ဂျပန်နိုင်ငံ ITPEC Executive Director အစည်းအဝေး ၂၀၁၁ သို့တက်ရောက်ရန်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ မလေးရှားနိုင်ငံသို့ထွက်ခွါ
ဂျပန်နိုင်ငံ Information Technology Promotion Agency မှ ကြီးမှူး၍
ဇန်နဝါရီလ ၂၄ ရက်နေ့မှ ဇန်နဝါရီလ ၂၆ ရက်နေ့ အထိ ဆွေးနွေးကျင်းပမည့်
ITPEC Executive Director’s Meeting 2011 သို့တက်ရောက်ရန် နှင့် ITPEC
Examination ဆိုင်ရာများ နှင့် ICT Skill Standard များ ၊ Applied
Technology Engineering Examination ဆိုင်ရာများကို ဆွေးနွေးရန်အတွက်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း မှ ဥက္ကဋ္ဌ ဦးရဲရင့်ဝင်း သည်
ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လည် (၁၂း၁၅)နာရီက ရန်ကုန်မြို့မှ
လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။ အဆိုပါအစည်းအဝေးသို့
မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ နှင့် ဂျပန်နိုင်ငံတို့
ပူးပေါင်းဆောင်ရွက်မည့် ITPEC Examination များ နှင့် ပတ်သက်ပြီး
Progress များ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား သက်ဆိုင်ရာနိုင်ငံ
အသီးသီး၏ ကွန်ပျူတာအသင်းများအား ကိုယ်စားပြု ဆွေးနွေးမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
(27-1-2011)
Source: Ko Lin (Myanmar Training)
Graphic CS4 သင်တန်းဖွင့်လှစ်မည်
.
.
.
.
.
.
.
.. ..
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. ..
.
.
.
.
.
.
.
. . .
Graphic CS4 အမည်ဖြင့်သင်တန်းကို Xotic Computer (MDY)
မှဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင်
Photoshop, In design, Illustrator အစရှိသည်များကို အဓိကထား
သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင်နောက်ဆုံးပေါ် tools များအား
အင်တာနက်ပေါ်မှ ဒေါင်းလုပ်ရယူကာ အသုံးချနည်းများနှင့် CS5 Intro
အစရှိသည်တို့ကိုလည်း တွဲဖက်သင်ကြားပေးမည်ဟုဆိုသည်။
တက်ရောက်လိုသူများအနေဖြင့် Xotic Computer (MDY) ဖုန်း - ၀၂၉၁၀ ၂၂၇၃၃
သို့ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ပါသည်။
(3-1-2011)
Source: Internet Journal
B.Tech/ B.E (Any Subjects) နှင့် B.Tech/ B.E(IT) ဘွဲ့ရများ UK မှ
ပေးအပ်ချီးမြှင့်သော မဟာဘွဲ့များရယူနိုင်
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
..
.
.
.
.
.
. . ...
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
အင်ဂျင်နီယာဘာသာရပ်များအား မဟာဘွဲ့ရယူလိုသူများအတွက် Coventry
University, UK မှ ပေးအပ်ချီးမြှင့်သော MBA (Engineering Management)
နှင့် MBA (IT Management) တို့အား AUSTON Institute of Management ,
Singapore တွင် ရယူနိုင်ကြောင်းသိရသည်။ B.Tech (IT) နှင့် B.E (IT)
ဖြင့် ဘွဲ့ရရှိထားသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် MBA in
Information Technology Management အားလေ့လာနိုင်ပြီး B.E, B.Tech
မည်သည့်အထူးပြုဘာသာရပ်မဆိုပြီးမြောက်ထားသူများ အနေဖြင့် MBA in
Engineering Management အားလေ့လာနိုင်ကြောင်းသိရသည်။ MBA
ဘာသာရပ်အားလေ့လာသင်ယူရန် ၁၅ လမှ ၁၈ လ အထိကြာမြင့်မည်ဖြစ်ပြီး 2011 Feb
တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။ တက်ရောက်လိုသူများအနေဖြင့်
လုပ်သက်အတွေ့အကြုံ (၁) နှစ်နှင့် အင်္ဂလိပ်စာ အရည်အချင်း IELTS 6.0
ရရှိထားရမည်ဖြစ်သည်။ ဝင်ခွင့်လျှောက်လွှာများကို စတင်လက်ခံလျက်ရှိပြီး
စိတ်ပါဝင်စားသူများအနေဖြင့် TIPTOP: International Education Service
Provider (ရန်ကုန်) ၀၁-၅၃၉၇၉၁ ၊ (မန္တလေး) ၀၂-၉၁၀၀၁၈၁၈ ၊ (လားရှိုး)
၀၈၂-၂၅၇၈၆ နှင့် Hot Line -၀၉-၅၁၆၂၀၆၂
သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။
(3-1-2011)
Source: Internet Journal
Microsoft မှ Exam Certification 26
မျိုးဆက်လက်ဖြေဆိုနိုင်တော့မည်မဟုတ်
.
..
.
.
.
.
.
.
.
.
..
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
Microsoft မှ Visual Studio 2005 ၊ SQL Server 2005 နှင့် Biz-Talk
Server 2006 စသည့် Exam Certification ၂၆ မျိုးကို ၂၀၁၁ ခုနှစ်၊ ဇွန်လ
၃၀ ရက်မှ စတင်ကာ ဆက်လက်ဖြေဆိုနိုင်တော့မည် မဟုတ်ကြောင်း Global Net မှ
သိရသည်။ “Microsoft က Exam Certification ၂၆ မျိုး ၂၀၁၁ ၊ ဇွန်လ ၃၀
ရက်မှာ Retire ဖြစ်တော့မှာမို့လို့ ဆက်လက်ဖြေဆိုနိုင်တော့မှာ
မဟုတ်ပါဘူး။ အဲဒီအထဲက Exam တစ်ခုသာ ဆက်လက်ဖြေဆိုနိုင်မှာဖြစ်ပါတယ်” ဟု
Global Net မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါ Retired ဖြစ်မည့် Exam
များထဲမှ Visual Studio 2005 တွင် Exam 70-536 တစ်ခုသာလျှင် Visual
Studio 2008 Certifications ကို Support ပြုလုပ်နိုင်ရန်အတွက်
ဆက်လက်ဖြေဆိုနိုင်ဦးမည်ဖြစ်ကြောင်းသိရသည်။ Retired ဖြစ်မည့် Exam
များကို ဖြေဆိုပြီး Certification ရရှိထားသူများအနေဖြင့် MCP Certified
ကို ဆက်လက်ကိုင်ဆောင်ထား နိုင်မည်ဖြစ်ပြီး MCPD 2010 ကို update
လုပ်လိုပါက update exam subject
များကိုဖြေဆိုနိုင်မည်ဖြစ်ကြောင်းသိရသည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၃ဝ တွင်
Retired ဖြစ်မည့် Exam များကို Microsoft ၏ ဝက်ဘ်ဆိုက်ဖြစ်သော
http://www.microsoft.com/learning/en/us/certification/exam-dev.aspx#tab4
တွင် အသေးစိတ် ကြည့်ရှုနိုင်ကြောင်းသိရသည်။
(3-1-2011)
Source: Internet Journal
နိုင်ငံစုံ အဆင့်မြင့်ပညာရေးပြပွဲကြီးကို လာမည့် ဖေဖေါ်ဝါရီလ (၁၃)
ရက်နေ့တွင် ပြုလုပ်ပေးမည်
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
နိုင်ငံရပ်ခြားတွင် ပညာသင်ကြားလိုသော ကျောင်းသား/သူများအတွက်
တစ်နေရာတည်းတွင် သတင်းအချက်အလက်များနှင့် ပညာရေးဆိုင်ရာ ဗဟုသုတများကို
လေ့လာနိုင်ရန် ရည်ရွယ်၍ နိုင်ငံစုံ အဆင့်မြင့်ပညာရေးပြပွဲကြီးကို OESC
(Overseas Education Service Center) မှ ကြီးမှူး၍ ပြုလုပ်ကျင်းပမည်
ဖြစ်ကြောင်း သိရှိရပါသည်။ ထိုပညာရေးပြပွဲကြီးတွင် စင်ကာပူနိုင်ငံမှ
ကျောင်းကြီး (၅) ကျောင်း၊ ထိုင်းနိုင်ငံမှ ကျောင်းကြီး (၃)
ကျောင်းနှင့် အင်္ဂလန်မှ ကျောင်းကြီး (၁) ကျောင်းတို့မှ သက်ဆိုင်ရာ
ပုဂ္ဂိုလ်များက လာရောက်ဆွေးနွေးပြောကြားပေးကြမှာဖြစ်ပြီး အဓိက
ဘာသာရပ်များအနေဖြင့် Information Technology, Networking, Interactive
Media, စာရင်းအင်းဘာသာရပ်၊ စီးပွားရေးဘာသာရပ်၊ အင်ဂျင်နီယာဘာသာရပ်၊
လူထုဆက်သွယ်ရေးဆိုင်ရာဘာသာရပ်၊ ဟိုတယ်နှင့် ဝန်ဆောင်မှုပိုင်းဆိုင်ရာ
ဘာသာရပ်၊ ကွန်ပျူတာနှင့်
နည်းပညာဆိုင်ရာဘာသာရပ်စသည်တို့ပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ
ပညာရေးပြပွဲကို ဖေဖေါ်ဝါရီလ (၁၃) ရက် နေ့တွင် မနက် (၉) နာရီမှ နေ့လယ်
(၂) နာရီအထိ ရန်ကုန်မြို့ Park royal Hotel ရှိ Ball Room 2 & 3
တို့တွင် ကျင်းပမည်ဖြစ်၍ စိတ်ပါဝင်စား၍ တက်ရောက်လိုသော မိဘပြည်သူများ၊
ကျောင်းသား၊ ကျောင်းသူများသည် OESC ဖုန်း - ၅၁၉၀၉၂ ၊ ၇၃၀၉၄၀၆၀ ၊
၀၉-၅၀၈၆၈၁၉ သို့ဆက်သွယ်စုံစမ်းပြီး မိမိတို့ နာမည်စာရင်း
ကြိုတင်ပေးသွင်း၍ တက်ရောက်လေ့လာနိုင်ကြောင်းသိရှိရပါသည်။
(3-1-2011)
Source: Opportunity Journal
နာမည်ကျော် “ မြန်မာ့စောင်း ” ရုပ်ရှင်ကို အသုံးပြုပြီး ဆရာရဲမြလွင်
LEARNERS ၌ ဂျပန်စာသင်ကြားမည်
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ Learners
English & Japanese Training Centre သင်တန်းကျောင်းတွင် ဂျပန်စာ
သင်တန်းများကို ၂၀၁၁ ခုနှစ် နှစ်သစ်မှ စတင်၍ ပုံစံသစ်၊ နည်းသစ်
ဆရာသစ်များဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်းသိရပါသည်။ ထိုထဲတွင်
ဆရာဦးသက်ဖူးလွင် (CHUU OU University, TOKYO) က စာသင်သားအခြေပြု
စာသင်ကြားနည်းများဖြင့် ဆရာရဲမြင့်လွင်(အမျိုးသားစာပေဆုနှင့်
ထွန်းဖောင်းဒေးရှင်းစာပေဆု) မြန်မာ ပြန်ဆိုထားသော နာမည်ကျော်
မြန်မာ့စောင်းဝတ္တု၊ ရုပ်ပြစာအုပ်များနှင့် ဗီဒီယိုရုပ်ရှင်ကားများကိုပါ
တစ်ပြိုင်တည်းအသုံးပြုလျက် JIPT စနစ်သစ် N3 အဆင့်ရှိ
သင်တန်းသားများအတွက် ရည်ရွယ်ကာ သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။
တစ်ချိန်တည်းတွင် ဂျပန်နိုင်ငံ၏ စာပေ၊ ယဉ်ကျေးမှု၊
ရိုးရာဓလေ့ထုံးစံများကိုပါ ယှဉ်တွဲ သင်ကြားမှာဖြစ်ပြီး
ဂျပန်ဘာသာပြန်နည်း (Translation) ၊ ဂျပန်စကားပြန်နည်း
(Interpretation)၊ ဂျပန်စာရေးသားနည်း (Letter Writing) ၊
ဂျပန်စကားပြောနည်း (Speech) တို့ကိုပါ အတူ
ယှဉ်တွဲသင်ကြားနေပြီဖြစ်ကြောင်း တကယ်လက်တွေ့အသုံးချနိုင်သော
ဂျပန်ဘာသာပညာရှင်လူငယ်များ ပေါ်ထွက်လာရေးကို ရည်ရွယ်၍ ထိရောက်သော
ပုံစံသစ်၊ နည်းသစ်များဖြင့် ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ကြောင်း
အဆိုပါ Learners Centre ၏ Centre Director ဖြစ်သူ ဆရာ ဦးထက်နောင်ဝင်းက
ပြောကြားပါသည်။ လူဦးရေကန့်သတ်ထားသည့်အတွက် အမှတ်-၂၁၈ ၊
ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တထောင်မြို့နယ်။ ဖုန်း - ၂၄၅၇၉၀ သို့
အမြန်စာရင်း ပေးသွင်းကြပါရန် အသိပေးထားပါသည်။
(3-1-2011)
Source: Opportunity Journal