MCC Training Institute (ရတနာပုံ)တွင် AIT ၏
အင်ဂျင်နီယာဘွဲ့သင်တန်းများဖွင့်လှစ်မည်
MCC Training Institute (ရတနာပုံ)
တွင် AIT မှ ချီးမြှင့်မည့် B.S.E (Telecommunications, Electronics
နှင့် Mechatronics) သင်တန်းများနှင့်
ပတ်သက်၍အသိပေးရှင်းလင်းပွဲတစ်ရပ်အား ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်
(ကြာသပတေးနေ့) နေ့လယ် ၁၂ နာရီမှ ၂ နာရီအထိ Park Royal Hotel ရှိ Grand
Ballroom တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
မိတ်ဆက်ရှင်းလင်းပွဲတွင် MCC မှ CEO ဒေါ်ချောခင်ခင်မှ
ဖွင့်လှစ်သင်ကြားသွားမည့် အင်ဂျင်နီယာဘွဲ့များနှင့် ပတ်သက်၍
အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ MCC Training Institute
(ရတနာပုံ)တွင် ဖွင့်လှစ်မည့် B.S.E သင်တန်းများကို ၂ဝ၁ဝ ပြည့်နှစ်
စက်တင်ဘာလတွင်စတင်ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်သည်။ သင်တန်းကာလမှ
(၅)နှစ်ဖြစ်ပြီး ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်များကို MCC Training
Institute (ရတနာပုံ)တွင် တက်ရောက်ရမည်ဖြစ်ပြီး စတုတ္ထနှစ်နှင့်
ပဉ္စမနှစ်များကို AIT (Main Campus) တွင် သင်ကြားရမည်ဖြစ်သည်။
MCC Training Institute
မှဖွင့်လှစ်မည့် AIT အင်ဂျင်နီယာဘွဲ့တက်ရောက်ကြမည့်
ကျောင်းသား/သူများအနေဖြင့် ထူးချွန်သော ကျောင်းသား/သူများကို MCC နှင့်
ထွန်းဖောင်းဒေးရှင်းတို့မှ Scholoarship ပေးမည့်
အစီအစဉ်များလည်းရှိပြီး Scholarship ရသောကျောင်းသား/သူများအနေဖြင့်
စတုတ္ထနှစ်နှင့် ပဉ္စမနှစ်တို့ကို AIT (Main Campus) Bangkok တွင်
ပညာဆက်သင်ရန် AIT မှ ဆက်လက်၍ Scholarship ပေးသွားမည့် အစီအစဉ်များလည်း
ထားရှိကြောင်းသိရသည်။ သင်တန်းတက်ရောက်ရန် အနိမ့်ဆုံးပညာအရည်အချင်းမှာ
တက္ကသိုလ်ဝင်တန်းအောင်မြင်ရမည်ဖြစ်ပြီး အနည်းဆုံးရမှတ်စုစုပေါင်း (၃ဝဝ)
ရှိရန်လိုအပ်ပါသည်။ ကျောင်းဝင်ခွင့်လျှောက်လွှာများကို
စတင်လက်ခံနေပြီဖြစ်ကြောင်းသိရသည်။ ကျောင်းဝင်ခွင့်လျှောက်လွှာတွင်
ပညာအရည်အချင်း ထောက်ခံချက်၊ အမှတ်စာရင်း၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း
(မိတ္တူ)များကို ပူးတွဲဖော်ပြရန်လိုအပ်ပါသည်။ ကျောင်းဝင်ခွင့်ပုံစံ
လျှောက်ထားရယူရန်နှင့် အသေးစိတ်စုံစမ်းသိရှိရန်လိုပါက MCC (ရုံးချုပ်)
အဆောင် (၃-၄)၊ သိမ်ကြီးဈေး (စီ)ရုံ၊ တတိယထပ်၊ ရွှေတိဂုံဘုရားလမ်း၊
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - 245758 ၊ 245762 ၊ 249152 ၊
246634 ၊ 395512 နှင့် MCC Training Institute (ရတနာပုံ)၊ Incubation
Center-No(3), ရတနာပုံ နည်းပညာမြို့သစ်၊ ပြင်ဦးလွင်။ ဖုန်း - 02-78112
၊ 02-78114 တို့သို့ဆက်သွယ်နိုင်ကြောင်းသိရှိရပါသည်။
(27-8-2010)
Source: Opportunity Journal
Promotion Training မှ မိုးရာသီ Promotion အစီအစဉ်ဖြင့်
သင်တန်းများအားလုံးကို အထူးနှုန်းဖြင့် လက်ခံသင်ကြားပေးမည်
.
.
.
.
.
.
.
.
.
.
.
.
.
. ..
.
.
.
.
.
.
.
. . .
Office Application သင်တန်းများ၊ Graphic Design နှင့် Video Editing
ရုပ်သံတည်းဖြတ်ထုတ်လုပ်မှုသင်တန်းများ၊ Engineering နှင့် Architectural
ဆိုင်ရာ Drawings နှင့် Design သင်တန်းများ၊ Computerized Accounting
သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေသော Promotion ကွန်ပျူတာနည်းပညာ
လက်တွေ့ အသုံးချကျွမ်းကျင်မှုသင်တန်းကျောင်းတွင် ကွန်ပျူတာနည်းပညာလေ့လာ
လိုက်စားသူများအတွက် အခြေခံသဘောတရားများမှစ၍ အဆင့်မြင့်နည်းပညာအဆင့်
အထိ မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝဖြင့် လုပ်ငန်းခွင်ဝင်နိုင်ရန်၊
မိမိရွေးချယ်တဲ့ အသက်မွေးဝမ်းကျောင်းပညာအတွက် အောင်မြင်မှုရရှိစေရန်
အများပြည်သူနှင့် ဝန်ထမ်းများ၊
ကျောင်းသား/သူများအသက်သာဆုံးနှုန်းထားဖြင့် အဆင့်မြင့်နည်းပညာကို
အဆင်မြင့်မြင့်နှင့် ကျွမ်းကျင်မှုများရရှိစေရန်၊ IT ခေတ်တွင်မရှိမဖြစ်
အရေးပါသောကွန်ပျူတာနည်းပညာများကို လက်တွေ့အသုံးချနိုင်ရန်
ပြည်ပသို့ကျောင်းဆက်တက်မည့်သူများ၊ ကွန်ပျူတာနည်းပညာကို စိတ်ဝင်စားသည့်
မည်သူမဆို အသက်သာဆုံးနှုန်းထားဖြင့် တက်ရောက်နိုင်ရန် ရည်ရွယ်၍ မိုးရာသီ
Promotion အစီအစဉ်ဖြင့် သြဂုတ်လ (၂၈) ရက်နေ့အထိ အထူး Discount ဖြင့်
သင်တန်းအပ်လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။ စိတ်ဝင်စားသူများ
အသေးစိတ်သိရှိလိုပါက Promotion Computer Training Centre, အမှတ် (၂၂၆)၊
ပထမထပ်၊ ဆိပ်ကမ်းသားလမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
Email:sayamyo2010@gmail.com . ဖုန်း - 389038 သို့ ဆက်သွယ်
မေးမြန်းစုံစမ်းနိုင်ပါသည်။
(27-8-2010)
Source: Opportunity Journal
HSU English 4-Skill Class
မှစက်တင်ဘာလတန်းခွဲသစ်ဖွင့်မည်
.
. . ...
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
HSU English 4-Skill Class မှအင်္ဂလိပ်ဘာသာကျွမ်းကျင်မှုသင်တန်းကို
စက်တင်ဘာလ (၆) ရက်နေ့တွင် တန်းခွဲဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
သင်တန်းကာလ (၆) လကြာမြင့်မည်ဖြစ်ပြီး တစ်ပတ် (၄) ရက် (Mon, Tue, Wed &
Thurs) ညနေ (၆း၃ဝ မှ ၈းဝဝ) နာရီဖြစ်သည်။ သင်တန်းကြေးမှာ တစ်လလျှင် ကျပ်
(၁ဝဝဝဝ) ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အင်္ဂလိပ်ဘာသာအား
လုပ်ငန်းခွင်တွင်ကျွမ်းကျင်စွာ အသုံးချနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
သင်တန်းသား (၁၆) ဦးသာလက်ခံမည်ဖြစ်၍ အမှတ် (၂ဝ)၊ ဗိုလ်မှူးအောင်လမ်း၊
ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗဟန်းမြို့နယ်။ ဖုန်း - 73005797 ၊ 559122
သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(27-8-2010)
Source: Opportunity Journal
လက်တွေ့လုပ်ငန်းခွင်ဝင်လိုသူများအတွက် Info Knowledge House IT
Education Centre မှ သင်တန်းများဖွင့်လှစ်
.
.
.
.
..
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
IT ခေတ်ကြီးတွင် ကွန်ပျူတာပညာရပ်ကို လေ့လာသင်ယူခြင်းဖြင့်
အနာဂတ်အတွက်ရင်းနှီးမြှပ်နှံနေကြသော လူငယ်များအား အမှန်တကယ်
တတ်ကျွမ်းစေရန် ရည်ရွယ်၍ Info Knowledge House IT Education Centre
ကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
သင်တန်းတက်ရောက်သူများအနေဖြင့် သင်ခန်းစာများအပြင်
လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ တတ်ကျွမ်းမှုရှိစေရန်
နောက်ဆုံးပေါ်နည်းပညာများနှင့် နိုင်ငံတကာလုပ်ငန်းအတွေ့အကြုံရှိသော
ဝါရင့်ဆရာ၊ ဆရာမများကိုယ်တိုင် စေတနာအရင်းခံ၍
ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Professional Developer,
Designer ဖြစ်ချင်သူများ၊ အခြေခံကျကျ နားလည်လိုသူများအတွက်
အထူးသီးသန့်အနေဖြင့် Fundamental, Professional ဟူ၍ Level ၂
မျိုးခွဲခြားလေ့လာသင်ယူနိုင်သည့်အပြင် On Job Training တွင်လည်း
လုပ်ငန်းအတွေ့အကြုံလိုချင်သူများ သက်ဆိုင်ရာဘာသာရပ် Certificated
ကိုင်ထားသော်လည်း လက်တွေ့အသုံးချချင်သူများ၊ ပြည်တွင်း၊ ပြည်ပအလုပ်
ရှာရာတွင် Project ပြချင်သူများအတွက်လည်း လေ့ကျင့်သင်ကြားပေးသွားမည်
ဖြစ်ကြောင်းသိရသည်။ ထို့ပြင် သင်တန်းသားများအတွက် Online ပေါ်တွင်
ဘာသာရပ်များကိုလည်း ဆည်းပူးလေ့လာနိုင်အောင် Internet
တပ်ဆင်ပေးထားကြောင်း၊ Course များမှာ နိုင်ငံတကာ Jobmarket
ပေါ်တွင်ရေးဆွဲထားကြောင်း၊ နိုင်ငံရပ်ခြားတွင်အလုပ်ရှာမည့်သူများကိုလည်း
သက်ဆိုင်ရာ Professional များက အခမဲ့ဆွေးနွေးပေးမည်ဖြစ်ကြောင်းကိုလည်း
Info Knowledge House တာဝန်ရှိသူမှ တစ်ဆင့်ကြားသိခဲ့ရသည်။
တက်ရောက်နိုင်သော သင်တန်းများမှာ PHP, Asp.net, Web Design, A+
Hardware, Network, Graphic Design, Auto CAD, DTP, ICT Course
များဖြစ်ပြီး တစ်တန်းလျှင်သင်တန်းသား ၅ ဦးသာလက်ခံထား၍ လစဉ်လတိုင်း
တန်းခွဲသစ်များဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင်ဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့် Course တစ်ခုချင်းစီအတွက်
ပထမဆုံးကျောင်းလာအပ်သူ ၅ ဦးအား 50% Discount ပေးသွားမည်ဖြစ်သဖြင့်
ဝမ်းမြောက်စရာ သတင်းကောင်းဖြစ်ပြီး အသေးစိတ်သိလိုသူများအနေဖြင့် 01
73075641ယ 09-5065513 သို့ဆက်သွယ်မေးမြန်းနိုင်ပြီး၊ Info Knowledge
House အမှတ် ၁၈၊ သပြေညိုတိုက် ၁/၃ လွှာ (အေ)၊ ဦးထွန်းလင်းခြံလမ်း၊
လှည်းတန်းသို့ လာရောက်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရပါသည်။
(27-8-2010)
Source:
Net Guide Journal