WEC မှ နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်သင်တန်းများပို့ချ
WEC Training Centre
မှနိုင်ငံတကာတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားလိုသူများအတွက် IGCSE,
GCE ‘O’ Level, GCE ‘A’ Level, SAT, Pre-University Course များနှင့်
English Proficiency Classes များသင်ကြားပို့ချပေးလျက်ရှိကြောင်း WEC
မှ ဒါရိုက်တာ ဦးရန်ဝင်းနောင်မှ ပြောကြားသည်။ အင်္ဂလန်၊ အမေရိကန်၊
သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း စသည့်နိုင်ငံများရှိ
နိုင်ငံတကာတက္ကသိုလ်၊ ကောလိပ်ဝင်ခွင့်အတွက် လိုအပ်သော IGCSE(GCE ‘O’
Level, GCE ‘A’ Level) နှင့် SAT စာမေးပွဲများကို
ထူးချွန်စွာအောင်မြင်စေရန်အတွက်
တက္ကသိုလ်ပါမောက္ခဒေါက်တာဘွဲ့ရဆရာများဖြင့် လေ့ကျင့်သင်ကြား
ပေးမည်ဖြစ်ကြောင်း၊ သင်တန်းတွင် London Edexcel IGCSE အပြင် Singapore
Cambridge IGCSE ဖြေဆိုမည့်သူများအတွက်ပါ စီစဉ်သင်ကြားပေးမည့်အပြင်
IGCSE ဖြေဆိုမည့်သူများအတွက် စာမေးပွဲကြေးပေးသွင်းသည်မှ ဖြေဆိုသည်အထိ
စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သလို နယ်မှတက်ရောက်လိုသူများအတွက်
နေထိုင်စားသောက်ပညာသင်ရေးကို စီစဉ်ထားကြောင်း ၎င်းမှထပ်မံပြောကြားခဲ့သည်။
WEC တွင်နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့် သင်တန်းများ တက်ရောက်သူများ
အတွက်အခွင့်အရေးတစ်ရပ်အနေဖြင့် ပြည်ပကျောင်းလျှောက်ထားရမည်ဆိုပါက
ကုန်ကျစရိတ်သက်သာစွာဖြင့် လွယ်ကူချောမွေ့စွာတက်ရောက်နိုင်ရန် ကူညီ
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းများနှင့် ပတ်သက်၍
အသေးစိတ်သိရှိလိုသူများအနေဖြင့် အမှတ် ၇၈၄၊ ၃လွှာ-၅လွှာ၊ ဇေယျာသုခလမ်း၊
မေတ္တာညွှန့်၊ တာမွေ။ ဖုန်း - 73005938၊ 095190692 တို့သို့
ဆက်သွယ်စုံစမ်းနိုင်ကြောင်း ထပ်မံသိရှိရသည်။
(20-8-2010)
Source: Net Guide Journal
MST မှသြဂုတ်လ တတိယပတ်တွင် CCNA တန်းခွဲသစ်ပို့ချပေးမည်
.
.
.
.
.
.
.
.
.
.
.
.
. ..
.
.
.
.
.
.
.
. . .
နိုင်ငံတကာအသိအမှတ်ပြုပြီး ပြည်တွင်းပြည်ပလုပ်ငန်းခွင်များတွင် Popular
အဖြစ်ဆုံးနှင့် ဝင်ငွေအကောင်းဆုံး၊ အလုပ်အကိုင်ရရှိရန် အခွင့်အလမ်း
အကောင်းဆုံး အောင်လက်မှတ်တစ်ခုဖြစ်သည့် Cisco Certified Network
Associate (CCNA, 640-802) သင်တန်းကို MSI Computer Centre မှသြဂုတ်လ
တတိယပတ်တွင်ဖွင့်လှစ်ပို့ချသွားရန် စီစဉ်ထားကြောင်းသိရှိရသည်။
အဆိုပါသင်တန်းတွင် Cisco Exam ဖြေဆိုအောင်မြင်ပြီး
လက်တွေ့လုပ်ငန်းခွင်ဝင်နိုင်ရန် အတွက် Network Security, Advanced
Network Feature, IPV6m Wireless အစရှိသည်တို့ကို
စာတွေ့လက်တွေ့ပါသင်ကြားပေးမည်ဖြစ်တာကြောင့် CCNA ဖြေဆိုလိုသူများသာမက
အဆင့်မြင့် Network များကိုလေ့လာလိုသူများပါတက်ရောက်သင်ယူနိုင်ကြောင်း၊
Exam အောင်မြင်ပြီး လက်တွေ့လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန်အတွက်
Cisco LAB Room ကိုသီးသန့်ပြင်ဆင်ထားရှိပေးထားသည်ဖြစ်၍
လေ့ကျင့်မှုများပြုလုပ်နိုင်သလို လေ့ကျင့်နိုင်ရန် Assignment
များရယူနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။ MCPA Exam အောင်မြင်ထားသူများကို
သင်တန်းကြေး ၅ဝ ရာခိုင်နှုန်း Discount ပေးအပ်မည်ဖြစ်ကြောင်း၊ အထက်ပါ
CCNA အောင်မြင်ပြီးသူများအနေဖြင့် CCNP Exam သင်တန်းသို့
တက်ရောက်သင်ယူနိုင်ကြောင်းနှင့် သင်တန်းတက်လိုသူများအနေဖြင့် အမှတ်
၁၁၁၊ ပထမထပ်၊ ၄၁ လမ်း၊ ဗိုလ်တထောင်မြို့နယ်ရှိ MST Office ဖုန်း -
392165 သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းထပ်မံသိရှိရသည်။
(20-8-2010)
Source: Net Guide Journal
ဘောဂဗေဒ စီမံ ခန့်ခွဲမှုဆိုင်ရာဘွဲ့ (Wealth
Management) ကို ERC Institute တွင်တက်ရောက်နိုင်
. . ...
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
စင်ကာပူနိုင်ငံ ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးကောင်စီ (CPE) မှ Edu
Trust 4 နှစ်ရရှိထားသောကျောင်း ၉ ကျောင်းတွင် တစ်ကျောင်းအပါအဝင်
ဖြစ်သော ERC Institute ၌ the University of Greenwich (UK)
မှချီးမြှင့်မည့် BA (Hons:), BM (Wealth Management)
ကိုတက်ရောက်နိုင်ကြောင်းသိရပါသည်။ အဆိုပါ ဘွဲ့တွင် Career Management,
Conternporary Issues in Management, Leadership, Strategic
Management, Thematic Independent Studies, Investment & Finance
Management, Issue in Financial Planning & Wealth Management
ဘာသာရပ်များကို ၃ နှစ်အတွင်းသင်ကြားရမည်။ အထက်ပါဘာသာရပ်များအပြင် ERC
Institute ၏ Total Success Progrmme (TSP) တွင် ပါဝင်သော Financial
Intelligence, Mentoring by world-class CEO, Real Life work
attachment/ placement များကိုပါသင်ကြားပေးမည်။ ၎င်းဘွဲ့ကို
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ GCE ‘O’ Level
အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး
လုပ်ငန်းအတွေ့အကြုံရှိပြီးအသက် ၁၈ နှစ်အထက်ရှိသူများကိုလည်း
သီးခြားစွာစိစစ်လက်ခံသွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများသည် ၂ဝ၁ဝ
အောက်တိုဘာလတွင် ERC Institute ၌ တက်ရောက်နိုင်ရန် Tip Top (IESP)
01-539791, 02-91001818, 082-25786, 09-5162062
သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။
(20-8-2010)
Source: Net Guide Journal
“ပိုလီကျောင်းများလျှောက်ထားခြင်းနှင့်ပတ်သက်၍ ၀င်ခွင့်အထောက်အကူပြု
ဘာသာရပ်ရွေးချယ်ခြင်း၊ ၀င်ခွင့်ပြင်ဆင်ခြင်း၊
အခမဲ့သင်တန်းပို့ချပေးမည်”
.
.
.
..
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
စင်္ကာပူနိုင်ငံရှိပိုလီကျောင်းအများစုကို စက်တင်ဘာလဆန်းပိုင်းမှစတင်၍
လျှောက်ထားနိုင်ပြီဟုသိရပြီး၊
ကျောင်းသူ၊ကျောင်းသားများအနေဖြင့်ပြင်ဆင်မှု့
အမျိုးမျိုးပြုလုပ်လျှက်ရှိကြရာ၊ ကျောင်းဘာသာရပ်များ ရွေးချယ်ခြင်း၊
မိမိတို့အမှတ်အလိုက်ဝင်ခွင့် အားသာစေသောဘာသာရပ်များကိုရွေးချယ်ခြင်း၊
မြန်မာနိုင်ငံမှ ကျောင်းသူ၊ကျောင်းသားများအသိနည်းသော Intake Planned
နှင့် ၀င်ခွင့်အတွက် ဆုံးဖြတ်သော Cut-Off-Point များအကြောင်းရှင်းလင်း
ပြောကြားမည် ဖြစ်ကြောင်း၊ CROWN Education ရဲ့သတင်းထုတ်ပြန်ချက်
အရသိရပါတယ်၊၊ အဆိုပါသင်တန်းကို စက်တင်ဘာလ (ရ)ရက်၊ အင်္ဂါနေ့ ၊ ညနေ
(၄)နာရီမှာ CROWN Education, Summit Parkview Hotel မှာ
ပို့ချပေးမှာဖြစ်ပြီး၊ စိတ်ဝင်စားသူမည်သူမဆို အခမဲ့စာရင်းပေးတက်
ရောက်နိုင်တယ်လို့ သိရပါတယ်၊၊
“ဒီအချိန်တိုသင်တန်းလေးကနေပြီး၊ online က ကိုယ်တိုင်လျှောက်ထားခြင်တဲ့
ကျောင်းသားကျောင်းသူတွေအတွက် လျှောက်ထားနိုင်အောင်ရှင်းပြပေးဖို့
ရည်ရွယ်ပါတယ်၊၊ နောက်ပြီးမိမိရရှိထားတဲ့အမှတ်နဲ့ဆို
ဘယ်လောက်အထိဖြစ်နိုင်ခြေရှိတယ်ဆိုတာပါ ရှင်းပြပေးသွားပါ့မယ်၊၊
အခုဒီရက်ပိုင်းအတွင်း GCE'O' အောင်စာရင်းထွက်ထားတော့၊
ကိုယ်ရထားတဲ့အမှတ်တွေနဲ့ ဘယ်လို ဘာသာ ရပ်တွေကျောင်းတွေ
လျှောက်ထားသင့်တယ်ဆိုတာကို GCE'O' ဖြေဆိုထားတဲ့သူတွေ အတွက်
ရှင်းလင်းပြောကြားပေးပါ့မယ်၊၊"အဆိုပါသင်တန်းတွင် GCE’A’ နှင့်ပတ်သက်၍
ပြင်ဆင့်သင့်သည့်အချိန်နှင့် ပြင်ဆင်ရန်လိုမလို အကြံပေးခြင်း၊
ပညာရေးလမ်းကြောင်း သစ်တစ်ခုဖြစ်လာနိုင်သည့်၊ International
Baccalaureate (IB) အကြောင်းကိုပါ
ထည့်သွင်းပြောကြားသွားမည်ဖြစ်ကြောင်းသိရပါတယ်၊၊
အသေးစိတ်အချက်အလက်များနဲ့ စာရင်းပေးသွင်းဖို့ကို CROWN Education ဖုန်း
၂၁၁ ၈၈၈ (လိုင်းခွဲ ၂၂၈) နဲ့  ၀၉ ၅၀၈၅ ၁၈၅ တို့မှာဆက်သွယ်စုံစမ်း
စာရင်း ပေးသွင်းနိုင်တယ်လို့သိရပါတယ်၊၊
(27-8-2010)
Source: Ko Lin (Myanmar Training)