မြန်မာကျောင်းသားများဆေးပညာဘာသာရပ်ထက် အင်ဂျင်နီယာဘာသာရပ်ကို
ပိုရွေးချယ်
ပြည်ပနိုင်ငံများသို့ သွားရောက်ပညာသင်ကြားသော
မြန်မာကျောင်းသားအများစုတွင် ဆေးပညာဘာသာရပ်ကို စိတ်ဝင်စားသူအများအပြား
ရှိသော်လည်း အများအားဖြင့် အင်ဂျင်နီယာ ဘာသာရပ်ကိုသာ
ပိုမိုရွေးချယ်ကြကြောင်းသိရသည်။ ထိုသို့ဖြစ်လာရခြင်းမှာ ဆေးပညာနှင့်
အင်ဂျင်နီယာဘာသာရပ်တို့တွင် အလုပ်အကိုင်အခွင့်အလမ်း၊
ကျောင်းတက်ချိန်နှင့် ကုန်ကျစရိတ်
ကွာဟချက်များရှိနေခြင်းကြောင့်ဖြစ်ပြီး ကျောင်းသားအများစုမှာ မိမိတို့
စိတ်ဝင်စားသော ဘာသာရပ်များထက် အလုပ်အကိုင်အခွင့်အလမ်း၊
ကျောင်းစရိတ်နှင့် ကျောင်းတက်ရမည့် နှစ်နည်းသော ဘာသာရပ်များကို
ပိုမိုရွေးချယ်လာကြခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါအကြောင်းအရာနှင့်
ပတ်သက်၍ MSI မှ Managing Director ဒေါ်စုစုလှိုင်မှ ပြောကြားရာတွင် “
ပြည်ပမှာ ဆေးကျောင်းတက်မယ်ဆိုရင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများ
အနေနဲ့ကတော့ foundation ကို ၁၈ လ လောက်တက်ရပြီး bachelor တက်ဖို့ကို
ဆေးပညာနဲ့ ပတ်သက်တဲ့ အင်တာဗျူးတော့ ဖြေရမယ်။ သင်ယူရမှာကတော့ အားလုံး ၆
နှစ်နီးပါးသင်ယူရမှာပေါ့နော်။ နိုင်ငံတကာမှာ ဆေးပညာကို
သင်ကြားမယ်ဆိုရင်တော့ သင်ကြားမှုကုန်ကျစရိတ် သိန်း ၁,ဝဝဝ ကျော်
အထက်မှာတော့ရှိတယ်။ အင်ဂျင်နီယာဘာသာရပ်ကို ပြည်ပမှာ တက်မယ်ဆိုရင်တော့
Foundation ကို ၁နှစ်နဲ့ အင်ဂျင်နီယာ ဘာသာရပ်ကို ၄ နှစ် အားလုံး ၅
နှစ်တက်ရမှာပေါ့နော်။ အင်ဂျင်နီယာဘာသာရပ်ရဲ့ သင်ကြားမှု
ကုန်ကျစရိတ်ကတော့ သိန်း ၅ဝဝ နီးပါးလောက်ရှိတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဆေးပညာရပ်မှာ တက်ရောက်သင်ကြားရသော အဆင့်များ များပြားခြင်း၊
သင်ယူချိန်နှစ်များ များပြားခြင်းတို့ရှိသည့်အပြင်
တရားဝင်ဆေးကုသခွင့်ရနိုင်ရန်အတွက် မိမိရွေးချယ်သည့်
ကျောင်းပေါ်မူတည်ပြီး အားသာချက်၊ အားနည်းချက်များစွာ ရှိကြောင်းသိရသည်။
Engineering ဘာသာရပ်မှာမူ ကမ္ဘာအနှံ့အပြား၌ ဆောက်လုပ်ရေးလုပ်ငန်းများ
အများအပြားရှိသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုများသောကြောင့်
အင်ဂျင်နီယာဘာသာရပ်ကို ရွေးချယ်သူများပြားလာခြင်းဖြစ်ကြောင်းသိရသည်။
Engineering ဘာသာရပ်ဖြင့် ပြည်ပသို့ သွားရောက် ပညာသင်ကြားလျက်ရှိသော
ကျောင်းသား ရာခိုင်နှုန်းအား MSI မှ တာဝန်ရှိသူက ဆက်လက်ပြောကြားရာတွင်
၂၀၀၉ ခုနှစ်၌ ၄ဝ ရာခိုင်နှုန်း ၂၀၁၀ ခုနှစ်တွင် ၆၀
ရာခိုင်နှုန်းခန့်ရှိသောကြောင့် တစ်နှစ်အတွင်း ၂ဝ ရာခိုင်နှုန်းခန့်
တိုးတက်လာခဲ့ကြောင်းသိရသည်။ ထို့ပြင်
အင်ဂျင်နီယာကျောင်းသွားတက်သူများထဲတွင် အမျိုးသမီးများ
ပိုမိုများပြားလာကြောင်းသိရသည်။
(21-1-2011)
Source: Internet Journal
NGO များကိုစိတ်ဝင်စားသော လူငယ်များအတွက် ME Learning Centre မှာ
သင်တန်းလေးတစ်ခုစီစဉ်
.
.
.
.
.
.
.
.. ..
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. ..
.
.
.
.
.
.
.
. . .
ဒီသင်တန်းကနေပြောပြပေးမှာတွေကတော့ …. Development ရဲ့ အဓိပ္ပါယ်၊
Development အတွက် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ လူမှုရေး
အသင်းအဖွဲ့တွေ၊ NGOs တွေ၊ INGOs တွေရဲ့ သိမှတ်ဖွယ်အကြောင်းလေးတွေ
စသဖြင့်ပါ။ NGO တွေမှာ အလုပ်လုပ်ဖို့ စဉ်းစားနေပေမယ့် ဘယ်ကစပြီး
ဘာတွေစဉ်းစားရွေးချယ်ရမလဲ မသိသေးတဲ့ လူငယ်တွေ လူမှုလုပ်ငန်းတွေကို
အဖွဲ့အစည်းပုံစံနဲ့ အလုပ်လုပ်ချင်နေသူတွေ စဉ်းစားစရာ
တစ်ခုစတင်ရရှိသွားအောင် ရည်ရွယ်ပို့ချ ပါသည်။
သင်တန်းက လူနှစ်ဆယ်အတွက်ပဲသတ်မှတ်ထားတာမို့
မြန်မြန်စာရင်းပေးပါလို့လည်း အကြောင်းကြားပါတယ်။
သင်တန်းချိန်က
28 th January 2011, (Friday)
9:00 AM – 4:00 PM
နေရာ
ME Learning Centre
Rm-406, Olympic Tower (BAK Tower), Corner of 40th Street and
Mahabandoola Road. Kyauktada Township.
Ph: 398317, Email:
mecentre.ygn@lokaahlinn.com
(27-1-2011)
Source: Ko Lin (Myanmar Training)
IFA မှ ပေးအပ်ချီးမြှင့်မည့် Accountant ဘာသာရပ်အကြောင်း
ရှင်းလင်းပွဲပြုလုပ်
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
..
.
.
.
.
.
. . ...
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
British Council မှကြီးမှူး၍ Institute of Financial Accountant (IFA)
မှ ပေးအပ်ချီးမြှင့်မည့် Financial Accountants Diploma နှင့်
Professional Financial Accountants စာမေးပွဲများအကြောင်းကို
ဖွင့်လှစ်သင်ကြားနိုင်သော သင်တန်းကျောင်းများမှ စာနယ်ဇင်းများအား
ကြိုတင်အသိပေးခြင်း ရှင်းလင်းပွဲ တစ်ရပ်ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၇
ရက်၊ တနင်္လာနေ့ နေ့လယ် ၂ နာရီက City Star Hotel တွင်
ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။ ရှင်းလင်းပွဲတွင် British
Council မှ Exam Service Manager ဒေါ်ဝေနီတင်ဝင်းကြည်မှ
အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး MAS Training Center မှ
ကိုသူရိန်စိုး က IFA မှ ပေးအပ်ချီးမြှင့်မည့် Accounts ဘာသာရပ်များ
အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ IFA မှ ချီးမြှင့်မည့်
ဘွဲ့ရယူရန်အတွက် ငွေကုန်ကြေးကျ သက်သာစွာ ပြည်တွင်းရှိ သင်တန်းကျောင်း
(၅) ကျောင်းမှာ ပင်တက်ရောက်နိုင်ပြီဖြစ်ပြီး ဖွင့်လှစ်သင်ကြားခွင့်ရသော
သင်တန်းကျောင်းများစွာ ရန်ကုန်မြို့မှ MAS, ဦးအောင်နိုင်၊
ဒေါ်ယုယုမြင့် ၊ MHR Centre II နှင့်မန္တလေးမြို့မှ Success Crown
Academy တို့ဖြစ်ကြောင်းသိရှိရသည်။
(27-1-2011)
Source: Opportunity Journal
Education, Living & Health Care Exhibition ပြပွဲကျင်းပမည်
..
.
.
.
.
.
.
.
.
..
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
ပညာရေး၊ နေထိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကုမ္ပဏီများပါဝင်ပြသမည့်
Education, Living & Health Care Exhibition ပြပွဲအား JADE CROWN
Organizing က စီစဉ်ပြီး Shine Construction Group ၏ အဓိက
ကူညီပံ့ပိုးမှုဖြင့် လာမည့် ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက်မှ ၂၈ ရက်အထိ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ
တပ်မတော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ International
School များ၊ ပညာရေးဝန်ဆောင်မှုကုမ္ပဏီများ၊
အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ Training Centre များ၊
ဘာသာစကားသင်တန်းကျောင်းများ၊ နောက်ဆုံးပေါ် IT ပစ္စည်းများ၊
အိမ်ဆောက်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ အိမ်တွင်းနှင့်
ခြံတွင်းအလှဆင်လုပ်ငန်းများ၊ နေထိုင်မှုဆိုင်ရာ အသုံးအဆောင် Electronic
ပစ္စည်းများ၊ ပြည်တွင်းပြည်ပမှ ဆေးရုံများ၊ နိုင်ငံခြားမှ
တင်သွင်းသောအစားအစာနှင့် အာဟာရများ၊ စာအုပ်ဆိုင်များနှင့် အဝတ်အထည်
ကုမ္ပဏီများမှ ပါဝင်ပြသကြမည် ဖြစ်သည်။ ပြပွဲကို နေ့စဉ် နံနက် ၉ နာရီမှ
ညနေ ၆ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ယင်းပြပွဲကြီးနှင့် ပတ်သက်၍
အသေးစိတ်သိလိုပါက JADE CROWN Organizing Group အမှတ် (၂၀၄)၊ ပထမထပ်၊
(၃၉) လမ်း ၊ အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း -
၀၁-၇၃၀၉၈၅၉၃ ၊ ၀၁-၇၃၁၃၈၅၉၃ ၊ ၀၉-၈၆၃၀၄၄၀
သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
(27-1-2011)
Source: Opportunity Journal
Ubuntu Linux နှင့် Internet အခမဲ့သင်တန်းဖွင့်လှစ်
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
Ubuntu Linux နှင့် Internet အခမဲ့သင်တန်းကို စမ်းချောင်းမြို့နယ်၊
ရှမ်းကုန်းလမ်းရှိ မျိုးမြန်မာ အင်တာနက်ဆိုင်တွင် ဇန်နဝါရီ ၂၂ ရက်နေ့မှ
စတင်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင် Ubuntu
ကို CD/USB မှတစ်ဆင့် ထည့်သွင်းခြင်း၊ ပြန်လည်ဖယ်ရှားခြင်း၊ Ubuntu OS
ပေါ်တွင် MP3, MP4, avi ဖိုင်များကို အသုံးပြုနိုင်ရန် Install
ပြုလုပ်ပုံများ၊ Ubuntu OS ကို အိမ်တွင်လည်းကောင်း၊
အသုံးပြုနိုင်ရန်နှင့် Ubuntu OS ပေါ်တွင် Network များအသုံးပြုခြင်း၊
Network များပေါ်မှ ဖိုင်များမျှဝေသုံးစွဲခြင်းတို့ကို
သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် Ubuntu ပေါ်တွင် Open
office အသုံးပြုပုံ Photoshop ကဲ့သို့ အသုံးပြုနိုင်မည့် Photo Editing
ဆောဖ့်ဝဲများဖြစ်သော Gimp နှင့် Illustrator နှင့် Corel Draw
ကဲ့သို့အသုံးပြုနိုင်မည့် Inks cape အသုံးပြုပုံများ၊ Windows ပေါ်တွင်
အသုံးပြုနိုင်သည့် Installer ဖိုင်များကို Ubuntu တွင်
ထည့်သွင်းအသုံးပြုနည်းတို့ကို သင်ကြားပြသပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အင်တာနက်အခြေခံသင်တန်းအတွက် အင်တာနက်အခြေခံအသုံးပြုပုံ၊ Domain/URL
နှင့် Email များအလုပ် လုပ်ဆောင်ပုံ၊ Search Engine ကို အသုံးပြု၍
ဝက်ဘ်ဆိုက်များရှာဖွေပုံ၊ RSS Reader အသုံးပြုပုံတို့ကိုလည်း
သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်းသိရသည်။ Ubuntu OS အတန်းတွင်
သံဃာတော်များအတွက် သီးသန့်သင်တန်းဖွင့်လှစ်ပေးထားပြီး အတန်းတစ်တန်းတွင်
သင်တန်းသားဦးရေ ၆ ဦးနှင့် အင်တာနက် အခြေခံသင်တန်းအတွက်
သင်တန်းသားဦးရေ ၁၂ ဦးကိုသာ လက်ခံသင်ကြားပေးမည်ဟု ဆိုသည်။
သင်တန်းချိန်နှင့် တန်းခွဲများကို အသေးစိတ်သိရှိလိုပါက
မျိုးမြန်မာအင်တာနက် ဖုန်း - ၅၂၄၅၄၅ တွင်ဆက်သွယ်မေးမြန်း
စုံစမ်းနိုင်ကြောင်းသိရသည်။
(27-1-2011)
Source: Internet Journal
မိုက်ခရိုဆော့ဖ်မာစတာစာမေးပွဲ မြန်မာနိုင်ငံတွင်ဖြေဆိုနိုင်
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
မိုက်ခရိုဆော့ဖ်မှ စစ်ဆေး၍ အောင်လက်မှတ်ထုတ်ပေးသော အဆင့်အမြင့်ဆုံး
နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ဖြစ်သည့် Microsoft Certified Master (MCM)
ကိုပြည်တွင်းရှိ Exam Center များတွင် ဖြေဆိုနိုင်ပြီဖြစ်ကြောင်း
Myanmar Inspirations မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ SQL Server
Microsoft Certified Master ဘာသာရပ်နှင့် ပတ်သက်သောစာမေးပွဲ
အသစ်ဖြစ်သည့် 88-970 ကို Knowledge exam ဟု
အမည်ပေးထားပြီးဖြေဆိုချိန်ကို (၄) နာရီ ပေးထားကြောင်းသိရသည်။ အဆိုပါ
စာမေးပွဲကို ရန်ကုန်နှင့် မန္တလေးရှိ Myanmar Inspirations
စင်တာများတွင် ဖြေဆိုနိုင်ပြီး စာမေးပွဲကြေးမှာ USD 500 ဖြစ်သည်။
ဒုတိယစာမေးပွဲမှာ 88-971 ကို Lab exam အဖြစ်သတ်မှတ်ထားပြီး
မကြာမီထုတ်ပြန်ကြေညာသွားမည်ဟုဆိုသည်။ Lab စာမေးပွဲအား
မြန်မာပြည်တွင်းသို့မဟုတ် ဒေသတွင်း မည်သည့်နိုင်ငံများတွင်
ဖြေဆိုရမည်ကို မသိရှိရသေးဘဲစာမေးပွဲကြေးမှာ USD 2,000
အဖြစ်သတ်မှတ်ထားကာ ဖြေဆိုချိန် (၆) နာရီရရှိမည်ဖြစ်သည်။ ယခင်က MCM
program အား Redmond တွင်ရှိသော Microsoft Headquarters အထိ
သွားရောက်ကာ (၃) ပတ်သင်တန်းတက်ပြီး စာမေးပွဲ (၄) ခုဖြေဆို
အောင်မြင်ပြီးမှသာရရှိနိုင်မည့် မိုကခရိုဆောဖ့်၏
အဆင့်မြင့်ဆုံးကျွမ်းကျင် လက်မှတ်ကို ယခုကဲ့သို့ ကိုယ့်နိုင်ငံထဲတွင်
ဖြေဆိုနိုင်သည့်အတွက် မိုက်ခရိုဆောဖ့်နည်းပညာ
ကျွမ်းကျင်ပညာရှင်တွေအတွက် အများကြီးအကျိုးရှိနိုင်မည်ဟုဆိုသည်။ “ Lab
Exam ကိုလည်း တစ်ပါတည်းဖြေဆိုလို့ရအောင် စီစဉ်နေပါတယ်။
ကွန်ပျူတာပညာရှင်တိုင်းသုံးစွဲဖို့ မလွယ်ကင်းနိုင်တဲ့
မိုက်ခရိုဆော့ဖ်နည်းပညာကို အဆင့်မြင့်ဆုံးစာမေးပွဲအထိ ပြည်တွင်းမှာ
ဖြေလို့ရအောင် စီစဉ်ပေးနိုင်တဲ့အတွက် မြန်မာနိုင်ငံဟာ ဒေသတွင်း
နိုင်ငံတွေထက် နည်းပညာတွေမှာ နောက်ကျမနေဘူးဆိုတာ ပြသလိုက်တာပါပဲ ” ဟု
Myanmar Inspirations မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
(27-1-2011)
Source: Internet Journal