|
News
» International News
Diploma in Economics ဘာသာရပ်အား အင်္ဂလိပ်စာနှင့် တွဲဖက် တက်ရောက်နိုင်.
Singapore Institute of Management (SIM) ၏ Partner University
တစ်ခုဖြစ်သော University of London မှ ချီးမြှင့်သည့် Diploma in Economics
ဘာသာရပ်အား IELTS Band နည်း သူများအတွက် Skype Interview ဖြေဆို၍
အင်္ဂလိပ်စာနှင့်တွဲ၍ တက်ရောက်နိုင်ကြောင်း သိရသည်။ IELTS Band 4.5 ရှိသ ကျောင်းသူ
ကျောင်းသားများ အနေနှင့် ၂ဝ၁၁ စက်တင်ဘာ ၁ရက်မှ နိုဝင်ဘာ ၁ရက် အတွင်း လျှောက်ထားပြီး
Skype Interview ဖြေဆိုရမည် ဖြစ်သည်။ Academic ဝင်ခွင့် လိုအပ်ချက်များကို
ကျောင်းဘက်မှ ဆုံးဖြတ် ပေးသွားမည်ဖြစ်ပြီး Skype Interview အောင်မြင်ပြီးသူများ
Offer ရရှိပြီးပါက Certificate in English language (CEL) 4 အား၃လ (CEL) 5 အား ၃လ
စုစုပေါင်း ၆လ တက်ရောက် ရမည် ဖြစ်သည်။ CEL Course အောင်မြင်ပြီးပါက Diploma in
Economics ဘာသာရပ်အား ၂ဝ၁၂ ခုနှစ်သြဂုတ်လ မှ စတင် တက်ရောက်နိုင်မည် ဖြစ်သည်။ IELTS
Band 5 ရှိသူများ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက် မတိုင်မီခင် လျှောက်ထားနိုင်ပြီး CEL
5 ကို ၂ဝ၁၂ ဧပြီလမှ တက်ရောက်ကာ DE Course သို့ ဆက်တက်ရမည် ဖြစ်သည်။ Diploma in
Economics Course မှာ တစ်နှစ် တက်ရောက်ရမည် ဖြစ်ပြီး၊ Diploma ပြီးပါက University of
London မှပေးမည့် Bachelor of Science (Hons)ဘွဲ့ Degree ကို Accounting & Finance,
Banking & Finance, Economic & Finance, Economics & management, Information
System & Management အစရှိသည့် ဘာသာရပ်များကို
ရွေးချယ် တက်ရောက်နိုင်မည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များ သိရှိလိုပါက Study ABROAD
Information Centre ဖုန်း ၅၂၄ ၁၂၆ တွင် ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
(15-9-2011)
Source: Internet Journal
Kaplan Higher Education Academy မှတစ်ဆင့် US ရှိ
တက္ကသိုလ်များသို့ ဒုတိယနှစ်မှ စတင် ပညာသင်ကြားနိုင်
..
စင်ကာပူနိုင်ငံမှတဆင့်
အမေရိကန်နိုင်ငံရှိ တက္ကသိုလ်ကြီးများ သို့ သွားရောက် ပညာသင်ကြားလိုသော
ကျောင်းသား ကျောင်းသူများ အနေဖြင့် Kaplan ၏ Diploma in General
Studies (US Pathway Program) ဘာသာရပ်အား စင်ကာပူနိုင်ငံ ၌ (၇) လ
တက်ရောက်ပြီး အမေရိကန် နိုင်ငံရှိ Bayor University, Marist,
Northeaster University, Stevens Institute of Technology (The
Innovation University), The University of UTAH, The University of
Vermont စသည့် တက္ကသိုလ်များ၏ ဒီဂရီတန်း ဒုတိယနှစ်သို့ စတင်
တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ “ဒီ Diploma in General Studies
Program က USA မှာ ပညာသင်ကြားလိုတဲ့ ကျောင်းသူ ကျောင်းသားများကို
ရည်ရွယ်ထားပါ။ USA Visa လျှောက်ထားဖို့ခက်ခဲ သူတွေအတွက်လည်း Direct
Transfer ပြောင်းနိုင်ပါတယ်။ မော်ဂျူး ၁ဝခုကို ၇လ တက်ရမှာဖြစ်သလို
မော်ဂျူး ၂၄ခုမှာ မိမိကြိုက်ရာကို ရွေးချယ်လို့ရပါတယ်”ဟု Study Aboard
Education Centre မှ ပြောသည်။ “၂၀၁၁ ခုနှစ် အောက်တိုဘာ
ကျောင်းခေါ်ချိန်အတွက် ကျောင်းလျှောက်လွှာ များကို လက်ခံနေပါပြီ။
ဝင်ရောက်လိုသော ကျောင်းသ ကျောင်းသားတွေအတွက် Year(12) သို့ GCE’A’
Level နှင့် ညီမျှသော ပညာရေး မှတ်တမ်း ရှိရမည် ဖြစ်ပါတယ်။ ဒီပညာရေး
မှတ်တမ်းနဲ့အတူ IELTS 5.5/ TOEFL IBTရမှတ် (65-78) ရရှိထားရန်
လိုအပ်ပါတယ်” AT&S မှ ပြောသည်။ အသေးစိတ် အချက်အလက် များကို AT & S
Co.,Ltd ဖုန်း ၆၅၂ ၂၈၈၊ ၅၂၁ ၁၂၅ နှင့် Study ABROAD Information Centre
ဖုန်း ၅၂၄ ၁၂၆ တို့တွင် ဆက်သွယ် မေးမြန်းနိုင်သည်။
(15-9-2011)
Source: (Internet Journal)
နိုင်ငံတကာ
အသိအမှတ်ပြု UK မှ တိုက်ရိုက်ချီးမြှင့်သည့် Network ၊ System ၊ Customer
Supports ဆိုင်ရာ IT Diploma သင်တန်း.
အပတ်စဉ် (3/2011) Ocean Gate Training Centre တွင်ဖွင့်လှစ်မည်.
.
.
.
.
.
. 5
စရိတ်စက သက်သာစွာဖြင့် အချိန်တို (၆)လမှ (၈)လအတွင်းတွင်၊ UK မှ
တိုက်ရိုက် ချီးမြှင့်ပြီး နိုင်ငံတကာက လက်ခံ အသိအမှတ် ပြုထားသော City &
Guilds Diploma in IT Systems Support သင်တန်းများကို စက်တင်ဘာလ အကုန်တွင်
Ocean Gate သင်တန်းကျောင်း ၌ ဖွင့်လှစ်မည် ဖြစ်ပါသည်။
၎င်းသင်တန်းတွင် Foundation Module (၂)ခုနှင့် Core Module (၄)ခုကို
အသေးစိတ် သင်ကြားပေးမည် ဖြစ်သည်။ နိုင်ငံတကာ ကျောင်းများတွင် ခေတ်စားနေသော
“သင်ရိုး စာအုပ်သာမက လက်တွေ့ ဆန်ဆန်သင်ယူမှု ပုံစံအသစ်” (New Methodology of
Learning beyond textbook boundaries and linked with real world) ဖြင့်
လုပ်ငန်းခွင်ထဲမှ ဆရာများက သင်ကြားပေးကြမည် ဖြစ်ပါသည်။ ကျောင်းသားအား
ဗဟိုပြုသော (Student Oriented) သင်ကြားမှု ပုံစံဖြင့် သင်ကြားခြင်းကြောင့်
ကျောင်းသား အများဆုံး(၁၂)ဦးသာ လက်ခံ သင်ကြားပေးမည် ဖြစ်ပါသည်။
City & Guilds syllabus များသည် Theory နှင့် Knowledge ကို အခြေခံပြီး
Practical ကို တတ်ကျွမ်းစေရန် ရေးဆွဲထားသဖြင့် ကျောင်းသားများသည်
သင်တန်းပြီးဆုံး အောင်မြင်သောအခါတွင် စာတွေ့လက်တွေ့ သေချာစွာ ပိုင်နိုင်
ကျွမ်းကျင်သွားကြမည် ဖြစ်ပါသည်။ စာမေးပွဲ ဖြေဆိုရာတွင်လည်း Theory ၊
Practical နှစ်ခုစလုံးကို ဖြေဆိုရသောကြောင့် တတ်မြောက်ထားမှုအတွက်
မိမိကိုယ်ကိုမိမိ ယုံကြည်မှု ရရှိစေမည် ဖြစ်ပါသည်။ အနိမ့်ဆုံး ပညာအရည်အချင်း
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားပြီးသူများ တက်ရောက်နိုင်ပြီး၊ ဒီပလိုမာနှင့်
ဒီဂရီရရှိပြီးသူများသည်လည်း Skills Upgrade အတွက် တက်ရောက်နိုင်ပါသည်။
လုပ်ငန်း အတွေ့အကြုံ ရှိသူများအနေနှင့် External Candidate အဖြစ်
မှတ်ပုံတင်ပြီး စာမေးပွဲများကို တိုက်ရိုက် ဖြေဆိုနိုင်ရန် စီစဉ်
ပံ့ပိုးပေးပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။ အထူးအစီအစဉ်အနေဖြင့်
ကွန်ပျူတာ လုံးဝမသင်ဖူးသူများနှင့် အခြေခံသာ သိထားသော သူများအတွက်လည်း
လိုအပ်သည့် Application များနှင့် Skills Concept များကို အခမဲ့ ထည့်သွင်း
သင်ကြားပေးမည် ဖြစ်သည်။
ဒီပလိုမာ လက်မှတ်၊ သင်ယူရမည့် ဘာသာရပ်များနှင့် သင်ကြားမှု စနစ်အကြောင်း
အသေးစိတ်များနှင့် ပတ်သက်ပြီး ရှင်းလင်း ဆွေးနွေးပွဲကို Ocean Gate
Training Centre ၌ (၁၇-၉-၁၁) နှင့် (၂၄-၉-၁၁) စနေနေ့များတွင်
နေ့လည်(၃)နာရီမှ (၄း၃၀)နာရီအထိ သင်ကြားမည့်ဆရာများကိုယ်တိုင် ဟောပြော
ရှင်းလင်းသွားမည် ဖြစ်သည်။ စိတ်ဝင်စားသော မိဘများနှင့် ကျောင်းသားများအခမဲ့
တက်ရောက် နိုင်ကြပါသည်။ စုံစမ်းရန်နှင့် သင်တန်းအပ်နှံရန်အတွက် Ocean Gate
Training Centre တည်ရှိရာ အမှတ်(၃၅၅)၊ အခန်း(၂၀၆)၊ သိမ်ဖြူလမ်း၊
သိမ်ဖြူဈေးမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန် ဖုန်း -
၃၈၀၁၃၀၊ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
(15-9-2011)
Source: Ko Lin (Myanmar Training)
STUDY ABROAD Information Centre တွင် SIM (Singapore)
မှကျောင်းတာဝန်ခံ ကိုယ်တိုင် January (2012) Intake အတွက်.
Application များကို လက်ခံပြီး Interview ပြုလုပ်ပေးမည်
Singapore နိုင်ငံရှိ အဆင့်မြင့် ပညာရေးကဏ္ဍတွင် ရှေ့တန်းမှ ပါဝင်နေပြီး
The First Private ဖြစ်သော SIM University ၏ 2012 Intake အတွက်
Application များကို စတင် လျှောက်ထားနိုင်ပြီး ဖြစ်ပါသည်။ SIM ၏ 2012
January Intake အတွက် application များကို SIM မှ ကျောင်းတာဝန်ခံ
ကိုယ်တိုင် September (26) ရက်နေ့တွင် လက်ခံပြီး STUDY ABROAD
Information Centre ရုံးခန်း ၌ အင်တာဗျူး ပြုလုပ် ပေးသွားမည်
ဖြစ်ကြောင်း သိရှိရပါသည်။ သာမန် ကျောင်းများထက် application
ပိတ်ချိန်စောတတ်သော SIM ၏ 2012 January Intake အတွက် application
ပိတ်ချိန်မှာ October (10) ရက်နေ့ ဖြစ်ကြောင်း သိရှိရပါသည်။ SIM
University တွင် တက်ရောက်ရန် စိတ်ပါဝင်စားသူများ အနေဖြင့် Diploma in
Management Studies (DMS) Program ကို (15)လ အရင် တက်ရောက်ရမည်
ဖြစ်ပါသည်။ DMS ပြီးပါက SIM ၏ Partners Universities များဖြစ်ကြသော
RMIT University (Australia), University of Wollongong (Australia),
University of Birmingham (UK), University of London (UK)နှင့်
University at Buffalo, The State University of New York (US) တို့မှ
ချီးမြှင့်မည့် Bachelor ဘွဲ့များကို ရယူနိုင်မည် ဖြစ်ပါသည်။ DMS
Program တွင် Modules(15) ခု သင်ကြားရမည် ဖြစ်သောကြောင့် အဆိုပါ
modules များထဲမှ မိမိအမှန်တကယ် စိတ်ဝင်စားရာ ဘာသာရပ်ကို ရွေးချယ်ပြီး
Bachelor ကို ဆက်လက် တက်ရောက်နိုင်သည့် အတွက် ကျောင်းသူ၊
ကျောင်းသားများ အတွက်လည်း ပိုမို အဆင်ပြေ စေနိုင်ပါသည်။ ဝင်ခွင့်
လိုအပ်ချက်များ အနေဖြင့် GCE ‘O” Level 5 ဘာသာ (သို့မဟုတ်) တက္ကသိုလ်
ဝင်တန်း ဖြေဆို အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။
အင်္ဂလိပ်စာ လိုအပ်ချက်များ အနေဖြင့် IELTS(5.5) သို့မဟုတ် TOEFL(550)
ရှိရန် လိုအပ်ပါသည်။ SIM University ၏ January 2012 Intake ကို
တက်ရောက်ရန် စိတ်ပါ ဝင်စားသူများ အနေဖြင့် STUDY ABROAD Information
Centre မှတဆင့် တိုက်ရိုက် ကျောင်းလျှောက်ထားနိုင်ပြီ ဖြစ်ပြီး
Information အသေးစိတ် သိလိုသည်များ ရှိပါကလည်း STUDY ABROAD
Information Centre အမှတ် (290) အေ၊ ပထမထပ်၊ပြည်လမ်း (ဒဂုံစင်တာနှင့်
မဟာမြိုင် ဆေးခန်းကြား)၊ မြေနီကုန်း။ ဖုန်း-524126, 095151008 သို့
ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပြီ ဖြစ်ပါသည်။
(15-9-2011)
Source: Ko Lin (Myanmar Training)
Singapore ရှိ MDIS တွင် Biomedical Science ဘာသာရပ်အား
တက်ရောက်လိုသူများအနေဖြင့် November Intake အတွက်.
စတင်လျှောက်ထားနိုင်...
.
.
.
.
. 5
Management Development Institute of
Singapore (MDIS) တွင် Biomedical Science ဘာသာရပ်ကို တက်ရောက်ချင်သူ
မြန်မာနိုင်ငံမှ Pharmacy နှင့် Dental ဘွဲ့ ရရှိပြီးသူ ကျောင်းသူ၊
ကျောင်းသားများ အနေဖြင့် November Intake အတွက် STUDY ABROAD Information
Centre တွင် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရှိရပါသည်။ Biomedical
Science ဘာသာရပ်အား Pharmacy နှင့် Dental ဘွဲ့ရရှိပြီး သူများအနေဖြင့်
(3)နှစ် (6)လ အစား လ(30) သာ တက်ရောက် ရမည် ဖြစ်ပါသည်။ IELTS 6 (သို့မဟုတ်)
TOEFL 550 ရရှိရန် လိုအပ်ပါသည်။ လ(30) တက်ရောက်ပြီးပါက UK ရှိ University
of Bradford မှ ပေးအပ်သည့် Bachelor of Science (Hons) in Biomedical
Sciences ဘွဲ့အား ရရှိမည် ဖြစ်ပါသည်။ အဆိုပါ Bachelor ဘွဲ့အား Washington
accord မှ အသိအမှတ် ပြုသည့်အတွက် ဘွဲ့ရရှိပြီးသောအခါ ၌ လည်း Singapore
အပါအဝင် Australia, UK, Malay, Hong Kong စသည့် နိုင်ငံများတွင်ပါ
အလုပ်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။ Asia Pacific တွင် Singapore နိုင်ငံမှာ
Life Science ကို အဓိက ထားသည့် နိုင်ငံဖြစ်သည့်အတွက် Biomedical Science
ဖြင့် ဘွဲ့ ရရှိပြီး သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလန်း
ပိုမိုပွင့်လန်းစေ နိုင်ပါသည်။ ထို့ပြင် နိုင်ငံပေါင်းစုံမှ ဆရာဝန်များအား
ဖိတ်ခေါ်ပြီး researcher လုပ်သည့်အတွက်လည်း အသိပညာ ဗဟုသုတများ တိုးပွားလာ
စေနိုင်ပါသည်။ Cell Biology, Microbiology, Clinical Biochemistry,
Toxicology & Oncology အစရှိသည့် ဘာသာရပ်များအပြင် လူ့ခန္ဓာကိုယ်သွေးနှင့်
ပတ်သက်သည့် အကြောင်းအရာများနှင့် ကုထုံးနည်း အသစ်များကိုပါ သင်ကြားရသည့်
အတွက် အထူးစိတ်ဝင်စားဖွယ်ရာ ဘာသာရပ်တစ်ခု ဖြစ်ပါသည်။ အထက်ပါ
အကြောင်းအရာများကို အသေးစိတ် သိရှိလိုပါက STUDY ABROAD Information Centre
အမှတ်(၂၉၀-A)၊ ပထမထပ်၊ ပြည်လမ်း ၊(ဒဂုံစင်တာ နှင့် မဟာမြိုင်ကြား)
မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။ ဖုန်း- 524126, 095151008
သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပြီ ဖြစ်ပါသည်။
(15-9-2011)
Source:
Ko Lin (Myanmar Training)
|