Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:

News » Local News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ICT-Laboratory “Ethernet Over Power Line” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့လေ့လာမှုများအား အထောက်အကူ ပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးအောင်စိုးမိုး၊ ဦးရဲကျော်သိန်း၊ ဦးအောင်ဇော်မြင့်၊ ဦးဇော်ဝင်းထွန်း၊ တို့မှ ဇန်နဝါရီလ (၂၂) ရက်တွင် နေ့လည် ၁းဝဝ နာရီမှ ၅းဝဝ နာရီအထိ “Ethernet Over Power Line” ခေါင်းစဉ်ဖြင့် လက်တွေ့ သရုပ်ပြ သွားမည်ဖြစ်သည်။ Myanmar Info-Tech ဝင်းအတွင်းရှိ အဆောင်(၁) တွင် Wireless Devices များ၊ LAN ကြိုးများ အသုံးမပြုပဲ အဆောက်အဦ အတွင်းရှိ မီးလိုင်းများကိုသာ အသုံးပြုပြီး ကွန်ပျူတာများအား လက်တွေ့ချိတ်ဆက် စမ်းသပ်ကြမည် ဖြစ်သည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများနှင့် Network အခြေခံတတ် မြောက်ထားသူများ၊ စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်လေ့ကျင့်နိုင်ပြီး ဇန်နဝါရီလ (၂၁) ရက်နေ့ ညနေ (၃းဝဝ) နာရီနောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့ စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆၊ ၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။






 

(14-1-2011)
Source: Ko Lin (Myanmar Training)


                                 Education, Living & Health Care Exhibition ပြပွဲကျင်းပမည် . .  . . .  .. .. .    .. .  .  . . .  .  . . . .  . . .  .  . . . .      .    . .. .         .     .      . . .  .  . . .             

JADE CROWN Organizing Group မှစီစဉ်ပြီး Shine Construction Group ၏ အဓိက ပံ့ပိုးကူညီမှုဖြင့် ပညာရေး၊ နေထိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကုမ္ပဏီများ ပါဝင်ပြသမည့် Educaiton, Living & Health Care Exhibition ပြပွဲကို ၂ဝ၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက်မှ ၂၈ ရက်အထိ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါပြပွဲကို လူတစ်ဦးချင်းစီနှင့် မိသားစုတိုင်းအတွက် အဓိကလိုအပ်လျက်ရှိသော ပညာရေး၊ နေထိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို တစ်စုတစ်စည်းတည်း ပြည့်ပြည့်စုံစုံလေ့လာကြည့်ရှုနိုင်ရန် စီစဉ်ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။ Education, Living & Health Care Exhibition ပြပွဲကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲတွင် ပညာရေးနှင့် ပတ်သက်၍ International School များ၊ ပညာရေးဝန်ဆောင်မှုကုမ္ပဏီများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ Training Centre များ ဘာသာစကား သင်တန်းကျောင်းများပါဝင်ပြသသွားမည်ဖြစ်သည်။ နေထိုင်ရေးနှင့် ပတ်သက်၍ နောက်ဆုံးပေါ် အိုင်တီပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ အိမ်တွင်းနှင့် ခြံတွင်းအလှဆင်လုပ်ငန်းများ နေထိုင်မှုဆိုင်ရာ အသုံးအဆောင် အီလက်ထရောနစ်ပစ္စည်းများ ပါဝင်ပြသသွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ပတ်သက်၍ ပြည်ပမှ ထုတ်လုပ်သော ဆေးဝါးများ၊ ပြည်တွင်းမှ ထုတ်လုပ်သော တိုင်းရင်းဆေးများ၊ ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်နှင့် အားကစားပစ္စည်းများ၊ ပြည်တွင်းပြည်ပမှ ဆေးရုံများ ပါဝင်ပြသမည်ဖြစ်သည်။ ထို့အပြင်နိုင်ငံခြားမှ တင်သွင်းသော အစားအစာနှင့် အာဟာရများ၊ စာအုပ်အရောင်းဆိုင်များနှင့် အဝတ်အထည်ကုမ္ပဏီများမှလည်း ပြပွဲတွင်ပါဝင်ပြသသွားမည် ဖြစ်ကြောင်းသိရသည်။ ပြပွဲနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များသိရှိလိုပါက JADE CROWN Organizing Group အမှတ် (၂ဝ၄)၊ ပထမထပ်၊ ၃၉ လမ်း၊ အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ဖုန်း - 7309 8593 ၊ 7314 8593 တို့သို့ဆက်သွယ် မေးမြန်းနိုင်သည်။




 

(14-1-2011)
Source: Internet Journal


                          SAA-GE ပညာသင်ဆုနှင့် တက်ရောက်နိုင်မည့်သင်တန်းအကြောင်းအခမဲ့ ဆွေးနွေးပေးမည် . .  .  .  .  .  . .  .  .  .. . . . . .  . ..  .  .  . . .   . . ... . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

စင်ကာပူ SAA Global Education ပညာသင်ဆုဆိုင်ရာနှင့် တက်ရောက်နိုင်မည့် ဘာသာရပ်ဆိုင်ရာများအကြောင်းကို တစ်ဦးချင်းအနေဖြင့် အခမဲ့ဆွေးနွေး ပေးသွားမည်ဖြစ်ကြောင်း SAA-GE ၏ မြန်မာပြည်အေးဂျင့် ဖြစ်သော Linux Lab မှသိရသည်။ အဆိုပါအစီအစဉ်တွင် SAA Global Education စင်ကာပူတွင် လျှောက်ထားနိုင်သော ပညာသင်ဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာများအပြင် လန်ဒန်တက္ကသိုလ်နှင့် လန်ဒန်ကျောင်းများတွင် Accounting နှင့် Management ဆိုင်ရာဘာသာရပ်များကို သွားရောက်သင်ကြားလိုသော ကျောင်းသားကျောင်းသူများအား SAA-GE မှ တာဝန်ရှိ ပုဂ္ဂိုလ်မှ တစ်ဦးခြင်းအပြန်အလှန် အသေးစိတ် ရှင်းလင်းပြောကြားပေးမည်ဖြစ်သည်။ မတ်လတွင်ဖွင့်လှစ်မည့် ACCA, CAT/FIA အတန်းသစ်များတွင် တက်ရောက်လိုသော ကျောင်းသား ကျောင်းသူများ အတွက် အဓိကထား၍ ဆွေးနွေးပေးသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် နောက်ဆုံးထား၍ မြန်မာအင်ဖိုတက်ရှိ The Linux Lab Training Centre ဖုန်း - 652 242 ၊ 652 243 တို့သို့ စာရင်းပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။








 

(14-1-2011)
Source: Internet Journal


    CCNA စာမေးပွဲကို ထူးချွန်စွာဖြေဆိုအောင်မြင်လိုသူများအတွက် IMCS သင်တန်းကျောင်းမှ တာဝန်ယူသင်ကြားပေးမည် . . . . . .  .  . .. .. . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

ယနေ့အိုင်တီခေတ်တွင် Network Profession အဖြစ် ရပ်တည်လိုသော လူငယ်များအနေဖြင့် Network ကို ကျွမ်းကျင်ရုံသာမက CCNA Certificate အောင်လက်မှတ်ကိုပါရရှိအောင် ကြိုးစားလာကြသည်။ CCNA Certificate သည် ယနေ့ခေတ်တွင် Network Profession အနေဖြင့် ရပ်တည်လိုသူများအတွက် အရေးပါသော Certificate တစ်ခုဖြစ်ပြီး နိုင်ငံတကာတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေပါသည်။ CCNA Certificate Course ကို နိုင်ငံတချို့တွင် တစ်ပတ်ဖြင့် သင်ကြားပေးလျက်ရှိပြီး စာမေးပွဲအောင်မြင်ရန် အထောက်အကူဖြစ်သော်လည်း၊ လုပ်ငန်းခွင်တွင် အခက်အခဲများရှိနိုင်သောကြောင့် လုပ်ငန်းခွင်တွင် ကြုံတွေ့လာနိုင်သော Network ပိုင်းဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရန်ရည်ရွယ်၍ နိုင်ငံတကာအသိအမှတ်ပြု Network စာမေးပွဲများ ဖြေဆိုအောင်မြင်ထားသော ဆရာများ၊ နိုင်ငံခြားတက္ကသိုလ်များမှ အင်ဂျင်နီယာဘွဲ့ရ Network ဆရာများကိုယ်တိုင် IMCS သင်တန်းကျောင်းတွင် စာတွေ့သာမက CCNA Lab များဖြင့်ပါ သင်ကြားပေးမည်ဖြစ်ပါသည်။ Network အခြေခံမရှိသူများ အနေဖြင့်လည်း CCNA Course ကို ပိုမိုလွယ်ကူနားလည်နိုင်စေရန် Network Foundation Course အား အခမဲ့တက်ရောက်နိုင်ပါသည်။

တန်းခွဲတစ်ခုလျှင် သင်တန်းသား ၅ ဦးသာ လက်ခံသင်ကြားပေးသောကြောင့် ကျောင်းသား/သူများအနေဖြင့် အလွယ်တကူ နားလည်တတ်မြောက် နိုင်မည်ဖြစ်သည့်အပြင် Cisco Router, Swith စသည့် သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပေးသည့်အတွက် တက်ရောက်သူများအနေဖြင့် အောင်လက်မှတ် ရရှိရုံသာမက လက်တွေ့လုပ်ငန်းခွင်တွင်လည်း အဆင်ပြေလွယ်ကူမည်ဖြစ်ကြောင်း သိရှိရပါသည်။ သင်တန်းချိန်များကို ရုံးဝန်ထမ်းများအတွက် တစ်ပတ် ၂ ရက် စနေ၊ တနင်္ဂနွေနှင့် ပုံမှန်တက်ရောက်လိုသူများအတွက် တစ်ပတ် ၄ ရက် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ ဟူ၍ ခွဲခြားထားပြီး စနေ၊ တနင်္ဂနွေသင်တန်း စတင်မည့်နေ့မှာ ၂၉-၁-၂၀၁၁ နှင့် ပုံမှန် ၄ ရက်တန်းခွဲမှာ ၃၁-၁-၂၀၁၁ တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အထူးအစီအစဉ်အဖြစ် သင်တန်းကြေး ၁ဝ ရာခိုင်နှုန်း Discount ဖြင့် တက်ရောက်နိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် အမှတ်-၃၇ ၊ ပထမထပ် ၊ ဦးထွန်းလင်းခြံလမ်း (ဒေါ်အေးသန့် ကြာဇံချက်ဆိုင်အနီး) ၊ လှည်းတန်းကမာရွတ်မြို့နယ်။ ဖုန်း - ၇၃၀၂၅၄၉၅ ၊ ၀၉၉၉-၂၇၇၈၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။









 

 

(18-1-2011)
Source: Net Guide Journal

 


                              Professional Services Engineer သင်တန်း ဖွင့်လှစ်မည် . . .  .  . .  . .   .. . .  . . . . . . .  .  . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

ICT နည်းပညာများကို အမှန်တကယ်စိတ်ဝင်စားပြီး ICT နယ်ပယ်တွင် Hardware & Network Technician, Service Engineer, IT Engineer များအဖြစ် ဝင်ရောက်လုပ်ကိုင်လိုသူများနှင့် Cyber Café များတွင် Administrator အဖြစ်လုပ်ကိုင်လိုသူများအတွက် Professional Services Engineer သင်တန်းကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် APS Technology ၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ သင်တန်းတွင် A+ များအခြေခံမှစ၍ Advanced Level အထိ အသေးစိတ်သင်ကြားမည်ဖြစ်ပြီး၊ စာတွေ့နှင့် လက်တွေ့မျှတစွာ သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလ ၃ လ ကြာမြင့်မည် ဖြစ်ကာ သင်တန်းသားဦးရေ ၇ ဦးထိသာ လက်ခံမှာဖြစ်ကြောင်းသိရသည်။ သင်တန်းကြေးအဖြစ် ၈၅,ဝဝဝ ကျပ် သတ်မှတ်ထားသော်လည်း ပထမဆုံးသင်တန်း အပ်သူ ၅ ဦးကို ၅,ဝဝဝ ကျပ် Discount ပေးမည်ဖြစ်ကြောင်းသိရသည်။ အသေးစိတ် အချက်အလက်များကို ထပ်မံသိရှိလိုပါက APS Technology ဖုန်း - ၀၉၅၀၉၁၈၁၀ နှင့် ၇၃၀၈၀၉၅၈ သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။





 




 

(18-1-2011)
Source: Net Guide Journal

 


                           အိုင်စီတီအသုံးပြု စီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မည် . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

Optimum Knowledge Studies မှစီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲမှုသင်တန်း Project Planning and Management Course အား ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် စတင်ဖွင့်လှစ်ပေးသွားမည်ဟုသိရသည်။ အဆိုပါသင်တန်းသို့ ရုံးဌာနများ၊ လုပ်ငန်းကြီးများ၊ ဘဏ်များ၊ ဟိုတယ်များ၊ စက်ရုံအလုပ်ရုံများ၊ တည်ဆောက်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းကြီးများကို တာဝန်ယူရသော မန်နေဂျာများ၊ စီမံကိန်းမန်နေဂျာ Project Manager တာဝန် ထမ်းဆောင်ရမည့်သူများနှင့် ထမ်းဆောင်လိုသူများ၊ ကျောင်းသင်ခန်းစာလိုအပ်ချက်အတွက် Project Management ဘာသာရပ်များကို လေ့လာရမည့်သူများ၊ နိုင်ငံတကာသို့ Project Management အထူးပြုသင်တန်းများ တက်ရောက်လိုသူများနှင့် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များ လုပ်ငန်းအတွေ့အကြုံ ရှိသူများ တက်ရောက်နိုင်မည်ဖြစ်သည်။

သင်တန်းကာလအတွင်း Business Management and Business Environment, Importance of Project Management, Why project fall in some organization?, critical success factors, project management principles, managing time, cost and quality, managing other aspect (HR, communication, risk and procurement), duties and responsibilities of project manager, project management case studies, understanding business information systems and database in business, managing project using Microsoft project, individual and group assignment, presentation စသည့် ဘာသာရပ်များပါဝင်မည်ဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် လုပ်ငန်းဌာနကြီးများတွင် Project Consultant တာဝန်ထမ်းဆောင်ခဲ့သော M.B.A, M.P.A, B.E ဘွဲ့ရ ပညာရှင်ကြီးများမှ ICT နည်းပညာအသုံးပြုပြီး ဦးဆောင်သင်ကြားသွားမည်ဟု သိရသည်။ အသေးစိတ်သိရှိလိုပါက Optimum Knowledge Studies ဖုန်း - ၃၉၈၀၂၉ ၊ ၃၉၂၀၄၈ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။







 

(18-1-2011)
Source: Net Guide Journal

 

 

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats