ဝက်ဘ်ဆိုဒ်ရေးသားနိုင်ရန် Animation & Graphic Design သင်တန်းဖွင့်လှစ်
ဝက်ဘ်ဆိုဒ်ရေးသားနိုင်ရန်အတွက် Animation & Graphic Design
သင်တန်းတစ်ခုဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ဝက်ဘ်ဆိုဒ်အပြင်အဆင်နှင့်
Animation များအားစနစ်တကျပြုလုပ်လိုသူများအတွက်
ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင်
ဒီဇိုင်းသီအိုရီ၊ Design Patten၊ Colour Scheme Typography စသည်တို့ကို
စနစ်တကျ အသုံးချရေးဆွဲနိုင်ရန် သင်ကြားပေးမည်ဖြစ်ပြီး Microsoft
Expression Studio နှင့်တွဲဖက် အသုံးချတက်ရန်လက်တွေ့
သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကို ၂ဝ၁၁ ဇန်နဝါရီ ၁ဝ
ရက်မှ ဖေဖေါ်ဝါရီ ၁၁ ရက်အထိ သတ်မှတ်ထားပြီး Myanmar info-Tech အတွင်းရှိ
e-Learning Center တွင် သင်ကြားသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းအပ်သူများအတွင်းမှ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းမှ
ဝန်ထမ်းများ၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်များအသင်း၊
မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း၊
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းစသည့် အသင်းဝင်များ၊ ကျောင်းသူ
ကျောင်းသားများ သင်တန်းတက်ရောက်လိုပါက သင်တန်းကြေးအား ၂ဝ
ရာခိုင်နှုန်းလျော့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ သင်တန်းနှင့် ပတ်သက်၍
အသေးစိတ်သိရှိလိုပါက Myanmar info-Tech ဖုန်း - 652 285 သို့
ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
(11-1-2011)
Source: Internet Journal
သင်တန်းများကို နှစ်သစ်အထူးပရိုမိုရှင်းဖြင့် တက်ရောက်နိုင်မည်
.
.
.
.
.. ..
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. ..
.
.
.
.
.
.
.
. . .
၂ဝ၁၁ နှစ်သစ်အနေဖြင့် Career Pass Job Training Centre
မှသင်တန်းများကို အထူးပရိုမိုရှင်းအနေဖြင့် တက်ရောက်သင်ကြားနိုင်မည်
ဖြစ်ကြောင်း သိရသည်။ သင်တန်းများအနေဖြင့် Principle of Management,
Leading with Confidence, Secretarial Skills, Business English of
Executive, Customer Services & Relationship Marketing နှင့် Office &
Administrative Skills စသည့် ဘာသာစကားဆိုင်ရာ၊ အရောင်မြှင့်တင်ခြင်း၊
အုပ်ချုပ်မှုဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စသည့်သင်တန်းများကို
သင်တန်းအလိုက် သင်တန်းကြေးကိုလျှော့ချ လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး
ကုမ္ပဏီများအတွက်လည်း အဖွဲ့လိုက်အတွက် သီးသန့် Discount
အစီအစဉ်များဖြင့် လက်ခံပေးသွားမည်ဖြစ်သည်။ ထို့ပြင်
အထူးအစီအစဉ်အနေဖြင့် သင်တန်းတက်ရောက် အောင်မြင်သူများ ကိုလည်း
အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိစေရန်အတွက် သင်တန်းမှ
အခမဲ့ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းများကို Discount
အနေဖြင့် ၅ ရာခိုင်နှုန်း မှ ၁ဝ ရာခိုင်နှုန်း အထိ သင်တန်းကြေးလျှော့ချ
လက်ခံသင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ ၁ လနှင့် ၁ လခွဲ
သင်တန်းများဖြစ်သည်။ သင်တန်းချိန်များကိုလည်း ရုံးချိန်ပြင်ပ အနေဖြင့်
စီစဉ်ပေးထားပြီး သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်ထပ်မံ သိရှိလိုပါက ဖုန်း
- 09-802 2184 ၊ 09-802 1027 နှင့် 7011 311 တို့သို့
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။
(11-1-2011)
Source: Internet Journal
National Science Project Olympiad ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ
ငွေတံဆိပ်ရရှိခဲ့
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
..
.
.
.
.
.
. . ...
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
၂ဝ၁ဝ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်မှ ၁၁ ရက် အထိ နိုင်ဂျီးရီးယားနိုင်ငံ၊
Abuja ၌ ကျင်းပပြုလုပ်ခဲ့သော National Science Project Olympiad
ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသားသုံးဦး ငွေတံဆိပ်ဆုဆွတ်ခူး
ရရှိခဲ့ကြောင်း သိရသည်။ “ပြိုင်ပွဲကတော့ National Science Project
Olympiad ပြိုင်ပွဲပါ။ နိုင်ငံပေါင်း ၃၆ နိုင်ငံထဲက Horizon က
ကျောင်းသူတစ်ဦးနဲ့ ကျောင်းသားနှစ်ဦးက ငွေတံဆိပ်ရရှိခဲ့တာပါ။
ဒီနှစ်ကျင်းပခဲ့တာကတော့ နိုင်ဂျီးရီးယားမှာပါ” ဟု Horizon မှ
တာဝန်ရှိသူတစ်ဦးကပြောသည်။ ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော
ကျောင်းသား သုံးဦးမှာ Horizon International School မှ
ကျောင်းသူတစ်ဦးနှင့် ကျောင်းသားနှစ်ဦးဖြစ်ပြီး ၁၅ နှစ်အောက်
ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါ
National Science Project Olympiad ပြိုင်ပွဲမှာ ၇
ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ကျောင်းသား
ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။ National Science
Project Olympiad ပြိုင်ပွဲကို ၂ဝဝ၄ ခုနှစ်တွင် အင်ဒိုးနီးရှားနိုင်ငံ၊
Jakata ၌ လည်းကောင်း၊ ၂ဝဝ၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ Yogyakarta
၌ လည်းကောင်း၊ ၂ဝဝ၆ ခုနှစ်တွင် ဘရာဇီးနိုင်ငံ Sao Paulo ၌လည်းကောင်း၊
၂ဝဝ၇ ခုနှစ်တွင် ထိုင်ဝမ် Taipei ၌လည်းကောင်း၊ ၂ဝဝ၈ ခုနှစ်တွင်
တောင်ကိုရီးယားနိုင်ငံ Changwon, Gyeongsangnam-do ၌ လည်းကောင်း၊ ၂ဝဝ၉
ခုနှစ်တွင် အဇာဘိုင်ဂျန်၊ Baku တွင်လည်းကောင်း အသီးသီး
ကျင်းပပြုလုပ်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ Durban တွင်
ပြိုင်ပွဲပြုလုပ်သွားရန် စီစဉ်ထားကြောင်းသိရသည်။
(14-1-2011)
Source: Internet Journal
အိုင်စီတီအသုံးပြုစီမံကိန်းရေးဆွဲခြင်းနှင့်
စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မည်
.
.
.
.
.
.
.
..
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
စီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲမှုသင်တန်း Project Planing and
Management Course အား ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်
Optimum Knowledge Studies မှ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သင်တန်းကာလအတွင်း Business Management and Business Environment,
Importance of Pronect Management, why project fail in some
organization?, critical success factors, management principles,
managing time, cost qualifty, managing other aspect (HR,
communications, risk and procurement), duties and responsibilities
of project manager, project management case studies, understanding
business information system and database in business, managing
project using Microsoft project, individual and group assignment,
presentation စသည့် ဘာသာရပ်များပါဝင်မည်ဖြစ်ပြီး နိုင်ငံတကာ
အဖွဲ့အစည်းများနှင့် လုပ်ငန်းဌာနကြီးများတွင် Project Consultant
တာဝန်ထမ်းဆောင်ခဲ့သော M.B.A, M.P.A, B.E ဘွဲ့ရ ပညာရှင်ကြီးများမှ ICT
နည်းပညာအသုံးပြုပြီး သင်ကြားပေးသွားမည်ဟုဆိုသည်။ အသေးစိတ်သိရှိလိုပါက
Optimum Knowledge Studies ဖုန်း - 01-398029 ၊ 392048 သို့
ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
(14-1-2011)
Source: Internet Journal
အင်္ဂလန်နိုင်ငံမှ ပေးအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု
ဒီပလိုမာတန်းခွဲသစ်ဖွင့်မည်
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
အင်္ဂလန်နိုင်ငံမှ တိုက်ရိုက်ပေးအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု
ဒီပလိုမာ တန်းခွဲသစ်ကို ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင်
နောင်လုံပညာရေးစင်တာတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ
ကျန်းမာရေးစောင့်ရှောက်မှု ဒီပလိုမာသင်တန်းသို့ မြန်မာနိုင်ငံမှ
အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူများ၊ တက္ကသိုလ်တစ်ခုခုမှ
ဘွဲ့ရပြီးသူများ၊ GCE ‘O’ Level အောင်မြင်ထားသူများ၊
ဆေးပညာရပ်သင်ကြားထားသူများ တက်ရောက်နိုင်ကြောင်းသိရသည်။ သင်တန်းတွင်
အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်ကောလိပ်များတွင် သင်ကြားသည့်
သင်ရိုးညွှန်းတမ်းအတိုင်း Activity, Task, Assignment တို့ကို
စာတွေ့လက်တွေ့ဖြင့် အတွေ့အကြုံရှိဆရာ၊ ဆရာမများမှ သင်ကြားပို့ချသွားမည်
ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလမှာ ၆ လ ကြာမြင့်မည်ဖြစ်ပြီး
သင်တန်းပြီးဆုံးပါက ဇွန်လနှင့် ဒီဇင်ဘာလတို့တွင် British Council ၌
ကျင်းပသော စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရမည်ဖြစ်သည်။ စာမေးပွဲတွင်
ဘာသာရပ် ၄ ခု ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲ အောင်မြင်ပါက
အင်္ဂလန်နိုင်ငံမှ တိုက်ရိုက်ပေးအပ်သော Health Care Diploma
ကိုရရှိမည်ဖြစ်သည်။ အဆိုပါ ဒီပလိုမာမှာ အင်္ဂလန်မှ တိုက်ရိုက်ပေးအပ်သည့်
အတွက် ပြည်တွင်းပြည်ပ လုပ်ငန်းခွင်များတွင် အလုပ်အကိုင်ရရှိရန်
အခွင့်အလမ်းများပြီး အင်္ဂလန်နိုင်ငံရှိ အခြားကောလိပ်များတွင်
အလုပ်လုပ်ရင်း ပညာဆက်လက် ဆည်းပူးရန် လွယ်ကူမည်ဖြစ်ကြောင်းသိရသည်။
၎င်းဒီပလိုမာရရှိထားသူများအနေဖြင့် NGO အဖွဲ့အစည်းများ၊ UN အဖွဲ့အစည်း၊
FAQ ကျန်းမာရေး စောင့်ရှောက်မှုဌာနများ၊ ကြက်ခြေနီ
ကူညီစောင့်ရှောက်ရေးအဖွဲ့များ၊ စက်ရုံ၊ အလုပ်ရုံနှင့်
အလုပ်သမားဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ သင်တန်း
တက်ရောက်လိုသူများအနေဖြင့် နောင်လုံပညာရေးစင်တာ အမှတ်- ၁၇ဝ-၁၇၆၊
ဗိုလ်အောင်ကျော်လမ်း၊ MGW Tower ၊ ၇ လွှာ၊ အခန်း (၇ဝ၁)၊
ဗိုလ်တထောင်မြို့နယ်။ ဖုန်း - 256 562 တွင် ဆက်သွယ်
စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။
(14-1-2011)
Source: Internet Journal
James Cook University မှ ချီးမြှင့်သော Best Agent Award, 2011 ကို
CROWN Education ရရှိ
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
CROWN Education သည် ယခုလ ၅ ရက်နေ့ မှ ၇ ရက်နေ့ အတွင်း
စင်္ကာပူနိုင်ငံရှိ James Cook University တွင် ကျင်းပသော 2010 Agent
Conference တွင် မြန်မာနိုင်ငံအတွက် Best Agent Award 2011
ကိုဆွတ်ခူးရရှိနိုင်ခဲ့ ပါသည်၊၊ အဆိုပါ Award အား ချီးမြှင့်ရာတွင် JCU
ဧ။် ကျောင်းသားများထံမှ Survey များ ကောက်ယူပြီး ကျောင်းသားများ
အပေါ်ပေးအပ်သော ၀န်ဆောင်မှုများ၊ ကျောင်းလျှောက်ထားရာတွင်
တက်ရောက်သင့်သော ဘာသာရပ်များကို ပိုမိုကောင်းမွန်အောင်
အကြံပေးနိုင်ခြင်း၊ ကျောင်းသားများအဆင်ပြေအောင် ၀န်ဆောင်မှု့ပေးခြင်း၊
အစရှိသည်တို့ကို အခြေခံပြီး ရွေးချယ်ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်၊၊
အဆိုပါဆုရရှိခဲ့ရာတွင်:- CROWN Education အား ယုံကြည်အားကိုစွာဖြင့်
အကြံဥာဏ်များ တောင်းခံခဲ့ကြသော ကျောင်းသား ကျောင်းသူများနှင့်
မိဘပြည်သူများ၊ ကျောင်းသူ ကျောင်းသားများ အတွက် သတင်းများ
ရောက်ရှိအောင် ကူညီခဲ့ကြသော မီဒီယာမှ ညီအစ်ကို မောင်နှမ၊
ဆရာသမားများအား၊ အထူးကျေးဇူး တင်ရှိပါကြောင်းနှင့်
ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့်
ကျွန်တော်တို့၏ ၀န်ဆောင်မှု့ များအားပိုမိုကောင်းမွန်အောင်
ကြိုးစားသွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည်၊၊ JCU ကျောင်းသည် Singapore
နိုင်ငံပညာရေးဆိုင်ရာအသိအမှတ်ပြု EduTrust ရရှိထားသော Australia
တက္ကသိုလ် တစ်ခုဖြစ်ပြီး၊ JCU Singapore Campus တွင် IT, Business,
Tourism & Hospitality Management အစရှိသော ဘာသာရပ်များကို Foundation
မှ Master အဆင့်ထိ တက်ရောက်နိုင်ပြီး JCU Singapore Campus တွင် ၈လ
သို့မဟုတ် ၁နှစ် ပညာသင်ကြားပြီး သူများသည် Australia JCU သို့ Campus
Transfer ဖြင့် ပြောင်းရွေ့တက်ရောက်နိုင်ပါသည်။ ၄င်းအပြင် IT နှင့်
Business ဘာသာရပ် နှစ်ခုကို ပူးတွဲ Master ဘွဲ့ အဖြစ် သင်ယူနိုင်သော
Joint Masters of Information Technology (e-Business) + MBA
ဘာသာရပ်ကိုလည်း တက်ရောက်သင်ယူနိုင်ကြောင်းသိရှိရသည်။
(14-1-2011)
Source: Ko Lin (Myanmar Training)