၁ဝ တန်းအောင်သူများကို Wolverhampton မှ Diploma in Business
သင်တန်းခေါ်ယူ
အင်္ဂလန်နိုင်ငံအခြေစိုက် City of Wolverhampton College
မှသင်ကြားပို့ချသော Diploma in Business Administration သင်တန်းအတွက်
၁ဝ တန်းအောင်မြင်ထားသူများကို ကျောင်းဝင်ခွင့်ခေါ်ယူထားကြောင်းသိရသည်။
သင်တန်းကာလ တစ်နှစ်အတွင်း တစ်ပတ်လျှင် ၄ ရက်သာ အတန်းတက်ရမည်
ဖြစ်တာကြောင့် ကွန်ရက်များတွင် စီးပွားရေးအဖွဲ့အစည်းများကို
သွားရောက်လေ့လာနိုင်သလို လုပ်ငန်းအတွေ့အကြုံပါရရှိစေမည်ဖြစ်သည့်
အထက်ပါသင်တန်းတွင် Functions and Organization of a Business,
Procedure, Information and Communication, Work Environment and
Controls တို့ကို သင်ကြား ပို့ချမည်ဖြစ်ရာ သင်တန်းပြီးဆုံးပါက
လုပ်ငန်းခွင်မျိုးစုံရှိ စီမံအုပ်ချုပ်ရေးအပိုင်း၊
ရုံးပိုင်းဆိုင်ရာများ၌ လုပ်ငန်းခွင်ဝင်နိုင်မည်ဖြစ်သလို Business
(သို့) Management နှင့်ပတ်သက်သည့် Degree
များကိုဆက်လက်တက်ရောက်သင်ယူနိုင်ကြောင်းနှင့် ယင်းသင်တန်းနှင့်ပတ်သက်၍
အသေးစိတ်သိရှိလိုပါက Future Way Education & Services ဖုန်း - 241099၊
254185 တို့ကိုဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
(27-7-2010)
Source: Net Guide Journal
IELTS 6.5 ရလိုသူများအတွက် ဇူလိုင် ၂၄ ရက်တွင် တန်းခွဲသစ်ဖွင့်မည်
.
.
.
.
. ..
.
.
.
.
.
.
.
. . .
OSM ပညာရေးဝန်ဆောင်မှုစင်တာမှ ပြည်ပ ပညာရေးကွန်ရက်များသို့ သွားရောက်၍
ပညာသင်ယူနိုင်ရန် IELTS Band 6.5 နှင့်အထက် ရရှိလိုသူများအတွက် ဇူလိုင်
၂၄ ရက်နေ့တွင် IELTS တန်းခွဲသစ်ကို
ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းတွင်အင်္ဂလိပ်စာ 4
Skill နှင့် Thinking အပြင် ကွဲပြားခြားနားသည့် Teaching Method
များကို ဦးမောင်မောင်စန်းမှ
ကိုယ်တိုင်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် အတန်းချိန်ကို
အခမဲ့တက်ရောက်ပြီး ကြိုက်နှစ်သက်မှသာသင်တန်းအပ်နှံ၍
ဆက်လက်သင်ယူနိုင်ကြောင်းသိရပါသည်။ သင်တန်းတက်ရောက်လိုပါက
မြေနီကုန်းပလာဇာ၊ ဒုတိယထပ်ရှိ OSM Education Centre ဖုန်း -
09-8640995၊ 09-5150682 သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရှိရသည်။
(27-7-2010)
Source: Net Guide Journal
ဘွဲ့လွန်အုပ်ချုပ်ရေး ဘာသာရပ်များဖြစ်သော MBA, M.Sc. Management
ကိုခွဲခြားသိရှိရန်လိုအပ်
.
..
.
.
. . /.
.
.
.
.
f..
.
.
.
.
.
.
ယနေ့ခေတ် လူငယ်များသည်ဘွဲ့ရပြီးသည်နှင့် MBA, M.Sc. Management
ကိုဆက်လက်ပြီးလေ့လာသင်ယူနေကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် Master
ဘွဲ့၏ အသုံးချပုံနယ်ပယ်သည် မည်သည့်
နယ်ပယ်တွင်မဆိုလက်တွေ့အသုံးချနိုင်သော ဘာသာရပ်ဖြစ်သောကြောင့်
လူလတ်ပိုင်းများသာမက၊ လူငယ်များပါပိုမိုစိတ်ဝင်စားကြကြောင်း MSI
မှသိရှိရပါသည်။ ထို့ပြင် MBA နှင့် M.Sc.Management ဘာသာရပ်ကို
ခွဲခြားပြီးသိရှိရန် လိုအပ်ကြောင်း၊ M.Sc Management
ဘာသာရပ်ဖြင့်ဘွဲ့ရရှိထားသူသည် Business and Commerce နှင့် ပတ်သက်သော
လုပ်ငန်းနယ်ပယ်တွင် လုံလောက်သောစီမံခန့်ခွဲမှုကို
ကျွမ်းကျင်သောကိုယ်ရည်ကိုယ်သွေးဖြင့် ဖြေရှင်းနိုင်မှာဖြစ်ပြီး၊
လုပ်ကိုင်နိုင်သော နယ်ပယ်များမှာ Management
ပိုင်းဆိုင်ရာနယ်ပယ်ဖြစ်သော Retail Management, Advertising and
Promotion Management နှင့် HR ဌာနများအပြင် Industrial Relation,
Marketing နှင့်အသေးစားလုပ်ငန်းငယ်များ၊ နိုင်ငံတကာဈေးကွက်နှင့်
ရင်းနှီးမြှုပ်နှံမှုစသည့်လုပ်ငန်းများတွင်
ဝင်ရောက်လုပ်ကိုင်နိုင်ပါကြောင်း MSI မှသိရှိရပါသည်။
M.Sc. Management ဘာသာရပ်များမှာ (၁)
နှစ်ဝန်းကျင်ခန့်လေ့လာရမှာဖြစ်ပြီး ၎င်းဘွဲ့ကို Kaplan Higher Education
နှင့်ချိတ်ဆက်ထားသော University College Dublin; National University
of Ireland, Dublin တို့မှဘွဲ့ကို သင်ယူနိုင်မှာဖြစ်ကြောင်း University
College Dublin (UCD) သည် 2008 စာရင်းအရ 108th တွင်ရရှိထားပြီး (UCD) ၏
Business ကျောင်းသည်
(1). Ranked Top 40 in the World (Economist Intelligent Unit)
(2). Ranked in the Top 100 (Financial Times 2009)
(3). Our Executive MBA ranked 61st in the world (Financial Times
2009)
တို့မှအသိအမှတ်ပြုမှုကို ရရှိထားသော ကျောင်းဖြစ်ကြောင်း MSI
မှသိရှိရပါသည်။
ထို့ပြင် ၎င်း Kaplan တွင် B.Sc. (Hons)(Logistics & Supply Chain
Management) ဘာသာရပ်များလည်းရှိကြောင်း၊ ၎င်း ဘာသာရပ်သည်
ထုတ်ကုန်စီးဆင်းမှုကို အဓိကထားသင်ကြားသော ဘာသာရ်တစ်ဖြစ်သောကြောင့်
ထုတ်ကုန်နှင့် ဆက်စပ်သော လုပ်ငန်းများတွင် အသုံးချနိုင်ကြောင်း MSI
မှသိရှိရပါသည်။ ဆက်လက်၍ MSI ၏ မန်နေဂျင်းဒါရိုက်တာ Daw Su Su Hlaing
မှပြောကြားရာတွင် “MBA နှင့် M.Sc. Management ဘာသာရပ်တွင် MBA
ဘာသာရပ်ကို လူငယ်များက ပိုမိုစိတ်ဝင်စားလာကြောင်းနှင့်၊ MBA သည်
M.Sc.Management ထက်အသုံးချနယ်ပယ်ကျယ်ဝန်းသောကြောင့် ပိုမို
ရွေးချယ်ကြခြင်းဖြစ်ကြောင်း၊ M.Sc.Management ကိုရွေးချယ်ကြသော
ကျောင်းသားများသည် မိမိစိတ်ပါဝင်စားသော ဘာသာရပ်တစ်ခုထဲကိုသာ အဓိကထား
အထူးပြုလေ့လာခြင်းဖြစ်သောကြောင့် MBA နှင့် M.Sc.Management
ကိုခွဲခြားသိရှိစေရန်လိုအပ်ပါကြောင်း၊ MBA ဖြစ်ဖြစ် M.Sc.Management
ဖြစ်ဖြစ် မိမိစိတ်ပါဝင်စားသော ဘာသာရပ်ကို
အဓိကထားရွေးချယ်သင့်ကြောင်းနှင့်
အလုပ်အကိုင်အခွင့်အလမ်းဆိုတာအခြေအနေနဲ့ အချိန်အခါအရ အမြဲတမ်း
ပြောင်းလဲနေတာကြောင့် နောင်နှစ်တွေမှာဘာဖြစ်မယ်ဆိုတာ
မည်သူမှအသေအချာမပြောနိုင်သလို ဘွဲ့ရပြီးနောင် (၃/၄) နှစ်မှာလည်း
အလုပ်အကိုင်အခွင့်အလမ်း တွေဟာပြောင်းလဲနိုင်တဲ့အတွက် MSI
ပညာရေးဝန်ဆောင်မှုလုပ်ငန်း၏ အတွေ့အကြုံအရ တကယ်မိမိ စိတ်ဝင်တစားနဲ့
ရွေးချယ်တဲ့လမ်းကြောင်းတွေဟာ မည်သည့်နိုင်ငံ၊ မည်သည့်နေရာပဲရောက်ရောက်၊
အနှေးနဲ့ အမြန် အောင်မြင်တာတွေ့ရတဲ့ အတွက်ခေတ်အလိုက်ပြောင်းလဲနေတဲ့
အလုပ်အကိုင်အခွင့်အလမ်းကို တဘက်တလမ်းမှစောင့်ကြည့်ရင်းနဲ့ မိမိရဲ့
ဝါသနာကိုသာ အဓိကထားရွေးချယ်သင့်ကြောင်း” ၎င်းကပြောကြားခဲ့သည်။ နိုင်ငံတကာ
ပညာရေးလမ်းကြောင်းနှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းလိုပါက MSI ရုံးခန်း၊
အမှတ် (၂၃၄)၊ ဒုတိယထပ် (ညာ)၊ ရွှေဘုံသာအလယ်လမ်း၊ ပန်းပဲတန်းမြို့နယ်၊
ရန်ကုန်မြို့သို့ ဆက်သွယ်စုံစမ်း နိုင်ပါကြောင်းနှင့်
www.overseaeducation-msi.com သို့လည်းဝင်ရောက်လေ့လာနိုင်ပါသည်။
(27-7-2010)
Source: Ko Lin (Myanmar Training)
BCA Academy ၏ Construction Engineering
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
Singapore နိုင်ငံ Ministry of National Development လက်အောက်ရှိ
အစိုးရ အဖွဲ့အစည်းတစ်ရပ်ဖြစ်သည် Building & Construction Authority မှ
Engineering ဘာသာရပ်များကို 1984 ခုနှစ်မှစ၍
ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ဖွံ့ဖြိုးတိုးတက်လာသော လူနေမှု
အဆင့်အတန်းများနှင့် အညီမြို့ပြလူဦးရေ များပြားလာကာ School, Office,
Shopping Malls များအပန်းဖြေအဆောင်အအုံများ၊ လူနေအိမ်ယာများ
လိုအပ်ချက်များပြားလာခဲ့သည်။ ထို့ကြောင့် Singapore နိုင်ငံနှင့်
Singapore နိုင်ငံသားများတွင် နေထိုင်ခွင့် ရရှိပြီးသူများသာ
သင်ကြားနိုင်ခဲ့သော ထိုပညာရပ်သည် 2012 ခုနှစ်တွင်ပြုပြင်ပြောင်းလဲမည်
Green Building များအတွက် အင်ဂျင်နီယာ ပညာရှင်များ လိုအပ်ချက်ကြောင့်
နိုင်ငံတကာမှ ကျောင်းသားများ တက်ရောက်ခွင့်ရရှိခြင်းဖြစ်သည်။
ထို့ကြောင့် Singapore နိုင်ငံတွင် Engineering ဘာသာရပ် သင်ယူလိုအပ်သော
ကျောင်းသား၊ ကျောင်းသူများအတွက် 2010 Oct ၌ ဖွင့်လှစ်မည့် အင်ဂျင်နီယာ
Diploma သင်တန်းဝင်ခွင့် လျှောက်လွှာများ
စတင်လက်ခံနေပြီဖြစ်ကြောင်းသိရသည်။ IELTS, TOFEL, English နှင့်ပတ်သက်၍
Certificate မရှိသေးသော ကျောင်းသား၊ ကျောင်းသူများ
အတွက်အထူးအခွင့်အရေးအနေဖြင့် မိမိတို့၏ အရည်အချင်းဝင် English
Proficiency Test ကို Future Way ဝင် အခမဲ့ ဝင်ရောက်ဖြေဆိုခြင်းဖြင့်
ကျောင်းသူများကို Future Way မှ Singapore နိုင်ငံ ဝင်ခွင့်စာမေးပွဲကို
Sponsor ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ဝင်ခွင့်စာမေးပွဲ
ဖြေဆိုအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများသည် Engineering,
Design, Strategic Facilities Management, Electrical Engineering
နှင့် Computer Engineering တို့ထဲမှ နှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်
တက်ရောက်နိုင်ပြီး ဘာသာရပ်တိုင်းအတွက် သင်တန်းကာလမှာ သုံးနှစ်ဖြစ်သည်။
Construction Engineering ဘာသာရပ် တက်ရောက်သူများအနေဖြင့်
- Diploma In Construction Engineering
- Building Construction Supervisor Safety Certificate
- ISO 9000 Internal Quality Audit Certificate
- Formwork Safety Course for Supervisor အစရှိသည့် Certificate 4
ခုကို ရရှိနိုင်မည်ဖြစ်သည်။
ထို့ပြင် သင်တန်းတွင် တည်ဆောက်ရေးလုပ်ငန်းအတွက်သာမက ကြီးကြပ်ရေး
(Supervisory Skill) ညှိနှိုင်းရေး (Negotiable Skill) နှင့်
Environment & Health Nx များပါပူးတွဲလေ့လာရမည်ဖြစ်သည်။ စာတွေ့သာမက
လုပ်ငန်းခွင်လေ့လာခွင့် (Industrial Attachment)
ခြောက်လလက်တွေ့လုပ်ဆောင်ရမည် ဖြစ်သဖြင့် နိုင်ငံတကာတွင်
ရင်ပေါင်းတန်းနိုင်သော အရည်အချင်းပြည့်မှီသည့်
အင်ဂျင်နီယာကောင်းများဖြစ်လာမည်ဖြစ်သည်။ ထို့ပြင် Diploma ဘွဲ့ရ
ကျောင်းသား၊ ကျောင်းသူများသည် Singapore အစိုးရ
တက္ကသိုလ်ကြီးများဖြစသ်သော NTU (Nanyang Technology University) James
Cook University တက္ကသိုလ်ကြီးများတွင်သာမက
နိုင်ငံတကာရှိအထင်ကရတက္ကသိုလ်ကြီးများသို့
တိုက်ရိုက်တက်ရောက်နိုင်မည်ဖြစ်သည်။ သင်တန်းအတွက်တစ်နှစ်ကုန်ကျစရိတ်မှာ
$ 8560 ဖြစ်ပြီး School Fees Discount ရရှိပါက $3370.5
သာကုန်ကျမည်ဖြစ်သည်။ Pratical Skills နှင့် Technical Knowledge
များအပြည့်အဝ ရရှိနိုင်ပြီး ကျောင်းပြီး၍ အလုပ်အကိုင် ရှာဖွေရန်
အခွင့်အလမ်းပေါများသည့် ဘာသာရပ်ဖြစ်သည်။
ထို့ကြောင့် အခြေခံပညာဆယ်တန်းဖြေဆိုထားသူများနှင့်
အောင်မြင်ပြီးသူတိုင်းအတွက် Singapore နိုင်ငံတွင် ပညာသင်ကြားနိုင်သည့်
အခွင့်အရေး တစ်ရပ်ဖြစ်သည် စိတ်ပါဝင်စားသော ကျောင်းသူကျောင်းသားများသည်
Future Way Co.,Ltd . Ph : 241099, 254185
သို့လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း အခမဲ့
မေးမြန်းနိုင်ပါသည်။
(27-7-2010)
Source: Ko Lin (Myanmar Training)