|
မုန်တိုင်းဒဏ်ခံခဲ့ရသော ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ
ကွန်ပျူတာပညာရပ်ကို စိတ်ဝင်စားသူများ အတွက် ကွန်ပျူတာနှင့် ပတ်သက်သော
သင်တန်းများ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
မုန်တိုင်းဒဏ်ခံခဲ့ရသော ရန်ကုန်မြို့နဲ့ ဧရာဝတီတိုင်းက ကွန်ပျူတာပညာရပ်ကို
စိတ်ဝင်စားတဲ့သူတွေ အတွက် အဓိကထားပြီး လုပ်တာဖြစ်ပါတယ်။
သင်တန်းတက်ရောက်ချင်တဲ့သူတွေ အနေနဲ့ တက္ကသိုလ်ဝင်တန်း
အောင်မြင်ပြီးသားဆိုရင် ပို အဆင်ပြေ ပါတယ်။ ဒါမှသင်တန်းတက်ပြီးသွားရင်
အလုပ်အတွက် အထောက်အကူပြု ပေးမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်
ချင်တဲ့သူတွေကို အခုချိန်ကနေ စတင်ပြီး လက်ခံပေးနေပါပြီ။
သင်တန်းတက်ရောက်ဖို့ အတွက်အထောက်အထားကတော့ မုန်တိုင်းဒဏ်ခံရတဲ့
ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ နေတယ်ဆိုတဲ့အကြောင်းကို
ပြနိုင်ရင်ရပါပြီဟု MCC မှတာဝန်ရှိသူ ဆရာငြိမ်းဦးမှ အင်တာနက်ဂျာနယ်သို့
ပြောသည်။
သင်တန်းများအားတက်ရောက်ရန် အတွက် Computer Foundation Courses, ICT
Foundation, Microsoft Office-XP /2003/2007 Course, Junior Management and
Office Staff Training Course, Internet and e-mail Course ဆိုပြီး သင်တန်း
၅မျိုးသတ်မှတ်ပေးထားကြောင်း သိရှိရသည်။ သင်တန်းများကို July မှ စတင်၍
ဖွင့်လှစ်သင်ကြားပေး လျက်ရှိ ကြောင်းသိရှိရသည်။
Source:
Internet Journal |