်ငံလုံးဆိုင်ရာ လတ်မှတ်ရ ပြည်သူ့စာရင်းကိုင် အဖွဲ့အစည်း
(Institute of Certified Public Accountants of Singapore –ICPAS)
မှဖွင့်လှစ်ထားသော Singapore Accountancy Academy Global Education
(SAA-GE) ကျောင်းမှ ACCA Course အတွက ပညာသင်ဆုကို
လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ပညာသင်ဆုမှာ Full Scholarship
ဖြစ်ပြီး ၂၀၁၂ခုနှစ် ဇန်နဝါရီလ စာသင် နှစ်အတွက်
ပေးအပ်မည်ဖြစ်သည်။ထိုပညာသင်ဆုမှာ LCCI Level 3
ပြီးသောကျောင်းသားကျောင်းသူများနှင့် ACCA
ဘာသာရပ်ကိုသင်ကြားလိုသူများအတွက်ဖြစ်ပြီး Textbook များ၊ ကျောင်းလခ၊ပြန်လည်
သင်ယူရန် လိုအပ်သည့် ဘာသာရပ် ကြေးသွင်းငွေများစသည့် ကုန်ကျစရိတ်များကို
ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။ စက်တင်ဘာလ နောက်ဆုံးထား၍
လျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ် သိရှိလိုသူများအနေဖြင့် Smart Resources
ဖုန်း-၃၇၄ ၇၄၇၊ ၃၇၄ ၇၄၈ နှင့် AT&S Co,Ltd ဖုန်း-၆၅၂ ၂၈၈၊ ၅၂၁ ၁၂၅ များသို့
ဆက်သွယ် မေးမြန်းစုံစမ်းနိုင်သည်။
(31-8-2011)
Source: (Internet Journal)
စင်ကာပူနိုင်ငံရှိ Dimension International College မှ ULEC နှင့်
ပူးပေါင်း၍ ကျောင်းဝင်ခွင့်နှင့် လိုအပ်ချက်များ
..
အကြောင်း ဆွေးနွေးပေးမည်
.
Singapore နိုင်ငံမှ Dimension International College အား
အခြေခံအားဖြင့် မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ
တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း Unique Life Education Centre မှ
ထုတ်ဖော် ပြောကြားခဲ့သည်။ အဆိုပါ College သည် Singapore နိုင်ငံတွင်
Campus ပေါင်း (၃) ခုဖွင့်ထားပြီး နိုင်ငံတကာ အဆင့်မြင့် ပညာရပ်များကို
သင်ကြား ပို့ချလျက်ရှိသည်။ Main Campus အဖြစ် Lowland Road
တွင်တည်ရှိပြီး Bukit Timah Campus နှင့် Orchard Campus တို့ကို
ဖွင့်လှစ်ထားသည်။ Dimension International College တွင် တက္ကသိုလ်
ဝင်တန်းအောင် ကျောင်းသားများ အနေနှင့် Ministry of Education,
Singapore & University of Cambridge International Examinational, GCE
‘A’ Level ကိုစတင် တက်ရောက်နိုင်သည်။ Diploma ဘာသာရပ်များကို
လေ့လာလိုသူများ အတွက် (6)လကြာမြင့်သော Diploma in Business ကို
Dimension International College တွင် တက်ရောက်ပြီး Advanced Diploma
(Business Management, Business & Finance) ဘာသာရပ် ကို ရွေးချယ်
တက်ရောက်နိုင်သော BA (Hons) ဘွဲ့များ အဖြစ် University of
Gloucestershire မှ ချီးမြှင့်သော Business & Management ဘွဲ့နှင့်
University of Hertfordshire မှ Business Administration
ဘွဲ့များကိုရယူနိုင်ပါသည်။ အဆိုပါ စီးပွားရေး ပညာရပ်ဆိုင်ရာ
ဘွဲ့များကို ချီးမြှင့်သည့် University of Gloucestershire နှင့်
University of Hertfordshire မှာ UK ရှိ A ထင်ကရ တက္ကသိုလ်ကြီးများ
ဖြစ်ပြီး “Time Teaching Quality Ranking” အဖွဲ့ကဲ့သို့သော အဖွဲ့များ၏
အကောင်းဆုံး တက္ကသိုလ်များ ရွေးချယ်သတ်မှတ်မှု စာရင်းများထဲတွင်
ပါဝင်ခဲ့သော တက္ကသိုလ်များလည်း ဖြစ်သည်။
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများကို ဝါသနာပါ လေ့လာလိုသူများ
အတွက် University of Gloucestershire မှချီုးမြှင့်သော (Hons) in
Hospitality Industry Management ဘာသာရပ်ကို Dimension International
College တွင် တက်ရောက်နိုင်ပါသည်။ ထို့အပြင် MBA ဘွဲ့ဖြင့် အသက်မွေး
ဝမ်းကြောင်း ပြုလိုသူများ အတွက် University of Wisconsin မှ
ချီးမြှင့်သော MBA ဘွဲ့ကိုလည်း တက်ရောက်နိုင်ပါသည်။ အဆိုပါကျောင်းမှ
ကျောင်းဝင်ခွင့်များ၊ ပညာရေးလမ်းကြောင်းနှင့် ဘာသာရပ် ဆွေးနွေးမှုများ၊
ခန့်မှန်းကုန်ကျစရိတ် တွက်ချက်ပေးမှုများ နှင့်
ကျောင်းလျှောက်ထားခြင်းဆိုင်ရာ အသေးစိတ် ကိစ္စရပ်များ အတွက် ယခုလမည့်
စက်တင်ဘာလ (၉)ရက်နေ့(သောကြာနေ့)၊ နေ့လည်(၂)နာရီမှ ညနေ(၄) နာရီထိ ULEC
ရုံးတွင် Dimension International College မှ တာဝန်ရှိသူကိုယ်တိုင်
Unique Life Education Centre နှင့် ပူးပေါင်း၍ ဆွေးနွေး အကြံပြုပေးမည်
ဖြစ်သောကြောင့် အဆိုပါ ကျောင်းကို စိတ်ဝင်စားသူကျောင်းသားနှင့်
ကျောင်းသားမိဘများ ဆွေးနွေးလေ့လာရန် Unique Life Education Centre (ULEC)
မှ ဖိတ်ခေါ်ထားလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ ပညာရေးဆွေးနွေးပွဲသို့
တက်ရောက်လိုသူများ အနေနှင့် ဖုန်းနံပါတ် 01-542691 နှင့်
09-5135115သို့ စာရင်း ပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။
Singaporeနိုင်ငံရှိ ကျောင်းများသို့ ကျောင်းတက်ရောက်နိုင်ရန်
ဝန်ဆောင်မှု ပေးလျက်ရှိသော Unique Life Education Centre သည်
နိုင်ငံခြားသို့ ကျောင်းတက်ရောက်နိုင်ရန် အခမဲ့ ဝန်ဆောင်မှု
ပေးခြင်းသာမက ပြည်တွင်းမှာပင် Diploma in Marketing (LCCI),
Pre-university @ ULEC, MBA Foundation,နှင့် အင်္ဂလိပ်စာကို အခြေခံမှစ၍
တစ်ဆင့်ပြီး တစ်ဆင့် လေ့လာလိုသူများ အတွက်လည်း General English, IELTS
စသော အတန်းများကို အဆိုပါ စင်တာတည်ရှိရာ No.(97) D
ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ တွင်ဖွင့်လှစ်
သင်ကြားပို့ချလျက်ရှိသည်။
(2-9-2011)
Source: Ko Lin (Myanmar Training)
နိုင်ငံတကာအသိအမှတ်ပြုဒီပလိုမာ- လုပ်သက် - လစာတပြိုင်တည်းရမည့်
မလေးရှားဝန်ကြီးချုပ်၏ အထူးအစီအစဉ်...
.
.
.
.
. 5
မလေးရှားဝန်ကြီးချုပ်၏ တာဝန်ပေးချက်အရ၊
မလေးရှား အဆင့်မြင့် ပညာရေးဝန်ကြီးဌာန၊ မလေးရှား လူ့စွမ်းအား အရင်းအမြစ်
ဝန်ကြီးဌာန၊ မလေးရှား ခရီးသွားလာရေး ဝန်ကြီးဌာန တို့နှင့်အတူ
သက်တမ်း(၂၅)နှစ်ရှိ ပုဂ္ဂလိက တက္ကသိုလ်ကြီး UCSI University တို့
ပူးပေါင်းပြီး Diploma in Hotel Management (A Work- Based Learning
Approach) သင်တန်း ကိုဖွင့်လှစ်လိုက်ပါပြီ။ သာမန်စာ သင်ကြားသည့်
ပုံစံမျိုးမဟုတ်ဘဲ ကျောင်းစတက်သည့်နေ့သည် အလုပ်စတင် လုပ်သည့်နေ့ ဖြစ်သည်။
ကြယ်(၅)ပွင့် ဟိုတယ်ဝန်ထမ်း ဖြစ်ပါသည်။ အလုပ်လုပ်နေစဉ် တရားဝင် လစဉ်
ခံစားငွေကိုလည်း အလုပ်ဆင်းနေသည့် ဟိုတယ်မှ ပေးပါသည်။ လစဉ် မလေးရှား ရင်းဂစ်
(၅၅၀) ရပြီး ဟိုတယ် ထုံးစံအတိုင်း ပွိုင့်စနစ်ဖြင့် ဝန်ဆောင်ခပါ
ထပ်ဆောင်းရပါသည်။ ယူနီဖောင်းနှင့် အလုပ်ချိန်တွင်း ဝန်ထမ်း စားနပ်ရိက္ခာ
ခံစားခွင့်များလည်း ရပါသည်။ နေရာမှာ UCSI တက္ကသိုလ် အဆောင်များတွင်
ဖြစ်ပါသည်။ အလုပ်ကို ကြယ်(၅)ပွင့်အဆင့်ရှိ UCSI ပိုင်ဟိုတယ်များ၊ UCSI
နှင့် သဘောတူ စာချုပ် ချုပ်ဆိုထားသော နိုင်ငံတကာ ကြယ်(၅)ပွင့်
ဟိုတယ်များတွင် အလုပ်လည်း လုပ်ရင်း စာကိုပါ တပြိုင်တည်း သင်ရပါသည်။
ဆရာမများမှာ ပါရဂူ၊ မဟာဘွဲ့ရများနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၏ ဝါရင့်
အတွေ့အကြုံ မြောက်များစွာ ရှိသူများဖြစ်ပြီး သင်တန်း ဟိုတယ်၏
မန်နေဂျာများလည်း ဖြစ်ပါသည်။ ထို့ကြောင့် ၂နှစ်ခွဲကြာသောအခါ UCSI ဟိုတယ်
စီမံခန့်ခွဲမှု ဒီပလိုမာ၊ တရားဝင် လုပ်သက်၂နှစ်ခွဲ ရရှိပြီး ဖြစ်သည့်အပြင်
မလေးရှား ဝန်ကြီးချုပ်ရုံးမှ အသိအမှတ်ပြုလွှာ ကိုရရှိပါသည်။ ထို့ပြင်
ရာနှုန်းပြည့် အလုပ် အာမခံချက်ပေးသော ဒီပလိုမာ ဖြစ်ပါသည်။ နိုင်ငံတကာ
ဟိုတယ်မျာ၏ General Manager များ၏ ထောက်ခံချက် အပြည့်ရရှိထားသော
သင်တန်းဖြစ်ပြီး၊ သာမန်ဒီပလိုမာ သင်တန်းဆင်းများနှင့်မတူဘဲ၊ ပညာအရည်အသွေး
မြင့်မားမှုနှင့် လုပ်သက် အတွေ့အကြုံ (၂နှစ်ခွဲ) ရှိခြင်းတို့ကြောင့်
Supervisor ရာထူးတန်းရပါသည်။ ပထမနှစ်တွင် Food & Beverage, H/K နှင့် Front
Office ဘာသာရပ်များနှင့် ဘာသာရပ်များ ကို ဟိုတယ်ဝန်ထမ်း တယောက်အနေဖြင့်
လက်တွေ့လုပ်ကိုင်ရသလို၊ ကျောင်းသား အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အနေနှင့်လည်း
စာတွေ့သင်ကြား ရပါသည်။ နောက်ဆုံး ဆင်မစ်စတာတွင် လက်တွေ့ ပရောချက်တခု
လုပ်ရပါသည်။ အခြားသော Diploma in Hotel Management သင်တန်းများ၏
ကျောင်းလခထက်(၃၀%)သက်သာပြီး လုပ်ငန်းခွင် ဝင်သောအခါ လစာမှာ (၃၀%မှ၄၀%)
ပိုမိုရရှိပါသည်။ အထူးသင်တန်း ဟိုတယ်များဖြစ်သောကြောင့် သင်တန်း
အရေအတွက်လည်း ကန့်သတ်ထားသဖြင့် စက်တင်ဘာ တန်းခွဲအတွက် အမြန်
စာရင်းသွင်းရန်လိုပါသည်။ အသေးစိတ်ကို …..UCSI တက္ကသိုလ်၏ တရားဝင်
ကိုယ်စားလှယ် JEN GROUP OF EDUCATE SERVICES အမှတ်(၄၅၉-ဘီ) အခန်း(၃-ဒီ)၊
တက္ကသိုလ် ရိပ်သာလမ်းသစ်၊ ဗဟန်း၊ ရန်ကုန်။ ဖုန်း။ ၀၉-၅၀၆၂၈၉၁ သို့
ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါသည်။
(2-9-2011)
Source:
Ko Lin (Myanmar Training)
|