|
မြန်မာဂိမ်မာအသင်းက ဦးစီးကျင်းပမည့် ၂၀၀၈ခုနှစ် ၊
ဒိုတာဂိမ်းပြိုင်ပွဲ (Foxconn Cup 2008) ကိုစက်တင်ဘာလ ၂၃ ရက်နေ့မှ
၂၆ ရက်နေ့အထိ လှိုင်တက္ကသိုလ်ဝင်းရှိ မြန်မာအင်ဖိုတက်ခ်
တွင်လေးရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ပြိုင်ပွဲဝင်အဖွဲ့ အရေအတွက်နဲ့ အသက်အရွယ် ကန့်သတ်ချက်
မရှိပါဘူး။ ကျွန်တော့်အထင် အဖွဲ့ ၄၀လောက်တော့ ဖြစ်ပါလိမ့်မယ်ဟု
မြန်မာဂိမ်မာအသင်း ဥက္ကဌ ဦးမင်းဝင့်ဦး ကပြောသည်။ပြိုင်ပွဲကို တရုတ်နိုင်ငံ foxconn ကုမ္ပဏီတံဆိပ်
မာသားဘုတ်နှင့် ဂရပ်ဖစ်ကတ်တင်သွင်းသော ရွိုင်ရယ်ဧရာဝတီကုမ္ပဏီက
ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း ဦးမင်းဝင့်ဦးကပြောသည်။
ပြိုင်ပွဲဝင်အဖွဲ့ တစ်ဖွဲ့တွင် အဓိက ကစားသမား ငါးဦး ၊
အရန် နှစ်ဦးနှင့် အသင်း မန်နေဂျာတစ်ဦး စုစုပေါင်း
ရှစ်ဦးပါဝင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်ကြေးအဖြစ် အသင်းတစ်သင်းလျှင်
ကျပ် ၂၅,၀၀၀ သတ်မှတ်ထားသည်။ ဒိုတာဂိမ်းအမျိုးပေါင်း ၂၀ ကျော်လောက်ရှိပါတယ်။
အဲဒီထဲက XL Mode နဲ့ဒိုတာဂိမ်းဗာရှင်း ၆ ဒသမ
၅၃နဲ့ပြိုင်ပွဲကျင်းပဖို့ လက်ရှိစဉ်းစားထားပါတယ်ဟု ၎င်းကပြောသည်။
ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် စက်တင်ဘာလ ပထမပတ်မှ စတင်ပြီး
လျှောက်ထားနိုင်ကြောင်း ၎င်းကဆိုသည်။
ပြိုင်ပွဲဆုကြေးအဖြစ် ပထမဆုကျပ် ငါးသိန်း၊
ဒုတိယနှစ်ကျပ် သုံးသိန်း၊ တတိယဆု နှစ်သိန်းနှင့်
အခြားအထူးဆုများလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်
ဖြစ်ကြောင်း သိရသည်။အခုတစ်ခေါက်နဲ့ဆို ဂိမ်းပြိုင်ပွဲ ကျင်းပတာ
လေးကြိမ်ရှိပါပြီ။မြန်မာနိုင်ငံက ဂိမ်မာတွေအတွက် ဒီပွဲက
အလွန်အရေးပါတယ်။ ဂိမ်မာတွေ အချင်းချင်းတွေ့နိုင်ပြီး တစ်ယောက်နဲ့
တစ်ယောက် အတွေ့အကြုံ ၊ ဗဟုသုတတွေကို ဖလှယ်လို့ရပါတယ်။ ဒီနှစ်ပွဲကို
အရင်နှစ်တွေနဲ့ မတူအောင် ခမ်းခမ်းနားနား ကျင်းပဖို့
ရည်ရွယ်ထားပါတယ်ဟု ဦးမင်းဝင့်ဦးက ပြောသည်။
Source:
Myanmar
Training |