Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font 

                 
 

  Educational News

Local News

International News

Seminar News

Articles

Activities

Quiz Program


 
MAA Learning Center  မှပေးအပ် ချီးမြှင့်သည့် 1 GB Memory Stick (၄) ခု

           

Question and Answer?

Please drop a testimonial for myanmartrainng.com!

Q and A Cyber Cafe' Testimonial
SUBSCRIBE
Your Email:

           Scholarships News

HBF Scholarship
MBA Scholarship (New)
CAMBRIDGE | Dictionary Online
The web's Favorite learner dictionaries
Cambridge Dictionary via MyanmarTraining.com

The first and last world in dictionaries

Online Discount Training Lists!

  News »

.ရခိုင်ညွှန်ဖူးပညာသင်ဆု ကျောင်းသားဦးရေတိုးပေးမည်

ရခိုင်သားကြီးစာပေမှ ရခိုင်ညွှန်ဖူးပညာသင်ဆုကို တစ်နှစ်လျှင် ၄ ဦးသာ နှစ်စဉ်ပေးအပ်လျက်ရှိရာမှ ယခု ၂၀၀၈-၀၉ ပညာသင်နှစ်မှ စတင်၍ ပညာသင်ကျောင်းသားဦးရေ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ရခိုင်ညွှန့်ဖူးပညာသင်ဆုကို အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ် ကျောင်းသားများ၊ သူနာပြု တက္ကသိုလ်ကျောင်းသားများနှင့် မည်သည့်တက္ကသိုလ်တွင် မဆိုတက်ရောက်သင်ကြားနေသော ရခိုင်လူမျိုး ကျောင်းသားများ လျှောက်ထားနိုင်ကြောင်းသိရသည်။

ရခိုင်ညွှန့်ဖူးပညာသင်ဆုကို ၁၉၉၇ ခုနှစ်က စပေးခဲ့ပြီး တစ်နှစ်လျှင် ဆရာဝန် ၁ ဦး၊ အင်ဂျင်နီယာ ၁ ဦးနှင့် အင်္ဂလိပ်စာကျောင်းသား ၂ ဦးကိုသာ ပေးအပ်ချီးမြှင့်နေခဲ့ရာမှ ယခုအခါ တိုးမြှင့်ပေးအပ်တော့မည် ဖြစ်သည်။ရခိုင်ပြည်နယ် အနေဖြင့် မလေးရှား၊ စင်ကာပူ၊ ဂျပန်တို့တွင် ရခိုင်ပညာရေး ဖောင်ဒေးရှင်း ပညာသင်ဆု၊ ရခိုင်သဟာယ အသင်းပညာသင်ဆုနှင့် ရခိုင်ညွှန့်ဖူးပညာသင်ဆုများကို နှစ်စဉ်ချီးမြှင့်လျက်ရှိသည်။

ပညာသင်ဆုလျှောက်ထားလိုသော တက္ကသိုလ်ကျောင်းသားများသည် ရခိုင်သားကြီးစာပေ၊ ကျွန်းရွှေဝါလမ်း၊ ခ/၅၅ ၊ ဘုရင့်နောင်ပွဲရုံ၊ ရန်ကုန်မြို့နှင့် ဒေါ်သန်းသန်းညွှန့် ၊ ရသေ့တောင်မြို့နယ် စာရင်စစ်ရုံး၊ ရခိုင်ပြည်နယ်တို့သို့ လျှောက်ထားနိုင်ပြီဖြစ်သည်။

Source: 7 Days News Journal

.အိုင်တီပက်စာမေးပွဲ ကျင်းပမည်

မြန်မာနိုင်ငံ အပါအ၀င် ခုနှစ်နိုင်ငံအသိအမှတ်ပြု အိုင်တီအင်ဂျင်နီယာစာမေးပွဲ ITPEC ( Information Technology Examination Council ) ကိုလာမည့်အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပသွား မည်ဖြစ်ကြောင်း အဆိုပါစာမေးပွဲတွင် မြန်မာနိုင်ငံအတွက် မေးခွန်းလွှာပြုစုခြင်း နှင့် အဖြေလွှာစစ်ဆေးခြင်း အပိုင်းကိုတာဝန်ယူသည့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးရဲရင့်ဝင်းက ပြောသည်။ အဆိုပါ စာမေးပွဲကို နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိနှင့် မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရခွဲအထိ နှစ်ပိုင်းခွဲ ကာ စစ်ဆေးသွားမည်ဖြစ်သည်။

ထို ITPEC အောင်လက်မှတ်စာမေးပွဲကို တစ်နှစ်လျှင် နှစ်ကြိမ် ဧပြီနှင့် အောက်တိုဘာလတို့တွင် စစ်ဆေးပြီး သီအိုရီနှင့် ကျွမ်းကျင်မှုဆိုင်ရာ multiple choice မေးခွန်းများကို အချိန် ၂ နာရီခွဲကြာဖြေဆိုရကာ စာမေးပွဲကြေးမှာ ၅,၀၀၀ ဖြစ်သည်။ ITPEC စာမေးပွဲကောင်စီကို အာရှနိုင်ငံများအတွင်း အိုင်တီအင်ဂျင်နီယာများနှင့် ပညာရှင်များ၏ကျွမ်းကျင်မှုစံနှုန်းများ သတ်မှတ်ရေးအတွက် စာမေးပွဲများစစ်ဆေးပေးခြင်းဖြင့် လိုအပ်လျက်ရှိသော လူ့စွမ်းအား အရင်းအမြစ်ကို ဖြည့်တင်းရန်နှင့် အဖွဲ့ဝင်နိုင်ငံများမှ ပညာရှင်များ၏ ကျွမ်းကျင်မှုစံနှုန်းကို အသိအမှတ်ပြုနိုင်ရန်  ရည်ရွယ်ကာ ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင်ဂျပန်၊ မွန်ဂိုလီယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်စသည့် နိုင်ငံခုနှစ်နိုင်ငံအဖွဲ့ဝင်အဖြစ် ပါဝင်ကာ အောင်လက်မှတ်စာမေးပွဲများ အတွက် မေးခွန်းပြုစုခြင်းကို သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ကွန်ပျူတာပညာဆိုင်ရာ အဖွဲ့အစည်းများ စုပေါင်း၍ပြုစုကာ စာမေးပွဲစစ်ဆေးခြင်းကိုလည်း သက်ဆိုင်ရာနိုင်ငံအသီးသီး မှ ကွန်ပျူတာပညာဆိုင်ရာအဖွဲ့အစည်းများက တာဝန်ယူဆောင်ရွက်သည်။

၎င်းစာမေးပွဲအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသည် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် စာမေးပွဲပြင်ဆင်မှု သင်တန်းများကို ယခုလနှင့် ရှေ့လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဦးရဲရင့်ဝင်းက ပြောသည်။ နည်းပြသင်တန်းကို ယခုလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကာ အဆိုပါ အိုင်တီအင်ဂျင်နီယာစာမေးပွဲအတွက်  သင်တန်းများပို့ချလျက်ရှိသည့် ပုဂ္ဂလိက သင်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်နိုင်ကြောင်း၊ သင်တန်းကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ရုံးခန်းတည်ရှိရာ မြန်မာအင်ဖိုတက်တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရှစ်ရက်ကြာ အခမဲ့သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။“သင်တန်းသားဦးရေကိုတော့ မကန့်သတ်ထားပါဘူး။ အဓိက ကတော့ ဒီစာမေးပွဲ အတွက်  ပြင်ဆင်မှုသင်တန်းကို ဘယ်လိုသင်ကြားရမလဲ၊

၎င်းက ဆက်လက်၍ ထိုအိုင်တီအင်အင်ဂျင်နီယာစာမေးပွဲအတွက် ပြင်ဆင်မှု သင်တန်းကိုလည်း စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ရာဖြေဆိုရန် မှတ်ပုံတင်ထားသည့် ကျောင်းသားတိုင်း အခမဲ့တက်ရောက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။  ထိုသင်တန်းကိုလည်း မြန်မာအင်ဖိုတက်ရှိ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ရုံးခန်းတွင် မနက် ၉ နာရီမှ ညနေ ၄ နာရီအထိသင်ကြားပေးသွားမည်ဖြစ်ကာ တက်ရောက်လိုသူများအနေဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ( ဖုန်း - 652037 ) သို့ ဆက်သွယ်ကာ မှတ်ပုံတင်နိုင်သည်။

Source: Myanmar Times Journal

Avaliable  

» Do and Don't » Categories    

» A to Z listing 

» International Exam » Questions & Answers » Studying Abroad    » Cyber Cafe List
  » Scholarship » Seminar » Download » News » Quiz Program » Contact Us  

Home | Contact Us | Site Map
© 2007 MyanmarTraining.com. All rights reserved.  

myanmartraining.com

Total Hits: counter stats