Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:

News » Local News

Career Pass တွင် Principle of Management သင်တန်းဖွင့်မည်

အဖွဲ့အစည်းတိုင်းဟာ လူတွေပါဝင်နေတဲ့ အဖွဲ့အစည်းဖြစ်သလို အဖွဲ့အစည်းတိုင်းရဲ့ ရေရည်ရှင်သန် ရပ်တည်အောင်မြင်မှုသည် ပါဝင်နေသော လူ့စွမ်းအားရဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ လုပ်အားပေါ်မှာ မူတည် နေပါတယ်။ ဒါ့အပြင် လုပ်ငန်းရဲ့ ယှဉ်ပြိုင်မှုဟာလည်း သက်ဆိုင်ရာ အဖွဲ့အစည်းမှာ ပါဝင်နေတဲ့ ဝန်ထမ်း အရည်အသွေးပေါ်မှာပဲ ရှိနေပါတယ်။ အရည်အသွေးရှိ ကျွမ်းကျင်တဲ့ ဝန်ထမ်းကောင်းများ ရရှိပြီး လူမှန်၊ နေရာမှန် ခန့်ခွဲနိုင်၍ အဖွဲ့အစည်း၏ တိုးတက်မှုနှင့်အတူ ဝန်ထမ်းများ အရည်အချင်း တိုးတက်စေမည့် အစီအစဉ်ကောင်းများနှင့် လုပ်ငန်းအတွက် ရေရှည်ထမ်းဆောင်မည့် ဝန်ထမ်းများ ထိမ်းသိမ်းထားရှိနိုင်ဖို့ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲနိုင်ရန် လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ပညာ၊ ဗဟုသုတဖြစ်ပါတယ်။ Principle of Management ၏ အကျိုးကျေးဇူးများမှာ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု သဘောတရားကို ကောင်းမွန်စွာ သိရှိနားလည်ပြီး လက်တွေ့အသုံးချနိုင်ရန်ဖြစ်သည်။

ထိရောက်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုကြောင့် ဝန်ထမ်းများ၏ ပြည့်ဝသော စွမ်းဆောင်ရည်ဖြင့် ထိရောက်တဲ့ လုပ်ဆောင်ချက်ကို ရရှိကာ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ယှဉ်ပြိုင်နိုင်မှု အရည်အချင်းများ တိုးတက်စေမည့်အပြင် ဈေးကွက်တွင်လည်း အောင်မြင်သော လုပ်ငန်းအဖြစ် ရေရည် ရပ်တည်နိုင်မည်ဖြစ်သည်။ ထို့အပြင် Principle of Management သင်တန်းကို တက်ရောက်ခြင်းဖြင့် Management ၏ သဘောတရားကို ကောင်းမွန်စွာ သိရှိနားလည်နိုင်မည်ဖြစ်သည်။ မိမိ၏ လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပြီး မည်သို့ဆုံးဖြတ်ချက်များ ချရမည်ကိုပါ နားလည်မည်ဖြစ်သည်။ ထပ်မံလေ့လာမည့် စီမံခန့်ခွဲမှုဆိုင်ရာ Diploma များဖြစ်သည့် (D.B.A, D.B.M, D.M.M, M.B.A) စသည့် မဟာဘွဲ့များအတွက် လိုအပ်တဲ့ အခြေခံကောင်းများကိုလည်း ရရှိမည်ဖြစ်သည်။ Career Pass Job Training Centre မှ ဖွင့်လှစ်ပေးသော Principle of Management သင်တန်းတွင် အဖွဲ့အစည်းတခု စနစ်တကျ ဖွဲ့စည်းဆောင်ရွက်နိုင်ရန် အတွက် သိသင့်သော အခြေခံအချက်များ၊ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် အရေးပါအရာရောက်သည့် Communication အကြောင်းများကို နားလည်သွားရန် လက်တွေ့လုပ်ငန်းခွင်အတွင်း၌ ကြုံတွေ့နိုင်သော ပြဿနာများနှင့် တွဲဖက်၍ထိရောက်စွာ သင်ကြားပေးလျှက်ရှိပါသည်။

Career Pass Job Training Centre မှ Principle of Management သင်တန်းကို မတ်လ (၂၀) ရက်နေ့တွင် ထပ်မံ ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။ သင်တန်းကာလမှာ ၁ လခွဲဖြစ်ပြီး သင်တန်းချိန်များကိုလည်း ရုံးဝန်ထမ်းများ အဆင်ပြေစေရန် အတွက် ရုံးချိန်ပြင်ပ တန်းခွဲများအဖြစ် (တနင်္ဂနွေနေ့) စီစဉ်ပေးထားပါသည်။ စိတ်ဝင်စားသူများ၊ သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ရန်နှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးလိပ်စာ “STUDY ABROAD Information Centre” အမှတ် ၂၉၀-A၊ ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာနှင့် မဟာမြိုင်ဆေးခန်းကြား) ၊ မြေနီကုန်း၊ စမ်းချောင်း။ ဖုန်း - ၀၉၈၀ ၂၂၁၈၄၊ ၀၉၈၀ ၂၁၀၂၇၊ ၀၁ ၇၃၀ ၁၁၃၁၁ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။






 

(25-2-2011)
Source: Ko Lin (Myanmar Training)


                           တက္ကသိုလ်ဝင်တန်းအောင်/ ဘွဲ့ရပြီးသူများအတွက် HND/SQA HND သင်တန်း .  . 

.    . . .  . . .  .. .. .    .. .  .  . . .  .  . . . .  . . .  .  . . . .      .    . .. .         .     .      . . .  .  . . .                      
        

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ သို့မဟုတ် Myanmar Noble College မှဒုတိယနှစ် အောင်မြင်ပြီးသူများသည် ဗြိတိန်နိုင်ငံ Thames Valley University/ Wigan & Leigh College/ City of Sunderland College တို့နှင့် နည်းပညာပူးတွဲပို့ချမည့် HND/ SQA HND ဘွဲ့ကို Myanmar Noble College ၌ပင် ၂ နှစ် ဆက်လက်ဆည်းပူးဆွတ်ခူးနိုင်ပါသည်။ ယင်း HND/ SQA HND ကို မြန်မာနိုင်ငံ၌ သင်ယူပြီး B.A (Hons;)/ B.Sc(Hons;) ဘွဲ့ကို ထပ်မံဆည်းပူးရယူ လိုပါက ဗြိတိန်နိုင်ငံရှိ တက္ကသိုလ် အသီးသီးတွင် Final Year မှ စတင်တက်ရောက် သင်ယူခွင့်ရရှိမည်ဖြစ်သည်။ ဤကဲ့သို့ Myanmar Noble College တွင် ပညာဆည်းပူးပြီး ဗြိတိန်နိုင်ငံမှ ချီးမြှင့်သော ဘွဲ့ကိုရယူပါက ပညာသင်ကြားမှု ကုန်ကျစရိတ် ၇၀% သက်သာမည်ဖြစ်သည်။

သင်ကြားပို့ချမည့် အစီအစဉ်
Myanmar Noble College သည် နိုင်ငံရပ်ခြားတက္ကသိုလ်၊ ကောလိပ်များတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများ၊ နိုင်ငံရပ်ခြားတွင် အဆင့်မြင့်ပညာ ဆည်းပူးခဲ့သော ပြည်တွင်းမှဝါရင့် ဆရာ၊ ဆရာမများဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ပြီး ခေတ်မီသင်ထောက်ကူ ပစ္စည်းများကို နိုင်ငံကတာအဆင့်မီ အသုံးပြုသွားမည်ဖြစ်သည်။ Myanmar Noble College တွင်တက်ရောက်နေစဉ်အတွင်း မည်သည့်ပြင်ပ  ကျူရှင်ကိုမျှတက်ရောက်ရန် မလိုပါ။ သင်ခန်းစာများ သင်ယူရာတွင် အားနည်းချက်ရှိပါက ဘာသာရပ်အလိုက် Personal Tutor များက နားလည်တတ်ကျွမ်းသည်အထိ (အခမဲ့) သီးသန့်ပို့ချပေးမည် ဖြစ်သည်။ Myanmar Noble College တွင် ပညာဆည်းပူးလိုသည့် ၈ တန်းအောင်၊ ၉ တန်းအောင်ကျောင်းသား၊ ကျောင်းသူများသည် ဖေဖေါ်ဝါရီ (၂၄) ရက်နေ့မှ စတင်အပ်နှံနိုင်ကြောင်းနှင့် နယ်မှ ကျောင်းသား၊ ကျောင်းသူများကိုလည်း အနေအထိုင်၊ အစားအသောက် ကောင်းမွန်ပြီး စည်းကမ်းတကျအုပ်ချုပ်သည့် ဘော်ဒါဆောင် စီစဉ်ပေးထားကြောင်း၊ ကျန်းမာရေးစောင့်ရှောက်ပါ စီစဉ်ပေးကြောင်းသိရသည်။ အသေးစိတ်သိလိုသော အချက်များကို ကျောင်းသားရေးရာဌာန - Myanmar Noble College အမှတ် (၁၀၈)၊ နှင်းဆီလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်။ ဖုန်း - ၂၂၀၄၇၆၊ ၀၉၅၁၁၆၄၂၄၊ ၀၉၅၁၂၇၃၀၀၊ ၇၃၀၄၉၆၁၄၊ ၂၅၀၂၂၅၊ ၂၅၀၁၅၀ တွင် စုံစမ်းမေးမြန်းနိုင်ကြောင်းနှင့် ဝင်ခွင့်လျှောက်လွှာများကို တင်သွင်းနိုင်ပြီဖြစ်ကြောင်းသိရှိရသည်။




  

 

(25-2-2011)
Source: Ko Lin (Myanmar Training)


                                           James Cook University ကျောင်းသားတွေ့ဆုံပွဲ . .  .  . . . . .  .  .  .  .  . .  .  .  .. . . . . .  . ..  .  .  . . .   . . ... . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

သြစတြေလျတက္ကသိုလ်တစ်ခုဖြစ်သော James Cook University ၏ စင်္ကာပူ Campus ကို ၂၀၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီးသည့် အချိန်မှစ၍ ကျောင်းသားဟောင်းများနှင့် ကျောင်းသားသစ်များ တွေ့ဆုံရင်းနှီးမှု့ ရှိစေရန်နှင့် ဗဟုသုတဖလှယ် နိင်ကြစေရန် တွေ့ဆုံကြသည့်ပွဲများကို နှစ်စဉ်ပြုလုပ်လေ့ရှိရာ၊ JCU ၏ ကျောင်းသားများတွေ့ဆုံပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ်၊ ၂၀၁၁ခုနှစ် ဖေဖေါ်ဝါရီလ (၁၁) နေ့တွင်ပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါတွေ့ဆုံပွဲများ၏ ရည်ရွယ်ချက်မှာ၊ ကျောင်းပြီး၍ လုပ်ငန်းခွင်များ ၀င်မည့်သူများနှင့် လက်ရှိစီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေသူများ အချင်းချင်း၊ လူမှု့ရေး ဆိုရှယ်နက်ဝပ် တစ်ခုရရှိစေရန်နှင့်၊ ကျောင်းသား ကျောင်းသူ သစ်များအနေဖြင့်၊ မိမိတို့ သိရှိလိုသည့် လေ့လာသင်ယူမှု့များ အကြောင်း၊ ဘာသာရပ်များအကြောင်းနှင့် တက္ကသိုလ် အတွေ့အကြုံများသိရှိပြီး ကြိုတင်ပြင်ဆင် နိုင်စေရန်ဖြစ်ပါသည်၊၊ “အခုကျောင်းသားဟောင်းတွေထဲမှာ စင်္ကာပူမှာ အလုပ်အကိုင်တွေ ရရှိနေတဲ့ ကျောင်းသူကျောင်းသားတွေ ပါဝင်တဲ့အတွက် ကျွန်တော်တို့ ဒီလိုဆောင်ရွက်ပေးခြင်းအားဖြင့် ကျောင်းသားသစ်များအလုပ်အကိုင် ရှာဖွေရာတွင် ပိုမိုအထောက်အကူပြု လွယ်ကူစေနိုင်ပါတယ်” James Cook University မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုသူရထွန်းက ပြောကြားပါတယ်၊၊ နောက်နှစ်များတွင်လည်း ယခုလို တွေ့ဆုံပွဲများကို အစီအစဉ်သစ်များဖြင့် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ Career Guidance နှင့် Counseling ကို တာဝန်ယူဆောင်ရွက်နေသော ကျောင်းသူ ကျောင်းသားဟောင်းများမှ အသက်မွေးဝမ်းကြောင်းမှု့များနှင့် ပတ်သက်၍ လမ်းညွှန်ခြင်း၊ CV များရေးသားခြင်း၊ အလုပ်အကိုင်နှင့်ပတ်သက်၍ အဆက်အသွယ်များ ဖန်တီးပေးခြင်းစသည့် အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်၊၊







 

(25-2-2011)
Source: Ko Lin (Myanmar Training)


                  Device Business Management Academy မှ FMA Eleven Training Program ဖွင့်လှစ်မည် .  .. . . . . . . . .  .  . .. .. . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

Device Business Management Academy မှ လုပ်ငန်းခွင်အတွင်း စီးပွားရေးလက်တွေ့ စီမံခန့်ခွဲမှု့သင်တန်းများကို အပတ်စဉ်သင်ကြား ပို့ချပေးလျှက်ရှိရာ FMA Eleven Training Program ဖြင့် သင်တန်း (၈) ခုဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ သင်တန်း Program တွင် The Effective Director သင်တန်းကို ဖေဖေါ်ဝါရီလ ၅ ရက်နှင့် ၆ ရက်နေ့များတွင် သင်ကြားပို့ချပေးခဲ့ပြီး Total System Management သင်တန်းကို ဖေဖေါ်ဝါရီ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် Myanmar Info-Tech Hall (2) ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါသင်တန်းတွင် အောင်မြင်မှုကို ရယူလိုသည့် ကုမ္ပဏီများအားလုံးနှင့် တိုက်ရိုက်သက်ဆိုင်သည့် (၂၁) ရာစု၏ လုပ်ငန်းခွင်တစ်ခုလုံး နည်းစနစ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ၊ လုပ်ငန်း၏မျှော်မှန်းချက် (Vision) ကို တိကျစွာချမှတ်၍ အကောင်အထည်ဖော်လိုသူများ၊ နိုင်ငံတကာအဆင့်မီ Business Annual Operating Plan များ ချမှတ် ရေးဆွဲ၍ အကောင်အထည်ဖော်လိုသူများ၊ စွမ်းဆောင်ရည်မြင့်မားသည့် ခေါင်းဆောင်တစ်ဦး အနေဖြင့် လုပ်ငန်းကို ဦးဆောင်လိုသူများအတွက် ရည်ရွယ်၍ ပါမောက္ခဒေါက်တာအောင်ထွန်းသက်နှင့် Device Business Management Academy မှ Managing Director ဆရာဦးတင်ဇံကျော်တို့က Case Study များ Group Presentation များဖြင့် စနစ်တကျသင်ကြား ပို့ချပေးခဲ့ကြပါသည်။ ထပ်မံဖွင့်လှစ်ရန် ကျန်ရှိနေသေးသော သင်တန်းများမှာ-
1. Measuring Business Performance 26~27 February, 2011
2. Strategic Management 5~6 March, 2011
3. Total Quality Management 12~13 March, 2011
4. Advertising Management 19~20 March, 2011
5. Why My Client Doesn’t Smile 26~27 March, 2011
6. Corporate Financial Management 2~3 April, 2011 စသည့် သင်တန်းများဖြစ်ကြပြီး ဤသင်တန်းအစီအစဉ်များကို ပြည်တွင်း/ပြည်ပမှ အတွေ့အကြုံရှိ ဆရာကြီး/ ဆရာမကြီးများနှင့် စီးပွားရေးတက္ကသိုလ်မှ ဆရာ/ဆရာမကြီးများမှ ဆက်လက်ပို့ချပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။ Device နှင့် ပူးပေါင်း ပါဝင်လိုသူများ၊ မိမိတို့အဖွဲ့အစည်းတစ်ခုလုံး၏ အရည်အသွေးကို မြင့်တင်လိုသူများ အနေဖြင့် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဂုဏ်ရည် အိမ်ယာရှိ Device Business Management Academy ဖုန်းနံပါတ် ၀၁-၃၉၃၃၁၈ ၊ ၀၁-၃၉၃၀၆၈၊ ၀၁-၄၄၁၂၅၉၈၊ ၀၁-၇၃၀ ၄၅၁၄၀၊ ၀၉-၉၉၂၅၈၂၇၊ ၀၉-၅၀၃၅၀၁၃၊ ၀၉-၅၁၄၀၉၁၆၊ ၀၉-၅၁၇၀၄၇၃ သို့ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း သတင်းရရှိပါသည်။


 

 

(25-2-2011)
Source: Ko Lin (Myanmar Training)

 


                       အနုပညာဆိုင်ရာ ဒီပလိုမာသင်တန်း (၉)လ ကို မြန်မာနိုင်ငံတွင် တက်ရောက်နိုင်ပြီ .  . . .  .  .  .  . .  . .   .. . .  . . . . . . .  .  . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

အင်္ဂလန်နိုင်ငံ City of Sunderland College မှတိုက်ရိုက်ချီးမြှင့်မည့် Level-3 Diploma in Performing Arts အနုပညာဆိုင်ရာ Diploma သင်တန်း စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ Central Hotel ၌ ၁-၃-၂၀၁၀ (အင်္ဂါနေ့) နေ့လည် ၁ နာရီမှ ၃ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ဗဟို) ဥက္ကဌ ဦးမြင့်သိန်းဖေမှ အဖွင့်အမှာစကားပြောကြားပြီး၊ ဆက်လက်၍ City of Sunderland College မှ တာဝန်ခံနှင့် Shwe Sae Entertainment မှ ဒါရိုက်တာတို့မှ သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်း ပြောကြားသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်မည့် ယင်းဒီပလိုမာသင်တန်းကို ၂၀၁၁ ခုနှစ် မတ်လ (၂၄) ရက် (ကြာသပတေးနေ့) တွင် စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး၊ နိုင်ငံတကာတွင် သင်ကြားသည့် စာမေးပွဲဖြေဆိုသည့် စနစ်မဟုတ်ဘဲ Activity, Task, Assignment တို့ကို ပြည်တွင်းမှ ဝါရင့်အနုပညာရှင်များနှင့် နိုင်ငံတကာမှ ဆရာ၊ ဆရာမများမှ သင်ကြားပို့ချမည်ဖြစ်သည်။ သင်တန်းတွင် နိုင်ငံတကာဆက်ဆံရေးအတွက် Communication English အပြင် Developing Voice for the Actor, Principles of Acting, Applying Acting Styles, Film and TV Acting, Dance Performance, Jazz Dance, Tap Dance, Script Writing, Singing Skill for Actors and Dancers, Developing Movement Skills စသည့် Unit (၁၈)ခုဖြင့် သင်ကြားမည်ဖြစ်သည်။ NQF Level-3 အဆင့်ရှိသည့် Diploma in Performing Arts အနုပညာဆိုင်ရာ ဒီပလိုမာရရှိပြီးပါက ပြည်တွင်း/ပြည်ပရှိ အနုပညာဆိုင်ရာလုပ်ငန်းများတွင် သရုပ်ဆောင်/ မန်နေဂျာ အဆင့်ရရှိမည်ဖြစ်ပြီး ဆက်လက်ပညာဆည်းပူးလိုပါက နိုင်ငံတကာရှိတက္ကသိုလ်ကောလိပ်များတွင် ၂နှစ် (သို့) ၃နှစ် ဆက်လက်တက်ရောက်ပြီး အနုပညာဆိုင်ရာဘွဲ့ ရရှိမည်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များသိရှိလိုပါက - Shwe Sae Entertainment အမှတ် (၃၇)၊ အခန်း (၂၀၂)၊ အောင်သပြေလမ်း၊မင်္ဂလာတောင်ညွှန့် မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၇၃၁၃၂၉၂၇ ၊ ၀၉ ၇၃၁၃၂၉၂၈၊ ၀၉ ၇၃၁၃၂၉၃၀ ၊ ၀၁ ၃၉၆၉၁၅ သို့ဆက်သွယ် စုံစမ်းနိုင်ကြောင်းသတင်းရရှိသည်။





 

(8-3-2011)
Source: Ko Lin (Myanmar Training)

 


"စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်သင်တန်း(Leading Up to Young Entrepreneur)ရန်ကုန်နှင့်မန္တလေးတွင် တစ်ပြိုင်နက်ဖွင့်မည်" . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

စီးပွားရေးစလုပ်မည့် လူငယ်များ၊ လုပ်ငန်းလုပ်ဆဲလူရွယ်များ အတွက် စီးပွားရေးလုပ်ငန်း တစ်ခုတွင် သိသင့်သိထိုက်သည့် အသိပညာ ၊ အတတ်ပညာ နှင့် စီးပွားရေးဆိုင်ရာ အထွေထွေဗဟုသုတများရရှိစေရန် နှင့် လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိပြန်လည် အသုံးချနိုင်ရန် ရည်ရွယ်ပြီး စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်သင် တန်း (Leading Up to Young Entrepreneurship) ကို The Association of Business Executive ,UK ၏ accredited college တစ်ခုဖြစ်တဲ့ TIPTOP: Capacity Development Institute of Myanmar တွင် မတ်လ(7) ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့များတွင် တစ်ပြိုင်နက် ဖွင့်လှစ်မည်ဖြစ်ပါသည်။
အဆိုပါ သင်တန်းတွင် လူငယ်လုပ်ငန်းရှင်များအတွက် မသိမဖြစ် သိသင့်သိထိုက်သော
၁) လုပ်ငန်းစီမံချက်ချခြင်းနှင့် ဆုံးရှုံးနိုင်ခြေ လျော့ချခြင်း(Project Planning & Risk Reduction)
၂) ထုတ်ကုန်အသစ်နှင့် ဈေးကွက်ရှာဖွေခြင်း (Product Developing and Marketing)
၃) လုပ်ငန်းဦးဆောင်ခြင်း(Team Management)
၎) စွန့်ဦးတီထွင် လုပ်ငန်းရှင်၏ ကျင့်ဝတ်(Entrepreneur’s Ethics)
၅) အခွင့်အလမ်းကို ရှာဖွေလေ့လာခြင်း(Opportunity Sniper)
၆) လူအများ၏ စိတ်ကိုအောင်နိုင်ခြင်း(Winning Minds)
၇) ခုန်ပျံကျော်လွှားအောင်မြင်ခြင်း(Leap Forging)
၈) လင်းယုန်တို့ရဲ့ ကျင့်စဉ် (Eagle’s Principle)
၉)စည်းရုံးဦးဆောင် ခေါင်းဆောင်မှု (Charismatic Leadership) စသည့် ဘာသာရပ်များကို အရည်အသွေးပြည့်ဝပြီး လုပ်ငန်းခွင့်အတွေ့အကြုံရှိသော စီးပွားရေး နှင့် လူမှုရေးပညာရှင်ကြီးများ ၊ လုပ်ငန်းရှင်ကြီးများမှ ပူးပေါင်း ဆွေးနွေးပို့ချပေးမည် ဖြစ်ပါသည်။ သင်တန်းကာလမှာ (1)လဖြစ်ပြီး သင်တန်းချိန်မှာ ညနေ(5:30) မှ (7:00) တိတိတစ်ပတ်လျှင် (6) ရက် ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရပါသည်။ အသေးစိတ်အချက်အလက်များသိရှိလိုပါက TIPTOP:CDIM အမှတ်(249) ၊ အခန်း(8-A) ၊ ဗားဂရာလမ်း ၊ မြေနီကုန်း ၊ ရန်ကုန်မြို့ ။01-539791 နှင့် 09-51-62062 အမှတ်(175) ၊ ပထမထပ် ၊ 26 (B)လမ်း ၊ 80 x 81 လမ်းကြား ၊ မန္တလေးမြို့ ။ 09-9100 1818 သို့ဆက်သွယ်စုံစမ်းအပ်နှံနိုင်ကြောင်း သိရှိရပါသည်။






 

(8-2-2011)
Source: Ko Lin (Myanmar Training)

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats