Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:

News » Local News

Business English For Executive သင်တန်း ဖေဖော်ဝါရီ ၂၇ ဖွင့်မည်

Career Pass Job Training Centre မှ လုပ်ငန်းခွင်ရှိ ၀န်ထမ်းများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာများတွင် လုပ်ငန်းသုံးဆိုင်ရာ အင်္ဂလိပ်စာ တတ်မြောက် လိုသူများအတွက် Business English For Executive သင်တန်းကို ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။  စီးပွားရေး လုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်ပြီး Business နှင့် ပတ်သက်သည့် English ကို ချောမွေ့စွာလွယ်ကူစွာ ယုံကြည်မှုရှိစွာ ရေးဖတ်ပြောဆိုလာနိုင်ရန် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာနှင့် စကားကို ထိရောက်စွာ အသုံးပြုလာနိုင်ရန် စီးပွားရေးလုပ်ငန်းခွင်များ အနေဖြင့် တယ်လီဖုန်းဖြင့် ပြောဆိုဆက်ဆံရာ၌ လည်းကောင်း၊ အစည်းအဝေးများ၌ လည်းကောင်း၊ ညီလာခံများနှင့် အခြားလူမှုဆက်ဆံရေးပွဲလမ်းသဘင်များ၌လည်းကောင်း၊ English ကို မှန်ကန်နည်းလမ်း ကျသော စကားလုံးအသုံးအနှုန်းများဖြင့် ပြောဆိုဆက်ဆံလာနိုင်ခြင်းများ ရရှိလာအောင် သင်ကြားပို့ချပေးမည်ဖြစ်သည်။ Business English For Executive သင်တန်းသည် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုသော အင်္ဂလိပ်ဘာသာစကားအား တိုးတက်စေရန် ရည်ရွယ်၍ စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းအမျိုးမျိုးတို့မှ သင်ယူသူများအား စီးပွားဗဟုသုတများနှင့် ယင်းတို့“ အင်္ဂလိပ်စာဘာသာတိုးတက်မှုများကို အခြေခံကောင်းများ ရရှိအောင် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပါသည်။ လုပ်ငန်းခွင် စီးပွားရေးဆိုင်ရာ ဘာသာစကားအပြင် ဗဟုသုတများကိုပါ ရရှိလာမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ရုံးစာများ၊ အစည်းအဝေးမှတ်တမ်းများ၊ Report များကို နည်းစနစ်ကျစွာ မှန်ကန်စွာရေးလာနိုင်ခြင်းများ အပြင်မည်သည် အခြေအနေတွင်မဆို ရုံးသုံး Business English ကို ဝေါဟာရမှန်ကန်စွာဖြင့် ရွေးချယ်အသုံးပြု တတ်လာနိုင်မည်ဖြစ်သည်။ သင်ကြားပေးမည့် ဆရာ ဆရာမများမှာ Japan မှ MBA ဘွဲ့ရများဖြစ်ပြီး သင်ကြားမှုမှာလည်း လက်ရှိရေပန်းစားနေသော သင်ကြားမှုနည်းစနစ်များဖြင့် လက်တွေ့ Practice များ၊ Multimedia system များအသုံးပြု၍ သင်ကြားပေးမည် ဖြစ်ပါသည်။ ထို့အပြင် သင်တန်းကြေးများကိုလည်း သင့်တင့်စွာဖြင့် တက်ရောက်သင်ကြားနိုင်ရန် စီစဉ်ထားပါသည်။ သင်တန်းကာလမှာ တစ်လခွဲဖြစ်ပြီး သင်တန်းချိန်များကို ရုံးချိန်လွတ်တန်းခွဲများအဖြစ်စီစဉ်ထားပါသည်။ သင်တန်းသားဦးရေကို ကန့်သတ်ထားသဖြင့် စိတ်ဝင်စားသူများအနေဖြင့် ကြိုတင်စာရင်းများ ပေးသွင်းနိုင်ရန် များကို စတင်လက်ခံပေးနေပါသည်။ အသေးစိတ်အချက်အလက်များကို သိလိုပါက ရုံးလိပ်စာ အမှတ် (အမှတ် ၂၉၀- အေ) ပထမထပ် (ဒဂုံစင်တာနှင့် မဟာမြိုင်ဆေးခန်းကြား) မြေနီကုန်း၊ ဖုန်း- ၇၀၁၃၃၁၊ ၀၉၈၀၂၂၂၁၈၄၊ သို့ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။





 

(18-2-2011)
Source: Ko Lin (Myanmar Training)


                           BE , B-Tech ဘွဲ့ရများအတွက် UK မှ ပေးအပ်ချီးမြှင့်သော မဟာဘွဲ့များရယူနိုင် . 

.    . . .  . . .  .. .. .    .. .  .  . . .  .  . . . .  . . .  .  . . . .      .    . .. .         .     .      . . .  .  . . .                      
        

အင်ဂျင်နီယာဘာသာရပ်အား မဟာဘွဲ့ရယူလိုသူများအတွက် Coventry University ,UK မှ ပေးအပ်ချီးမြှင့်သော MBA (Engineering Management) အား AUSTON Institute of Management, Singapore တွင် ရယူနိုင်ကြောင်းကို TIPTOP : IESP မှ သိရှိရပါသည်။ Electrical ပိုင်းဖြင့် ပြီးမြောက်ထားသူများ MBA B.E, B.Tech မည်သည့် အထူးပြုဘာသာရပ်မဆို ပြီးမြောက်ထားသူများ အနေဖြင့် MBA in Engineering Management အား လေ့လာနိုင်ကြောင်း သိရှိရပါသည်။ MBA ဘာသာရပ်အား လေ့လာသင်ယူရန် 15 လ မှ 18 လ အထိ ကြာမြင့်မည် ဖြစ်ပြီး 2011 Feb တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။ သင်တန်းကာလတွင် မဟာဘွဲ့ရအင်ဂျင်နီယာ ကျောင်းသားကောင်းတစ်ယောက် ဖြစ်စေရန် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး Dissertation, Final Exam , Project များအား Coventry University, UK မှ ဆရာများကိုယ်တိုင် လာရောက်စစ်ဆေးမည် ဖြစ်ပါသည်။ တက်ရောက်လိုသူများ အနေဖြင့် လုပ်သက်အတွေ့အကြုံ (1) နှစ် နှင့် အင်္ဂလိပ်စာအရည်အချင်း IELTS 6.0 ရရှိထားရမည်ဖြစ်ပါသည်။ ၀င်ခွင့် လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် TIPTOP : International Education Service Provider (ရန်ကုန်) 01-539791 (မန္တလေး) 02-9100 1818 (လားရှိုး) 082- 25786 နှင့် Hot Line-09-51 62062 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။



  

 

(22-2-2011)
Source: Ko Lin (Myanmar Training)


                                           ITPEC Exam Preparation သင်တန်းဖွင့်မည် .  .  . . . . .  .  .  .  .  . .  .  .  .. . . . . .  . ..  .  .  . . .   . . ... . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

သတင်းအချက်အလက်နှင့် နည်းပညာဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ကျင်းပပြုလုပ်သော ဂျပန်နိုင်ငံ အသိအမှတ်ပြု စာမေးပွဲဖြစ်သည့် ITPEC Exam အတွက် Exam Preparation သင်တန်းကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ITPEC exam တွင် တစ်ခုအပါအဝင်ဖြစ်သည့် IT Passport စာမေးပွဲမှာ IT ဆိုင်ရာ အခြေခံဗဟုသုတရှိပြီး IT နှင့် ပါတ်သတ်သော လုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူများအတွက် ရည်ရွယ်၍ စစ်ဆေးသော စာမေးပွဲဖြစ်သည်။ Fundamental IT Engineer Examination (FE) စာမေးပွဲမှာ IT ဗဟုသုတအခြေခံကျွမ်းကျင်မှုရှိပြီးသူများ၊ Programmer များ၊ Program Design ရေးဆွဲသူများနှင့် Software Development လုပ်ငန်းလုပ်ကိုင်နေသူများအတွက် ရည်ရွယ်၍ စစ်ဆးသည့် စာမေးပွဲဖြစ်သည်။ အဆိုပါစာမေးပွဲများအား မေလ (၁)ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး၊ Exam Preparation သင်တန်းအား ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိအပါတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလအနေဖြင့် (၁၂) ရက်ကြာမြင့်မည်ဖြစ်သည်။ သင်တန်းချိန်နံနက် (၉)နာရီမှ ညနေ(၄)နာရီအထိဖြစ်ပြီး သင်တန်းကြေးမှာ (၂၅၀ဝဝ)ကျပ် ဖြစ်သည်။ သင်တန်းတက်ရောက်ရန်အတွက် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှ စတင်ကာစာရင်းပေးသွင်း နိုင်ကြောင်းသိရသည်။ သင်တန်းအား MCF e-Learning Center၊ အဆောင် (၁)၊ Myanmar Info-Tech၊ လှိုင်မြို့နယ်တွင် ဖွင့်လှစ်မည်ဖြစ်သည်။ သင်တန်းတွင် Basic Theory, Computer System, Data Structure, Algorithms, DBMS, Networking, System Development and Operation, Strategy, Management ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များသိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဖုန်း ၀၁-၆၅၂၃၀၇ နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဖုန်း ၀၁-၆၅၂၂၇၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။







 

(22-2-2011)
Source: Internet Journal


                                  Seeking and Creating Job Opportunity သင်တန်းဖွင့်မည် .. . . . . . . . .  .  . .. .. . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

Seeking and Creating Opportunity သင်တန်းအား MCG မှ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းအားဘွဲ့ရပြီး လုပ်ငန်းခွင် မဝင်ရသေးသူများ အတွက် အထောက်အကူ ဖြစ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းသိရသည်။ နယ်ပယ်စုံလုပ်ငန်းအသီးသီး စတင်ဝင်ရောက် လုပ်ကိုင်သူများအတွက် တက်ရောက်ရန် အထူးသင့်လျော်ကြောင်း သိရသည်။ သင်တန်းတွင် ကွန်ပျူတာအခြေခံ၊ Business Communication (လုပ်ငန်းခွင်ပေါင်းသင်းဆက်ဆံရေး)၊ လုပ်ငန်းခွင် အခြေခံတရား၊ မိမိအလုပ်ကို မိမိကိုယ်တိုင် စီမံခန့်ခွဲခြင်း၊ Reporting System အစရှိသည်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတက်ရောက်ပြီး Qualified ဖြစ်လိုသူများအား Certificate ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အလုပ်အကိုင် ရရှိစေရန် ကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အသေးစိတ်အချက်အလက်များအား MCG မန္တလေးဖုန်း - ၀၂-၉၁၀ ၁၄၁၁၃ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။


 

 

(22-2-2011)
Source: Internet Journal

 


                   NUS မှ ဘွဲ့လွန်ဒီပလိုမာသင်တန်းဝင်ခွင့်စာမေးပွဲ မြန်မာနိုင်ငံတွင် လာရောက်စစ်ဆေးမည် . . .  .  .  .  . .  . .   .. . .  . . . . . . .  .  . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

စင်ကာပူအမျိုးသားတက္ကသိုလ်မှ ဘွဲ့လွန်ဒီပလိုမာသင်တန်းဝင်ခွင့်စာမေးပွဲကို မြန်မာနိုင်ငံတွင် လာရောက်စစ်ဆေးပေးမည်ဖြစ်ကြောင်း CROWN Education မှသိရသည်။ “ဒီဘွဲ့လွန်သင်တန်းဝင်ခွင့် စာမေးပွဲကို မနှစ်ကလည်း ကျောင်းသားတွေအတွက် ဒီမှာပဲ ဝင်ခွင့်စာမေးပွဲ ဖြေနိုင်အောင် စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း သတ်မှတ်အရည်အချင်းပြည့်မှီတဲ့သူတိုင်း စာမေးပွဲဖြေဆိုခွင့်ရအောင် စီစဉ်ထားပါတယ်။ ဝင်ခွင့်စာမေးပွဲဖြေဆိုရမယ့် အချိန်စာရင်းကိုတော့ ထပ်မံကြေညာသွားပါမယ်။ မြန်မာနိုင်ငံက ကျောင်းသား ကျောင်းသူတွေအတွက် အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကျောင်းနဲ့ ပတ်သက်ပြီး အခြားနိုင်ငံတကာ ကျောင်းသားတွေအတွက် ၂၀၁၁၊ မေ ၆ မှာ လျှောက်လွှာတင်ဖို့ နောက်ဆုံးရက် လို့ဖော်ပြထားပေမယ့် ဒီကကျောင်းသားတေ အတွက်ကတော့ ဧပြီ ၃၀ မှာ နောက်ဆုံး လျှောက်ထားဖို့လိုပါတယ်။ ဒါမှ မြန်မာနိုင်ငံမှာ ဝင်ခွင့်ဖြေဆိုခွင့်ရရှိနိုင်မှာဖြစ်ပါတယ်” ဟု CROWN Education မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သတ်မှတ်ထားသောရက်ထက် နောက်ကျ၍ လျှောက်ထားလာသော ကျောင်းသားကျောင်းသူများအနေဖြင့် ဝင်ခွင့်စာမေးပွဲကို စင်ကာပူနိုင်ငံတွင် သွားရောက်ဖြေဆိုရမည်ဖြစ်ကြောင်း NUS-iSS မှ တရားဝင်စာဖြင့် အကြောင်းကြားထားကြောင်း သိရသည်။ ၎င်းဘွဲ့လွန်ဒီပလိုမာ တက်ရောက်လိုသူများအနေဖြင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိရန်လိုအပ်ပြီး IELTS/ TOEFL အမှတ်မရှိသူများပါ လျှောက်ထားနိုင်မည် ဖြစ်သည်။ လျှောက်ထားရာ၌ သိပ္ပံဘွဲ့များကို ဦးစားပေးပြီး Computer Programming/ Web Developing အလုပ်အကိုင် အတွေ့အကြုံရှိသူများအနေဖြင့် ဝင်ခွင့်ရရှိရန် အခွင့်အရေးပိုများနိုင်ကြောင်းသိရသည်။ ကျောင်းလျှောက်လွှာလျှောက်ထားရာ၌ အွန်လိုင်းမှ လျှောက်ရန်လိုအပ်ကာ Application Fees စင်ကာပူ ဒေါ်လာ ၂၀ ပေးသွင်းရမည်ဖြစ်သည်။ ယခုအခါ ၂၀၁၁၊ သြဂုတ်လ စာသင်နှစ်အတွက် စတင်လျှောက်ထားနိုင်ပြီး ကျောင်းလျှောက်ထားခြင်းနှင့် ဝင်ခွင့်စာမေးပွဲ အတွက် ပြင်ဆင်ခြင်းများကို ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၆ ရက်၊ စနေနေ့ နံနက် ၁၀ နာရီတွင် CROWN Education ရုံးခန်းတွင် ရှင်းလင်းပြောကြားသွားမည် ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဝင်ခွင့်ဖြေဆိုရမည့် Aptitude Test အတွက် အခမဲ့ရက်တိုသင်တန်းကိုလည်း ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။ ဝင်ခွင့်လျှောက်ထားလိုသူများ၊ အသေးစိတ်သိရှိလိုသူများနှင့် ဆွေးနွေးပွဲတက်ရောက် လိုသူများအနေဖြင့် CROWN Education ဖုန်း - ၂၁၁ ၈၈၈ (လိုင်းခွဲ - ၂၂၈/၂၂၉)၊ ၀၉၅၀၈၅၁၈၅ တွင်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။




 

(22-2-2011)
Source: Internet Journal

 


                သြစတြေးလျတက္ကသိုလ် SIBT မှ ပေးအပ်သော စကောလားရှစ်ကို မြန်မာကျောင်းသူတစ်ဦးရရှိ . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

သြစတြေးလျတက္ကသိုလ်တစ်ခုဖြစ်သော Sydney Institute of Business Technology မှ ပေးအပ်သော စကောလားရှစ်ကို မြန်မာကျောင်းသူ တစ်ဦးရရှိခဲ့ကြောင်း YIUS မှသိရသည်။ Sydney Institute of Business Technology မှပေးအပ်သော စကောလားရှစ်ကို ရရှိခဲ့သူကျောင်းသူမှာ မသန့်သစ္စာအောင် ဖြစ်ပြီး မြန်မာနိုင်ငံမှ သူမတစ်ဦးသာ စကောလားရှစ်ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ “ဒီစကောလားရှစ်က Semester တစ်ခုမှာ တစ်ကမ္ဘာလုံးက နှစ်ယောက်ပဲ ပေးတာ၊ မြန်မာနိုင်ငံကတော့ သူတစ်ယောက်ပဲပါတယ်။ ဒီကျောင်းသူလေးက ကျွန်မတို့ YIUS မှ Australian Foundation Course တက်ပြီး အောင်မြင်ခဲ့သူပါ။ ၂၀၁၁၊ ဖေဖေါ်ဝါရီ ၂၁ မှာ စပြီး တက်ရမှာပါ” ဟု YIUS မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါစကောလားရှစ်ကို လျှောက်ထားရမည်ဆိုပါက လိုအပ်ချက်များ အနေဖြင့် အခြေခံပညာ အထက်တန်းအောင်မြင်ထားရမည် ဖြစ်ပြီး နောက်ဆုံးတက်ထားသည့် Course တွင် အနည်းဆုံး ၇ဝ ရာခိုင်နှုန်းရရှိထားသူဖြစ်ရမည်။ ထို့ပြင် IELTS (သို့မဟုတ်) IELTS နှင့် ညီမျှသောစာမေးပွဲတွင် ၆.၀ အနည်းဆုံးရရှိထားရမည်ဖြစ်ပြီး Natives College တစ်ခုခုမှ ထောက်ခံစာ ရရှိထားသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။ “နောက်ဆုံးတက်ထားတဲ့ Course ဆိုတဲ့နေရာမှာ GCE or IELTS or Australian Foundation or High School ပေါ့။ အခုစကောလားရှစ်ရတဲ့ ကျောင်းသူကတော့ Australian Foundation တက်ပြီးရသွားတာပါ” ဟု ၎င်းကထပ်မံရှင်းပြသည်။ Sydney Institute of Business တွင် Diploma တက်ရောက်၍ အမှတ်အများဆုံးရရှိပါက Macquarie University တွင် ကျောင်းလခ ၂ နှစ်ကင်းလွတ်ခွင့် ရကြောင်းသိရသည်။ SIBT အနေဖြင့် Semester တစ်ခုလျှင် ၅၀ ရာခိုင်နှုန်း စကောလားရှစ်ပေးလေ့ရှိပြီး တစ်ကမ္ဘာလုံးတွင် နှစ်ဦးသာပေးကြောင်းသိရသည်။ SIBT တွင် Diploma, Foundation, Advanced Diploma, Sddociate Degrees in Business စသည့် အတန်းများ တက်ရောက်နိုင်ပြီး Business, IT, Mass Communication, Engineering, Arts, English Classes စသည့် ဘာသာရပ်များ သင်ကြားပို့ချပေးလျက် ရှိကြောင်းသိရသည်။





 

(22-2-2011)
Source: Internet Journal

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats