|
အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံစီမံခန့်ခွဲရေးကော်မတီ၏
စီစဉ်မှုဖြင့် အဘိဓမ္မာကျမ်း ကြီးများကို ဗုဒ္ဓတက္ကသိုလ်များရှိ
ဆရာတော်ကြီးများက အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ပြီး
ပထမကြီးအောင်မြင်ပြီးသော သံဃာတော်များ၊ သီလရှင်များ၊
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများနှင့်
နိုင်ငံခြားသားများတက်ရောက်နိုင်ကြောင်း
စုံစမ်းသိရှိရသည်။သင်တန်းကာလမှာ သုံးလဖြစ်ပြီး ယခုသင်တန်းသည်
ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ယင်းကော်မတီမှ သိရသည်။
အဘိဓမ္မာကျမ်းများဖြစ်သော မာတိကာ၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ယမိုက်နှင့်
အဘိဓမ္မာသင်္ဂဟ ကျမ်းရင်းများကို အင်္ဂလိပ်ဘာသာဖြင့်
အောင်လက်မှတ်သင်တန်းဖြင့် Certificate Course (Domestic)
Abhidhamma in English ကိုသင်တန်းသားများအတွက်
သင်ကြားပို့ချမည်ဖြစ်ပြီး၊ အဘိဓမ္မာသင်္ဂဟ Workshop II, Research or
and Application of Abhidhama အလုပ်ရုံဆွေးနွေးပွဲတို့ကိုပါ
ပူးတွဲပို့ချပေးသွား မည်ဟု သိရသည်။
အပြည်ပြည်ဆိုင်ရာအဘိဓမ္မာမဟာသိပ္ပံ ဒုတိယပါမောက္ခချုပ်နှင့်
စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြသန်း (သံအမတ်- ငြိမ်း)
နှင့်ဆရာတော်ကြီးများဖြစ်သော သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်
(အဓိပတိ) မဟာသိပ္ပံနာယက ဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ၊
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသတို့က
ကြီးမှူး၍ Ph.D ဘွဲ့ရဆရာတော်များက အင်္ဂလိပ်ဘာသာဖြင့်
သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။
သင်တန်းကာလမှာ သုံးလဖြစ်ပြီး ယခုအကြိမ်မှာ အခမဲ့ဖြစ်ကြောင်း
ယင်းကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဦးသိန်းဟန်က 7 Days News
သို့ပြောသည်။ သင်တန်းတက်ရောက်လိုသူများသည် ပတ်စပို့ဓာတ်ပုံ(၃) ပုံ၊
တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူနှင့် အမှတ်- ၂၉၅၊ ၂၉၇ (ဓမ္မရုံ)
ဗိုလ်အောင်ကျော်လမ်းသို့ လာရောက်လျှောက်ထားနိုင်ပြီး သင်တန်းကို
အောက်တိုဘာ ၂ ရက်မှ ဒီဇင်ဘာ ၂၈ ရက်အထိ ကမ္ဘာအေးစေတီအတွင်း၌
ဖွင့်လှစ်ပို့ချ ပေးသွားမည်ဟု သိရသည်။
Source: 7 Days News
Journal |