Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


News » Local News

“Microsoft free second shot 2010 ပြန်လည်စတင်နေပါပြီ”.

Free second shot ဟု ခေါ်ဆိုသော Microsoft ၏ ဒုတိယအကြိမ် အခမဲ့ ပြန်လည်ဖြေဆိုခွင့် အစီအစဉ်အား 2010 အတွက် January လ ( 13) ရက်နေ့ မှ ပြန်လည်စတင်နေပြီ ဖြစ်ကြောင်း Myanmar Inspirations မှ ထုတ်ပြန်ကြေငြာသည်။ 2009 အတွက် Free second shot အတွက် promotion မှာ December 31 ရက်နေ့  တွင် ကုန်ဆုံးသွားခဲ့ပြီး ၊ 13 ရက်အကြာတွင် ယခုလို 2010 အတွက် promotion ပြန်လည်စတင်လိုက်သည့် အတွက် Microsoft နည်းပညာ လေ့လာလိုက်စားသူများနှင့် IT ပညာရှင်များအတွက် နှစ်သစ်မင်္ဂလာသတင်းကောင်းပင် ဖြစ်သည် ။ အထက်ပါ အစီအစဉ်အား 2010 June လကုန်အထိခွင့်ပြု သွားမည် ဖြစ်သည့်အတွက် ၆ လတာ ကာလအတွင်း Enterprise Administrator, Microsoft Certified IT Professional များဖြစ်သည်အထိမိမိတို့ ရွေးချယ်ရာ လမ်းကြောင်းများအလိုက် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်တော့မည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက http://www.microsoft.com/learning/en/us/offers/student-career.aspx တွင် ကြည့်ရှုနိုင်ပြီး promotion voucher အမှတ် ကို http://www.prometric.com/ microsoft/ss_academic_form. htm?s= SSA တွင် ၀င်ရောက်တောင်းဆိုနိုင်သည်။ Free second shot အား မည်သူမဆို ၀င်ရောက် ဖြေဆိုနိုင်ပြီး စာမေးပွဲ အရေအတွက် အကန့် အသတ်မရှိ ဖြေဆိုနိုင်သည်ဟု Myanmar Inspirations မှ CIO ဦးလှမျိုးထွန်း မှ ပြောကြားသည်။ “ မနှစ်က second shot မှာ 1000 ကျော်လောက် စစ်ဆေးပေးခဲ့ရတယ် ။ Promotion နောက်ဆုံးရက်တွေဖြစ်တဲ့ December 29-31 ရက်တွေမှာ တနေ့ ကို စာမေးပွဲ 30 နီးပါး စစ်ပေးနိုင်ခဲ့ပါတယ်။ ရန်ကုန် center ၂ ခု နဲ့  မန္တလေး center ပါပေါင်းမယ်ဆိုရင် 2009 second shot အတွက် စာမေးပွဲပေါင်း 1400 လောက် စစ်ဆေးပေးခဲ့ရပါတယ်။ အတွေ့ အကြုံမရှိတဲ့ Microsoft စာမေးပွဲဖြေမယ့်သူတွေအတွက် second shot ဟာ တကယ်ကို အားကိုးစရာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလဲ ရှိလာစေပါတယ်။

Myanmar Inspirations မှာဖြေနေကြသူတွေ အားလုံးကိုတော့ promotion စတဲ့ 13 ရက်နေ့ကတည်းကအကြောင်းကြားပြီးပါပြီ။”  ဟု ၄င်းက ဆက်လက်ပြောကြားသည်။ Myanmar Inspirations သည် 2005 တွင် Exam center စတင်ဖွင့်လှစ်ခဲ့ပြီး Microsoft စာမေးပွဲများအား စစ်ဆေးပေးခဲ့ရာ ယခုအချိန်အထိ စာမေးပွဲပေါင်း ၇၀၀၀ ကျော်သွားပြီ ဟုသိရှိရပြီး ၊ ရန်ကုန်တွင် center ( ၂ )ခုနှင့် မန္တလေး center ( ၁ ) ခု ဖွင့်လှစ်နိုင်ခဲ့သည်ဟု သိရပါသည် ။ ၅
နှစ်တာကာလအတွင်း Asia Pacific ဒေသအတွင်း စာမေးပွဲစစ်ဆေးနိုင်မှုနှင့် ၀န်ဆောင်မှု အတွက် Prometric မှ ၂၀၀၇ နှင့် ၂၀၀၈ ( ၂ ) နှစ် ဆက်တိုက် Myanmar Inspirations အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။

(15-1-2010)
Source: Ko Lin (Myanmar Training)


အချိန်တိုအတွင်း အင်ဂျင်နီယာ ဒီပလိုမာ လက်မှတ်နှစ်ခုရရှိနိုင်.

သည်နှစ်မတ်လက စပြီး ဂဲလ်လန့် (Gallant)သင်တန်းကျောင်းက City & Guilds အသိအမှတ်ပြု ဌာနရယူပြီး ကျောင်းတွေထဲက အင်ဂျင်နီယာ ဒီပလိုမာလက်မှတ်နှစ်ခု အစီအစဉ်ထဲက ဘာသာရပ်ငါးမျိုးကို ပထမဦးဆုံး စတင်သင်ကြားပေးမယ်လို့ သိရပါတယ်။ဆယ်တန်းအောင်မြင်ပြီးသူတွေက ဒီပလိုမာလက်မှတ်နှစ်ခုရနိုင်တဲ့ အီလက်ထရွန်းနစ်နဲ့ လျှပ်စစ်ဆိုင်ရာ၊ မက္ကဲနစ်နဲ့ လျှပ်စစ်ဆိုင်ရာ ဘာသာရပ်တွေကို တက်ရောက်နိုင်ပြီး သင်တန်းကာလက တစ်နှစ်ခွဲ ဖြစ်ပါတယ်။

City & Guilds မှာ အီလက်ထရွန်းနစ်၊ လျှပ်စစ်နဲ့ မက္ကဲနစ်ဘာသာရပ် ရရှိထားပြီးသူတွေအတွက်လည်း သက်ဆိုင်ရာ ဘာသာရပ်ရဲ့ ဒီပလိုမာ လက်မှတ်နှစ်ခုကို တက်ရောက်နိုင်ပြီး သင်တန်းကာလက တစ်နှစ်ကြာမြင့်မှာဖြစ်ပါတယ်။အင်ဂျင်နီယာဒီပလိုမာလက်မှတ်နှစ်ခု ဘာသာရပ်တွေကို City & Guilds အဖွဲ့အစည်းက ချမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းအတိုင်းစာတွေ့ လက်တွေ့ သင်ကြားပေးပြီး Gallant သင်တန်းကျောင်းရဲ့ လက်တွေ့ ကျွမ်းကျင်လက်မှတ်နှစ်ခု ထပ်မံပေးသွားမှာ ဖြစ်ပါတယ်။ သည်လိုအင်ဂျင်နီယာ ဒီပလိုမာနှစ်ခုကို တက်ရောက်ပြီးပါက ပြည်တွင်းပြည်ပမှာ အလုပ်လျှောက်တဲ့အခါ အခွင့်အလမ်းတွေ ရှိနိုင်သလို ပြည်ပ ကျောင်းတွေကို လျှောက်ထားတဲ့ အခါမှာလည်း အခွင့်အလမ်းတွေ ရှိနိုင်တယ်လို့ Gallant သင်တန်းကျောင်း (ဖုန်း-၅၃၉၄၀၃ ၊ ၅၁၃၈၀၄)က သိရပါတယ်။

(15-1-2010)
Source: Modern Journal


MES Process and Products Show တွင် Engineer သင်တန်းကျောင်းများမှ သင်တန်းများကို Discounts များပေးအပ်မည်.

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (MES) Process and Products Show 2010 တွင် City and Guilds အပါအဝင်အခြား Engineer သင်တန်းများကို ကံစမ်းမဲများ သင်တန်း Discounts များ ပေးအပ်သွားမည်ဖြစ်သည်။Golden Crown သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ သင်တန်းကျောင်းက MES Products Show 2010 ကို ဂုဏ်ပြုတဲ့အနေနဲ့ သင်တန်းအားလုံးကို ဇန်နဝါရီ ၁၅ မှ ၂၅ ရက်အထိ 10% မှ 40% အထိ အထူး Discount ဖြင့် လက်ခံသွားမှာပါ။ ပြခန်းကတော့ အခန်းအမှတ် A-8 မှာပါ” ဟုပြောကြားသွားမည်။

ထိုပြင် Gallant သင်တန်းကျောင်းမှလည်း ပြပွဲကာလအတွင်း Gallant Member ကတ်များနှင့် အခြားအဖိုးတန်ဆုမဲများကို မေးခွန်းများဖြေဆိုပြီး ရယူနိုင်ရန်စီစဉ်ထားပါသည်။ Tech သင်တန်းကျောင်းမှလည်းပြပွဲကာလအတွင်း မည်သည့်သင်တန်းမဆို 20% Discount ဖြင့် လက်ခံသွားမည်ဖြစ်သည်။ အဆိုပါ Process and Products Show 2010 ကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းအဆောက်အအုံတည်ရှိရာ လှိုင်တက္ကသိုလ်ဝင်းအတွင်းတွင် ဇန်နဝါရီ ၁၅ ရက် မှ ၁၈ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိပြခန်းများပြသသွားမည်ဖြစ်သည်။

(15-1-2010)
Source: Ko Lin (Myanmar Training)

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats