Future Engineer မှ အိုင်တီပညာဒါနသင်တန်းများပို့ချပေးမည်
ကျောက်တံတားမြို့နယ်၊ ၃၈ လမ်း
(အထက်)၊ ၃၈ လမ်းဈေးပလာဇာ (ဒုတိယထပ်) ရှိ Future Engineer Generation
Training School မှ သြဂုတ် ၃ဝ ရက်နေ့၌ Computer Bassic သင်တန်း၊
စက်တင်ဘာလ ၁ ရက်နေ့၌ Photoshop Basic သင်တန်းနှင့် စက်တင်ဘာလ ၇ ရက်နေ့၌
Auto CAD (Basic & Intermediate) သင်တန်းများကို ပညာဒါနအနေဖြင့်
ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသင်တန်းများကို သင်တန်းတက်ချိန်
ရာခိုင်နှုန်းပြည့်သော သင်တန်းသားများကိုသာ Certificate
ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းသားဦးရေကန့်သတ်ထားသည်ဖြစ်ရာ
တက်ရောက်လိုသူများအနေဖြင့် ဖုန်း - 723365
သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
(27-8-2010)
Source: Net Guide Journal
School of Logistics & Supply Chain Management မှကြီးမှူး၍ Advanced
Diploma in Shipping Business (UK)
အတွက်ဖြေဆိုရမည့် စာမေးပွဲ အစီအစဉ်ရှင်းလင်းတင်ပြ
.
.
.
.
.
.
.
.
.
.
.
.
.
.
. ..
.
.
.
.
.
.
.
. . .
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်သင်ကြားသည့် Advanced
Diploma in Shipping Business (UK) စာမေးပွဲအတွက် ဖြေဆိုရမည့်
ဘာသာရပ်များ သင်ကြားပို့ချပေးသည့်သင်တန်းနှင့် ပတ်သက်သော
အစီအစဉ်များကို ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ Park Royal Hotel
အစည်းအဝေးခန်းမ၌ ၂ဝ၁ဝ ပြည့်နှစ်၊ သြဂုတ်လ၊ (၂၉) ရက်နေ့ (တနင်္ဂနွေနေ့)
ညနေ ၂းဝဝ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ အဆိုပါအခမ်းအနား၌
သင်တန်းကျောင်း၊ Principal ပါမောက္ခ ဦးခင်မောင်တင်မှ
အဖွင့်စကားပြောကြားပြီး Course Coordinator and Lecturer
ဦးကျော်မျိုးဝင်းမှ Advanced Diploma in shipping Business (UK)
စာမေးပွဲအစီအစဉ်နှင့် ဖြေဆိုရမည့်ဘာသာရပ်များသင်ကြားပို့ချမည့်
အစီအစဉ်များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်
လာကြာသူများမှ စိတ်ပါဝင်စားစွာ ဆွေးနွေးမေးမြန်းချက်များကို
ပါမောက္ခဦးခင်မောင်တင်နှင့် ဦးကျော်မျိုးဝင်းတို့မှ
ပြန်လည်ဖြေကြားခဲ့ကာ ညနေ ၄းဝဝ နာရီတွင် အခမ်းအနားကို
ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
(31-8-2010)
Source: Ko Lin (Myanmar Training)
South Australia အသိအမှတ်ပြု မဟာဘွဲ့သင်တန်းများ PS
Business School တွင်ပို့ချရန်စီစဉ်
.
.
. . ...
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
PS Business School တွင်စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်း (MBA)
ကို မကြာမီပို့ချတော့မည်ဖြစ်ကြောင်းသိရသည်။ “သြစတြေးလျနိုင်ငံ
Australia Institute of Business Administration (AIBA) တွင် Marketing
Director အဖြစ်တာဝန်ထမ်းဆောင်နေသော Mr Joel Abraham သည် PS Business
School ၏ ဖိတ်ကြားချက်အရ School Visit နှင့် Site Audit
အဖြစ်မြန်မာနိုင်ငံသို့ သုံးရက်ကြာလာရောက်လေ့လာခဲ့ပါတယ်။ ခရီးစဉ်အတွင်း
ကျောင်းမှ တာဝန်ရှိသူများ၊ သင်ကြားပေးနေသော ဆရာ၊ ဆရာမများ၊
ကျောင်းသား/သူများနှင့် တွေ့ဆုံ မေးမြန်းဆွေးနွေးခဲ့ပါတယ်” ဟု
အမှုဆောင်အရာရှိချုပ် ကိုမျိုးမင်း (FABE, MCIM, Chartered Marketer)
မှအင်တာနက်ဂျာနယ်သို့ပြောသည်။
Australian Institute of Business Administration (AIBA) သည်
သြစတြေးလျနိုင်ငံ Adelaide အက်ဒလိတ်တွင် အခြေစိုက်ပြီး၊ အင်္ဂလန်နိုင်ငံ၊
စင်္ကာပူနှင့် မလေးရှားနိုင်ငံများတွင်
မိတ်ဆက်သင်တန်းကျောင်းများရှိပြီး၊ စုစုပေါင်းကျောင်း ၁၅
ကျောင်းရှိကြောင်းသိရသည်။ AIBA သည် Government of South Australia
(Department of Further Education, Employment, Science and
Technology) အသိအမှတ်ပြု မဟာဘွဲ့ကို သင်ကြားပေးနေသော ပထမဆုံးသော
Private Institute ဖြစ်ကြောင်းသိရသည်။ Government of South Australia
အသိအမှတ်ပြု မဟာဘွဲ့သင်တန်းများကို မကြာမီအချိန်ကာလအတွင်း
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကျောင်းမှတာဝန်ရှိသူတစ်ဦးက
ဆက်လက်ပြောကြားခဲ့သည်။
(31-8-2010)
Source: Internet Journal
Web Application Development with PHP သင်တန်းဖွင့်
.
.
.
.
.
..
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
Web Application များကို PHP အသုံးပြု၍ ရေးသားလိုသူများအတွက် Web
Application Development with PHP သင်တန်းကို သြဂုတ်လ
နောက်ဆုံးပတ်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် PHP နှင့် MySQL Database ကို Configuration
ပြုလုပ်သည်မှစပြီး ကျွမ်းကျင်စွာရေးသားနိုင်သည်အထိ
သင်ကြားပေးမည်ဖြစ်ပြီး HTML & Javascript
အခြေခံရှိသူများတက်ရောက်နိုင်မည်ဖြစ်သည်။ သင်တန်း ကာလမှာ ၃
လကြာမြင့်ဖြစ်ပြီး သင်တန်းကြေးမှာ ၉ဝ,ဝဝဝ ကျပ်ဖြစ်ကာ ၂ဝ
ရာခိုင်နှုန်းလျှော့ချပေးသွားမည်ဖြစ်သည်။ ၎င်းသင်တန်းအား Web Designing &
Application ကိုစိတ်ပါဝင်စားသူများနှင့် Web Designer, Web Developer
အဖြစ်ဝင်ရောက်လုပ်ကိုင်လိုသူများတက်ရောက်နိုင်သည်။ သင်တန်း
တက်ရောက်လိုသူများအနေဖြင့် Myanmar Professionals Education Centre (MPEC)
ဖုန်း - 73066278 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။
(31-8-2010)
Source: Internet Journal