နိုင်ငံတကာ Bar Camp ပုံစံအတိုင်းကျင်းပမည့် မြန်မာနိုင်ငံ၏ ပထမအကြိမ်
Bar Camp Yangon 2010.
နိုင်ငံတကာ၌ ကျင်းပလျက်ရှိသော BarCamp
ပွဲများ၏ပုံစံအတိုင်းကျင်းပမည့်မြန်မာနိုင်ငံ၏ ပထမ အကြိမ် BarCamp 2010
ကိုဇန်နဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၅
နာရီအထိ ၂ ရက်တိုင်တိုင်
မြန်မာအင်ဖိုတက်အတွင်းကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ BarCamp ဆိုသည်မှာ
မည်သူမဆိုပါဝင်ဆင်နွှဲနိုင်သည့် နည်းပညာဖလှယ်ပွဲတစ်ခုဖြစ်သလို Web 2.0
ခေတ်တွင်လူတွေလက်ခံထားသောပူးပေါင်းလုပ်ဆောင်ခြင်း၊ အသိပညာဖလှယ်ခြင်း
(Collaboration and Knowledge Sharing)ကိုအခြေခံပြီး လူတစ်ဦးနှင့်
တစ်ဦးအကြား၊ ပညာရှင်ဟုတ်သူနဲ့မဟုတ်သူအကြား အသိ ပညာကွာခြင်းချက်ကို
ကျဉ်းမြောင်းလာအောင်လုပ်ဆောင်မည့် Community Activity တစ်ခုဖြစ်ကြောင်း
သိရ သည်။ တစ်ဦးတစ်ယောက်ထဲမှ ပြောဆိုမှုများကို ကျန်ရှိနေသူများမှ
နားထောင်ရတာမျိုးမဟုတ်ဘဲ ကိုယ်သိ ထား၊ ကိုယ်တက်ကျွမ်းထားသည့်
ဘာသာရပ်များကို ကိုယ့်အနေနဲ့ ဖွင့်ဟပြောဆိုနိုင်သည့်အတွက်ကြောင့် လူ
အများနှင့် ထိတွေ့ဆက်ဆံနိုင်ခွင့်ကို ရရှိစေမည်ဖြစ်ကြောင်းသိရသည်။
Seminar များကဲ့သို့ One to Many သွားသည့် ပုံစံမျိုးမဟုတ်ဘဲ Many to
Many သွားသည့် ပုံစံမျိုး ဖြစ်ကြောင်းသိရသည်။
Bar Camp Yangon 2010 ကျင်းပမည့်နေ့များတွင် Workspace များ File
Sharing များလည်းပါဝင်မည်ဖြစ်သည်။ File Sharing မှာ
တက်ရောက်လာသူအချင်းချင်း Software များ၊ နည်းပညာများ၊ အချက်အလက်များကို
ဖလှယ်ကြမည့် အစီအစဉ်အတွက် BarCamp 2010 တက်ရောက်မည့် သူများအနေဖြင့်
Laptop, Thumb Drive/External Drive, DVD, RW, Notebook Power Cards
အစရှိ သည့် ပစ္စည်းများထဲမှတစ်ခုခုယူလာရန် BarCamp Yangon Organize
များမှ တိုက်တွန်းထားသည်။Bar Camp Yangon
တက်ရောက်လာသူများအမှတ်တရဖြစ်စေရန် အတွက်လည်း BarCamp Yangon Tshirt,
BarCamp Yangon Cup, Ball Pen, BarCamp Yangon Logo Sticker နှင့်
Software and Presentation DVD များကိုလက်ဆောင်ပေးသွားရန်
စီစဉ်ထားကြောင်း ထပ်မံသိရှိရသည်။
(19-1-2010)
Source: Internet Journal
BarCamp တွင်ကူညီပေးမည့် Volunter များအတွက် Pre BarCamp
တစ်ခုပြုလုပ်မည်.
BarCamp ပွဲအတွင်းလုပ်ကိုင်ဆောင်ရွက်ကြမည့် Volunteer များအတွက် Pre
BarCamp တစ်ခုကို ဇန်နဝါရီလ ၂ဝ ရက်နေ့ညနေ ၄နာရီမှ ၆ နာရီအထိ Myanmar
Info-Tech ပင်မဆောက်အဦ အခန်း ၁ဝ၁ တွင်
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။“Pre BarCamp
လုပ်ရတဲ့အကြောင်းကတော့ ပွဲမှာ Volunteer တွေအများကြီးလိုအပ်ပါတယ်။
ကျွန်တော်တို့မှာရှိတဲ့ ကျွန်တော်တို့ဆက်သွယ်ထားတဲ့
ကျွန်တော်တို့ကိုကူညီမဲ့ Volunteer အချို့လည်း
လက်ရှိအချိန်မှာရှိပါတယ်။ လောလောဆယ်မှာတော့ ၂၅ ယောက်၊
၃ဝယောက်လောက်ရှိပါတယ်။ အခုလက်ရှိ အထိရှိတဲ့လူနဲ့ရော၊
နောက်ထပ်လာမဲ့လူတွေကိုပါ BarCamp ကျင်းပနေတဲ့အချိန်အတွင်းမှာ
ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာတွေကို လက်တွေ့ဆောင်ရွက်ဖို့အတွက်
ကြိုတင်ပြင်ဆင်တဲ့သဘောနဲ့ Pre BarCamp တစ်ခုကို ကျွန်တော်တို့ ၂ဝ
ရက်နေ့မှာပြုလုပ်ဖို့စီစဉ်ထားခြင်းဖြစ်ပါတယ်။” ဟု BarCamp Yangon မှ
Organizer တစ်ဦးကပြောကြားခဲ့သည်။
“ဒီလိုစီစဉ်ထားတာကလည်း တဆက်တည်းမှာ ပြဿနာဖြစ်လာနိုင်မဲ့လူဦးရေတွေ၊
Register လုပ်တဲ့ အခါတွေ၊ နောက် File Sharing လုပ်မယ်ဆိုလို့ရှိရင်
Server တွေကို ဘယ်နားမှာထားမယ်။ ကွန်ပျူတာမပါ လာတဲ့သူတွေ
အသုံးပြုဖို့အတွက်ဘယ်နေရာတွေစီမံထားမယ်။ ဘယ်အခန်းတွေက
နံပါတ်ဘယ်လောက်မှာ ဘယ်သူတွေက ဘာပြောမယ်ဆိုတာတွေကို Volunteer
တွေကအကုန်လုံးသိအောင်လို့ ကျွန်တော်တို့က စီစဉ်ထားမှာပါ၊
ပြီးတဲ့အခါမှာလည်း ဒီထဲမှာ Connection Speed ကဘယ်လောက်ရတယ်။ ဘယ်နေရာတွေ
အထိ Connection ရဲ့ Range ကပြေးတယ်။ ကျွန်တော်တို့လုပ်ထားတဲ့ Point
တွေအဆင်ပြေပြီလား၊ HotSpot
တွေဘယ်လိုအနေအထားရှိမလဲဆိုတဲ့ဟာတွေကိုစမ်းသပ်တဲ့အနေနဲ့ Pre BarCamp
ကိုလုပ်မှာဖြစ် ပါတယ်။” ဟု၎င်းမှထပ်မံပြောကြားခဲ့သည်။
Pre BarCamp ကိုလာရောက်ရန်အတွက် ပတ်သက်သည့်သတင်းအချက်အလက်များကို
သက်ဆိုင်ရာ ဝက်ဘ်ဆိုက်တွင်ကြေညာမည်ဖြစ်သလို Organizer များနှင့်
ဆက်သွယ်ထားသည့် Volunteer များကိုလည်း
အကြောင်းကြားစာများပေးသွားမည်ဖြစ်ကြောင်းသိရသည်။ BarCamp Yangon
အတွင်း၌ Volunteer များလို အပ်နေသေးသဖြင့်
စိတ်ဝင်တစားဝင်ရောက်လုပ်ကိုင်လိုသူများ ဆက်သွယ်နိုင်ကြောင်း
ထပ်မံသိရှိရသည်။
(19-1-2010)
Source: Internet Journal
Data Management နှင့် Database Development အထူးသင်တန်းအမှတ်စဉ် ၆
ဖွင့်မည်.
Data အချက်အလက်များကို စနစ်တကျစီမံခန့်ခွဲနိုင်ပြီး
ကွန်ပျုတာအခြေခံအနည်းငယ်ရှိရုံမျှဖြင့် မိမိ ကိုယ်တိုင် Computer ဖြင့်
Database များကို ကျွမ်းကျင်စွာတီထွင်ထုတ်လုပ်နိုင်သည်အထိ
လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းပြီးဆုံးပါက
လုပ်ငန်းခွင်များတွင် လုပ်ခလစာမြင့်မားသော Database Manager နှင့်
Database Administrator အဆင့်တာဝန်ထမ်းဆောင်လိုသူများအတွက်လည်းတပါတည်း
သင်ကြားပေးသွားမည့် Data Management & Database Development
ရုံးချိန်ပြင်ပ အထူးသင်တန်းများကို ဇန်နဝါရီလ (၃၁) ရက်နေ့တွင်
ဖွင့်လှစ်မည်ဖြစ်ကြောင်း Optimum Knowledge Studies မှသိရသည်။
သင်တန်းကာလအတွင်း လုပ်ငန်းခွင်အသီးသီး၌ ပုံစံမျိုးစုံဖြင့် တည်ရှိနေသော
အချက်အလက်များအား အောက်ခြေမှစုစည်းခြင်း (Data Collection From The
Ground) ဦးစားပေးအဆင့်သတ်မှတ်ခြင်း( Priority)၊ ကွန်ပျူတာအတွင်းသို့
သိမ်းဆည်းခြင်း (Saving as Digital Form) ပုံစံပြောင်းခြင်း
(Transformation) စီမံခန့် ခွဲမှု မူဝါဒများသတ်မှတ်ခြင်း (Developing
Data Management Policies) များအပြင် စီးပွားရေး
လုပ်ငန်းစီမံခန့်ခွဲမှုအခြေခံ သဘောတရားများ၊ စီးပွားရေးလုပ်ငန်းများတွင်
အသုံးပြုလျက်ရှိသော Information Systems များနှင့် Database
များအကြောင်း၊ ကွန်ပျူတာပညာရှင်လမ်းကြောင်း အဆင့်ဆင့်၊ Database
Manager နှင့် Database Administrator တစ်ယောက်တွင်ရှိရမည့် တာဝန်နှင့်
အရည်အချင်းများ Database & DBMS Fundamentals နှင့် Data Modelling
Techniques များအကြောင်း၊ လုပ်ငန်းခွင်အသီးသီးသုံး Database များအား
Microsoft Access နှင့် SQL Server Software
များအသုံးပြုပြီးတီထွင်ထုတ်လုပ်ခြင်း သင်ခန်းစာများ၊ Data
အချက်အလက်နှင့် Database များလုံခြုံရေးအတွက် Security and Management
Practices များအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ Database User များအား
တာဝန်အဆင်ဆင့် သတ်မှတ်ပေးခြင်းနှင့် စီမံခန့်ခွဲခြင်းစသည်များကို
ကိုယ်တိုင်ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရန်လေ့ကျင့်သင်ကြား
ပေးသွားမည်ဖြစ်သည်။အသေးစိတ်သိရှိလိုပါက Optimum Knowledge Studies
ဖုန်း 01-398029၊ 392048 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
(19-1-2010)
Source: Internet Journal
RV! Unique Summer Solar Programme သင်တန်းဖွင့်မည်.
ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အတွင်းကစားရင်း
စာသင်နိုင်သော သင်တန်းတစ်ခု ဖြစ်သည့် RV! Unique Summer Solar
Programme ကို မတ်လအတွင်း စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
သိရသည်။၎င်းသင်တန်းကို မတ်လ ၁၅ရက်နေ့စတင်၍ ရန်ကုန်မြို့ရှိ Mya Yeik
Nyo Hotel တွင် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိဖွင့်လှစ်မည်ဖြစ်ပြီး
သင်တန်းကာလမှာ မတ်လ ၁၅ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိတက်ရောက်ရမည်ဖြစ်သည်။
သင်တန်းကို Level 1 မှ Level 4 အထိသတ်မှတ်ထားရာ အသက် ၆ နှစ်မှ ၁၄
နှစ်အရွယ် ကျောင်းသားများတက်ရောက်နိုင်ပြီး အင်္ဂလိပ်စာ၊ သင်္ချာ၊
သိပ္ပံနှင့် တရုတ်စာအပြင် ကွန်ပျူတာ၊ ပန်းချီ၊ ရေကူး၊ သီချင်း၊
ဘဝတိုးတက်မှု အတွက်အသုံးချဘာသာရပ်များကို သင်ကြားပို့ချ
ပေးမည်ဖြစ်ကြောင်း သိရသည်။ တက်ရောက်လိုသူများ အနေဖြင့်
သင်တန်းကြေးအထူးနှုန်းရရှိရန် ဖေဖေါ်ဝါရီလ ၁၉ ရက်မတိုင်မီကြိုတင်
စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက
မခိုင်ဇာ၊ မမာလာ (RV! Centre Yangon)၊ ဖုန်း - ၂၄၂၄၁ဝ ၊ ၂၅၃၅၃၈ ၊
၂၅ဝ၃၈၈ (လိုင်းခွဲ-၃၅၂) များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း
သိရသည်။
(19-1-2010)
Source: Internet Journal
Special Package Programme for Microsoft.NET သင်တန်းတက်ရောက်သူများ
MCTS Exam Oriented Programme အခမဲ့တက်ရောက်ခွင့်ရရှိမည်.
Microsoft.NET တို့ကျွမ်းကျင်စွာ တက်မြောက်လိုသူများနှင့် Microsoft
အသိအမှတ်ပြု MCTS Exam ဖြေဆိုလိုသူများအတွက် Special Pacdage for
Microsoft.NET သင်တန်းကို ၂ဝ၁ဝ ခုနှစ် ဖေဖေါ်ဝါရီလဆန်း တွင်
ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ သင်တန်းတွင် Microsoft C#.NET,
ASP.NET နှင့် SQL တို့ကို အခြေခံမှ စပြီး Project
များရေးသားနိုင်သည်အထိ စနစ်တကျလေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။
Microsoft Certified ဖြစ်သူ ဆရာများ ကိုယ်တိုင်သင်ကြာားပေးပြီး
ကွန်ပျူတာတက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ Programming ကို အခြေခံမှ
စတင်လေ့လာလိုသူများတက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကာလမှာ လေး
လကြာမြင့်မည် ဖြစ်သည်။
IT Industry တွင် ဝင်ရောက်လုပ်ကိုင်လိုသူများအတွက်
လက်တွေ့ကျွမ်းကျင်မှုအပြင် Microsoft Certificate များကဲ့သို့
Professional Certificate များဖြေဆိုထားပါက
အခွင့်အရေးကောင်းများရရှိနိုင်မည့် အပြင် Microsoft.NET
ကိုကျွမ်းကျင်စွာတက်မြောက်ထားသူတွေအနေဖြင့် MCTS Exam ကို အလွယ်တကူ
ဖြေဆိုနိုင်မည်ဖြစ်သည်။သင်တန်းပြီးဆုံးပါက MCTS Exam များဖြစ်သော
Microsoft.NET Framework Application Development Fundation (70-536)
နှင့် Microsoft.NET Framework 2.0 Web-Based Client Development
(70-528) Exam ဖြေဆိုနိုင်စေရန်အတွက် Exam Oriented သင်တန်းကို
အခမဲ့ဆက်လက်တက်ရောက်နိုင်မည်ဖြစ်သည်။
အဆိုပါ Exam Oriented သင်တန်းတွင် Microsoft Exam ဖြေဆိုရာ၌ လိုအပ်သော
သိသင့်သိထိုက်သည့် Theory များနှင့် Exam အတွက် ကြိုတင်
လေ့ကျင့်ပြင်ဆင်မှုများကို အခမဲ့ပြုလုပ်ပေးသွားမည်ဖြစ်ပြီး
ကွန်ပျူတာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက်အထူး Discount
ပေးမည်ဖြစ်ကြောင်း သိရသည်။ တက်ရောက်လိုသူကျောင်းသားကျောင်းသူများသည်
Myanmar Professional Education Centre (MPEC) ဖုန်း-၆၆၈၇၇၉၊ ၆၆၈၂၅၉
သို့ဆက်သွယ်ပြီး ကြိုတင်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။
(19-1-2010)
Source: Internet Journal
Curtin University of Technology Singapore နှင့် Sydney တို့၏
တန်းခွဲသစ်များ ဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထား လျှောက်ထားရမည်.
မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Australia ရှိ
အဆင့်မြင့် တက္ကသိုလ်ဖြစ်သော Curtin University of Technology
Singapore နှင့် Sydney တို့၏ တန်းခွဲသစ်များကို ၂ဝ၁ဝ ပြည့်နှစ်၊ မတ်လ
(Singapore) နှင့် ဇူလိုင်လ (Sydney) ကျောင်းဝင်ခွင့်များ ဇန်နဝါရီလ ၃၁
ရက်နောက်ဆုံးထား၍ စာရင်းပေးသွင်း လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အထက်တန်းအောင် မြန်မာကျောင်းသူ၊ ကျောင်းသားများအနေဖြင့် Curtin
Singapore နှင့် Curtin Sydney တို့တွင် Undergraduate နှင့်
Postgraduate သင်တန်းများကို တက်ရောက်နိုင်မည်ဖြစ်သည်။ ကျောင်းသူ၊
ကျောင်းသားများ ၂ နှစ်နှင့် ၈ လတက်ရောက်ပြီးပါက Bachelor’s ဘွဲ့ကို
ရရှိနိုင်မည်ဖြစ်ပြီး Double Major
ယူ၍လည်းတက်ရောက်နိုင်မည်ဖြစ်သည်။Curtin Singapore နှင့် Curtin Sydney
တို့တွင် အထက်တန်းအောင်နှင့် ဘွဲ့ရ ကျောင်းသားကျောင်းသူများ အနေဖြင့်
လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ စီးပွားရေးဘွဲ့များကို အချိန်တိုအတွင်း
တက်ရောက်သင်ယူနိုင်မည် ဖြစ်ပြီး အောင်မြင်ပြီးသော ကျောင်းသား
ကျောင်းသူများအနေဖြင့် စီးပွားရေးနယ်ပယ်တွင် အလုပ်အကိုင်အလွယ်တကူ
ရရှိနို်င်မည်ဖြစ်ကြောင်းသိရသည်။
ကျောင်းလျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများနှင့်
အသေးစိတ်သိရှိလိုသူများအနေဖြင့် Curtin University ၏ မြန်မာပြည်
ကိုယ်စားလှယ် တစ်ဦးဖြစ်သော Regent Consultancy Services Co.,ltd
ဖုန်း-၅ဝ၄၃၆၉ ၊ ဝ၉၅ဝ၁၉၈၇ဝ တို့သို့
ဆက်သွယ်စုံစမ်းကျောင်းလျှောက်ထားနိုင်မည်ဖြစ်သည်။
(19-1-2010)
Source: Internet Journal
Tech သင်တန်းကျောင်းမှ ပုသိမ်တွင် City and Guilds သင်တန်းကျောင်း ဧပြီ
၁ ရက်ဖွင့်မည်.
Tech Training သင်တန်းကျောင်းနှင့် AIBI Institute တို့ပူးပေါင်းပြီး
ပုသိမ်တွင် ဧရာဝတီတိုင်းကိုယ်စားပြု City and Guilds
သင်တန်းကျောင်းဖွင့်လှစ်ရန် စီစဉ်ထားကြောင်း AIBI Institute
မှတာဝန်ရှိသူတစ်ဦးက 14.1.2010 နေ့တွင် ပြောကြားသည်။AIBI (Ayeyarwaddy
International Business Institute) မှ CEO ဆရာဦးမောင်မောင်ဦးက
ပြောကြားရာတွင် Jan 31 2010 တွင် ပုသိမ်မြို့ ဆရာဝန်များအသင်းတိုက်တွင်
City and Guilds နဲ့ ပတ်သက်တဲ့အကြောင်းများကို
အသေးစိတ်ရှင်းလင်းသွားမည်ဖြစ်သဖြင့် ကျောင်းသားများ၊ ကျောင်းသားမိဘများ
လာရောက်နားထောင်စေလိုကြောင်း၊ အဆိုပါပွဲတွင် LCCI Knowledge များကိုပါ
ရှင်းလင်းသွားမည်ဟု ပြောကြားပါသည်။
အဆိုပါသင်တန်းကျောင်းကို AIBI Tech Training Centre ဟုအမည်ပေးရန်
စီစဉ်ထားပြီး သင်တန်းများကို ၂၅% မှ ၅ဝ% အထိ Discount ဖြင့်
လက်ခံသွားမည်ဖြစ်ကြောင်း အထူးသဖြင့် AIBI ဘက်က
ဝင်ငွေအတွက်လုပ်တာမဟုတ်ဘဲ ရန်ကုန်မှာ တက်ရတာထက် ကုန်ကျစရိတ်သက်သာစေရန်
ရည်ရွယ်ကြောင်း ဆရာ၊ ဆရာမများမှာ Tech Training Centre နှင့် AIBI
Institute မှ ဆရာများက သင်ကြားပေးမည်ဖြစ်သည်။
(19-1-2010)
Source: Ko Lin (Myanmar Training)