GIS and Remote Sensing Application for Disaster Risks Reduction
သင်တန်းဖွင့်မည်
မြန်မာနိုင်ငံ
အင်ဂျင်နီယာအသင်းနှင့် Myanmar Credent Technology တို့ ပူးပေါင်း၍
သဘာဝဘေးအန္တရာယ်လျှော့ချရေးအတွက် GIS နှင့် Remote Sensing
နည်းပညာအသုံးချသင်တန်း (GIS and Remote Application for Disaster Risks
Reduction) ကို ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင်
သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ချေ သုံးသပ်ချက်၊ လိုအပ်သော
သတင်းအချက်အလက်များစုဆောင်းရယူခြင်း၊ သဘာဝဘေးအန္တရာယ် အမျိုးအစားအလိုက်
ဖြစ်ပေါ်နိုင်သော ပျက်စီးမှုအမျိုးမျိုး၊ ကြိုတင် ပြင်ဆင်ကာကွယ်မှု၊
စောင့်ကြည့်လေ့လာမှု၊ စီမံခန့်ခွဲမှု၊ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှု
နည်းပါးစေရန် အချိန်တိုအတွင်း စီမံချက်ရေးဆွဲခြင်း၊
အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ လုပ်ဆောင်ခြင်းနှင့်
ပြန်လည်ထူထောင်ခြင်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်
ခေတ်မီနည်းပညာများဖြစ်သည့် ပထဝီဝင် သတင်းအချက်အလက်စနစ် (သို့မဟုတ်)
သတင်းအချက်အလက်မြေပုံစနစ်နှင့် ဂြိုဟ်တုဓာတ်ပုံ၊
ကောင်းကင်ဓာတ်ပုံအသုံးချခြင်း နည်းပညာများကို သင်ကြားပို့
ချသွားမည်ဖြစ်ကြောင်းသိရသည်။ သဘာဝဘေးကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေးဆောင်ရွက်လျက်ရှိသော အစိုးရဌာနအဖွဲ့အစည်းများ၊ NGO
များ၊ ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊
မြန်မာအင်ဂျင်နီယာအသင်းဝင်များနှင့် ကျောင်းသားများအတွက်
သင်တန်းကြေးအား ၂၀ ရာခိုင်နှုန်းလျှော့ချပေးမည်ဖြစ်ကြောင်းသိရသည်။
သင်တန်းကို မတ်လ ၁၂၊ ၁၃၊ ၁၉၊ ၂၀၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် နံနက် ၉
နာရီမှ ညနေ ၄ နာရီ အထိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင်
ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဖုန်း - ၆၅၂၂၈၅ နှင့် ၆၅၂၂၈၆ သို့
ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
(8-3-2011)
Source: Internet Journal
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Dip in Telecommunication System သင်တန်း
GLORY တွင် စတင်ဖွင့်လှစ်မည်
.
.
.
.
.
.
.
.
.
.
.. ..
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. ..
.
.
.
.
.
.
.
. . .
ယနေ့မြန်မာအပါအဝင်
ကမ္ဘာတွင် ကျယ်ပြန့်လာသော သတင်းနှင့် ဆက်သွယ်ရေး နည်းပညာ
(Telecommunication and Computer Networking) ကဏ္ဍတွင်
စိတ်ပါဝင်စားသူများ၊ အလုပ်လုပ်ကိုင်လိုသူ လူငယ်များအတွက် ရည်ရွယ်ကာ Dip
in Telecommunication System သင်တန်းကို GLORY
မှစတင်ဖွင့်လှစ်သင်ကြားပါမည်။ အဆိုပါ သင်တန်းကို Diploma Level အဖြစ်
မြန်မာနိုင်ငံတွင် GLORY မှ ပထမဦးဆုံး
စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။ ယနေ့ကမ္ဘာတွင် ဆက်သွယ်ရေးနည်းပညာကဏ္ဍ
အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် Internet, Satellite
Communication, Mobile Communication, Optical Fibre System အစရှိသော
နယ်ပယ်အသီးသီးတိုးတက်လာပြီး ကမ္ဘာရွာကြီးဖြစ်လာသည်ဟုဆိုကြပါသည်။
အဆိုပါနယ်အသီးသီးတွင်အတွက် Communication နှင့် Digital Networking
(IT) ပညာရပ်(၂) ခုလုံးကို
သိရှိကျွမ်းကျင်သူအများအပြားလိုအပ်လျှက်ရှိကြောင်း GLORY မှ
သိရှိရပါသည်။ ထို့ကြောင့် အဆိုပါအပိုင်း (၂)ခုလုံးပါဝင်သော
Telecommunication System Diploma ကို GLORY မှ ဖွင့်လှစ်ရန်
စီစဉ်ခြင်းဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် Fundamental of Electronic
Communication 2 and 3, Communication System and Digital Network 2,
and 3 , Radio System, Programming Principles အစရှိသော
ဘာသာရပ်များပါဝင်ပါသည်။ ရေးဖြေစာမေးပွဲကို UK မှ တိုက်ရိုက် စစ်ဆေးပြီး
(၅)ဘာသာ အောင်မြင်ပါက City & Guilds of London Institute မှ
အောင်လက်မှတ်ချီးမြှင့်ပါမည်။ အဆိုပါ ဒီပလိုမာသည် Level (3) အဆင့်ရှိ
IVQ Diploma ဖြစ်ပြီး UK ရှိ e-skills (IT and Telecommunication
လုပ်ငန်းရှင်များအသင်း) အသင်းကြီးမှ အသိအမှတ်ပြုထားပါသည်။
အဆိုပါသင်တန်းကို GTC, GCC မှဒီပလိုမာရပြီးသူများ
တိုက်ရိုက်တက်ရောက်နိုင်ပြီး ၊ ၁၀ တန်းအောင်မြင်ထားသူများ
တက်ရောက်လိုပါက GLORY တွင် Foundation တန်းခွဲကို အရင်တက်ရမည်ဖြစ်သည်။
GLORY သင်တန်းကျောင်းအား 2004 တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ယခု (၇)
နှစ်သက်တမ်းရှိခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်တွင် City & Guilds
သင်တန်းအမျိုးအစားပေါင်း (၁၅) မျိုးခန့်ကို ဖွင့်လှစ်နေပြီး (၇)
နှစ်တာကာလအတွင်း Diploma လက်မှတ်ရ ကျောင်းသား (၉၈၀) ခန့်ကို
မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာအမှတ်အများဆုံးဆုရှင်
(ရွှေတံဆိပ်) (၃)ဦးကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် City
& Guilds (UK) မှ “High Standard of Teaching and Tudraining School”
အဖြစ်အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။ ထို့အပြင် GLORY မှ
ပြည်ပနိုင်ငံများတွင် ကျောင်းဆက်တက် (သို့) အလုပ်လုပ်လိုသူများကို
အကူအညီပေးသည့် အနေဖြင့် GLORY မှ အင်ဂျင်နီယာဒီပလိုမာရရှိသူအားလုံးကို
“Europass Certificate” အခမဲ့ရယူပေးပါသည်။ အထက်ပါ Diploma in
Telecommunication System သင်တန်းနှင့် ပတ်သက်၍
ရှင်းလင်းဟောပြောပွဲတစ်ခုကို Trader Hotel တွင် Mar (24) ရက် နံနက်
၉းဝဝ နာရီတွင် ကျင်းပပြုလုပ်ရန်ရှိပါသည်။ အဆိုပါ အခမ်းအနားတွင် City &
Guilds (UK) ၏ တာဝန်ရှိသူများမှ လာရောက်ဟောပြောရှင်းလင်းမည်ဖြစ်ပါသည်။
ဖော်ပြပါ အခမ်းအနားကို တက်ရောက်လိုလျှင်လည်းကောင်း၊ အဆိုပါသင်တန်းကို
စိတ်ဝင်စားလျှင်လည်းကောင်း GLORY ၁၂၅ ၊ B ပထမထပ် ၃၈ လမ်းနှင့် မဟာဗန္ဓုလ
လမ်းထောင့် ကျောင်တံတားမြို့နယ်။ ဖုန်း ၀၉-၇၃၁၂၁၇၁၇၊ ၀၉-၅၁၉၇၈၁၇
website: www.glory-education.com ဆက်သွယ်နိုင်ပါသည်။
(15-3-2011)
Source: Ko Lin (Myanmar Training)
နွေရာသီကျောင်းပိတ်ရက်တွင် Practical A+ & Basic Networking (2 in 1)
Certificate သင်တန်းဖွင့်လှစ်
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
..
.
.
.
.
.
. . ...
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
နွေရာသီ
ကျောင်းပိတ်ရက်တွင် အသက်မွေးမှုပညာရပ် တစ်ခုကို အကျိုးရှိစွာ
တက်ရောက်နိုင်ရန် Practical A+ Basic Networking (2 in 1) Certificate
သင်တန်းကို Network Computer Training Center တွင်
တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အထက်တန်း၊ အလယ်တန်း
စာမေးပွဲဖြေဆိုပြီးသော ကျောင်းသား၊ ကျောင်းသူများတက်ရောက်နိုင်ပြီး
သင်တန်းကာလမှာ (၃)လ ကြာမြင့်မည်ဖြစ်သည်။ သင်တန်းကို တစ်ပတ်လျှင် ၃ ရက်
တက်ရောက် သင်ယူရမည်ဖြစ်ပြီး A+ Theory စာတွေ့ရေးဖြေ စာမေးပွဲနှင့်
Hardware Installation လက်တွေ့ ကျွမ်းကျင်မှုများ စစ်ဆေးအောင်မြင်မှ
အောင်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတက်ရောက်လိုသူများ
အနေဖြင့် အသေးစိတ် အချက်အလက်များ ထပ်မံသိရှိလိုပါက Naward Computer
Sales, Service & Training Center ဖုန်း - ၀၉-၇၃၀၃ ၂၃၃၃ တွင်
ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်းသိရသည်။
(15-3-2011)
Source: Internet Journal
Creative Web Studio ၏ ပြပွဲကာလနှင့် မြန်မာနှစ်သစ်ကူး
အကြိုအထူးအစီအစဉ်
. ..
..
.
.
.
.
.
.
.
.
.
.
..
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
Creative Web Studio မှ ပြပွဲကာလနှင့် မြန်မာနှစ်သစ်ကူးအကြို
အထူးအစီအစဉ်အဖြစ် 18.3.2011 မှ 20.3.2011 ထိ တပ်မတော်ပြခန်းတွင်
ကျင်းပပြုလုပ်မည့် 1st Myanmar IT & Mobile Exhibition 2011 တွင်
ပါဝင်ကျင်းပမည်ဖြစ်၍ ပြပွဲရက်အတွင်း Website များကို 20% Discount
ပေးမည်ဖြစ်ပြီး Creative မှ သင်တန်းများအားလုံးကို ပြပွဲရက် မှ
31.3.2011 အထိ 25% to 30% Discount ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
အသေးစိတ်သိရှိလိုပါက အဆောင်(၆)၊ အခန်း(၃)၊ မြန်မာအင်ဖိုတက်ခ်၊
လှိုင်တက္ကသိုလ်၊ လှိုင်မြို့နယ်၊ ရန်ကုန်။ ဖုန်း-01-507049 ၊ 507051
သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
(16-3-2011)
Source: Ko Lin (Myanmar Training)
Foundation English နှင့် LCCI Diploma in Marketing
သင်တန်းများဖွင့်လှစ်မည်
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
ပိုမိုကောင်းမွန်သော
အခွင့်အလမ်းကို လိုလားသော “တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ” နှင့်
တက္ကသိုလ်ဘွဲ့ရများအတွက် LCCI Diploma in Marketing နှင့် အင်္ဂလိပ်စာ
တိုးတက်စေလိုသော လူငယ်လူရွယ် ကျောင်းသူ ကျောင်းသားများအတွက် Foundation
English တို့ကို တက်ရောက် သင်ကြားနိုင်ပါသည်။ ထိုသို့
တိုးတက်လိုသူများအတွက် လိုအပ်သော အချက်အလက်များကို UIEC မှ ကျင်းပမည့်
ပညာရေးပွဲတော်တွင် တင်ပြမည်ဖြစ်ပါသည်။ Foundation English ၏
သင်တန်းကာမှာ (၂) လကြာမြင့်မည်ဖြစ်ပြီး ရည်ရွယ်ချက်များမှာ Marketing
Assignment များလုပ်ရာတွင် လွယ်ကူအဆင်ပြေစေရေးနှင့်
လုပ်ငန်းခွင်ထဲဝင်လျှင် အဆင်ပြေချောမွေ့စေရေးတို့ ဖြစ်ပါသောကြောင့်
တက်ရောက်ပြီးသော ကျောင်းသားကျောင်းသူများအနေဖြင့် ကောင်းကျိုးများစွာ
ရရှိမည်ဖြစ်ပါသည်။ Diploma in Marketing LCCI ၏ သင်တန်းကာလမှာ
(၄)လဖြစ်၍ နိုင်ငံတကာမှ ဘွဲ့ရသော ဆရာ/ဆရာမများမှ ၎င်းတို့၏ လုပ်ငန်းခွင်
အတွေ့အကြုံများကို အရင်းတည်၍ ကျောင်းသားကျောင်းသူများအား
ကိုယ်တိုင်ဦးစီသင်ကြားမည်ဖြစ်ပါသည်။
LCCI Diploma in Marketing တွင် ပါဝင်သင်ကြားရမည့် ဘာသာရပ်များမှာ
Marketing Advertising, Customer Service, Sales and Distribution
တို့ဖြစ်ပါသည်။ ထို Diploma မှာ UK နိုင်ငံအသိအမှတ်ပြု Diploma
ဖြစ်သောကြောင့် တက်ရောက်ရယူထားသင့်သော Diploma တစ်ခုဖြစ်ပါသည်။ အထက်ပါ
LCCI Diploma in Marketing နှင့် Foundation English သင်တန်းများကို
စိတ်ဝင်စားကာ အသေးစိတ်ဆွေးနွေးသိရှိလိုသောသူများအနေဖြင့် မတ်လ (၁၉)
ရက်၊ နေ့လယ် (၃)နာရီမှ (၅) နာရီ Park Royal Hotel တွင် ကျင်းပမည့် ULEC
(Edu Fair) သို့တက်ရောက်ကာဆွေးနွေးရန်အတွက် ဖုန်း - ၅၄၂၆၉၁၊ ၀၉-၅၁၃၅၁၁၅
သို့စာရင်းပေးသွင်းနိုင်ပါသည်။ ထိုပွဲသို့ တက်ရောက်ပေးသူများအား
အထူးအစီအစဉ်တစ်ရပ်အဖြစ် ULEC မှ ဖွင့်သော ‘Job Hunting Skill’ ခေါ်
အလုပ်အကိုင် ရှာဖွေရာတွင် လိုအပ်သော အရည်အချင်းများကို သင်ကြားပေးမည့်
သတန်းအခမဲ့ (၂) ပတ်တက်ရောက်ခွင့်ပေးမည်ဖြစ်ပါသည်။
(18-3-2011)
Source: Opportunity Journal
Secretarial Skills သင်တန်း မတ်လ ၂၇ ရက်နေ့ ဖွင့်မည်
.
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
ယနေ့ခေတ်
မြန်မာနိုင်ငံတွင် နိုင်ငံတကာစီးပွားရေးနှင့် ရင်ဘောင်တန်းနိုင်ရန်
အတွက် အဖွဲ့အစည်းများသည် သူ့ထက်ငါအပြိုင်အဆိုင်
တိုးချဲ့တည်ထောင်လျက်ရှိပါသည်။ ထိုကဲ့သို့ ဖွံ့ဖြိုးတိုးတက်နေသော
လုပ်ငန်းခွင်တွင်လည်း အရည်အချင်းပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်
ရရှိရန်မှာ အဓိကအကျဆုံးပင်ဖြစ်သည်။ ထို့ကြောင့် Secretarial ရာထူးဖြင့်
ဝင်ရောက်လုပ်ကိုင်လိုသူများ၊ လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေသူများအတွက်
လက်တွေ့ လုပ်ငန်းခွင်တွင် ပိုမိုကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ Career
Pass Job Training Centre မှ Secretarial Skills သင်တန်းကို မတ်လ (၂၇)
ရက်နေ့တွင် ထပ်မံဖွင့်လှစ် သင်ကြားပေးမည်ဖြစ်သည်။ ခေတ်မှီ၍
နည်းစနစ်ကျသောရုံးလုပ်ငန်းကို တည်ထောင်လုပ်ကိုင်လိုသူများအတွက်လည်း
မိမိကိုကိုယ် ယုံကြည်မှုအပြည့်ဖြင့် လုပ်ကိုင်နိုင်ရန်နှင့်
စည်းစနစ်ကျစွာ စီမံခန့်ခွဲနိုင်ရန် လေ့လာထားသင့်သော အသိပညာ
တစ်ခုပင်ဖြစ်ပါသည်။ Secretarial Skills သင်တန်းသည် လုပ်ငန်းခွင်အတွင်း
မိမိစွမ်းဆောင်ရည် ပိုမိုတိုးတက်စေရန်အတွက် ပံ့ပိုးပေးသော
သင်တန်းဖြစ်သည်။ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို လုံခြုံစိတ်ချစေ၍
အကျိုးထိရောက်စွာ စစ်ဆေးထိန်းသိမ်းနိုင်ခြင်း၊ သဘော တူပြီးသောလုပ်ငန်း
ရည်မှန်းချက်များကို ရယူပေးနိုင်ခြင်း၊ မိမိ၏
လုပ်ဖော်ကိုင်ဖက်များနှင့် ပြင်ပမှ ဆက်သွယ်လာသူများအား
နှစ်ဦးနှစ်ဖက်အကျိုးရှိစေရန် ဖန်တီးပေးနိုင်ခြင်း စသည့်
လုပ်ငန်းတာဝန်များကို စည်းစနစ်ကျစွာ လုပ်ကိုင်နိုင်မည်ဖြစ်သည်။
လုပ်ငန်းအတွက် အဓိကလိုအပ်သော အထောက်အကူပြုသတင်း အချက်အလက်များ
ပြင်ဆင်ထောက်ကူပေးနိုင်ခြင်း၊ အစည်းအဝေးများ ကြိုတင်ပြင်ဆင် ပေးခြင်း
စသည့် Secretary တစ်ယောက် လုပ်ဆောင်ရမည့် တာဝန်များကိုစည်းစနစ်ကျစွာ
လုပ်ကိုင်နိုင်မည်ဖြစ်သည်။ Secretary တစ်ယောက်သည် ဝင်ငွေ
လစာကောင်းမွန်သည့်အတွက် စနစ်တကျရှိသည့် လုပ်ငန်းခွင်များထဲတွင်
ပိုမိုစနစ်ကျစွာ လုပ်ကိုင်နိုင်ရန်နှင့် Secretarial Skills ဘာသာရပ်ကို
စိတ်ဝင်စားသည့် လုပ်ငန်းအတွေ့အကြုံမရှိသေးသော ဘွဲ့ရများအတွက်ပါ
ရည်ရွယ်၍ ဖွင့်လှစ်သော သင်တန်းတစ်ခုဖြစ်ပါသည်။ သင်ကြားမှု
နည်းစနစ်မှာလည်း အတွေ့အကြုံရှိသော ဝါရင့် ဆရာ ဆရာမများ၊ ဂျပန်မှ MBA
ဘွဲ့ရ ဆရာ၊ ဆရာမများ ကိုယ်တိုင်ကြီးကြပ် သင်ကြားပေးလျှက်ရှိပါသည်။
Secretary တစ်ယေက်အနေဖြင့် မိမိကိုယ်ကို ယုံကြည်မှု ရှိလာစေရန်အတွက်
လက်တွေ့ Presentation များ၊ Group Of Structure များ၊ Assignment
များပြုလုပ်ခြင်းနှင့်အတူ သင်ကြားပေးလျှက်ရှိပါသည်။ သင်တန်းကာလမှာ
တစ်လခွဲ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းချိန်များကိုလည်း ရုံးဝန်ထမ်းများ
အဆင်ပြေစေရန်အတွက် ရုံးချိန်ပြင်ပ တန်းခွဲများအဖြစ် စီစဉ်ပေးထားပါသည်။
စိတ်ဝင်စားသူများ၊ သင်တန်းတက်ရောက်လိုသူများ အနေဖြင့်
ကြိုတင်စာရင်းပေးသွင်းနိုင်ရန်နှင့် အသေးစိတ်အချက်အလက်များကို
သိရှိလိုပါက ရုံးလိပ်စာ “STUDY ABROAD Information Centre” အမှတ် ၂၉၀
အေ၊ ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာနှင့် မဟာမြိုင်ဆေးခန်းကြား)၊
မြေနီကုန်း၊ စမ်းချောင်း။ ဖုန်း - ၀၉၈၀ ၂၂၁၈၄ ၊ ၀၉၈၀၂၁၀၂၇ ၊ ၀၁ ၇၀၁၃၃၁
သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
(18-3-2011)
Source: Ko Lin (Myanmar Training)